28th SEP 2023 - Evening Daily News by Radio NUG

 


၂၀၂၃ စက်တင်ဘာလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ပြည်သူတွေဟာ စစ်ဘီလူးတွေ ပျက်သုဉ်းကြေမွရေးတံဆိပ် ရင်ဘတ်မှာကပ်ရင်း တော်လှန်ရေးမှာလိုက်ပါခဲ့ကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား

📌 ၂။ ချင်းအမျိုးသားညီညွတ်ရေး အချင်းချင်း နားလည်မှုတခု တည်ဆောက်ကြဖို့တိုက်တွန်း

📌 ၃။ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စကစတပ်များစစ်ကြောင်းထိုးပြီး မြို့ထဲပြန်အဝင်တွင်    Rocket များဖြင့် တိုက်ခိုက်ခံရ

📌 ၄။ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းတို့ယနေ့မနက်တိုက်ခိုက်ခံရ၍အကြမ်းဖက်စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦး နှင့် ရဲဘော်တစ်ဦးသေဆုံး

📌 ၅။ မွန်ပြည်နယ်အတွင်း မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီဒေါက်တိုင်များ အမြန်ဆုံးနူတ်ထွက်ရန် ရေးဘီလူးအဖွဲ့သတိပေး

📌 ၆။ နွေဦးပြင်ဦးလွင်စီမံကိန်းများကို  ကြိုတင်အားဖြည့်ကာအပြေအကျေ ငွေပေးချေလို့ ဝယ်ယူမှုများရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ပြည်သူတွေဟာ စစ်ဘီလူးတွေ ပျက်သုဉ်းကြေမွရေးတံဆိပ် ရင်ဘတ်မှာကပ်ရင်း တော်လှန်ရေးမှာလိုက်ပါခဲ့ကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား


စက်တင်ဘာ၂၈ရက်


တော်လှန်ပြည်သူတွေဟာ စစ်ဘီလူးတွေ ပျက်သုဉ်းကြေမွရေးတံဆိပ် ရင်ဘတ်မှာကပ်ရင်း တော်လှန်ရေးမှာလိုက်ပါခဲ့ကြတယ်လို့စက်တင်ဘာ၂၈ရက်မှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်မှ ဆိုရှယ်မီဒီယာမှာ ပြောကြားထားပါတယ်။


"အရေးကြီးဆုံးက ဖက်ဒရယ်ရဲ့ အနှစ်သာရပါပဲ.. အနှီစဉ်းစားချက်အောက်မှာ ဆင့်ကဲတွေးချင့်စရာတွေလည်း တပုံတပင်ပေါ့..  ဒီတော်လှန်ရေးမအောင်ရင် ဖက်ဒရယ်ဆိုတာ ရေပေါ် အရုပ်ရေးသလောက်တောင် ထင်ထင်လင်းလင်း ရုပ်လုံးပေါ်မလာနိုင်ဘူးဆိုတာလည်း အသေအချာပဲ မဟုတ်လား..။မဟာရန်ကုန်မှာ EOD Programs တွေ အကောင်အထည်ဖော်ခဲ့တယ်။ မန္တလေးရွှေမြို့မှာလည်း ထိုနည်းနှင်နှင်..။တော်လှန်တဲ့ပြည်သူများကလည်း ရန်ကုန်သော၊ မန္တလေးသော မတွေးဆ။ 

စစ်ဘီလူးတွေ ပျက်သုဉ်းကြေမွရေးတံဆိပ် ရင်ဘတ်မှာကပ်ရင်း လိုက်ပါခဲ့ကြတယ်..။ထို့အတွက်လည်း တော်လှန်ရေးကိုငွေရေးကြေးရေးပိုင်းကနေ တထောင့်တနား တွန်းတင်ပံ့ပိုးနိုင်ခဲ့တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ EODစီမံကိန်းများမှ တော်လှန်ရေးရန်ပုံငွေအတွက် အိမ်ယာစီမံကိန်းများဆက်တိုက်ရောင်းချပေးလျက်ရှိပြီးSpring Pyin Oo Lwin Investment မှ ဖေါ်ထုတ်ထားသည့် Federal Springs (ဖက်ဒရယ်စမ်းရေ) မြေကွက်များကို မြန်မာစံတော်ချိန် အောက်တိုဘာလ ရက် ညဦးပိုင်းအချိန်တွင် စတင်ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ ချင်းအမျိုးသားညီညွတ်ရေး အချင်းချင်း နားလည်မှုတခု တည်ဆောက်ကြဖို့တိုက်တွန်း


စက်တင်ဘာ၂၈ရက်


ချင်းအမျိုးသားညီညွတ်ရေး အချင်းချင်း နားလည်မှုတခု တည်ဆောက်ကြဖို့ကြားကာလချင်းအမျိုးသားအတိုင်ပင်ကောင်စီသဘာပတိအဖွဲ့ဝင်ဆလိုင်းအိုက်ဇက်ခင်ကတိုက်တွန်းပြောပါတယ်။


စက်တင်ဘာလအတွင်း ချင်း ညီညွတ်ရေးနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ကောင်စီသဘာပတိအဖွဲ့ဝင်ဆလိုင်းအိုက်ဇက်ခင်ကဆိုထားပါတယ်။


"ချင်းတော်လှန်ရေးမှာ စည်းလုံးညီညွတ်မှုက ပထမဖြစ်ပါတယ်။ စည်းလုံးညီညွတ်ဖို့အတွက် ဆိုရင် သူဖြစ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာ ညှိကြ၊ ပြင်ကြ ရမှာပါပဲ။ အခါခပ်သိမ်း ကိုယ်လိုချင်တာတွေအားလုံး မရနိုင်ဘူးပေါ့။ ကိုယ်လိုချင်တာ မရလို့ စွန့်ခွာထွက်သွားလို့လည်း မဖြစ်။

အရေးကြီးတာက အချင်းချင်း နားလည်မှုတခု တည်ဆောက်ကြဖို့ပါ။ ကိုယ်နဲ့မတူလို့ တွန်း ထုတ်၊ ဆွဲဖယ်မယ်ဆိုတာမျိုးလည်း မလုပ်သင့် ဘူးပေါ့။ အချင်းချင်း စိတ်မနာအောင်လည်း ထိန်းထိန်းသိမ်းသိမ်းဖြစ်စေ၊ ရှိစေချင်ပါတယ်။ ချင်း အမျိုးသား တည်ဆောက်ရေးအတွက် ချင်းလူမျိုးတိုင်းလိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ယခုအချိန်ဟာ လက်နက်ကိုင်ပြီး ခုခံတော်လှန်နေတဲ့အချိန်ဖြစ်လို့ နိုင်ငံရေးလိုအပ်ချက်တွေ အားလုံးကို ဖြေရှင်းကိုင်တွယ်နိုင်ဖို့ မဖြစ်နိုင်ဘဲ  နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေး၊ စစ်ကောင်စီနဲ့ အင်အားချင်း ဟန်ချက်ညီအောင် ညှိတင်နိုင်ရေးက ပိုအရေးကြီးတယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စကစတပ်များစစ်ကြောင်းထိုးပြီး မြို့ထဲပြန်အဝင်တွင်    Rocket များဖြင့် တိုက်ခိုက်ခံရ


စက်တင်ဘာ၂၈ရက်


"စက်တင်ဘာလ ၂၇ ရက်နေ့ညနေပိုင်းအချိန်တွင် ရေဦးမြို့တိုင်းရင်းဆေးရုံမှ ထွက်ခွါလာပြီး ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စကစတပ်များ ဒီပဲယင်းမြို့ထဲသို့ ပြန်အဝင် ကံပြားရွာထိပ် အရောက်တွင် မြို့အတွင်းမှ ကားများဖြင့် လာရောက်တင်ဆောင်နေသည့် အချိန် ရွှေဘိုခရိုင်အမှတ်(၁၄) တပ်ရင်း မှ SBB14B Rocket ( တာဝေးပစ်လက်နက်ကြီး ) () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့  ရွှေဘိုခရိုင်အမှတ်(၁၄) တပ်ရင်းကအသိပေးဆိုပါတယ်။


ဤတိုက်ခိုက်မှုတွင် အကြမ်းဖက်စကစ တပ်သားနှင့် ပျူစောထီး(ပြည်သူ့စစ်) များ အထိအခိုက်ရှိကြောင်း သိရပါတယ်။


========================


📌📌 ၄။ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းတို့ယနေ့မနက်တိုက်ခိုက်ခံရ၍အကြမ်းဖက်စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦး နှင့် ရဲဘော်တစ်ဦးသေဆုံး


စက်တင်ဘာ၂၈ရက်


"တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း() တပ်ခွဲ() နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့စက်တင်ဘာ၂၈ရက် နံနက်(:၄၅) နာရီအချိန်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့တနင်္သာရီတိုင်း_ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုဆိုထားပါတယ်။


ညောင်ပင်ကွင်းတံတားအနီး စစ်ဆေးရေးဂိတ်အား သွားရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ အရာခံဗိုလ်တစ်ဦး နှင့် ရဲဘော်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


အထက်ပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အထိခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။


အမှတ်(၅၆၁)ခြေမြန်တပ်ရင်းသည် တပ်ရင်းအတွင်းမှ တပ်သားများ မကြာခဏထွက်ပြေးနေပြီး ယခုလအတွင်း တနင်္သာရီပကဖထံသို့ ခမရ(၅၆၁)မှ တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာသည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေ(၃၆) သိန်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၅။ မွန်ပြည်နယ်အတွင်း မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီဒေါက်တိုင်များ အမြန်ဆုံးနူတ်ထွက်ရန် ရေးဘီလူးအဖွဲ့သတိပေး


စက်တင်ဘာ၂၈ရက်


မွန်ပြည်နယ်အတွင်း မှာတာဝန်ထမ်းဆောင်နေတဲ့  /စကစ ဝန်ထမ်း/ ထောက်တိုင်/ဒလန်များ/တပ်သား/ရဲ/အပေါင်းပါများနောင်တရအမြန်နူတ်ထွက်ထားပါ"လို့စက်တင်ဘာ၂၈ရက်မနက်ပိုင်းမှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကဆိုပါတယ်။


စက်တင်ဘာ၂၆ရက်နေ့က မွန်ပြည်နယ်ရေးမြို့နယ် မြို့အလယ်ခေါင်က စကစ ပိုင်မြဝတီ ဘဏ်အရှေ့မှာလုံခြုံရေးချထားတဲ့အကြမ်းဖက်တပ်များကို ရေးဘီလူးအဖွဲ့ကတိုက်ခိုက်ရာစကစတပ်များထိခိုက်သေဆုံးမှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၆။ နွေဦးပြင်ဦးလွင်စီမံကိန်းများကို  ကြိုတင်အားဖြည့်ကာအပြေအကျေ ငွေပေးချေလို့ ဝယ်ယူမှုများရှိနေ


စက်တင်ဘာ၂၈ရက်


စက်တင်ဘာ၂၈ရက်မှာ EOD စီမံကိန်းမှ အခုလိုအသိပေးဆိုထားပါတယ်။


"တော်လှန်ရေး အရှိန်အဟုန်၊ တော်လှန်ရေး ရေချိန်၊ တော်လှန်ရေး လိုအပ်ချက် အရ ပြင်လွင်ဦးက အလိုရှိအပ် တောင့်တအပ် ဖြစ်လာပါတယ်။ဒီအတွက် နွေဦးပြင်ဦးလွင်စီမံကိန်းများကိုကို စီမံဆောင်ရွက်ပါတယ်။

ရန်သူကို အမြစ်ဖြတ်ချေမှုန်းတယ် ဆိုရာမှာ ရန်သူရဲ့ ရုပ်ရော နာမ်ရော အကုန်လုံးကို ရိုက်ချိုးတူးဆွ သင်းသတ်ပစ်ဖို့ အရေးကြီးပါတယ်..။တဖက်မှာလည်း ပြင်ဦးလွင်ဆိုတာ 

တော်လှန်ပြည်သူတွေစိတ်ဝယ်ပန်းနွမ်းသမျှ လန်းဆန်းအေးစေအားလုံး ချစ်တဲ့မြေလေ..။ဒါတွေကြောင့်ပဲ တချို့ဆို  ကြိုတင်အားဖြည့်အပြေအကျေ ငွေပေးချေလို့ဝယ်ယူနေကြတာ နှစ်ထောင်းအားရဖွယ်ပ"လို့ဆိုပါတယ်။


စီးပွါးရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ x ပေ ၂၀၀ အကွက်များအား မန္တလေး-လားရှိုးလမ်းမကြီးဘက်ခြမ်းတွင် ဖော်ဆောင်မည် ဖြစ်ပြီး စီမံကိန်းအတွင်းဖက်တွင် ပေ ၄၀ x ပေ ၈၀ အကွက်၊ ပေ ၈၀ x ပေ ၈၀ အကွက်နှင့် ဧက အကွက်များအား လူနေအိမ်ရာမြေကွက်များအဖြစ် ဖော်ထုတ်ရောင်းချပေးမှာဖြစ်ပါတယ်။


မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေး၏ သုံးပုံတစ်ပုံခန့် တန်ဖိုးဖြင့်သာ ရောင်းချပေးမှာ ဖြစ်ပြီး  ငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်း နှင့် တော်လှန်ရေး ကာလအပြီးဟု ပိုင်းခြားပေးသွင်းရမှာ ဖြစ်ပါတယ်။


EOD ကိုယ်စားလှယ်များမှ တစ်ဆင့် ဝယ်ယူနိူင်ကာ စာရင်းပေးသွင်း နိူင်ပြီးနွေဦးပြင်ဦးလွင်စီမံကိန်းမှ မြေကွက်များကို လက်ရှိ မြန်မာနိုင်ငံသား မဟုတ်သည့် နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment