11th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်သူ့သတင်းကို မျက်ခြေမပျက်ဖို့လိုသလို ပြည်သူလူထုရဲ့သတင်းပေးပို့မှုနဲ့ ထောက်ခံအားပေးမှုတွေ အမြဲရယူထားဖို့ လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းကို စစ်တပ်က အင်အားပြင်းထန်သည့်ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ဟု NUG ထုတ်ပြန်

📌 ၃။ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ ကျန်ရစ်သူမိသားစုဝင်များ နှင့် ထိခိုက် ဒဏ်ရာရသူများ အတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန် နွေဦးဘဏ်မှ မတည်ရံပုံငွေ အကောင့် စီစဥ်ထား

📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

📌 ၅။ ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြာင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်

📌 ၆။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မိုးရေးမြို့ကို အရေးပေါ်အခြေအနေ ၁၄၄ အမိန့်ထုတ်ပြန်

📌 ၇။ မြန်မာ့ဆန်ပထမခြောက်လတာတင်ပို့မှုက ကာလတူတင်ပို့မှုထက် တန်ချိန် ငါးသိန်း ကျော်လျော့နည်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရန်သူ့သတင်းကို မျက်ခြေမပျက်ဖို့လိုသလို ပြည်သူလူထုရဲ့သတင်းပေးပို့မှုနဲ့ ထောက်ခံအားပေးမှုတွေ အမြဲရယူထားဖို့ လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


တော်လှန်ရေးတာဝန်များကို အဆင့်ဆင့်တာဝန်ယူ ဆောင်ရွက်နေကြတဲ့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ အနေနဲ့ ရန်သူ့သတင်းကို မျက်ခြေမပျက်ဖို့လိုသလို ပြည်သူလူထုရဲ့သတင်းပေးပို့မှုနဲ့ ထောက်ခံအားပေးမှုတွေကိုလည်း အမြဲရယူထားဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်းသန်းက ပြောကြားလိုက်ပါတယ်။

အောက်တိုက်ဘာလ ၁ဝ ရက်နေ့ကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးချုပ်၊ လုံကာကောင်စီဝင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ချုပ်ရုံးတာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်များ၊ တိုင်းစစ်ဌာနများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူများ၊ တိုင်းနဲ့ပြည်နယ်၊ ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.)များ တွေ့ဆုံခြင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။ 

တော်လှန်ရေးတာဝန်တွေကို အဆင့်ဆင့်တာဝန်ယူ ဆောင်ရွက်နေကြတဲ့ ကာကွယ်ရေေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကဖော်ဆောင်နေတဲ့ ပြည်သူ့စစ် မဟာဗျူဟာအပေါ် ကောင်းစွာ သိရှိနားလည်ပြီး လိုက်ပါဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြည်သူ့စစ်မဟာဗျူဟာအရ လက်ရှိ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ တော်လှန်စစ်ကို ပြည်သူလူထုဘက် ကနေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျေးလက်ရော မြို့ပြပါပါဝင်ပြီး နည်းလမ်းမျိုးစုံနဲ့ ပါဝင်တိုက်ခိုက်နေ တယ်။ တချို့ အင်အားစုတွေလည်း တိုက်ရိုက်ပါဝင်ပြီး ဆောင်ရွက်နေသလို တချို့လည်း သီးခြားဆောင်ရွက်နေတာတွေ ရှိတယ်၊အင်အားစုအားလုံးဟာ ပြည်သူ့စစ်မဟာဗျူဟာရဲ့ အရေးပါတဲ့အင်အားစုတွေဖြစ်တဲ့အတွက် အဲဒီအင်အားစုတွေ ကို အဆင့်ဆင့်တာဝန်ယူထားသူတွေအနေနဲ့ တိုက်ရင်းနဲ့စည်းရုံး၊ စည်းရုံးရင်းတိုက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီဆောင်ရွက် ကြဖို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

စစ်ရေးခေါင်းဆောင်တွေဖြစ်တဲ့အတွက် စစ်ရေးတာဝန်ကို စွမ်းစွမ်းတမံကျေပွန်အောင် ထမ်းဆောင်ကြပြီး တပ်ဖွဲ့ဝင် တွေ၊ ဒေသခံလူထုနဲ့ အင်အားစုတွေအပေါ်  စစ်ရေးအရ ဩဇာရှိဖို့လိုအပ်ပြီး ဒါကိုမလျော်ဩဇာအဖြစ် မသုံးမိအောင် ဆင်ခြင်ကြရမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ 

ဒါ့အပြင် ပြည်သူလူထုကို အကာကွယ်ပေးနိုင်ရေးဟာ နွေဦးတော်လှန်ရေးအတွက် အဓိကအခန်းကဏ္ဍမှာပါဝင်ပြီး စစ်ရေးလိုအပ်ချက်အရ စစ်ဆင်ရေးတွေဖော်ဆောင်ရာမှာ ပြည်သူလူထုကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အမြဲ သတိပြုကြရမယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောဆိုခဲ့ပါတယ်။


========================


📌📌 ၂။ မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းကို စစ်တပ်က အင်အားပြင်းထန်သည့်ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ဟု NUG ထုတ်ပြန်


ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တွင် အင်အားပြင်းထန်သည့်ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ NUG က အသိပေးထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ရက်နေ့ ၁၁ နာရီ ၂၃မိနစ်အချိန်တွင် မုန်လိုင်ခက်ကျေးရွာ၌ရှိသော စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 


အင်းအားအထူးပြင်းထန်းသည့် ဗုံးသီးတွေဟာ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးထားပါတယ်


ထိုသို့ ပစ်ခတ်သည့်အထဲတွင် အင်အားပြင်းထန်သည့် ဗုံးသီးများပါဝင်ပြီး ပေါက်ကွဲသည့်တည်နေရာနှင့် ပေ ၂၀၀ ၀န်းကျင်အထိ သက်ရောက်မှုရှိခဲ့ကာ ကလေးငယ်များအပါအ၀င် ဒေသခံနှင့် စစ်ရှောင်ပြည်သူ များ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ သေဆုံးသူများထဲတွင် လသားအရွယ် ကလေးငယ်အပါအ၀င် ကလေး ဦးနှင့် ၈၁ နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါ၀င်ခဲ့တယ်လို့ သိရပါတယ်။ 


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စု၏ ကျုးလွန်မှုများ ကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ ကျန်ရစ်သူမိသားစုဝင်များ နှင့် ထိခိုက် ဒဏ်ရာရသူများ အတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန် နွေဦးဘဏ်မှ မတည်ရံပုံငွေ အကောင့် စီစဥ်ထား


အောက်တိုဘာ ၁၁။


ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အသက်အိုးအိမ် ဆုံးရှုံးသွားရတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ကျန်ရစ်သူမိသားစုဝင်များ နှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လှူဒါန်းမှုများ ပြုလုပ်ထည့်ဝင်နိုင်ရန် နွေဦးဘဏ်မှ မတည် ရံပုံငွေအကောင့် စီစဥ်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။


အဆိုပါ မတည် ရံပုံငွေအကောင့်မှာ “SDB Humanitarian Support Fund” ဖြစ်ပြီး username : @sdbhsfund ကို ရှာဖွေဆက်သွယ်ပြီး လှူဒါန်းငွေများကို ထည့်ဝင်နိုင်မှာ ဖြစ်ပါတယ်။


  နွေဦးဘဏ်အနေဖြင့် အရေးတကြီး လိုအပ်သော အရေးပေါ် ကာကွယ်စောင့်ရှောက်မှုများနှင့် ပြန်လည်ကုစားနိုင်ရေး အတွက် သက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အလေးပေး ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။


ရရှိလာသော ရန်ပုံငွေ အားလုံးကို ပွင့်လင်းမြင်သာစွာ အစီရင်ခံသွားမှာ ဖြစ်တယ်လို့လည်း နွေဦးဘဏ်က အသိပေးထားပါတယ်။

အခု အခြေအနေဟာ မြေပြင်ပေါ်က ပြည်သူတွေအတွက် အချိန်နဲ့အမျှ အရေးကြီးနေတဲ့ အတွက် ကမ္ဘာကြီးက နေစိမ့်ချိန်မှာ နွေဦးဘဏ် အသုံးပြုသူများအနေနဲ့ မတုန့်မဆိုင်းပဲ ပြည်သူ အချင်းချင်း ကျောကပ်လက်တွဲလို့၊ လဲသူကိုကူ၊ နာကျင်မှုများကို အတူဝေမျှခံစား ဖေးကူမကြဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


အောက်တိုဘာလ ၁၀။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ (၄၀/၂၀၂၃) ကို အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့် အမှာစကားနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့မှူးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။


ထိုနောက် တက်ရောက်လာကြတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ ၊ဥပဒေဆိုင်ရာ သိရှိလိုသည့် အချက်များ၊ မြေပြင်အခြေအနေ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ပြီး တွဲဖက်အတွင်းဝန် နှင့် ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြချက်များ ကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် စစ်ကိုင်း/မကွေး ပြည်သူ့လုံခြုံရေးအဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြာင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ ၁၁။


ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁၀ ရက် နေ့တွင် လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်မှာ တစ်ကြိမ်၊ မွန်းလွဲ နာရီ ၅၈ မိနစ်မှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင် မြို့ထဲကို ဗုံးကျဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ဒီနေ့ ထိတွေ့မှုဖြစ်တယ်။ ပြီးတော့ စကစဘက်က ဂျက်လေယာဉ်နဲ့ ခါလာပစ်တယ်။ ဗုံး လုံး လာကြဲသွားတယ်။ ထိခိုက်မှုတော့ မရှိဘူး။ ပြီးခဲ့တဲ့ လကတည်းက မြို့ထဲမှာ နှစ်ဖက်အပြန်လှန် ပစ်ခတ်ထိတွေ့မှု ဖြစ်နေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက Zalen Media ကို ပြောထားပါတယ်။


ထန်တလန်မြို့မှာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်တပ်တို့ တပ်စွဲထားကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ကတည်းက မကြာခဏ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။


========================


📌📌 ၆။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မိုးရေးမြို့ကို အရေးပေါ်အခြေအနေ ၁၄၄ အမိန့်ထုတ်ပြန်


အောက်တိုဘာ ၁၁။


အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ -မြန်မာနယ်စပ်ရှိ မိုးရေးမြို့ကို အောက်တိုဘာလ ၁၀ ရက်နေ့ မနက် အိန္ဒိယ စံတော်ချိန် နာရီမှ စတင်ကာ အရေးပေါ်အခြေအနေ ၁၄၄ အမိန့်ကြေညာထားတယ်လို့ သိရပါတယ်။


မိုးရေးမြို့မှာ လူမျိုးရေး ပြဿနာ၊ အဓိကရုန်းဖြစ်ပွားခဲ့ပြီးနောက် ပျက်စီးသွားရတာ တွေကို သန့်ရှင်းရေးပြုလုပ်ကာ ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန် စီစဉ်နေတာကြောင့် မိုးရေးမြို့ မဏိပူရဲ၊ ကိုမန်ဒိုအဖွဲ့က ခရိုင်အုပ်ချူပ်ရေးမူးဆီ သတင်းပို့ပြီး အရေးပေါ်အခြေနေ ၁၄၄ အမိန့်ကို ယာယီထုတ်ပြန်လိုက်တာ လို့ ဆိုပါတယ်။


အခုလို အရေးပေါ်အခြေအနေ ၁၄၄ အမိန့် ကြေညာတာကြောင့် ချင်းပြည်နယ် တမူးမြို့ဘက်မှ ကုန်စိမ်းသည်များ ဝင်လို့မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ကျတော်တို့က ကုန်ကြမ်း၊ ကုန်ချော နဲ့ ကုန်စိမ်းသည်ကစ မိုးရေးမြို့ကို အားထားနေကြတယ်။ အခုလို မိုးရေးမြို့ ပိတ်တာမျိုးဆို အခက်ခဲအများကြီး ရှိကြတာပေါ့ဗျာလို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောကြောင်း  Zalen Media က ဆိုပါတယ်။


အိန္ဒိယ - မြန်မာ တရားဝင် ကုန်သွယ်ရေးဂိတ် မဖွင့်ထားပေမယ့် တမူးမြို့နဲ့ မိုးရေးမြို့ ဝင်ထွက်သွားလာခွင့်ကို အာသံရိုင်ဖယ်အဖွဲ့မှ အိန္ဒိယစံတော်ချိန် မနက် နာရီမှ ညနေ နာရီအတွင်း ဂိတ်နံပါတ် ကနေသာ တရားဝင် သွားလာခွင့်ပြုထားတာ ဖြစ်ပါတယ်။


========================


📌📌 ၇။ မြန်မာ့ဆန်ပထမခြောက်လတာတင်ပို့မှုက ကာလတူတင်ပို့မှုထက် တန်ချိန် ငါးသိန်း ကျော်လျော့နည်း


၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပထမခြောက်လတာအတွင်းတင်ပို့ခဲ့တဲ့ မြန်မာ့ဆန် နဲ့ ဆန်ကွဲ ပမာဏကိန်းဂဏာန်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ ရာမှာ မနှစ်ကကာလတူတင်ပို့မှုထက် တန်ချိန် ငါးသိန်းကျော်လျော့နည်းခဲ့ပြီး ဆန်ကရ တဲ့ဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၁၃၁သန်းလျော့နည်းနေပါတယ်။

ယခင်နှစ်ကဆန်တန်ချိန် .၂သန်းကျော်တင်ပို့ခဲ့ပြီး ဆန်ကရရှိတဲ့ ဝင်ငွေက အမေရိ ကန်ဒေါ်လာသန်း ၈၅၀ကျော်ရရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အစမှာ ဆန်နဲ့ဆန်ကွဲ တန်ချိန် နှစ်သန်းခွဲတင်ပို့ဖို့ ရည်မှန်းထားပြီး ဆန်ကရတဲ့ဝင်ငွေကိုလည်း အမေရိကန် ဒေါ်လာ တစ်ဘီလီယံရရှိဖို့ ရည်မှန်းထားခဲ့ပါတယ်။ 

ဆန်တင်ပို့နိုင်တဲ့ပမာဏကိုတိုးမြှင့်နိုင်ဖို့အတွက်ဆန်စပါးအသင်းချုပ်အနေနဲ့ ပြည်တွင်း စပါးဈေးမတက်အောင် သမိုင်းမှာ မရှိခဲ့ဖူးတဲ့ အမြင့်ဆုံးဝယ်ယူနိုင်တဲ့စပါးဈေးကို ကန့် သတ်ထုတ်ပြန်တဲ့အထိ လုပ်ဆောင်လာခဲ့ပါတယ်။ 

အဲ့ဒီလိုထုတ်ပြန်ပြီးတဲ့နောက် လက်ရှိမိုးစပါးပေါ်ချိန်မှာ လေပြင်းတိုက်တာ၊ မိုးများတာ တွေက မွန်နဲ့ ကရင်ပြည်နယ်ကစလို့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာပါ ဆက်တိုက်ဖြစ် ပေါ်နေပြီး စပါးအရည်အသွေးနဲ့အထွက်နှုန်းကို ထိခိုက်လာလိမ့်မယ်လို့ ကျွမ်းကျင်သူ တွေကခန့်မှန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment