2nd OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပြောကြား

📌 ၂။ စီးပွားကူးသန်း ဝန်ကြီးဌာနမှ Diploma in Public Policy နှင့် Mini-MBA သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

📌 ၃။ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကနေတဆင့် မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကို အာဆီယံက ပံ့ပိုးကူညီနေ 

📌 ၄။ မိုင်းအန္တရာယ် လျော့ကျနိုင်ရေးအတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်များဆိုင်ရာ သင်တန်းတစ်ရပ် MOWYCA ပြုလုပ်

📌 ၅။ ပုလဲနယ် ပျူစောထီရွာမှ ထွက်ပြေးလိုသည့် မိသားစုများကို ကယ်ထုတ်နိုင်ခဲ့ 

📌 ၆။ ညောင်လေးပင်နယ် ပုစွန်မြောင်းကျေးရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံး၊ သေနတ်တလက်သိမ်းဆည်းရရှိ

📌 ၇။ Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း မြေကွက်များ အောက်တိုဘာလ ရက်နေ့တွင် စတင်ရောင်းချမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပြောကြား


အောက်တိုဘာလ ၂။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတဆင့်  ပြည်သူများထံသို့ သတင်းစကားပါးခဲ့ပါတယ်။


ကျွန်တော်တို့ဟာ မျှော်လင့်ချက် အားလုံးကို တချိန်တည်း တပြိုင်တည်း မဖြည့်ဆည်း ပေးနိုင်ပေမယ့် စစ်အာဏာရှင် တော်လှန်ရေးမှာ ထပ်တိုးအောင်ပွဲ ရလဒ်တွေရအောင် ကြိုးစားနေကြပါတယ် " လို့ ယာယီသမ္မတကြီးက Facebook လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ စီးပွားကူးသန်း ဝန်ကြီးဌာနမှ Diploma in Public Policy နှင့် Mini-MBA သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ


အောက်တိုဘာ ၂။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီစဉ်ပြုလုပ်ခဲ့သည့် Diploma in Public Policy နှင့် Mini-MBA သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ညနေ () နာရီမှာ ပြုလုပ်ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။


စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်များထဲမှ Diploma in Public Policy နှင့် Mini-MBA သင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့ နဲ့ ရက်နေ့မှာ စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ သင်တန်းများ ပြီးမြောက်ခဲ့တာ ဖြစ်ပါတယ်။


အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများ၊ CDM Success Committee မှ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် အတွင်းဝန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးတာဝန်ခံများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသူ/ သင်တန်းသားများ ပါဝင်တက်ရောက် ခဲ့ကြပါတယ်။

 

သင်တန်းဆင်းပွဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးစိုင်းခိုင်မျိုးထွန်း၊ CDM Success Committee တွဲဘက်အတွင်းရေးမှူး Dr.ဥက္ကာ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာတို့က ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနဲ့ အားပေးစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။


ဆက်လက်ပြီး MIECI နှင့် MSME Development Center Director တို့မှ သင်တန်း ပြီးမြောက်အောင်မြင်ခဲ့ကြသော Diploma in Public Policy မှ သင်တန်းသူ/သား (၄၅) ဦး နဲ့ Mini-MBA မှ သင်တန်းသူ/သား (၇၃) ဦးတို့ကို အသီးသီး ကြေညာခဲ့ကြပါတယ်။

Diploma in Public Policy နှင့် Mini-MBA သင်တန်းမှ သင်တန်းသူ/သား အားလုံး၏ ကိုယ်စား ဆရာတစ်ဦးနှင့် ဆရာမတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါတယ်။


နိဂုံးချုပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ တွဲဘက်အတွင်းဝန်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနား ကို ညနေ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကနေတဆင့် မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကို အာဆီယံက ပံ့ပိုးကူညီနေ 


အာဆီယံဟာ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးခေါင်းစဉ်အောက်ကနေပြီး တရားမဝင်အာဏာသိမ်း စစ်အုပ်စုကို စစ်ရေးလေ့ကျင့်မှုတွေပေးအပ်ခဲ့တာဟာ စစ်အုပ်စုကကျူးလွန်နေတဲ့ ရက်စက်ကြမ်းကျုပ် မှုတွေမှာ ၎င်းတို့အဖွဲ့အစည်း ပါဝင်ပတ်သက်နေမှုကို ပိုမိုရှုပ်ထွေး နက်ရှိုင်းသွားစေတယ်လို့ Justic For Myanmar က ထောက်ပြထားပါတယ်။  


ရုရှားနိုင်ငံအရှေ့ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ ၂၅ ရက်ကနေ ၃ဝ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ အာဆီယံ စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် ၇ဝဝ ဟာ ပါဝင်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး Justic For Myanmar က ထောက်ပြလိုက်တာပါ။ 


အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယ၊တရုတ်၊လာအို၊မြန်မာနဲ့ ရုရှားတို့က တပ်ဖွဲ့ဝင်တွေနဲ့ ယန္တရားတပ်တွေ ပေါင်းစပ်လေ့ကျင့်ခဲ့တာတွေ့ရတယ်လို့ Justic For Myanmar က ဆိုပါတယ်။  


ဒီစစ်ရေးလေ့ကျင့်မှုတွေထဲမှာ တင့်ကားတပ်တွေရဲ့ပံ့ပိုးကူညီမှုနဲ့ အကြမ်းဖက်သမားများရဲ့ အမာခံနယ်မြေ တွေကို T-80BVM တင်ကားများ၊ ၁၂ဝ မမ Sani မော်တာလက်နက်ကြီးစနစ်များ ဒရုန်းနဲ့ရဟတ်ယာဉ်များ အကူအညီနဲ့ ပိတ်ဆို့ဖျက်ဆီးခြင်း များပါဝင်တဲ့အပြင် Su-25 Rook တိုက်လေယာဉ်များက လေယာဉ်ပစ် ဒုံးကျည်များ ဗုံးများဖြင့် အလွတ်တန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ကျေးရွာအတွင်းမှာလည်း အကြမ်းဖက်နှိမ်နင်းမှု လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။ 

အဲဒီအာဆီယံစစ်ရေးလေ့ကျင့်မှုမှာအသုံးပြုခဲ့တဲ့လက်နက်အများစုဟာ မြန်မာစစ်တပ် လက်ရှိအသုံးပြုနေ တဲ့ ၁၂ဝ မမ လက်နက်ကြီးများ တိုက်ပွဲဝင်တင့်ကားများနဲ့ရုရှားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဖြစ်နေတာ ကြောင့် မြန်မာစစ်အုပ်စုအနေနဲ့ ဒီလက်နက်တွေသုံးပြီး မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုပ်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ စွမ်းဆောင်ရည်မြှင့်ပေးနေတယ်ဆိုတာ မြင်သာစေတယ်လို့လည်း ဖော်ပြထား ပါတယ်။ 

ဒီလုပ်ရပ်ဟာ အကြမ်ဖက်စစ်အုပ်စုက မြန်မာပြည်သူများနဲ့ အရပ်ဘက်အဆောက်အအုံတွေကို အရပ်ဘက် စစ်ဘက်မခွဲခြားပဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကို အာဆီယံအနေနဲ့ မျက်ကွက်ပြုဆန့်ကျင်ရာ ရောက်တယ်လို့လည်း အသိပေးထားပါတယ်။

အာဆီယံဟာ မြန်မာစစ်တပ်နဲ့ရုရှားတို့ကို အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ကို ဦးဆောင်ခွှင့် ပေးထားတဲ့အတွက် ၂ဝ၂၁ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ရုရှားတို့ဟာ အဲဒီအဖွဲ့ရဲ့ ပူးတွဲဥက္ကဌများအဖြစ် တာဝန်ယူခဲ့ပါတယ်။


========================


📌📌 ၄။ မိုင်းအန္တရာယ် လျော့ကျနိုင်ရေးအတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်များဆိုင်ရာ သင်တန်းတစ်ရပ် MOWYCA ပြုလုပ်


အောက်တိုဘာ ၂။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ပဋိပက္ခကာလအတွင်း မိုင်းအန္တရာယ် လျော့ကျရေးနှင့် မိုင်းအန္တရယ်ဆိုင်ရာ ဗဟုသုတရှိရေး အတွက် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်များဆိုင်ရာ သင်တန်းတစ်ရပ် ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ကြီးကြပ်မှု၊ နှီးနွယ်အဖွဲ့အစည်းများနှင့် မြို့နယ် MOWYCA ​ ပံ့ပိုးမှုဖြင့် မြေပြင်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို မိုင်းအန္တရယ်ဆိုင်ရာ ဗဟုသုတရှိရေး အတွက် သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။


မကြာသေးမီက ထုတ်ပြန်ထားတဲ့ UNICEF အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် ပထမသုံးလအတွင်း မိုင်းကြောင့် ထိခိုက်သေဆုးသူ ၃၀၂ ဦး ရှိခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးသူများထဲတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ကြောင်း သိရပြီး ယမန်နှစ် ၂၀၂၂ ခုနှစ်က မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၃၉၀ ဦးထိ ရှိခဲ့တာမို့ နွေဦးတော်လှန်ရေးကာလအတွင်း  မြေမြုပ်မိုင်းအပါအဝင် အမျိုးမျိုးသော မိုင်းများ အန္တရာယ်က မသေးလှကြောင်းကို MOWYCA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ပုလဲနယ် ပျူစောထီရွာမှ ထွက်ပြေးလိုသည့် မိသားစုများကို ကယ်ထုတ်နိုင်ခဲ့ 


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က အမာခံပျူစောထီးရွာဖြစ်သော ဇီးဖြူကုန်းကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လိုတဲ့ အိမ်ထောင်စု စုက မိသားစုဝင် ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ABSDF Column-3 က အသိပေး ပြောဆိုလိုက်ပါတယ်။ 

အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာမှာ ဆက်မနေနိုင်တော့တာ ကြောင့် လာရောက်ခေါ်ဆောင်ပေးဖို့ ဆက်သွယ်လာတဲ့အတွက် စက်တင်ဘာလ ၂၅ ရက်နေ့မှာ သွားရောက် ကယ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ပုလဲနယ်ဘက်ကို စက်တင်ဘာလ ရက်ကနေ ၂၇ ရက်နေအထိ ခမရ ၇၀၃ တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး နောက် အဲဒီမိသားစုဟာ ပျူတွေထိန်းထားတဲ့ရွာကနေ ထွက်ပြေးလိုတာကြောင့် အခုလို ဆက်သွာလာတာလို့ လဲ သိရပါတယ်။ 

ထွက်ပြေးလာတဲ့မိသားစုတွေထဲမှာ အသက် နှစ်အောက်ကလေး ဦးပါဝင်ပြီး လက်ရှိမှာတော့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စောင့်ရှောက်ထားတယ်။ 

အဲဒီမိသားစုတွေကို ယင်းမာပင်ခရိုင် PDF တပ်ရင်း ၃နဲ့ တပ်ရင်း ၁၉ တို့က သွားရောက်ကယ်ထုတ်ခဲ့တာပါ။

ပျူစောထီးတွေကတော့ ရွာကထွက်ပြေးတဲ့သူတွေကို ကာကွယ်ရေးအဖွဲ့တွေက ထောင်ချတာ၊သတ်ပစ်တာ တွေလုပ်တယ်ဆိုပြီး ကျေးရွာနေပြည်သူတွေကို ခြိမ်းခြောက်ပြောဆိုထားတယ်လို့လည်း သိရပါတယ်။


========================


📌📌 ၆။ ညောင်လေးပင်နယ် ပုစွန်မြောင်းကျေးရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံး၊ သေနတ်တလက်သိမ်းဆည်းရရှိ


ပဲခူးတိုင်း ညောင်လေးပင်နယ်က ပုစွန်မြောင်းကျေးရွာမှာ မနေ့ (အောက်တိုဘာလ ရက်) ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦး သေဆုံးသွားတယ်လို့ Spring Warrior Column က ဒီနေ့မှာ ထုတ်ပြန်လာ ပါတယ်။

ပုစွန်မြောင်းကျေးရွာမှာ မနေ့မနက် ၁၁ လောက်က အကြမ်းဖက်စစ်တပ်နဲ့ Spring Warrior Column PDF တပ်ရင်း ၃၇၀၂ Royal Peacock Column တို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။

အဲဒီတိုက်ပွဲမှာ အရာရှိအပါအဝင် စစ်သား ၁ဝ ဦး လောက်ဒဏ်ရာရသွားခဲ့တယ်လို့လည်း သိရပါတယ်။ 

တိုက်ပွဲပြီးချိန် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်သားအလောင်းတလောင်းနဲ့သေနတ်တလက်ရရှိခဲ့တဲ့ အပြင် စစ်တပ်ပိုင် ဘက်ဟိုးတစီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။  

ပုစွန်မြောင်းကျေးရွာမှာ စက်တင်ဘာ ၂၇ နဲ့ ၂၉ မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာလည်း အကြမ်းဖက်စစ်တပ်ဘက် က အထိနာခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။


========================


📌📌 ၇။ Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း မြေကွက်များ အောက်တိုဘာလ ရက်နေ့တွင် စတင်ရောင်းချမည်


အောက်တိုဘာ ၂။


The End of Dictatorship (EOD) ရဲ့ အစီအစဉ် တစ်ခုဖြစ်သည့် Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း မြေကွက်များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့တွင် စတင် ရောင်းချမည်ဟု သိရှိပါတယ်။


၎င်းစီမံကိန်းမှာ ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမကြီး မြောက်ဘက်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အနီးရှိ အကြမ်းဖက်စစ်တပ်ပိုင်မြေကို ဥပဒေနှင့်အညီ သိမ်းယူပြီး ဧက ၃၀၀ ခန့်အား စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်ရာမြေများ ဖော်ထုတ်မည့် စီမံကိန်းဖြစ်ပါတယ်။


တော်လှန်ရေးကာလအတွင်း ကနဦးပေးသွင်းငွေ ၄၀% ကို ပေးသွင်းထားနိုင်ပြီး သုံးလအတွင်း သုံးကြိမ်အထိ အရစ်ကျ ငွေပေးချေနိုင်ကာ ကနဦးပိုင်ဆိုင်မှုအထောက်အထားအဖြစ် အာမခံစာချုပ် ထုတ်ပေးမှာ ဖြစ်ပါတယ်။


ကျန် ၆၀% ကို တော်လှန်ရေးအပြီး စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် ပေးသွင်းနိုင်ပြီး ပြည်တွင်း၊ ပြည်ပဘဏ်များနှင့် ချိတ်ဆက်ပြီး နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် စသည်ဖြင့် အတိုးနှုန်း သက်သာစွာ အရစ်ကျ ပေးသွင်းနိုင်ရန် စီစဉ်ပေးမယ်လို့လည်း သိရပါတယ်။


စီမံကိန်းမြေကွက်များကို မြန်မာနိုင်ငံသားများ မဟုတ်သည့် နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ကြောင်းနဲ့ နိုင်ငံခြားသားမြေပိုင်ဆိုင်မှု အာမခံသည့် သီးသန့်အမိန့်ဒီကရီ ဥပဒေများပြဌာန်း ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။


အကြောင်းကြောင်းကြောင့် စီမံကိန်း ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါက နစ်နာပြည်သူများအား ခေတ်ကာလ တန်ဖိုးတူ (သို့) တန်ဖိုးသာ မြေကွက်ဖြင့် အစားထိုးပေးအပ်မည် ဖြစ်ကြောင်းကိုလည်း EOD ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment