ပိုကုန်ရငွေအပြည့်ဝမခံစားရလို ကုန်သွယ်မှုကိုထိခိုက်လာပြီး မြန်မာ့စိုက်ပျိုးစီးပွားအနာ ဂတ်အတွက်စိုးရိမ်ဖွယ်ရာဖြစ်လာ မကြေးမုံ ၃၀၊ အောက်တိုဘာ၊ ၂၀၂၃


ပိုကုန်ရငွေအပြည့်ဝမခံစားရလို ကုန်သွယ်မှုကိုထိခိုက်လာပြီး မြန်မာ့စိုက်ပျိုးစီးပွားအနာ ဂတ်အတွက်စိုးရိမ်ဖွယ်ရာဖြစ်လာ 

မကြေးမုံ

၃၀၊ အောက်တိုဘာ၊ ၂၀၂၃

အာဏာသိမ်းစစ်တပ်က ပိုကုန်ရငွေတွေကိုတန်ဖိုးအတိုင်းခံစားခွင့်မပေးပဲ ရရှိလာတဲ့ အ မေရိကန်ဒေါာလာငွေကိုသိမ်းယူတဲ့အပြင် နှုန်းသေသတ်မှတ်ထားတဲ့ မြန်မာကျပ် ငွေနဲ့ လဲလှယ်ရယူတာဖြစ်ပါတယ်။ ပြင်ပဒေါာလာငွေကြေးလဲလှယ်နှုန်းကိုမထိန်းနိုင်ပဲ ပိုကုန်ရ ငွေကိုနှုန်းသေသတ်မှတ်တာက ကုန်ဈေးနှုန်းကိုတက်လာစေပြီး ဝင်ငွေကိုတန်ဖိုးလျော့ ကျလာစေပါတယ်။ ဒါကြောင့် ဈေးကစားလိုသူတွေအတွက်အခွင့်လမ်းဖြစ်လာပြီး ပုံမှန် ထုတ်လုပ်သူ၊ တင်ပိုသူတွေအတွက်အကြပ်တည်းကိုဖြစ်လာစေတယ်လို ဆန်ပြည်ပတင်ပို တဲ့လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

“ နိုင်ငံခြားဈေးကနိမ့်နေတယ်။ ပြည်တွင်းဆန်ဈေးကအရမ်းမြင့်နေတယ်။ အကြမ်းက ဆိုရင် မနောသုခဆိုရင်ဒေသအသီးသီးမှာကို ပုံမှန်က ခုနှစ်သောင်းခွဲလောက် ဖြစ်နေ တယ်။ နောက်တစ်ခါ ပိုဆိုးတာက နိုင်ငံခြားတင်ပိုလိုရတဲ့ ရငွေတွေကို ငွေကြေး လဲလှယ်တဲ့ပုံစံပေါ်မှာ ၆၅၊ ၃၅နဲ့ အခု ၅၀၊ ၅၀ ဖြစ်တဲ့အခါကျတော့ ပထမအရင်တုန်းက ၆၅ ကို ၂၂၀၀နဲ့မလဲမနေရ၊ ၃၅ကို အပြင်ပေါက်ဈေးနဲ့ရောင်း၊ အခုကျတော့ ၅၀၊ ၅၀ကို  ဒီဘက်ငါးဆယ်ကို ၂၂၀၀နဲ့တွက်ယူတယ်။ နောက်ဒီဘက်က ငါးဆယ်ကို ၂၉၅၀ နဲ့ဖြတ် ယူတယ်။ ဒီနေ့ဒေါ်လာဈေးက အပြင်မှာ ၃၂၀၀တွေ၊ ၃၃၀၀ တေဖြစ်နေတာလေ။ အဲ့လို မျိုးတွေ ငွေကြေးပုံမှန်မဟုတ်တဲ့လဲလှယ်မှုတွေကြောင့်လည်း ဈေးနှုန်းတွေမတည်မငြိမ် ဖြစ်တာ” 

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ သတ်မှတ်ထားတဲ့ငွေလဲနှုန်းက မြန်မာတစ်နိုင်ငံလုံး တောင်ပေါာ၊ မြေပြန့်မကျန်အားထားရတဲ့ဝင်ငွေရသီးနှံဖြစ်တဲ့ အစေ့ထုတ်ပြောင်းဈေး ကိုကျဆင်းစေပြီး တောင်သူတွေအကျိုးအမြတ် မရှိတဲ့အခြေနေနဲ့ရင်ဆိုင်နေရပါတယ်။ ၂၀၂၃ မိုးရာသီမှာပေါာလာတဲ့ အစေ့ထုတ်ပြောင်း တစ်ပိသာကို ကျပ် ၆၀၀ လောက် သာပေါက်ဈေးရှိပြီး ပိုကုန်ရငွေတန်ဖိုး အတိုင်းပြန်လည်ရရှိမယ်ဆိုပါက တစ်ပိသာကို ကျပ် ၁၄၀၀ အထိရရှိလာမှာဖြစ်ပါတယ်။ ဒီအခြေနေကို ပြောင်းလုပ်ငန်းလုပ် ကိုင်သူတစ်ဦးက အခုလိုသုံးသပ်ပြပါတယ်။ 

“ငါးဆယ် - ငါးဆယ်ပေးတာက ၂၁၀၀ ငါးဆယ်နဲ့ ၂၉၂၀ ငါးဆယ်။ သူ့ရဲ့ပျှမ်းမျှက ၂၅၁၀ ရှိတယ်။ တစ်ဒေါာလာကို အစိုးရသတ်မှတ်တဲ့ဈေးနှုန်း၊ အပြင်မှာ ၃၃၀၀ နဲ့တွက်ရင် တစ်ဒေါာလာကို ၈၀၀ လျော့တယ်။ သုံးဆယ်ရာခိုင်နှုန်းလောက်အနှုတ်ခံလိုက်ရတယ်။  တောင်သူကအခုဈေးနှုန်းက တစ်ထောင်ရတယ်ဆိုရင် တကယ်ရတဲ့ဈေးနှုန်းက ၁၄၀၀ ဖြစ်ရမယ်။ အဲ့တော့ တောင်သူရရမယ့် သုံးဆယ်ရာခိုင်နှုန်းလောက်က ငွေလဲနှုန်းနဲ့လျော့ သွားတာပေါ့ ” 

လတ်တလောသစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းမှာလည်း နည်းပညာပိုင်းရော ဈေး ကွက်အပိုင်းမှာ ဖွံဖြိုးမှုအရှိန်ရလာပြီဖြစ်တဲ့ ထောပတ်သီးနှံတင်ပိုတဲ့လုပ်ငန်းမှာ အာဏာ သိမ်းစစ်တပ်ရဲ့ ငွေလဲနှုန်းသတ်မှတ်ချက်ကလည်း အရှိန်ရနေတဲ့ဖွံဖြိုးမှုကိုအဟန့်အတား ဖြစ်စေပါတယ်။  ဈေးကွက်တင်ပိုမှုစရိတ်တွေ မြင့်တက် လာပေမယ့် ရာသီပေါာကုန်စိမ်း သီးနှံမပျက်စီးအောင်တင်ပိုရပေမယ့် သီးနှံကရတဲ့အကျိုးအမြတ်နည်းပါးလာပါတယ်။ ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်ဈေးကွက်ကိုတင်ပိုဖိုစိုက်ပျိုးပြင်ဆင် ထားတဲ့ မြန်မာ့ထောပတ်တွေဟာ အလုံးအရင်းနဲ့ထွက်လာပေမယ့်အဲ့ဒီနှစ်အစောပိုင်းမှာပဲ   အာဏာသိမ်း လိုက်တာက ပြည်ပကိုတင်ပိုမယ့်ဈေးကွက်အား လုံးရပ်ဆိုင်းသွားစေ ပါ တယ်။ လတ်တလောမှာ ထိုင်းနိုင်ငံကိုနယ်စပ်က တဆင့်တင်ပိုနေရပြီး စစ်တပ်က အခွန် တိုး မြှင့် ကောက်ခံတဲ့အပြင် ပိုကုန်ရငွေမှာလည်း အပြည့်အဝမရရှိတဲ့အတွက် အကျိုး မြတ် တွေလျော့နည်းလာတယ်လို ထောပတ်ကုန်သည် တစ်ဦိးကပြောပါတယ်။

“ဒီလက်ရှိပေ့ါ၊ အရင်တုန်းကတစ်တန်ကုန်ကျစရိတ်ဆိုရင်နှစ်သိန်း၊ သုံးသိန်း လောက်ပဲရှိတယ်။ အခုက လေးသိန်းကျော်ဖြစ်သွားတယ်။ နိုင်ငံတော်က အခွန် ၂ရာခိုင် နှုန်းဆိုပေမယ့် ကျွန်တော်တိုကအအေးခန်းသုံးရတယ်။ ကျွန်တောတို တစ်ဖက်နိုင်ငံထဲ ရောက်ဖိုဆိုရင် QR Code တွေသုံးရတယ်ဆိုတော့ အေးဂျင့်စရိတ်နဲ့ လမ်းပေါ်မှာလည်း ကုန်ကျစရိတ်နဲ့ဆိုရင်လေးငါးခြောက်သိန်းလောက်တက်သွားတယ်၊ နှစ်သိန်း၊ သုံးသိန်း ကနေလေးငါးသိန်းလောက်တက်သွားတယ်ဆိုတော့အခုမှပဲတောင်သူတွေကစစိုက်တာ၊ စိုက်တာလည်းမကြာသေးဘူးဆိုတော့ တောင်သူတွေပေါ်ပဲသက်ရောက်မှုတွေက ရှိ သွားတယ်ဗျ။ အရင်တုန်းက တစ်ကီလိုကို နှစ်ရာသုံးရာပဲကုန်ရမယ့်ကုန်ကျစရိတ်ကို ဒီအခွန်အခကိစ္စကြောင့်တစ်ကီလိုကို လေး၊ ငါး၊ ခြောက်ရာလောက် တစ်ဝက်နှုန်း လောက်တက်သွားတယ်ဗျ ” 

စစ်တပ်ရဲ့နိုင်ငံခြားပိုကုန်ရငွေတွေအပေါာသတ်မှတ်ငွေလဲနှုန်းထားအတိုင်းလဲယူလိုက်တဲ့အကျိုးဆက်က ကနဦးထုတ်လုပ်သူဖြစ်တဲ့တောင်သူကိုနစ်နာစေပါတယ်။ ဈေးကွက်တင် ပိုတဲ့ကုန်ကျစရိတ်တွေမြင့်တက်လာလေ သီးနှံကိုဈေးချဝယ်ယူလာတဲ့အတွက်တောင်သူ တွေမှာလာမယ့်ရာသီအတွက် အပင်ပြုစုထိန်း သိမ်းစရိတ်အတွက်လည်းအခက်ခဲ ဖြစ်လာ စေမှာဖြစ်ပါတယ်။ ဒီအခြေနေကို ထောပတ်အများဆုံးစိုက်ရာဒေသဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဟိုပုံးမြိုနယ်မှ ထောပတ်စိုက်တောင်သူတစ်ဦိးကအခုလိုပြောပါတယ်။

“ခူးရမလား၊ ဆက်ပြုစုရမလား၊ ဆက်မပြုစုရဘူးလား၊ အဲ့လိုမျိုးဇဝေဇဝါတွေ ဖြစ်ကုန်တယ်။ အဲ့လိုမျိုးအခြေနေဖြစ်မယ်ဆိုတော့တောင်သူတွေကအနစ်နာဆုံးပဲပေါ့ နော်။ ပွဲစားတွေက ဝယ်နိုင်ရင်ဝယ်မယ်၊ မဝယ်နိုင်ရင်မဝယ်ဘူးဆိုတော့ ကျွန်တော်တို တောင်သူတွေက တကယ်တမ်းဆိုတော့မျှော်လင့်ချက်မဲ့နေတာပေါ့နော်။ ဒီနှစ်ပေါ့ ” 

ကျေးလက်နေပြည်သူတွေအများဆုံးမှီခိုနေရတဲ့ သီးနှံဈေးကွက်ကိုထိခိုက်စေတဲ့ အာဏာ သိမ်းစစ်တပ်ရဲ့ ကုန်သွယ်ရေးနဲ့ငွေကြေးမူဝါဒတွေက မြန်မာ့စိုက်ပျိုးစီးပွားလုပ်ငန်းတစ်ခု လုံးကို ဆုတ်ယုတ်လာစေပါတယ်။ အဓိကကျတဲ့ နိုင်ငံခြားပိုကုန်ရငွေတွေကို ဈေးကွက် ပေါက်ဈေးအတိုင်းခံစားခွင့်မပေးတဲ့အခြေနေတွေကို ပယ်ဖျတ်နိုင်တာမရှိပေမယ့် ပိုကုန် တွေတိုးလာဖိုရည်ရွယ်ပြီး အလားအလာရှိတဲ့သီးနှံတွေကိုရွေးချယ်တာ၊ တင်ပိုမှုအခက်အ ခဲတွေကို ရှာဖွေတာစတဲ့ဟန်ပြအလုပ်ရုံ ဆွေးနွေးပွဲတွေကိုတော့ကျင်းပနေဆဲဖြစ်ပါတယ်။ ဒါကြောင့်အာဏာသိမ်းစစ်တပ်ရဲ့အသုံးမဝင်တဲ့မူဝါဒတွေနဲ့ တဖြည်းဖြည်းဆုတ်ယုတ်လာ မယ့် အခြေနေတွေကို စိုက်ပျိုးစီးပွားကျွမ်းကျင်သူတစ်ဦးကအခုလိုပြောပါတယ်။

“ဒါတွေကတော့အားလုံးကိုသက်ရောက်မှာပဲ။ ဒါမယ့်ကုန်သည်ဆိုတာကတော့ ငါ တိုမြင်တာကတော့လေ၊ ဒီအချိုးတွေကငြိမ်ဖိုလိုတာပဲ၊ ဥပမာဆိုပါစို ၃၀၀၀ ဖြစ်မလား၊ ၂၈၀၀ လားသဘောပြောရင်လေ၊ အလုပ်လုပ်လိုရအောင်ပေါ့အေ။ အခုဟာက ကနေ့ ၂၈၀၀ဖြစ်၊ တော်ြကာနေ ငါးထောင်ဖြစ်ရင်ဖြစ်ဆိုတော့ အတက်ကျအပြောင်းလဲမြန်တာ ပေါ့။ အဲ့လိုဖြစ်တာက ဒုက္ခပေးတာပေါ့ ” 

၂၀၂၀ - ၂၀၂၁ ခုနှစ်မြန်မာ့သီးနှံစိုက်ပျိုးရေးလုပ်ငန်းကနေ စုစုပေါင်း ပြည်တွင်း ထုတ်လုပ် မှု၊ ကုန်ပစ္စည်းများနဲ့ဝန်ဆောင်မှုများအားလုံးရဲ့ဈေးကွက်တန်ဖိုးက ကျပ်ငွေဘီလီယံ ပေါင်း တစ်သောင်းငါးထောင်ကျော်ရှိပြီး တစ်နိုင်ငံလုံး GDP ရဲ့ ၁၄ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ လယ်ယာထွက်ကုန်ကရရှိတဲ့ ပိုကုန်သွင်းကုန် ကုန် သွယ်မှု တန်ဖိုးက အမေရိကန်ဒေါာလာသန်းပေါင်း ၄၆၂၄သန်းကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ - ၂၀၂၃ ခုနှစ် မှာတော့ သန်းပေါင်း ၃၉၉၉သန်းသာရရှိခဲ့တယ်လိုထုတ်ပြန်ထားပါတယ်။ နိုင်ငံ ခြား ပိုကုန် ရငွေတွေကို သတ်မှတ်ပေါက်ဈေးနဲ့လဲလှယ်ဖို အာဏာသိမ်းစစ်တပ် လက် အောက် ခံဗဟို ဘဏ်က ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၅ရက်နေ့မှာစတင်ထုတ် ပြန်လိုက်   တာြဖစ်ပြီး ကြေငြာပြီးတစ်နှစ်အကြာမှာ လယ်ယာထွက်ကုန်တင်ပိုမှုကရရှိတဲ့ တန်ဖိုးက အမေရိကန် ဒေါာလာသန်းပေါင်း ခြောက်ရာကျော် လျော့နည်းလာတာဖြစ်ပါတယ်။

Share:

No comments:

Post a Comment