4th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အုပ်စု၏ သပ်လျှိုသွေးခွဲမှုလုပ်ရပ်များ အောင်မြင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ပြော

📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းမြင့်တက်လာပြီး  အွန်လိုင်း ဆိုက်ဘာလိမ်လည်မှုနှင့် လူကုန်ကူးမှုများ၏ အချက်အချာဖြစ်လာ

📌 ၄။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလအတွင်း KNU တပ်မဟာ၅ နယ်မြေမှ အရပ်သား ဦး သေဆုံးကာ ၈ဦး ဒဏ်ရာရခဲ့

📌 ၅။ ရေဦးနယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာဒေသခံ ၅ထောင်ကျော် စစ်ဘေးရှောင်နေရ

📌 ၆။ စစ်ရေးတင်းမာနေတဲ့ ညောင်းလေးပင်နယ်က ပုစွန်းမြောင်းရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၆ဝ ဝန်းကျင် ပျက်စီး

📌 ၇။ စက်တင်ဘာလ အတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်စီးမှုပေါင်း ၅၇ ကြိမ် ကျူးလွန်ခဲ့၊ လူ ဦး မီးရှို့သတ်ဖြတ်ခံရပြီး စာသင်ကျောင်း၊ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦးများနဲ့ နေအိမ် စုစုပေါင်း ,၄၀၀ နီးပါး မီးရှို့ဖျက်စီးခံခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အုပ်စု၏ သပ်လျှိုသွေးခွဲမှုလုပ်ရပ်များ အောင်မြင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ပြော


အောက်တိုဘာလ ၃။

စစ်အုပ်စုက အစဉ်အဆက်လုပ်ဆောင်နေတဲ့ သပ်လျှိုသွေးခွဲတဲ့လုပ်ရပ်တွေ အောင်မြင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ရက်မှာ ပြုလုပ်တဲ့ ၃၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက ပြောကြားလိုက်တာပါ။

ပျက်ပြယ်သွားပြီဖြစ်တဲ့ NCA စာချုပ် ရှစ်နှစ်ပြည့်အခမ်းအနားကို အကြမ်းဖက်စစ်ကောင်စီက လုပ်ဆောင်နေတာနဲ့ပတ်သတ်လို့ ရည်ရွယ်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေး စစ်ရေးအကျပ်အတည်းတွေကို ရနိုင်သမျှဖြေလျော့ဖို့ကြိုးစားတဲ့အနေနဲ့ တိုင်းရင်းသားအင်အားစုခေါင်းဆောင်အချို့ကို လှည့်စားဖို့ကြိုးစားနေသလို တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား စုစည်းညီညွတ်မှုတွေကို သပ်လျှိုသွေးခွဲဖို့ ဆက်လက်လုပ်ဆောင်မှာ သေချာနေတာကြောင့် ဒါကို အထူးဂရုပြုဖို့လိုတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောဆိုခဲ့ပါတယ်။     

ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားအင်အားစုတွေကြား စုစည်းညီညွတ်မှုနဲ့ ယုံကြည်မှုတွေ ပိုမိုခိုင်မာမြဲမြံအောင် ဆထက်ထမ်းပိုး တည်ဆောက်သွားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလိုတည်ဆောက်တဲ့နေရာမှာ နိုင်ငံရေးစိတ်စေတနာ ပြည်ဝမှု ရိုးသားပွင့်လင်းမှုနဲ့ အမြော်အမြင်ကြီးမားမှုတွေကို အခြေခံမှသာ စစ်မှန်ပြီး မြဲမြံတဲ့ယုံကြည်မှုနဲ့ ခိုင်မာတဲ့ညီညွတ်မှုတွေကို ရမှာဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အောက်တိုဘာလ ၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၉/၂၀၂၃) ကို အောက်တိုဘာလ ၃ရက်နေ့ နေ့လယ် နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး‌၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို နေ့လယ် နာရီအချိန်တွင်‌ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းမြင့်တက်လာပြီး  အွန်လိုင်း ဆိုက်ဘာလိမ်လည်မှုနှင့် လူကုန်ကူးမှုများ၏ အချက်အချာဖြစ်လာ


အောက်တိုဘာလ ၃။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ဘိန်းနှင့် စိတ်ကြွဆေးပြားများ ထုတ်လုပ်မှုမြင့်တက်လာတဲ့အပြင် အွန်လိုင်းလိမ်လည်မှုနှင့် လူကုန်ကူးမှုများရဲ့ အချက်အချာ ဒေသဖြစ်လာတယ်လို့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၄ ခုနှစ်ကစပြီး ဘိန်းစိုက်ပျိုးမှု လျော့နည်းခဲ့ပေမယ်လို့ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကစပြီး ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာတာလို့ ဦးကျော်မိုးထွန်းက ရှင်းပြခဲ့ပါတယ်။

UNODC ရဲ့ အစီရင်ခံစာအရဆိုရင် အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုဟာ ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဘိန်းထုတ်လုပ်မှုဟာလည်း ဆခန့်မြင့်တက်လာတဲ့အပြင် မီသာဖီတမင်း ထုတ်လုပ်မှုနဲ့ တရားမဝင်ကုန်ကူးမှုတွေဟာလည်း သိသိသာသာမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ ဦးတည်ရာ လမ်းဆုံးတခုဖြစ်လာတဲ့အတွက် ထိတ်လန့်ဖွယ်ဖြစ်လာတယ်လို့လည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

နောက်တစ်ချက်အနေနဲ့ မြန်မာနိုင်ငံသမိုင်းမှာ အရင်ကမရှိခဲ့ဘူးတဲ့ ဘိန်းနဲ့ မီသာဖီတမင်း မှောင်ခိုကူးမှု တဟုန်ထိုး မြင့်တက်လာပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံက လူတွေကို ထောင်နဲ့ သောင်းနဲ့ချီပြီး မြန်မာနိုင်ငံကို လူကုန်ကူးတာ ရှုပ်ထွေးလှတဲ့ ဆိုက်ဘာလိမ်လည်မှုတွေလည်း ဖြစ်စေခဲ့တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

ဒီလို ဆိုးရွားတဲ့အန္တရယ်ကနေ ရပ်တန့်စေဖို့ဆိုရင် ဥပဒေမဲ့လုပ်နေတဲ့ စစ်တပ်ကို အပြီးတိုင်ချုပ်ငြိမ်းစေပြီး တရားဥပဒေစိုးမိုးရေးကို အပြည့်အဝလိုလားတဲ့ အရပ်သား ဖက်ဒရယ်ဒီမိုကရေစီအစိုးရ တည်ဆောက်ခြင်းကသာ တခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူးလို့လည်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလအတွင်း KNU တပ်မဟာ၅ နယ်မြေမှ အရပ်သား ဦး သေဆုံးကာ ၈ဦး ဒဏ်ရာရခဲ့


အောက်တိုဘာလ ၃။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ အတွင်းမှာ KNU တပ်မဟာ၅ နယ်မြေက အရပ်သား ဦးသေဆုံးခဲ့ရပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ (အောက်တိုဘာ ၃ရက်)ဒီနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။   

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလ ရက်ကနေ ၁၅ ရက်နေ့အတွင်း စစ်သုံး ဂျက်ဖိုက်တာနဲ့ ၁ဝ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ပေါင် ၅ဝဝ ကျော်ရှိတဲ့ ကလပ်စတာဗုံး ၂၃ လုံးကြဲချခဲ့တဲ့အပြင် မြေပြင်ကနေလည်း လက်နက်ကြီးအလုံး ၂ဝ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ KNU တပ်မဟာ၅ နယ်မြေ မူတြော်ခရိုင်ထဲက နေရာ ခုကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီလို တိုက်ခိုက်မှုတွေကြောင့် ထီးကေသာအလယ်တန်းကျောင်းက ကျောင်းသား ကျောင်းသူ ဦးနဲ့ ကျောင်းကော်မတီဝင်တစ်ဦး သေဆုံးခဲ့သလို ကျောင်းသား ကျောင်းသူ၊ ဆရာ၊ဆရာမနဲ့ ရွာသူရွာသား စုစုပေါင်း ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦးသေဆုံးခဲ့ရသလို ဖာပွန်မြို့နယ်က အရပ်သားတစ်ဦးဟာလည်း စစ်သား‌တွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတကြောင့် သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

KNU တပ်မဟာ၅ နယ်မြေ မူတြော်ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ အကြမ်းဖက် စစ်တပ်၊ နယ်ခြာစောင့်တပ် BGF တို့ကြား တိုက်ပွဲတွေဖြစ်နေတာမှာ စက်တင်ဘာလအတွင်း တိုက်ပွဲ ၈၄ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ၃၉ ဦး သေဆုံးကာ အရာရှိ ၂ဦးအပါအဝင် ၄၆ ဦး ဒဏ်ရာရရှိခဲ့လို KNLA တပ်မဟာ ဘက်က ရဲဘော် ဦး အသက်ပေးလှူခဲ့ရကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ ဘက်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ရေဦးနယ်အတွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာဒေသခံ ၅ထောင်ကျော် စစ်ဘေးရှောင်နေရ


အောက်တိုဘာလ ၃။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာ ရွာက ဒေသခံ ၅ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာလ ၂ရက် မနက်ပိုင်းမှာ ဒီပဲယင်းနယ်ဘက်ကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ ရေဦးနယ် အနောက်ခြမ်းမှာရှိတဲ့ အောင်သာရွာကနေတဆင့် ညောင်လှ-မူးဆုံကို ရောက်ရှိလာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ကျေးရွာတွေအတွင်းမှာလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာ ဒေသေခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။ 

အဲဒီစစ်ကြောင်းကြောင့် မစိုးရိမ်၊အောင်သာ၊ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း၊ ရွာမိဿာ (ရမိတ်သာ) မူးဆုံ၊ မုတ်စီ၊ ငြုတ္တုံ(ငြုတ်တုံ) စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူစုစုပေါင်း ၅ထောင်ကျော် စစ်ဘေးရှောင်နေရတာပါ။ 

ဒီစစ်ဘေးရှောင်တွေကို ဘေးလွတ်ရာကျေးရွာတွေအနေနဲ့ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြဖို့လည်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၆။ စစ်ရေးတင်းမာနေတဲ့ ညောင်းလေးပင်နယ်က ပုစွန်းမြောင်းရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၆ဝ ဝန်းကျင် ပျက်စီး


အောက်တိုဘာလ ၃။ 

စစ်ရေးတင်းမာနေတဲ့ ပဲခူးတိုင်း ညောင်းလေးပင်မြို့နယ်က ပုစွန်မြောင်းရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်အလုံး ၆ဝ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Spring Warriors Column က ပြောပါတယ်။

အင်အား ၂ဝဝ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး ညောင်လေးပင် မြို့နယ် ပုစွန်မြောင်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာရှိပါတယ်။

ဒီလိုစစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်တာခံရပြီး အထိနာသွားတဲ့စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ ရက်နေ့ညနဲ့ ရက်နေ့ မှာ ပုစွန်မြောင်းရွာကို ၂ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။  

ညောင်လေးပင်မြို့နယ် ပုစွန်မြောင်းကျေးရွာအနီးမှာ အောက်တိုဘာလ ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးခဲ့ပြီး အရာရှိအပါအဝင် ၁ဝ ဦးခန့် ဒဏ်ရာရရှိခဲ့သလို ပုစွန်မြောင်းကျေရွာနဲ့ အနီးတဝိုက်ကရွာတွေကို ချိတ်ဆက်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဖျက်ဆီးဖို့ ယူလာတဲ့ မြေတူးစက် ဘက်ဟိုးတစ်စီးကိုပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်မတိုးနိုင်ဖြစ်နေတာကြောင့် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၇။ စက်တင်ဘာလ အတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်စီးမှုပေါင်း ၅၇ ကြိမ် ကျူးလွန်ခဲ့၊ လူ ဦး မီးရှို့သတ်ဖြတ်ခံရပြီး စာသင်ကျောင်း၊ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦးများနဲ့ နေအိမ် စုစုပေါင်း ,၄၀၀ နီးပါး မီးရှို့ဖျက်စီးခံခဲ့ရ


အောက်တိုဘာ ၃။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊  မီးသတ်ဦးစီးဌာနမှ စာရင်းပြုစု ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် စက်တင်ဘာလ တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်စီးမှုပေါင်း ၅၇ ကြိမ် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။


၎င်းမီးရှို့ဖျက်စီးမှုများတွင် စာသင်ကျောင်း ကျောင်း၊ ဆေးပေးခန်း လုံး နဲ့ ဘာသာရေး အဆောက်အဦး လုံး ပါဝင်ပြီး အရပ်သားပြည်သူ နေအိမ် စုစုပေါင်း ,၃၇၄ လုံးကို မီးရှို့ဖျက်စီးခဲ့သည့်အပြင် လူ ဦး ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။


စစ်ကိုင်းတိုင်းတွင်  မီးရှို့ဖျက်စီးမှု ၃၂ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့ပြီး နေအိမ် ၅၂၉ လုံး၊ စာသင်ကျောင်း ကျောင်း ဆေးရုံ / ဆေးပေးခန်း  ခု နဲ့ ဘာသာရေး အဆောက်အဦး လုံး  မီးလောင်ပျက်စီးခဲ့ရကာ ပဲခူးတိုင်းတွင် မီးရှို့ဖျက်စီးမှု ကြိမ် ရှိခဲ့ပြီး နေအိမ်  ၆၄၆ လုံး ပျက်စီးခဲ့ရပါတယ်။


ထို့အပြင် ကချင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှ လူနှစ်ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သေးတယ်လို့ NUG မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ယခုဖော်ပြထားသော အချက်အလတ်များမှာ လက်လှမ်းမှီသလောက် စာရင်းပြုစု ဖော်ပြခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများမှာ မြေပြင်တွင် ပို၍ပင် များပြားနိုင်တယ်လို့ NUG မီးသတ်ဦးစီးဌာနက ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment