3rd OCT 2023 - Morning Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဘယ်ဂျီယံနိုင်ငံတွင်ကျင်းပမည့် ဥရောပသမဂ္ဂ -အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်သို့ အကြမ်းဖက်စစ်အုပ်စု ပါဝင်တက်ရောက်မည့်အပေါ် စိုးရိမ်ဟု NUG ဆို

📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

📌 ၃။ ငြိမ်းချမ်းစွာပညာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချ

📌 ၄။ ခင်ဦးမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးရွာအဖွဲ့များ တွေ့ဆုံပွဲ ပြုလုပ်

📌 ၅။ ပုလဲမြို့နယ်က စစ်ဘေးရှောင်အိမ်ထောင်စု ၁၃ဝ ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကျပ် ၁၇ သိန်းနီးပါးထောက်ပံ့ခဲ့

📌 ၆။ ဒီပဲယင်းမြို့ပေါ်ကို ပြန်ဝင်လာတဲ့စစ်တပ်စစ်ကြောင်းက နှဘဲလှရွာသားတဦးကို သတ်ဖြတ်ခဲ့

📌 ၇။ စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်ရဲ့သား လင်းမင်းမောင်လွင်အိမ် ဗုံးပစ်တိုက်ခိုက် 

📌 ၈။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဖမ်းဆီးခံခဲ့ရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဘယ်ဂျီယံနိုင်ငံတွင်ကျင်းပမည့် ဥရောပသမဂ္ဂ -အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်သို့ အကြမ်းဖက်စစ်အုပ်စု ပါဝင်တက်ရောက်မည့်အပေါ် စိုးရိမ်ဟု NUG ဆို


အောက်တိုဘာလ

ဥရောပသမဂ္ဂနှင့်အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းစီစဉ်မှုနဲ့ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် ဥရောပသမဂ္ဂ -အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကိုတက်ရောက်ဖို့  အကြမ်းဖက်စစ်အုပ်စုက ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့တဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်‌ဖော်ပြောဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂနှင့်အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ Advancing Human Right: Creating an Enabling Enveronment for CSO at the Regional Leval ဆိုတဲ့ခေါင်းစဉ်နဲ့ ဥရောပသမဂ္ဂ -အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကို အောက်တိုဘာလ ရက်နေ့မှာ ကျင်းပဖို့ ရှိနေတာပါ။

ဥရောပသမဂ္ဂ -အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကို ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြောက်ခံထားရတဲ့ မြန်မာကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ရမယ့်အစား အကြမ်းဖက်စစ်အုပ်စုက တက်ရောက်ခွင့်ရနေတာကိုလည်း အံ့ဩတုန်လှုပ်မိတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖိုရမ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ကျင်းပတဲ့ ဖိုရမ်လည်း ဖြစ်ပါတယ်။ 

 ဒီခရီးစဉ်အတွင်းမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပဲ မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်နှင့် တိုင်းအဆင့်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအဝိုင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တွေပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် ဥရောပသမဂ္ဂနှင့်အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့အနေနဲ့ စစ်မှန်တဲ့ လူ့အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲတရပ်ကျင်ပရာမှာ မြန်မာပြည်သူလူထုက တရားဝင်ကိုယ်စားလှယ်တွေနဲ့သာကျင်းပဖို့ အမျိုးသား ညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


အောက်တိုဘာလ ၂။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၁၉/၂၀၂၃) ကို အောက်တိုဘာလ ရက်နေ့ မနက် (၁၀:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။


 အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ကြီးဌာနမှ ဖွဲ့စည်း ဆောင်ရွက်နေသည့် ဗဟိုတိုင်ကြားစာ စိစစ်ရေးကော်မတီ၊ လုပ်ငန်းလမ်းညွှန်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြီးခဲ့တဲ့ အစည်းအဝေး (၁၈/၂၀၂၃) မှ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ခဲ့ပြီး တွဲဖက် အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး (၁၁:၅၀) နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရပ်နားခဲ့ပါတယ်


========================


📌📌 ၃။ ငြိမ်းချမ်းစွာပညာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချ


အောက်တိုဘာလ  

ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ဘူတာစုရပ်ကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူအခြေပြုပညာရေးစာသင်ကျောင်းဝင်းထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့ပြီး ဆရာမတဦးနဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၁ ဦး ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်လို့ အခုလိုကန့်ကွက်လိုက်တာပါ။


ဒဏ်ရာရသွားသူတွေထဲက Grade 1 Grade 2နဲ့ Grade 4 မှာ ပညာသင်ယူနေတဲ့ မူလတန်းအရွယ်ကလေးငယ် ဦးဟာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းစွာပညာသင်ကြားနေတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ယူရာကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ရက်စက်ကြမ်းကြုပ်သော စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာရောက်တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ရာရောက်တဲ့ ပြစ်မှုတွေဖြစ်တယ်လို့ အသိပေးထားပါတယ်။


အခုလိုလူမဆန်တဲ့ ယုတ်ညံ့သောစိတ်ထားနဲ့ စာသင်ကျောင်းတွေကို အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူတွေရော ကိုယ်တိုင်ကျူးလွန်သူတွေပါ တာဝန်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေနဲ့ မတရားညှင်းပန်းနှိပ်စက်မှုတွေကို အသေးစိတ်မှတ်တင်ထားပြီး တရားမျှတမှုကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ ခင်ဦးမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးရွာအဖွဲ့များ တွေ့ဆုံပွဲ ပြုလုပ်


အောက်တိုဘာ ၂။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျေးရွာတစ်ရွာတွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် ကျေးရွာအဖွဲ့များ မျက်နှာစုံညီ တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲအား အောက်တိုဘာလ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရေးရာတာဝန်ခံများ၊ တိုက်နယ်အဖွဲ့များ၊ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ များနှင့် ဒေသခံ ပြည်သူများ ပါဝင်တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ တွေ့ဆုံပွဲတွင် အုပ်ချုပ်ရေးပိုင်းနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကျေးရွာ အသီးသီး၏ အားသာချက်၊ အားနည်းချက်များ၊ မြေပြင်အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး မေးမြန်းလာသည်များကို သက်ဆိုင်ရာ တာဝန်ခံများမှ ဝန်ကြီးဌာနများ၏ မူဝါဒ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျယ်တဝင့် ဆွေးနွေးရှင်းလင်း‌ခဲ့ကြပါတယ်။


ထို့နောက် အခမ်းအနားကို ညနေ (:၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ်က စစ်ဘေးရှောင်အိမ်ထောင်စု ၁၃ဝ ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကျပ် ၁၇ သိန်းနီးပါးထောက်ပံ့ခဲ့


အောက်တိုဘာလ

ပုလဲမြို့နယ် ဇီးဖြူကုန်းတောင်ရွာက စစ်ဘေးရှောင်အိမ်ထောင်စု ၁၃ဝ ကို ကျပ် ၁၇ သိန်းနီးပါးထောက်ပံ့ခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဝေးရိပ် SF Bay area Raffel Event ကလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၅ဝဝ- မြန်မာငွေ ကျပ် ၁၆သိန်း ၉သောင်း၅ထောင်ကို အလှူရှင်တွေကိုယ်စား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ရက် နေ့မှာ လှူဒါန်းပေးခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ ဇီးဖြူကုန်းတောင်ရွာကို ပျူစောထီးရွာဖြစ်အောင် ဇာတ်သွင်းခဲ့တာကို လက်မခံနိုင်တာကြောင့် ကျေးရွာဒေသခံ အိမ်ထောင်စု ၁၃ဝ လူဦးရေ ၅ဝဝ ခန့်ဟာ ကျေးရွာနဲ့လယ်မြေယာမြေတွေကို စွန့်ခွာလာခဲ့တာ လို့လည်း သိရပါတယ်။

အဲဒီအိမ်ထောင်စုတွေဟာ မိသားစုဝမ်းရေးအတွက် ကြုံရာအလုပ်လုပ်ရင်း ရုန်းကန်နေရသူတွေလည်းဖြစ်ပါတယ်။ 

ပုလဲမြို့နယ်မှာ နှစ်နဲ့ချီပြီး ကာလရှည်တိမ်းရှောင်နေရတဲ့ရွာတွေက ဇီးဖြူကုန်းတောင်ရွာ၊ အင်မထီးရွာ၊ ချောင်းဦးရွာ၊ တောင်ခင်ရမ်းရွာနဲ့ ကန့်သတ်ကျေးရွာတို့ဖြစ်ပါတယ်။


========================


📌📌 ၆။ ဒီပဲယင်းမြို့ပေါ်ကို ပြန်ဝင်လာတဲ့စစ်တပ်စစ်ကြောင်းက နှဘဲလှရွာသားတဦးကို သတ်ဖြတ်ခဲ့


အောက်တိုဘာလ

ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ ရက်နေ့ မနက်က နဘဲလှရွာသားတဦးကို ဖမ်းဆီးခဲ့ပြီး ပုဂံကျေးရွာအနီးက ငရုတ်ခင်းဘေးမှာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောပါတယ်။ 

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာလ ၃ဝ ရက်နေ့ကလည်း လက်တီးကျေးရွာက ရွာသားတဦးကို လည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

ပျံကျရွာမှာ ရက်ကျော်ကြာတပ်စွဲခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့ ပေါ်  ပြန်ဝင်လာတာကြောင့် မြို့အနီးတဝိုက်မှာရှိတဲ့ ကျေးရွာ ရွာက ဒေသခံတွေ ထပ်မံစစ်ဘေးရှောင်နေရတယ်လို့ လည်း သိရပါတယ်။

စစ်တပ်စစ်ကြောင်း မြို့ပေါ်ပြန်တက်သွားတာကြောင့် အရင်ရက်တွေက စစ်ဘေးရှောင်ခဲ့ရတဲ့ကျေးရွာတွေက ဒေသခံ ပြည်သူအချို့ကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည်ဝင်ရောက်နေထိုင်ကြပြီဖြစ်ပါတယ်။ 

စက်တင်ဘာလ ၃ဝ ရက်နေ့က လက်တီးကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံရွာသား ဦးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။


========================


📌📌 ၇။ စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်ရဲ့သား လင်းမင်းမောင်လွင်အိမ် ဗုံးပစ်တိုက်ခိုက် 


အောက်တိုဘာလ

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဝဏ္ဏမောင်လွင်ရဲ့သားဖြစ်သူ  လင်းမင်းမောင်လွင်နေအိမ်ကို ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation – USO က (အောက်တိုဘာ၂ ရက်)ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ 

မနေ့ည နာရီခွဲဝန်းကျင်အချိန်မှာ ကမာရွတ်မြို့နယ်မှာ အောင်မြေသာစည်အိမ်ရာအတွင်းမှာရှိတဲ့ လင်းမင်းမောင်လွင် နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လင်းမင်းမောင်လွင်ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်အသုံးစရိတ်များ နိုင်ငံခြာစီးပွားရေးများကို ခရိုနီတွေနဲ့ပေါင်းပြီး အကျိုးအမြတ်ရှာဖွေနေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

အခုလိုတိုက်ခိုက်နိုင်တာဟာ ပြည်သူ့ဘက်တော်သား ဖရဲသီးတွေရဲ့အကူအညီကြောင့်သာ လုပ်ဆောင်နိုင်ခဲ့တာလို့လည်း သိရပါတယ်။

နောင်မှာလည်း ပြည်သူတွေအပေါ် မတရားပြုလုပ်ဖို့ ကြံဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေးပိုင်ဆိုင်မှု တွေ ပတ်သက်ဆက်နွယ်သူတွေကိုလည်း စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးတွေဆက်လက်ဆောင်ရွက်သွားမယ်လို့ Urban Special Operation – USO က ထုတ်ပြန်ထားပါတယ်။ 


========================


📌📌 ၈။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဖမ်းဆီးခံခဲ့ရ 


အောက်တိုဘာလ ၂။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောရေးအတွင်း အပါအဝင် စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ အမျိုးသမီး ၁၂ ဦး သေဆုံးကာ ၂၀ ဦး ထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာလ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။။


စက်တင်ဘာလ တစ်လအတွင်းမှာ သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးများမှာ လက်နက်ကြီး ကျည်ကြောင့် ဦး၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦး၊ အကြမ်းဖက်မှုကြောင့် ဦးနှင့် စစ်ကြောရေးတွင် ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


သေဆုံးသူများမှာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှ ဦး၊ မိုးကုတ်မြို့နယ်မှ ဦး၊ တနင်္သာရီတိုင်း ပုလောမြို့နယ်မှ ဦး၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်၊ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့မှ ဦးစီ ဖြစ်တယ်လို့  BWU မှ ထုတ်ပြန်သည့် ဇယားမှာ ပါရှိပါတယ်။


ထို့အပြင် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နှင့် မွန်ပြည်နယ်မှ အမျိုးသမီး ၂၀ ဦး ဖမ်းဆီးခံရကာ ရန်ကုန်တိုင်း မြို့နယ်ရှစ်ခုမှ အမျိုးသမီး ဦး ပါဝင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။


စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သေဆုံးသူ အမျိုးသမီး ၆၁၄ ဦး ရှိကာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ အမျိုးသမီး ,၁၇၅ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသမီး ၅၃၈ ဦးရှိကြောင်းကိုလည်း BWU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


၎င်းအရေအတွက်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ BWU မှ စုစည်းရရှိထားသည် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် အရေအတွက် ပိုများနိုင်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment