စပါးနယ်ကျော်သယ်ဆောင်ခွင့်မရှိလို့ စပါးဈေးစတင်ကျဆင်းလာ… မကြေးမုံ Radio NUG အောက်တိုဘာ ၃၊ ၂၀၂၃


စပါးနယ်ကျော်သယ်ဆောင်ခွင့်မရှိလို့ စပါးဈေးစတင်ကျဆင်းလာ…
မကြေးမုံ Radio NUG အောက်တိုဘာ ၃၊ ၂၀၂၃

စပါးတွေကို တိုင်းကျော်၊ ပြည်ကျော်သယ်ဆောင်ခွင့်ကိုအဓမ္မပိတ်ပင်လိုက်တာကြောင့်  စပါးဈေးတွေဆက်တိုက်ကျဆင်းလာတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကစပါးကို အခြားတိုင်းနဲ့ပြည်နယ်ကိုသယ်ဆောင်ခွင့်မပေးတာကြောင့်လည်း ရန်ကုန်တောင်ပိုင်း ခရိုင်ကထွက်ရှိလာတဲ့ မိုးစပါးတွေ ပေါ်ခါစမှာ စပါးတင်းတစ်ရာကို ကျပ်ဆယ့်ခြောက် သိန်းကနေ အခုအခါမှာတော့ ကျပ်ဆယ့်နှစ်သိန်းအထိကျဆင်းသွားတာဖြစ်ပါတယ်။ ဒီအခြေအနေကို ရန်ကုန်တောင်ပိုင်းခရိုင်မှ လယ်သမားကြီးတစ်ဦးက အခုလိုပြောပါ တယ်။ 

“ ဒါပေမယ့်အခုက ဘယ်လိုဖြစ်လဲဆိုတော့ တွဲကားတွေကို တိုင်းကျော်မသွားရ ဘူးဆိုတော့ ဒီအောက်မှာ ဟာတွေက တစ်ခါထဲ အစိုတွေဖြစ်တဲ့အခါကျတော့ ဆန်စက် တွေမှာရှိတဲ့အခြောက်ခံစက်က သူနိုင်သလောက်ပဲ ဝယ်တာ။ ဥပမာ တစ်နေ့ကို ဒီဆန် စက်က စပါးခြောက်ထောင်က ဝယ်နိုင်ပေမယ့် ဝယ်လိုအားက ငါးသောင်း၊ ခြောက် သောင်းဖြစ်နေတော့ အခြောက်ခံစက်တွေကလည်း လုံးဝအီထက်သွားတဲ့အခါကျတော့ မနိုင်မနင်းတွေဖြစ်နေရော၊ ဟိုကလည်း တွဲကားကိုမသွားရတော့ဘူးဆိုတော့စပါးဈေးကို အကုန်လုံးဆွဲချတတော့တာပဲ အချွန်၊ ၁၆သိန်း၊ ၁၅သိန်း၊ အဲ့ဒီကနေ တစ်ဖြည်းဖြည်း ကျတာ။ ဟိုနေ့ကအထိ ကို ဆယ့်သုံးသိန်း။ ဆယ့်သုံးသိန်းကနေ ဆယ့်နှစ်သိန်းလောက် အဲ့လောက်ဖြစ်လာတယ် ” 

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ခရမ်း၊ သုံးခွဲစတဲ့ဒေသအချို့မှာ စပါးရင့်မှည့်ချိန် မိုးမိ သွားတဲ့ စပါးအစိုတွေက ဆန်စက်တွေမှာ ပုံလာပြီး စပါးဝယ်လိုအားတွေကျဆင်းလာ ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကထဲက စပါးအပြင် ဆန်နဲ့ဆန်ထွက်ပစ္စည်း တွေကို တိုင်းကျော်၊ ပြည်ကျော်သယ်ဆောင်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။ ဆန်နဲ့ဆန်ထွက် ပစ္စည်းသယ်ဆောင်ခွင့်ကို ၃ရက်အကြာမှာပြန်ဖွင့်ပေးခဲ့ပေမယ့် စပါးကိုတော့ လက်ရှိ အ ချိန်ထိ သယ်ဆောင်ခွင့်ပိတ်ထားဆဲဖြစ်ပါတယ်။ ဒီအခြေအနေကို ပဲခူး တိုင်းအတွင်းရှိ စပါးဝယ်ယူရေးလုပ်ကိုင်သူတစ်ဦးက အခုလိုပြောပါတယ်။ 

“ ပထမပုံစံကတော့ သူတို့ ပုံမှန်သွားနေတဲ့အနေထားကနေပြီးတော့မှ တိုင်း ကျော်တာတွေကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှာလျှောက်လွှာတင်၊ တင်ပြီးကာမှ နယ်လုံကနေထောက်ခံချက်ရတော့မှ တိုင်းကျော်ကိုသယ်ယူခွင့်ရတယ်။ စပါးကိုတော့ လုံးဝပိတ်ထားတယ်။ တိုင်းကျော်ကို။ ဆန်နဲ့ဆန်ထွက်ပစ္စည်းကိုတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ခွင့်ပြုချက်ရမှတင်လို့ရတယ် ” 

လတ်တလောမှာတော့ ခရမ်းမြို့နယ်ထဲက စပါးခင်းတွေ စက်တင်ဘာလ ၂၇ရက်နေ့မှာ လေပြင်းတိုက်ပြီး မိုးဆက်တိုက်ရွာသွန်းလို့ စပါးတွေမှည့်ဝင်းနေခါမှ ရေမြှုပ်ကုန်ပြီး အပျက် အစီးအဆုံးအရှုံးရှိနေပါတယ်။ ဒါကြောင့် စပါးဈေးကလည်း ပျက်စီးမှုလိုက် ဈေး က ဆက်တိုက်ကျ ဆင်းနေတာဖြစ်ပါတယ်။ ခရမ်းမြို့နယ်က ရေမြှုပ်သွားတဲ့ စပါးခင်း ပိုင်ရှင်က အခုလိုပြောပါ တယ်။

“ စပါးပွဲစားတွေက အခင်းကိုလိုက်ကြည့်တာ၊ မြှုပ်နေတာတွေကိုမယူဘူး။ မြှုပ် နေတာတွေက ရိတ်လို့လည်းမရဘူး။ အထောင်ကလေးတွေ အခင်းကိုလိုက်ကြည့်ပြီး ယူ တယ် ၁၃အောက်ရောက်တယ်ဆိုတာက စပါးတွေကနည်းနည်းလေး မိုးရွာရွာနဲ့ တစ် ချို့လည်း ရသလောက်ရိတ်မယ်ဆိုတော့ စပါးတွေက ပူသွားတာပေါ့။ ပူပြီးတော့ အ ရောင် လေးတွေပျက်ကုန်တာပေါ့။ အဲ့ဒါတွေကတော့ ၁၂၊ ၁၂ခွဲလောက်ရှိတယ်။ အရောင်ပျက်သွားတာပေါ့ ” 

မြန်မာ့လယ်သမားတွေဟာ အခက်အခဲအမျိုးမျိုးကြားက စပါးထွက်ရှိအောင် ရုန်းကန်နေ ကြရသလို  စပါးပေါ်ချိန်မှာလည်း ဈေးကွက် အဟန့်အတားမျိုးစုံကို ရင်ဆိုင်နေကြရပါ တယ်။ စပါးဈေးက ဆန်ကုန်သည်အသင်းကထုတ်ပြန်တဲ့ အနိမ့်ဆုံးစပါးဈေးထက် ဆက် တိုက်ကျဆင်းလာပေမယ့် တစ်စုံတစ်ရာတာဝန်ယူဆောင်ရွက်ပေးတာမရှိတဲ့အပြင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ကြီးဌာနတွေကလည်း ရေမြှုပ်စပါးခင်း တွေရဲ့ အခြေအနေကို စာရင်း ကောက်ယူတာပင်မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် တောင် သူတွေကို ဂုတ်သွေးစုပ်နေတဲ့ ဆန်ကုန်သည်အသင်းတွေရဲ့ ထုတ်ပြန်ချက်အမှားတွေကို လည်းတောင်သူတွေဝေဖန်နေတဲ့ကြားက ဆန်ကရတဲ့ဒေါ်လာငွေမျက်နှာကြည့်ပြီး လက် ပိုက်ကြည့်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 

Share:

No comments:

Post a Comment