31st OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တရားရေးဝန်ကြီးဌာန၊ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေး

📌 ၂။ CRPH ပြည်သူ့ရေးရာကော်မတီနှင့် Enlightened Burma Social Science Institute တို့ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများ ပို့ချဆွေးနွေး

📌 ၃။၁၀၂၇စစ်ဆင်ရေး လေးရက်မြောက်နေ့မှာ ပြင်ဦးလွင်နဲ့ အလွန်နီးကပ်နေသော နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားတို့ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်လိုက်ပြီဟု သိရ

📌 ၄။ ထီးချိုင့်မြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်နေရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများ

📌 ၅။ ရှမ်းပြည်မြောက်ပိုင်း၁၀၂၇စစ်ဆင်ရေး တိုက်ပွဲများနှင့် တပြိုင်တည်းနိုင်ငံအလယ်ပိုင်းတွင် စစ်ရေး ဖော်ဆောင်ရန် NUG ညွှန်ကြားတာကြောင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မြင်းခြံ PDF ဝင်တိုက်

📌 ၆။ ကျောက်ကြီးနှင့်နတ်သံကွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်မှဝန်ထမ်းတွေ တာဝန်မှရပ်စဲပြီး နေရပ်ပြန် ကြရန် KNDO သတိပေး

📌 ၇။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် လွိုင်ကော်ဒေသခံ ငါးဦး ဒဏ်ရာရ

📌 ၈။ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သောအကြမ်းဖက်စစ်တပ်က အရပ်သား ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားရေးဝန်ကြီးဌာန၊ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၃၀။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနဲ့ မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေး အမှတ်စဉ် (/၂၀၂၃) ကို အောက်တိုဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ အချိန်မှာ စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်မှယနေ့တွင် မြေပြင် မြို့နယ်တရားသူကြီးများနှင့် မိမိတို့ဦးစီးဌာနတို့ ထဲထဲဝင်ဝင် တွေ့ဆုံ‌ဆွေးနွေးလာကြသည်မှာ ကြိမ်ရှိပြီဖြစ်ပြီး မြေပြင်တရားသူကြီးများအား မွန်းမံသင်တန်းများ ပေးရန်ရှိပြီး၊ သင်တန်းဆရာများကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ သင်တန်းပေးနေကြောင်း၊ ထိုသို့ သင်တန်းပေးနေတာနှင့် တပြိုင်နက် သင်တန်းပို့ချရန် သင်ရိုးညွှန်းတမ်း ရေးဆွဲနေကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ 


ထို့အပြင်ယခုကြားကာလ ဆောင်ရွက်မှုများတွင် မှန်မှန်ကန်ကန်နှင့် အကောင်းမွန်ဆုံး ဆောင်ရွက်စေလိုကြောင်းနဲ့ ထူးခြားဖြစ်စဉ်များ ရှိလာပါကလည်း အချိန်နှင့် တပြေးညီ တင်ပြပေးစေလိုကြောင်းညွှန်ကြားရေးမှူးချုပ်က ဆက်ပြောပါတယ်။


ဆက်လက်ပြီး မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော မေးခွန်းများ၊ အခက်အခဲများအား တာဝန်ရှိသူ အသီးသီးမှ ဖြေကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့ဝင်များနှင့် (၂၇) မြို့နယ်မှ တရားသူကြီးများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂ နာရီ အချိန်မှာ အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ CRPH ပြည်သူ့ရေးရာကော်မတီနှင့် Enlightened Burma Social Science Institute တို့ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများ ပို့ချဆွေးနွေး


အောက်တိုဘာ ၃၀။

CRPH ပြည်သူ့ရေးရာ ကော်မတီနဲ့ Enlightened Burma Social Science Institute အတူ ပူးပေါင်းပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သင်တန်း (Child Rights) နှင့် လူ့အခွင့်အရေးနှင့် နိုင်ငံရေးတို့အကြား အပြန်အလှန် ဆက်နွယ်မှုများ သင်တန်း (Interactions Between Human Rights and Politics) တို့ကို အောက်တိုဘာလအတွင်း ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် () ရက်တာပို့ချဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သင်တန်းတွင် လူ့အခွင့်အရေးအယူအဆ၊ သဘောတရားနှင့် အဓိပ္ပာယ်၊ လူ့အခွင့်အရေး၏ အခြေခံမူများနှင့် အနှစ်သာရများ၊ ကလေးသူငယ် အခွင့်အရေး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (Convention of the Rights of Child - CRC) နှင့် နောက်ဆက်တွဲစာချုပ်များပါ အချက်များကို လေ့လာခဲ့ကြပါတယ်။


ဆက်လက်ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံရေးတို့အကြား အပြန်အလှန် ဆက်နွယ်မှုများ သင်တန်းတွင် လူ့အခွင့်အရေးများရဲ့ နိုင်ငံရေးဆန်မှု၊ လူ့အခွင့်အရေး လက်တွေ့ကျင့်သုံးမှုနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် အစိုးရ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု၊ အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ တရားမျှတမှုများအား သမိုင်းကြောင်း အထောက်အထားများဖြင့် နှိုင်းယှဥ်လေ့လာခဲ့ကြပါတယ်။


အဆိုပါသင်တန်းသို့ CRPH ပြည်သူ့ရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြားရေးရာကော်မတီများမှ အဖွဲ့ဝင်များ တက်ရောက်လေ့လာ ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ သတင်းထုတ်ပြန် ထားပါတယ်။


========================


📌📌 ၃။ ၁၀၂၇စစ်ဆင်ရေး လေးရက်မြောက်နေ့မှာ ပြင်ဦးလွင်နဲ့ အလွန်နီးကပ်နေသော နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားတို့ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်လိုက်ပြီဟု သိရ


အောက်တိုဘာ ၃၀။

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးခုရဲ့၁၀၂၇ စစ်ဆင်ရေးလေးရက်မြောက်နေ့မှာ စစ်တပ်နယ်မြေဖြစ်တဲ့ ပြင်ဦးလွင်မြို့နဲ့ အလွန်နီးကပ်နေသော နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားတို့ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်လိုက်ပြီဟု သိရပါတယ်။


အောက်တိုဘာ ၃၀ ရက်နေ့ မနက် အစောပိုင်းမှာ နောင်ချိုမှ သုံးမိုင်ခန့်အကွာ ကျောက်ကြမ်းကျေးရွာရှိ စစ်တပ်စခန်းကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မန္တလေးခရိုင် PDF တပ်ရင်း (MDY PDF) တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ထို့နောက် မွန်းလွဲပိုင်းတွင် နောင်ချို မြို့အဝင် စစ်ဆေးရေးဂိတ်၊ မြို့ပေါ်ရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများရှိ စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ၊ ဝန်ထမ်းများ၊ မိသားစုဝင်များ နောင်ချို-ရပ်စောက် လမ်းပေါ်မှ စစ်တပ်စခန်း တစ်ခုဆီ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။


TNLA နှင့် PDF ပူးပေါင်းအဖွဲ့က နောင်ချိုမြို့ပေါ်မှာ ဝင်ရောက်တပ်စွဲခြင်း မရှိသေးဘဲ မြို့ပတ်လည်တွင် လှုပ်ရှားနေတယ်လို့ သိရပါတယ်။


အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နောင်ချို-ပြင်ဦးလွင် လမ်းပိုင်း ဘန့်ဗွေးရွာအနီးရှိ TNLA,  PDF ပူးပေါင်းတပ်ဖွဲ့များကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်က အချက်အချာကျ နေရာတစ်ခုဖြစ်တဲ့ ဂုတ်ထိပ်လမ်းပိုင်းနဲ့ တံတားရှိ စစ်သားနှင့်ရဲများကို အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းတွင် TNLA နှင့် PDF ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက် ခဲ့ပြီး လက်ရှိမှာ ဂုတ်တွင်းတံတားကို ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ထီးချိုင့်မြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်နေရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများ


အောက်တိုဘာ ၃၀။ 

Operation 1027 တွင်ပါဝင်နေသော ရခိုင့်တပ်တော် AA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်နေရာ စစ်အုပ်စုဘက်၌ ထိခိုက်သေဆုံးမှုများနေတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ဖွဲ့က အသိပေးထားပါတယ်။

စစ်ဆင်ရေးစတင်တဲ့ ပထမနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက် နာရီခွဲဝန်းကျင်မှာ စစ်ကြောင်း ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့ ထီးချိုင့်မြို့နယ် မောကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


ထီးချိုင့်မြို့နယ်မှာ ယခုရက်ပိုင်းအတွင်းဖြစ်နေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း သိရပါတယ်။ ထီးချိုင့်မြို့နယ်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးမှုများသလို AA ဘက်မှာလည်း ထိခိုက်ကျဆုံးတာတွေရှိတယ်လို့ ပြောထားပေမယ့် အတိအကျထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။ 


Operation 1027 စစ်ဆင်ရေး ၁ဝ၂၇ ဟာ နယ်မြေဧရိယာသတ်မှတ်ထားတာမရှိတဲ့အတွက် ကချင်နဲ့စစ်ကိုင်း အပါအဝင် စစ်ဆင်ရေးအတွက် အရေးကြီးတဲ့နေရာတွေနဲ့ စစ်ဆင်ရေးကို အထောက်အကူပြုစေနိုင်တဲ့နေရာတွေမှာလည်း ရခိုင့်တပ်တော် AA ဟာ ကိုးကန့်၊ တအာင်းမဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။


========================


📌📌 ၅။ ရှမ်းပြည်မြောက်ပိုင်း၁၀၂၇စစ်ဆင်ရေး တိုက်ပွဲများနှင့် တပြိုင်တည်းနိုင်ငံအလယ်ပိုင်းတွင် စစ်ရေး ဖော်ဆောင်ရန် NUG ညွှန်ကြားတာကြောင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မြင်းခြံ PDF ဝင်တိုက်


အောက်တိုဘာ ၃၀။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ညီနောင် ဖွဲ့က၁၀၂၇စစ်ဆင်ရေး ဆင်နွှဲနေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကလည်း နိုင်ငံအလယ်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


စစ်သားနှင့် ရဲ ပူးပေါင်း အထိုင်ချထားတဲ့ မြင်းခြံနှင့် တောင်သာမြို့နယ်အစပ်က တိုးဂိတ်ကို အောက်တိုဘာ ၂၇ ညနေပိုင်းတွင် အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် PDF တပ်ရင်း ()က ဆိုပါတယ်။


မြောက်ပိုင်းတိုက်ပွဲများနှင့် တစ်ပြိုင်တည်း စစ်ရေးဖော်ဆောင်ရန် အထက်က ညွှန်ကြားထားတယ်လို့ မြင်းခြံခရိုင် PDF တပ်ရင်း () က တပ်ရင်းမှူး ဝမ်းမိုးက Myanmar Now ကို ပြောထားပါတယ်။


တစ်ခါတည်း ရက်ကို သတ်မှတ်ပေးလိုက်တာ။ MOD က ပြောတယ်၊ သဘောပေါက်တယ်မို့လား၊ ဒီရက် ဒီရက် ရွေးရတဲ့အကြောင်းရင်းက သတင်းတွေလည်း ဖတ်ပြီးလောက်ရောပေါ့ ဆိုပြီး ပြောတယ်ဟု ၎င်းက ပြောဆိုထားတာ ဖြစ်ပါတယ်။


မြင်းခြံ သံမဏိစက်ရုံ အနီးရှိ ထိုတိုးဂိတ်တွင် ရဲနှင့် စစ်သားများက ဘန်ကာများ အခိုင်အမာ တည်ဆောက်ပြီး နေရာယူထားကြသော်လည်း နာရီဝက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် တန်ပြန်ပစ်ခတ်နိုင်ခြင်း မရှိဘဲ စစ်ကောင်စီတပ်သားတို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့လည်း ဆက်ပြောထားပါတယ်။


စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များစွာ စိုးမိုးထားတဲ့ မြေပြန့်လွင်ပြင်ဒေသ တောင်သာနယ်မှာ အခုတိုက်ပွဲက အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်ပြီး ဂိတ်စခန်းကို သိမ်းမိလုဆဲဆဲတွင် မြင်းခြံဘက်မှ စစ်ကူကား စီး၊ တောင်သာမှ ကား စီး တက်လာတာကြောင့် ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။ 


ထိုတိုက်ခိုက်မှုအပြီးတွင် ဂိတ်ပတ်ပတ်လည်မှာ အင်အားအပြည့် ချထားပြီး၊ ဒေသခံများကို ဖမ်းဆီးစစ်ဆေးတဲ့ ဖြစ်စဉ်ကို မသိရသေးဘူးလို့ တောင်သာမြို့မှာ နေထိုင်သူများထံမှ သိရပါတယ်။


========================


📌📌 ၆။ ကျောက်ကြီးနှင့်နတ်သံကွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်မှဝန်ထမ်းတွေ တာဝန်မှရပ်စဲပြီး နေရပ်ပြန် ကြရန် KNDO သတိပေး 


အောက်တိုဘာ ၃၀။ 

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO ဟာ အမျိုးသားကာကွယ်ရေးအတွက် တာဝန်ယူနေရတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ကျောက်ကြီးနဲ့ နတ်သံကွင်းမြို့ဒေသမှာ စစ်အာဏာရှင်သက်ဆိုးရှည်အောင် ပါဝင်ပတ်သက်နေသူတွေ လိုက်နာဆောင်ရွက်ဖို့ အောက်တိုဘာ ၃ဝ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်မှာ ပူးပေါင်းပါဝင်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရဲ၊ မီးသတ်၊ အုချုပ်ရေးမှူးတွေနဲ့ စာရင်းစစ် အစရှိတဲ့ စစ်ကောင်စီအုပ်ချုပ်မှုယန္တရားမှာ ပါဝင်ပတ်သတ်နေသူတွေအနေနဲ့ တာဝန်ကနေ ရပ်စဲကြဖို့နဲ့ အခြားဒေသကနေလာရောက်ကြတဲ့ဝန်ထမ်းတွေအနေနဲ့လည်း မိမိတို့ နေရပ်ကိုပြန်ကြဖို့ သတိပေးထားပါတယ်။ 


ဒါ့အပြင် ကျောက်ကြီးနဲ့ နတ်သံကွင်းမြို့က ပြည်သူတွေလိုက်နာရမယ့် အချက်တွေကိုလည်း ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။  ယခုကာလမှာ အာဏာရှင်စနစ် ဆိတ်သုန်းရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကျောက်ကြီးနဲ့ နတ်သံကွင်းမြို့က ပြည်သူလူထုအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းခြင်း၊ ပါဝင်ပတ်သတ်ခြင်းတွေရပ်တန့်ပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ 


ဒီလိုထုတ်ပြန်ရတာဟာ မိမိတို့စီမံအုပ်ချုပ်တဲ့ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရေရှည်တည်တံ့တဲ့ လူနေမှုဘဝလုံခြုံရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။  

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်နေရာမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးနဲ့ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တရားဝင်ခွင့်ပြုချက်နဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေဆောင်ရွက်ကြဖို့လည်း အသိပေးထားပါတယ်။ 


ဒီလုပ်ငန်းစဉ်တွေဖော်ဆောင်ရာမှာ ချမှတ်ထားတဲ့အချက်တွေကို ချိုဖောက်ကျူးလွန်ရင် ကရင်အမျိုးသား အစည်းအရုံးက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် လွိုင်ကော်ဒေသခံ ငါးဦး ဒဏ်ရာရ


အောက်တိုဘာ၊ ၃၀။

ရှမ်း-ကရင်နီ(ကယား) အစပ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အခြေစိုက် စစ်ကောင်စီတပ်က လူနေကျေးရွာတွေဘက်ကို နှစ်ရက်ဆက် လက်နက်ကြီးတွေ ပစ်ခတ်နေပြီး ကလေးငယ်လေးဦး အပါဝင်ဒေသခံ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၂) က ထုတ်ပြန်ထားပါတယ်။


လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲက ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး စိုးရိမ်ရတယ်လို့ KNDF တပ်ရင်း (၁၂) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


လွိုင်လင်လေးမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) ၅၃၀ က တိုက်ပွဲမရှိဘဲ အနီးအနား ရွာသုံးရွာလောက်ကို အောက်တိုဘာ ၂၉ ရက် တစ်ရက်တည်း လက်နက်ကြီး အချက်ရေ သုံးဆယ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဲဒီလို ပစ်ခတ်မှုကြောင့် မနက်ပိုင်းနဲ့ ညပိုင်းမှာ လွိုင်ကော်မြို့နယ်၊ ကုန်းမီကိုကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးနဲ့ သုံးနှစ်ကနေ ၁၆ နှစ်ကြား ကလေးငယ် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။


ဒဏ်ရာရတဲ့သူ ငါးဦးလုံးကို လွိုင်ကော်ဆေးရုံ တင်ပို့ထားပြီး အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကလွဲလို့ ကျန်တဲ့သူတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သိရပါတယ်။


ကုန်းမီကိုရွာ အပါအဝင် အနီးတဝိုက် ရွာတွေက ရွာခံတွေဟာ အရင်က တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြပေမယ့် အခြေအနေအေးလို့ ရွာထဲပြန်နေကြပြီးနောက် သိပ်မကြာခင်မှာပဲ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သောအကြမ်းဖက်စစ်တပ်က အရပ်သား ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးထား


အောက်တိုဘာ ၃၀။

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူ ဦး ကို သတ်ဖြတ်ခဲ့တဲ့အပြင် ၂၁ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။


အောက်တိုဘာ ၃ဝ ရက်နေ့ ညနေပိုင်းအထိရရှိထားတဲ့စားရင်းတွေအရ သတ်ဖြတ်ခံရသူ ဦးဆိုတာ အတည်ပြုနိုင်ပြီး အရပ်သား ပြည်သူ ၂၁ ဦး ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူကလည်း ပြောပါတယ်။ အဲဒီအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး ဒီပဲယင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၃ဝ ရက်နေ့မှာ ဒီပဲယင်းနယ်ကနေ ရေဦးနယ်ဘက်ကို ပြန်သွားတယ်လို့လည်း သိရပါတယ်။ 


ဒီပဲယင်းဘက်ကနေ ရေဦးဘက်ကိုပြန်လာတဲ့ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ ရေဦးနယ်အနောက်ခြမ်းက ရွာတွေကို ပစ်ခတ်ပြီးဝင်လာတာကြောင့် မစိုးရိမ်၊ အောင်သာ၊ ပျော်ဘွယ်၊ ခြုံရွာ၊ ကျီကုန်း၊ ဇီးကုန်း၊ မူးဆုံ၊ ရွာမိဿာ (ရမိတ်သာ) မုတ်စီး၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ငြုတ္တုံ စတဲ့ရွာတွေက ဒေသခံရွာသားတွေ အောက်တိုဘာလ ၃ဝ ရက်နေ့မနက်ကစပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင် ပြည်သူထောက်ပံ့ရေးအဖွဲ့ကလည်း အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment