2nd OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ညောင်လေးပင်မြို့နယ်က ပုစွန်မြောင်းတိုက်ပွဲမှာ စစ်ကောင်စီက ပျူနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုတယ်လို့ဆို

📌 ၂။ ကန်ပက်လက်မြို့က CDM ဝန်ထမ်းတွေ မီးဖွားစရိတ် နဲ့ ဆေးကုသစရိတ် လျှောက်ထားနိုင်ကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်

📌 ၃။ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ် သတ်ဖြတ်လို့ အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

📌 ၄။ အတင်းအဓမ္မ စစ်သားလုပ်ကိုင်ခြင်း ခံခဲ့ရတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး CNDF ထံ ခဲယမ်းများနဲ့ အလင်းဝင်

📌 ၅။ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ရိက္ခာသယ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ နှစ်ဦး သေဆုံးပြီး ငါးဦးကို အရှင်ဖမ်းမိ

📌 ၆။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နမ့်ဖက်ကာအထက်တန်းကျောင်းမှာ ကျောင်းတက်သူ မရှိသလောက်နည်းပါး

📌 ၇။ ရွှေဘိုနယ်မှာ မြင်းချင်းရွာမှာရှိတဲ့ ကင်းစခန်း ခုကိုတပြိုင်တည်းတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ညောင်လေးပင်မြို့နယ်က ပုစွန်မြောင်းတိုက်ပွဲမှာ စစ်ကောင်စီက ပျူနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုတယ်လို့ဆို


ညောင်လေးပင်မြို့နယ်က ပုစွန်မြောင်းကျေးရွာအနီးမှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဟာ ပျူနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ နွေဦးစစ်သည်တော်များစစ်ကြောင်း Spring Warriors Column က ထုတ်ပြန်လိုက်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA PDF တွေပါတဲ့ ပူးပေါင်းအဖွဲ့တွေကြား စက်တင်ဘာလ ၂၇ ရက်နေ့မှာ တိုက်ပွဲစတင်ခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ မနက် နာရီကနေ နေ့လယ် ဝန်းကျင်အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ဝ ဦးခန့်သေဆုံးနိုင်ပြီး ၂ဝ ဦးခန့် ဒဏ်ရာရသွားတယ်လို့ Spring Warriors Column က ခန့်မှန်းထားပါတယ်။ 

စစ်ကောင်စီဘက်က အထိနာသွားသလို ပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော် ဦး ဒဏ်ရာရသွားသလို ဆိုင်ကယ် စီးနဲ့ စကားပြောစက်တလုံး ဆုံးရှုံးခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။ 

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပုစွန်းမြောင်းကျေးရွာက အိမ်ခြေအချို့ကို မီးရှို့းဖျက်ဆီး ခဲ့တဲ့အပြင် ရဟန်းတပါးနဲ့ ဒေသခံအရပ်သား ၂ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ကန်ပက်လက်မြို့က CDM ဝန်ထမ်းတွေ မီးဖွားစရိတ် နဲ့ ဆေးကုသစရိတ် လျှောက်ထားနိုင်ကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်


အောက်တိုဘာ ၁။


ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်းတွေ အနေနဲ့ အရေးပေါ်မီးဖွားစရိတ်နဲ့ ဆေးကုသ စရိတ်တွေကို အကူညီရရှိဖို့ ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကို လျှောက်ထားနိုင်တယ်လို့ ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အကြပ်အတည်း ကာလအတွင်း မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းတွေ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နိုင်ဖို့ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပံ့ပိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


CDM ဝန်ထမ်းတွေအနေနဲ့  မီးဖွားစရိတ် (သို့မဟုတ်) ဆေးကုသစရိတ် လျောက်ထားလိုပါက  သက်ဆိုင်ရာဌာနက တစ်ဆင့်ဖြစ်စေ ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှဖြစ်စေ အမည်စာရင်း ပေးသွင်းနိုင်တယ်လို့ သိရပါတယ်။


လျှောက်ထားလိုသူတွေဟာ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း CDM ပြုလုပ်သူတွေ ဖြစ်ရမှာ ဖြစ်ပြီး လျှောက်သူကိုယ်တိုင် ဒါမှမဟုတ် ခင်ပွန်း/ဇနီးဖြစ်သူဟာ CDM ဝန်ထမ်း ဖြစ်ရမှာဖြစ်ပြီး ()လအတွင်း ဘယ်အဖွဲ့အစည်းဆီကမှ မီးဖွားစရိတ် / ဆေးကုသစရိတ် မရရှိဖူးသူ ဖြစ်ရမယ်လို့ ကန့်သတ်ထားပါတယ်။


ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ အစည်းအဝေးတွေကတဆင့် တရားဝင် ဝင်ခွင့်ပေးတဲ့ CDM ဝန်ထမ်းတွေကိုသာ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး အများပြည်သူ အကျိုးပြုလုပ်ငန်းတွေ ပါဝင် လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို အဓိကဦးစားပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


 လျှောက်ထားတဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို ဌာန/မြေပြင်တာဝန်ခံတွေနဲ့ တိုက်ဆိုင် စစ်ဆေးမယ်လို့လည်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ် သတ်ဖြတ်လို့ အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


 အောက်တိုဘာ ၁။


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။


စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့က မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လပ်တီးကျေးရွာမှ အသက်(၄၅) နှစ်အရွယ် အမျိုးသားကို သတ်ဖြတ်ခဲ့တဲ့အပြင် ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလည်း ဖြစ်ပါတယ်။ 


၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ ပျံကျကျေးရွာသို့ ဝင်ရောက်စဉ်မှာလည်း လက်နက်ကြီးများနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့်  ပျံကျကျေးရွာမှ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးနေတာကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ သူတွေ တိုးလာနေသလို ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေ အနေနဲ့ အခက်အခဲ ကြုံနေကြရတာလို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံရေးအဖွဲ့က ပြောပါတယ်။ 


ထို့အပြင် ဒီပဲယင်းမြို့နယ်ထဲက အေးသာယာပျံကျကျေးရွာကို စက်တင်ဘာလ ၃၀ ရက်နေ့  ညနေ ခြောက်နာရီ ဝန်းကျင်မှာ စစ်ကောင်စီက MI-35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး အခြေအနေအသေးစိတ်ကို တော့မသိရသေးပါဘူး။


========================


📌📌 ၄။ အတင်းအဓမ္မ စစ်သားလုပ်ကိုင်ခြင်း ခံခဲ့ရတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး CNDF ထံ ခဲယမ်းများနဲ့ အလင်းဝင်


အောက်တိုဘာလ ၁။


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်း ကားလမ်းမပေါ်ရှိ ထင်းရူးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး CNDF ထံကို ခဲယမ်းများနှင့်အတူ အလင်းဝင်လာ တယ်လို့ သိရပါတယ်။


စက်တင်ဘာ ၂၆ ရက်က စစ်ကောင်စီ တပ်သား ပြည့်ဖြိုးအောင် အသက် (၁၇နှစ်) ဟာ M1 ကျည်ဆံ ၃၄၅ ထောင့်၊ လက်ပစ်ဗုံး လုံး၊ ၄၀ မမဗုံး လုံးနဲ့ အတူ အလင်းဝင်လာတာလည်း ဖြစ်ပါတယ်။


အလင်းဝင်လာတဲ့ မောင်ပြည့်ဖြိုးအောင်ဟာ ကလေးမြို့နယ်၊ သာစည်ကျေးရွာ ဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရကာ အတင်းအဓမ္မ စစ်သားလုပ်ကိုင်ခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ရိက္ခာသယ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ နှစ်ဦး သေဆုံးပြီး ငါးဦးကို အရှင်ဖမ်းမိ


အောက်တိုဘာလ ၁။


ကချင်ပြည်နယ် မိုးမောက်မြို့နယ် လိုင်ဇာ - နမ်ဆန်ယန် အနီးမှာ ရိက္ခာသယ်ဖို ဆင်းလာတဲ့ စစ်ကောင်စီတပ် နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ဦး သေဆုံးကာ ဦးကို အရှင်ဖမ်းမိပြီးတော့ လက်နက်တချို့ သိမ်းဆည်းရမိ ခဲ့တယ်လို့ KIA သတင်းရင်းမြစ်စီက သိရပါတယ်။


စက်တင်ဘာ ၃၀ ရက် မနက် နာရီခွဲကျော်က ရှန်တုန်းဘွမ် ခမရ (၄၃၈) တပ်ကနေ ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်သား ၁၅ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၂၅ က အူထန်ယန်ရွာ အောက်နားမှာ ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ခြုံခိုတိုက်ခိုက်ခံရလို့ စစ်တပ်ဘက်က ဦး သေဆုံးကာ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဦးကတော့ နွန်းလန်းရွာဘက်ရှိ စစ်ကောင်စီတပ်ဘက်ကို ထွက်ပြေးသွားတယ် လို့ဆိုပါတယ်။ 


ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် လိုင်ဇာ အနီးဝန်းကျင်တွင် နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးအပြင် လေကြောင်း၊ ဒရုန်းတွေပါ အသုံးပြု တိုက်ခိုက်နေတာ လည်းဖြစ်ပါတယ်။


========================


📌📌 ၆။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နမ့်ဖက်ကာအထက်တန်းကျောင်းမှာ ကျောင်းတက်သူ မရှိသလောက်နည်းပါး


ရှမ်းပြည် ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖက်ကာအထက်တန်းကျောင်းဝန်းထဲ လက်နက်ကြီးကျည်တွေကျရောက် ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ကျောင်းပြန်ဖွင့်ထားပေမယ့် ကျောင်းတက်တဲ့သူ မရှိသလောက်ဖြစ်နေတယ်လို့ TNLA က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က နမ့်ဖက်ကာဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ TNLA တို့ တိုက်ပွဲဖြစ်ခဲ့တာမှာ နမ့်ဖက်ကာရပ်ကွက်ထဲ လက်နက်ကြီးကျည် လုံးနဲ့ ကျောင်းဝင်းထဲကို လက်နက်ကြီး ကျည် လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေကြောင့် အမျိုးသားတဦးနဲ့ အသက် ၁၁ နှစ်အရွယ်ကလေးတဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

အခုလို ကျောင်းဝင်းထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသားမိဘတွေက ကလေးတွေအတွက် စိုးရိမ်နေကြပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး နောက် ၂ရက်အကြာ စက်တင်ဘာ ၂၈ ရက်မှာ ကျောင်းတွေပြန်ဖွင့်ခဲ့ပေမယ့် ကျောင်းလာ တက်တဲ့သူ မရှိသလောက်ဖြစ်နေတာပါ။ 

ကွတ်ခိုင်မြို့နယ်ဟာ တအာင်းပြည်နယ် တပ်မဟာ- နယ်မြေထဲမှာပါဝင်နေတဲ့အတွက် TNLA စခန်းတွေရှိ နိုင်မယ့်နေရာတွေကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးတွေနဲ့ အခက်ပေါင်းများစွာ ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ရွှေဘိုနယ်မှာ မြင်းချင်းရွာမှာရှိတဲ့ ကင်းစခန်း ခုကိုတပြိုင်တည်းတိုက်ခိုက်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က မြင်းချင်းရွာမှာရှိတဲ့ ကင်းစခန်း ခုကို ဒေသကာကွယ်ရေးအဖွဲ့တွေ တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ Myanmar Defence Force Shwebo ထံက သိရပါတယ်။

မနေ့ မနက် နာရီလောက်က မြင်းချင်းရွာမှာရှိတဲ့ ကင်းစခန်း ခုကို တပြိုင်တည်းတိုက်ခိုက် ခဲ့တာမှာ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် တိုက်ပွဲဟာ မိနစ် ၃ဝ လောက်ကြာခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်သား ၃ဦး ကင်းနေရာမှာတင်သေဆုံးခဲ့တာကြောင့် ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြင်းချင်းရွာထဲ ထွက်ပြေးသွားခဲ့တယ်လို့လည်း သိရပါတယ်။

မြင်းချင်းရွာဟာ ပျူစောထီးအားကောင်းရာ ရွာတရွာဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေ ရွာနားအထိ လိုက်လံပစ်ခတ်ခဲပေမယ့် ပန်းရံရွာနဲ့လိပ်ချင်းရွာကပျူတွေ စစ်ကူရောက်လာတာကြောင့် တော်လှန်ရေး အဖွဲ့တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ Myanmar Defence Force Shwebo က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment