19th OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယူကရိန်းပါလီမန်ပေါင်းစည်းရေးကော်မတီဥက္ကဌIvanna Klympush-Tsintsadze နှင့် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံဆွေးနွေး

📌 ၂။ ဘဏ္ဍာရေးစစ်မျက်နှာကို လက်နက်ကိုင်တော်လှန်ရေး နည်းတူ အထူးအာရုံစိုက်ပြီးတရစပ် တိုက်စစ်ဆင်နေဖို့ လိုအပ်တယ်လို့ဝန်ကြီးဦးတင်ထွန်းနိူင်ဆို

📌 ၃။ နွေဦးတော်လှန်ရေးမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်မှု တွေကအားရစရာ ကောင်းလှတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၄။ အာဏာသိမ်းစစ်တပ်မှ တရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား ဆက်လက်၍ မလေးမစား မျက်ကွယ်ပြုနေခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိနေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၅။ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်အားပေးမှုမြောက်ကာ မြေယာနှင့်ပတ်သက်၍လည်း ပြည်သူပိုင်မြေများကိုပြည်လည်သိမ်းဆည်းခံကြရမှာဖြစ်တယ်လို့ဒုတိယ အတွင်းဝန်ဦးမောင်မောင်ဆွေ ပြောကြား

📌 ၆။ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် စစ်ယာဉ်တန်းဖြတ်သန်းနိုင်ရေး လုံခြုံရေးယူပေးနေသူများကိုတိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယူကရိန်းပါလီမန်ပေါင်းစည်းရေးကော်မတီဥက္ကဌIvanna Klympush-Tsintsadze နှင့် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံဆွေးနွေး


အောက်တိုဘာ၁၉ရက်


ယူကရိန်းပါလီမန်ပေါင်းစည်းရေးကော်မတီဥက္ကဌIvanna Klympush-Tsintsadze နှင့် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အောက်တိုဘာ၁၉ရက် Twitterမှတစ်ဆင့်  NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကအသိပေးရေးသားထားပါတယ်။


ပါလီမန်ပေါင်းစည်းရေးကော်မတီဥက္ကဌ  Ivanna Klympush-Tsintsadze နှင့်လည်း စကားပြောခွင့်ရခဲ့ပါတယ်လို့ဆိုထားပါတယ်။


ဒါ့အပြင် ယူကရိန်းနိူင်ငံမှ လူ့အခွင့်အရေးကာကွယ်သူ၊ NobelPeacePrize နှင့် Sakharov ဆုရှင် avalainaနှင့်လည်း Forum_2000 တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။


 အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ ရင်ဆိုင်နေရတဲ့ ဘုံစိန်ခေါ်မှုတွေကို မျှဝေခဲ့ပြီး ပြည်သူတွေနဲ့ စည်းလုံးညီညွတ်မှုကို မျှဝေခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ဘဏ္ဍာရေးစစ်မျက်နှာကို လက်နက်ကိုင်တော်လှန်ရေး နည်းတူ အထူးအာရုံစိုက်ပြီးတရစပ် တိုက်စစ်ဆင်နေဖို့ လိုအပ်တယ်လို့ဝန်ကြီးဦးတင်ထွန်းနိူင်ဆို


အောက်တိုဘာ၁၉ရက်


ဘဏ္ဍာရေးစစ်မျက်နှာကို လက်နက်ကိုင်တော်လှန်ရေး နည်းတူ အထူးအာရုံစိုက်ပြီး တရစပ် တိုက်စစ်ဆင်နေဖို့ လိုအပ်တယ်လို့ စီမံ၊ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်က ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။


"အကြမ်းဖက်စစ်အုပ်စု လူမဆန်စွာ နေ့စဉ်နဲ့အမျှ ကမ်းကုန်အောင်မိုက်မိုက် ရိုင်းရိုင်း၊ ရက်ရက်စက်စက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ/ဆက်ပြီး ကျူးလွန်နိုင်ဖို့ဆိုရင် ဘဏ္ဍာရန်ပုံငွေ မရှိဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။အခုဆိုရင် ရန်သူဟာ ဘဏ္ဍာရေးစစ်မျက်နှာမှာ မရှုမလှ အကြပ်အတည်း ဆိုက်ပြီး ပြိုလဲလုနီးပါးဖြစ်နေတာကို ကျနော်တို့အားလုံး မျက်ဝါးထင်ထင် မြင်တွေ့နေရပါပြီ။ဒါကြောင့်...ဘဏ္ဍာရေးစစ်မျက်နှာကို ဒီတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေး နည်းတူ အထူးအာရုံစိုက်ပြီး မျက်ခြေမပြတ်၊ တရစပ် တိုက်စစ်ဆင်နေဖို့ လိုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးတွေ၊ ဝင်ငွေရလမ်းတွေ၊ ဘဏ္ဍာရေးအရင်းအမြစ်တွေကို သပိတ်မှောက်တာဟာ အဖိုးနည်း ဝန်ဖြစ်ပြီး

 စွန့်စားရမှုအနည်းဆုံးနဲ့ အင်မတန်ထိရောက်တဲ့ တော်လှန်ရေး လည်းဖြစ်တယ်လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF မှာ နွေဦးဖွံဖြိုးရေးဘဏ်SDB နဲ့ လုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်တယ်လို့အောက်တိုဘာ ၁၈ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်SDBကအသိပေးဆိုထားပါတယ်။


"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF မှာ SDB နဲ့ လုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့တဲ့အခါမှာ အတတ်နိုင်ဆုံး လုံခြုံစိတ်ချရစေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် PRF မှာ ထောက်ပို့တာဝန်ထမ်းဆောင်တဲ့အခါ ပြည်သူလူထုရဲ့ နွေဦးဘဏ် SDB ကို အသုံးပြုနိုင်တဲ့အကြောင်း အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်မှု တွေကအားရစရာ ကောင်းလှတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


အောက်တိုဘာ၁၉ရက်


အောက်တိုဘာ၁၈ရက်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က အခုလိုသုံးသပ်ပြောကြားထားပါတယ်။


"လက်ရှိ ဖြစ်ပေါ် တိုးတက်မှု တွေ ကအားရ စရာ ကောင်းလှပါတယ်။ဒါ ပေမယ့် ဒါဟာ အဆုံး သတ်မဟုတ် သေးပါဘူး။ မြေပြင်က ကာကွယ်ရေးတပ်တွေ၊ အုပ်ချုပ်ရေးတွေ ဟာ ယန္တရား ထူထောင် ရတာ ဖြစ်လို့ အခြေနေ သစ် နဲ့ နေသား ကျသွားခြင်း မရှိအောင် အထူးအထူး အားလုံး ဝိုင်းကြိုးစားပေးဖို့လိုပါတယ်။ ရှေ့ တော်လှန်ရေး အဆက်ဆက် ရဲ့ အရှိန်အဟုန် ကို လက်ခံ ရရှိတဲ့ နွေဦးတော်လှန်ရေး ဟာ ရှေ့ အဆက်ဆက် က မအောင်မမြင် ဖြစ်ခဲ့ ရတာ တွေ ကိုလည်း နာကျည်းမှု အခြေမခံ၊သင်ခန်းစာ အဖြစ်ခံယူ ပြီး စဥ်ဆက်မပြတ် ပြန်လည် သုံးသပ်ပြီး နည်းဗျူဟာ တွေကို အမြဲတမ်း ဆန်းသစ် နေမှ တော်ကာ ကျပါမယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေများတွက် ကြားကာလပညာသင်ကြားရေးအစီအစဥ်အပါအဝင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဥ်များကိုပါ အစွမ်းကုန်အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ အာဏာသိမ်းစစ်တပ်မှ တရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား ဆက်လက်၍ မလေးမစား မျက်ကွယ်ပြုနေခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိနေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ၁၉ရက်


အောက်တိုဘာ၁၈ရက်(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေး၌ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးမှု ခိုင်မာအားကောင်းလာစေရေးခေါင်းစဉ်အောက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားလိုက်ပါတယ်။


"အာဏာသိမ်းစစ်တပ်မှ တရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အား ဆက်လက်၍ မလေးမစား မျက်ကွယ်ပြုနေခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိပါကြောင်း၊ ယခုအခါ နယ်စပ်ဒေသ တစ်လျှောက်တွင် နယ်စပ်ဖြတ်ကျော် မှုခင်းဖြစ်ပွားမှု မြင့်တက်လာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးငယ်များ၊ အမျိုးသမီးများနှင့် မိန်းကလေးများ၊ အထူးသဖြင့် () သန်း ခန့်သော ပြည်တွင်းနေရပ်စွန့်ခွာသူများသည် အဆိုပါအန္တရာယ်များ၊ အထူးသဖြင့် လူကုန်ကူးမှုအန္တရာယ်အတွက် အလွန်အမင်း ထိခိုက်လွယ်ပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအနေဖြင့် သတင်းအချက်အလက်နှင့် သက်သေအထောက်အထား စုဆောင်းခြင်းကို ချဲ့ထွင်လျက်ရှိ သည်ဟု သိရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် မိမိတို့မှ အနာဂတ်တွင် အသွင်ကူးပြောင်းရေး တရားမျှတမှု ဖော်ဆောင်သည့် လုပ်ငန်းစဉ်အတွက် အလွန်အရေးပါမည်ဟု ယုံကြည်ပါကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်အားပေးမှုမြောက်ကာ မြေယာနှင့်ပတ်သက်၍လည်း ပြည်သူပိုင်မြေများကိုပြည်လည်သိမ်းဆည်းခံကြရမှာဖြစ်တယ်လို့ဒုတိယ အတွင်းဝန်ဦးမောင်မောင်ဆွေ ပြောကြား


အောက်တိုဘာ၁၉ရက်


အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်အားပေးမှုမြောက်ကာ မြေယာနှင့်ပတ်သက်၍လည်း ပြည်သူပိုင်မြေများကိုပြည်လည်သိမ်းဆည်းခံကြရမှာဖြစ်တယ်လို့

အောက်တိုဘာ၁၉ရက်မှာ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်ဒက္ခိဏသီရိစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းများတင်ဒါခေါ်ယူမှုနှင့်ပတ်သက်၍ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောကြားလိုက်ပါတယ်။


"အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်အားပေးမှုမြောက်ပါတယ်။ပြည်သူပိုင်မြေများကိုပြည်လည်သိမ်း

ဆည်းခံကြရမည်ဖြစ်ကြောင်း နေပြည်တော်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် သတိပေးလိုက်ပါတယ်"လို့ဆိုထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ တရားဝင်မှုမရှိဘဲ ပြည်သူ့ပိုင်မြေနေရာများကိုရောင်းချခြင်း၊ အကျိုးစီးပွားလုပ်ငန်းများတည်ထောင်ခြင်းတို့ကို လုပ်ကိုင်လျက်ရှိပြီး ကျောက်မျက်ရတနာများကိုလည်း တရားမဝင်ရောင်းချလျက်ရှိပါတယ်။


========================


📌📌 ၆။ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် စစ်ယာဉ်တန်းဖြတ်သန်းနိုင်ရေး လုံခြုံရေးယူပေးနေသူများကိုတိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး


ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း စစ်ယာဉ်တန်းဖြတ်သန်းနိုင်ရေးအတွက် လုံခြုံရေးယူဖို့ထွက်လာတဲ့ စစ်သားတွေ ကို တိုက်ခိုက်ခဲ့တာမှာ ၁၂ ဦးသေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရသွားတယ်လို့ တောကျီးကန်းစစ်ကြောင်းက အသိပေးထား ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က ရန်ကုန်-မော်လမြိုင်ကားလမ်းမှာရှိတဲ့ ဘီးလင်းတိုးဂိတ်ကနေ စစ်ယာဉ်တန်း ဖြတ်သန်း နိုင်ရေးအတွက် လုံခြုံရေး ယူပေးဖို့ ထွက်လာတဲ့စစ်သားအင်းအား ၂ဝ ခန့် ဘီးလင်းမြို့ ဒေါက်ရပ်ကျေးရွာအနီးမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

ခုလိုတိုက်ခိုက်ခံလိုက်ရလို့ အထိနာသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက် အင်အား ၃ဝ ခန့် နဲ့ နောက်တကြိမ် ဒေါက်ရပ်ကျေးရွာအနီးကိုပြန်ရောက်လာတဲ့အတွက် အသင့်ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့တွေနဲ့ အဲဒီမနက် ၁ဝ နာရီခွဲလောက်မှာ ထိတွေတိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

၁ဝ မိနစ်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ ဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဦးကျော်သေဆုံးပြီး ၁ဝ ဦးခန့် ဒဏ်ရာရသွားတယ်လို့ တော်ကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ခုလို စစ်ယာဉ်တန်းဖြတ်သွားနိုင်ဖို့ လုံခြုံရေးယူပေးမယ့်အဖွဲ့တွေ ကြိမ်တိုင် တိုက်ခိုက်ခံလိုက်ရပြီး သေဆုံးဒဏ်ရာရသူ တွေရှိသွားတဲ့အတွက် စစ်ယာဉ်တန်းလည်း ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်နက်ကြီးတပ်တွေက ရမ်းသမ်းပစ်ခတ်ခဲ့ ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိခိုက်ဒဏ်ရာရတာမျိုးတောင် မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်း၊ နယ်မြေခံဒရုန်းအဖွဲ့နဲ့KNLA တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment