4th OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်းတွေနဲ့ စစ်ကြောင်းတွေကို ကန်ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း / မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ တီးတိန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ရဲ ဦးကို PDF ကဖမ်းဆီး

📌 ၄။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ  “Sustainable Development Program” သင်တန်း ပြုလုပ်မည်

📌 ၅။YPDF တပ်ဖွဲ့များ တိုက်ပွဲနားချိန်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေ ကူညီလုပ်ပေးနေ

📌 ၆။ နယ်မြေသစ်တွင် စစ်ဆင်ရေး ကြိမ်လုပ်ခဲ့ရာ၌ စစ်သား ၂၈ ဦးသေဆုံးပြီး ၄ဝ ဦး ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့ဟု ဒေါနစစ်ကြောင်း ထုတ်ပြန်

📌 ၇။ ယင်းမာပင်မြို့နယ်တွင် ရဲတွေ ဆက်ကြေးကောက်တဲ့ နေရာ တိုက်ခိုက်ခံရ၍ ဒုရဲအုပ်တစ်ဦး အပါအဝင် သုံးဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်းတွေနဲ့ စစ်ကြောင်းတွေကို ကန်ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့


ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေနဲ့ စစ်ကြောင်း တွေကို တပ်ရင်းထောက်ပံ့စရတ်အဖြစ် အမေရိကန်ဒေါ်လာ ၁၅ ဒသမ သန်းခန့် ထောက်ပံ့ပေးခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ PDF တပ်ရင်းတွေနဲ့ စစ်ကြောင်း စုစုပေါင်း ၃ဝဝ ခန့်ရှိပြီး တပ်ရင်း ထောက်ပံ့စရိတ်အဖြစ် ၁၆ ကြိမ် ပေးပို့နိုင်ခဲ့ပြီလို့ဆိုပါတယ်။


နောက်ဆုံးပေးပို့ခဲ့တဲ့ ၁၆ ကြိမ်မြောက်မှာဆိုရင်လည်း တပ်ရင်း ထောက်ပံ့စရိတ်အနေနဲ့ အမေရိကန် ဒေါ်လာ သန်းခန့် ရှိတယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။


အဲဒီတပ်ရင်းထောက်ပံ့စရိတ်တွေကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF- People’s Revolution Supply Family အစီအစဉ် ၂ဝ၂၁ ဒီဇင်ဘာမှ ၂ဝ၂၃ ခုနှစ်ဩဂုတ်လကအထိ ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေထွေထဲက ထုတ်နုတ်သုံးစွဲခဲ့တာ လို့လည်း သိရပါတယ်။

 

လက်ရှိအချိန်ဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ နောက်တဆင့်ဖြစ်တဲ့ မဟာဗျူဟာထိုးစစ်ကာလကို ရောက်ရှိလာပြီဖြစ်တဲ့ အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအတွက် အရေးပါတဲ့ နောက်တန်းထောက်ပို့တပ် PRF အစီအစဉ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလုပ်ဆောင်နေတဲ့ ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဉ်တွေမှာ ဆက်လက်ထောက်ပံ့ ပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း / မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အောက်တိုဘာလ ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အမှတ်စဉ် (၃၉/၂၀၂၃) အား အောက်တိုဘာလ ရက်နေ့ မနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့မှူးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တက်ရောက် လာသည့် စစ်ကိုင်း/မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ သိရှိလိုသည့်အချက်များ၊ မြေပြင် အခြေအနေ အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ပြီး တွဲဖက်အတွင်းဝန်နှင့် ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ဆွေးနွေး တင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် စစ်ကိုင်း/မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးအား ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် အောင်မြင်စွာရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ တီးတိန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ရဲ ဦးကို PDF ကဖမ်းဆီး


အောက်တိုဘာ ရက်။


ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်တွင် ကုန်တင်ကားများထံကနေ အဆမတန် ငွေတောင်းခံနေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ရဲ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF-Zoland ဖမ်းဆီးခဲ့တယ်လို့ အောက်တိုဘာ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။


ရဲ ဒုတပ်ကြပ် ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲ ဦးကို အောက်တိုဘာ ရက်နေ့ မနက်ပိုင်း အရပ်ဝတ်ဖြင့် သွားလာနေတဲ့ အချိန်မှာ PDF Zoland က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်


ဖမ်းဆီးရမိတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ရဲ ဦးဟာ ကလေး - တီးတိန် - ရိဒ် လမ်းအတိုင်း အိန္ဒိယနယ်စပ်ကို သွားလာနေတဲ့ ကုန်တင်ကားတွေဆီက ငွေကြေးအဆမတန် တောင်းခံနေတာကြောင့် အချိန် ပတ် သတိပေးခဲ့ပြီး သတိပေးချက်ကို မလိုက်နာခြင်းကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ PDF-Zoland ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ  “Sustainable Development Program” သင်တန်း ပြုလုပ်မည်


အောက်တိုဘာ ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များထဲမှ  Myanmar Institute of Economy, Commerce and Industry (MIECI) စီးပွားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ် အဖြစ် “Sustainable Development Program” သင်တန်းကို CDM ကျောင်းသား/သူများ နှင့် CDM ဝန်ထမ်းများ အတွက် ရည်ရွယ်၍ ပြုလုပ်သွားမယ်လို့ သိရပါတယ်။


၎င်းသင်တန်းအား အောက်တိုဘာလ () ရက် နှင့် () ရက် နှစ်ရက်တာ ညနေ () နာရီမှ () နာရီအထိ သင်ကြားပို့ချမှာ ဖြစ်ပြီး စိတ်ဝင်စားသည့် CDM ကျောင်းသား/သူများနှင့် CDM ဝန်ထမ်းများ ပါဝင်တက်ရောက်ဖို့ စာရင်းပေးသွင်းနိုင်ပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာမှာ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၅။ YPDF တပ်ဖွဲ့များ တိုက်ပွဲနားချိန်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေ ကူညီလုပ်ပေးနေ


အောက်တိုဘာ ၃။


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ ယောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်တွေဟာ တိုက်ပွဲနားနေချိန်တွေမှာလည်း ဒေသခံပြည်သူလူထု အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ကူညီပေးနေတယ်လို့ သိရပါတယ်။


ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က  ဒေသကာကွယ်ရေး တာဝန်အပြင် ဒေသခံ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ စစ်ရှောင်ကူညီရေး၊ လမ်းတံတားတည်ဆောက်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေပြီး ဒေသခံပြည်သူလူထုနဲ့အတူ ပူးပေါင်း လုပ်ဆောင်နေတာလို့ ဆိုပါတယ်။


မိုးတွင်းကာလမှာ ပြည်သူတွေသွားလာရတာ ခက်ခဲနေတဲ့ လမ်းပိုင်းတွေကို YPDF ကဦးဆောင်ပြီး လမ်းကျဥ်းတဲ့နေရာ ချဲ့ပေးတာ၊ ချောင်းမြောင်းတွေ ပြုပြင်ရာမှာ ကူညီပြင်ဆင်ပေးတာ တွေအပြင် မိုးများပြီး ချောင်းကူးတံတားတွေ မြုပ်လို့ ဆိုင်ကယ်တွေ ထမ်းပို့ပေးနေတာတွေထိ ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်တယ်လို့ YPDF တာဝန်ခံက ပြောပြပါတယ်။


တပ်ဖွဲ့နဲ့ အနီးနားက ဒေသခံတောင်သူတွေ စပါး၊ နှမ်း စိုက်ပျိုးရိတ်သိမ်းချိန်တွေမှာလည်း ကူညီလုပ်ကိုင်ဖြစ်သလို၊ တပ်ဖွဲ့ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေကိုလည်း စစ်ရှောင်တွေထံ တတ်အားသမျှ ကူညီပေးဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် YPDF တပ်ဖွဲ့က စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို အခါအားလျော်စွာ ကျန်းမာရေး စောင့်ရှောက်ပေးတာ၊ စစ်ရှောင်တွေကို ဆန်၊ ဆီရိက္ခာ ထောက်ပံ့ပေးနေပြီး၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတချို့ကိုလည်း စာရေးကရိယာတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ နယ်မြေသစ်တွင် စစ်ဆင်ရေး ကြိမ်လုပ်ခဲ့ရာ၌ စစ်သား ၂၈ ဦးသေဆုံးပြီး ၄ဝ ဦး ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခဲ့ဟု ဒေါနစစ်ကြောင်း ထုတ်ပြန်



နယ်မြေအသစ်မှာ နယ်မြေခံမဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ဆင်ရေး ကြိမ် လုပ်ခဲ့တာမှာ စစ်သား ၂၈ ဦးသေဆုံးပြီး ၄ဝ ဦး ဒဏ်ရာရသွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

အဲဒီစစ်ဆင်ရေး ကြိမ်မှာ ဒရုန်းစစ်ဆင်ရေး ၃ကြိမ်၊ မြို့ပြစစ်ဆင်ရေး တကြိမ်၊ လက်နက်ကြီးစစ်ဆင်ရေး ၃ကြိမ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒရုန်းစစ်ဆင်ရေးအနေနဲ့ ရေးမြို့နယ်ထဲက အမှတ် ၁၉ စစ်စစ်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) နဲ့ ခလရ-၆၁ကို ၂ကြိမ်၊ အမှတ် ၃၁၆ အမြောက်တပ်ကိုတကြိမ် တိုက်ခိုက်နိုင်ခဲ့သလို ဘုရားသုံးဆူဘက်ခြမ်းမှာရှိတဲ့ အမတ ၂၈၃ မူဂျာထိပ် စခန်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

မြို့ပြစစ်ဆင်ရေးအနေနဲ့ဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီလက်ပါးစေအဖြစ်ရပ်တည်ကာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ပျူစောထီးခေါင်းဆောင်အပါအဝင် ဦးကို ရေးမြို့နယ်အတွင်းက အစင်ရွာမှာ အနီးကပ်ပစ်ခတ်ခဲ့တာရှိတယ်လို့ သိရပါတယ်။

 လက်နက်ကြီးစစ်ဆင်ရေးအနေနဲ့ ကော့ကရိတ်မြို့နယ် အစည်းအဝေးခန်းမမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဝ ဦး အစည်း အဝေးလုပ်နေချိန်နဲ့ ကော့ကရိတ်နဲ့ လက်ခတ်တောင်ဘက်ကို အင်အားဖြည့်တင်းပေးနေတဲ့ အမှတ် ၁၉ စစ်စစ်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) လက်အောက်ခံ ခလရ-၆၁ တပ်ရင်းအတွင်းကို ၈၁ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

ဇူလိုင်လကနေ စက်တင်ဘာလအတွင်းဖော်ဆောင်ခဲ့တဲ့ အဲဒီစစ်ဆင်ရေး ကြိမ်မှာ စစ်ကောင်စီဘက်က ၂၈ ဦးသေဆုံး ပြီး ၄ဝ ဦး ဒဏ်ရာရရှိသွားတာ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒေါနစစ်ကြောင်းအနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့အတူ ရေးမြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန်မြင့်တင်ဖို့ရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေအနီးမှာမနေကြဖို့နဲ့ စစ်ရေးသတိ ရှိကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ ယင်းမာပင်မြို့နယ်တွင် ရဲတွေ ဆက်ကြေးကောက်တဲ့ နေရာ တိုက်ခိုက်ခံရ၍ ဒုရဲအုပ်တစ်ဦး အပါအဝင် သုံးဦး သေဆုံး


အောက်တိုဘာ ရက်။


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျအကျိုးအကန်းကုန်း၊ သီတဂူကျောင်းနဲ့ ရဲတပ်ရင်း ၂၈ အကြားမှာရှိတဲ့ စစ်ကောင်စီလက်ဝေခံ ရဲတွေ ဆက်ကြေးကောက်တဲ့ နေရာကို တိုက်ခိုက်ခဲ့တယ်လို့ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။


အောက်တိုဘာလ ရက်နေ့ မနက် နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ရဲတွေ ဆက်ကြေးကောက်နေတဲ့ နေရာကို အထူးကွန်မန်ဒို ဦးသုံးပြီး မိနစ်ခန့် တိုက်ခဲ့ရာမှာ ဒုရဲအုပ်တစ်ဦး အပါအဝင် ရဲ ဦးသေဆုံးပြီး ဦးကတော့ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်ကိုင်ဆောင်တဲ့ G 3 လက်၊ အူစီ လက် G 3 ကျည် ၁၀၂ တောင့်နဲ့ အူစီကျည် ၂၀ တောင့် ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment