အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မအခွန်ကောက်ခံလာတာက ထောပတ်တောင်သူအကြပ်ရိုက်စေပြီး တစ်ရာသီစာ ဆုံးရှုး နစ်နာသွားဖိုရှိနေ… မကြေးမုံ၊ Radio NUG အောက်တိုဘာ ၂၆၊ ၂၀၂၃


အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မအခွန်ကောက်ခံလာတာက ထောပတ်တောင်သူအကြပ်ရိုက်စေပြီး တစ်ရာသီစာ ဆုံးရှုး နစ်နာသွားဖိုရှိနေ…

မကြေးမုံ၊ Radio NUG အောက်တိုဘာ ၂၆၊ ၂၀၂၃

ထိုင်းနိုင်ငံကိုအဓိကတင်ပိုနေတဲ့ထောပတ်သီးတွေ ရာသီချိန်ရောက်လာပေမယ့် စစ် ကောင်စီက အခွန်တိုးမြှင့်ကောက်ခံလိုက်တာကြောင့် ကုန်ကျစရိတ်တွေများလာပြီး ဈေး ကွက်မတင်ပိုနိုင်လို အသီးတွေကြွေကျတာ၊ ပျက်စီးတာတွေရှိလာပါတယ်။ ထောပတ် သီးတစ်တန်ကို အရင်က တင်ပိုစရိတ်ကျပ်၃သိန်း လောက်ပဲ ရှိရာကနေ အခုအခါမှာ စစ် ကောင်စီက အခြားဖရဲသခွားစတဲ့အခြားသီးနှံတွေလိုပဲ ထောပတ်သီးတစ်ကီလိုကို ဝ.၈၅ ဒေါ်လာ နှုန်းနဲ့ အခွန် ၂ရာခိုင်နှုန်းကိုစတင်ကောက်ခံလာသလို ထိုင်းငွေတစ်ဘတ်ကို မြန်မာ ကျပ်ငွေလဲနှုန်းက ၁၁၀၀ကျပ် ရှိပေမယ့် ၈၅ဘတ်နှုန်းနဲ့လဲလှယ်ရမှာဖြစ်ပါတယ်။ ဒီလို ကုန်သွယ်မှုအခက်အခဲတွေကို ထိုင်းနိုင်ငံကိုတင်ပိုနေတဲ့ တောင်ကြီးမြိုအခြေစိုက် ထောပတ်ကုန်သည်တစ်ဦးကအခုလိုပြောပါတယ်။

“ဒီလက်ရှိပေ့ါ၊ အရင်တုန်းကတစ်တန်ကုန်ကျစရိတ်ဆိုရင်နှစ်သိန်း၊ သုံးသိန်း လောက်ပဲရှိတယ်။ အခုက လေးသိန်းကျော်ဖြစ်သွားတယ်။ နိုင်ငံတော်က အခွန် ၂ရာခိုင် နှုန်းဆိုပေမယ့် ကျွန်တော်တိုကအအေးခန်းသုံးရတယ်။ ကျွန်တောတို တစ်ဖက်နိုင်ငံထဲ ရောက်ဖိုဆိုရင် QR Code တွေသုံးရတယ်ဆိုတော့ အေးဂျင့်စရိတ်နဲ့ လမ်းပေါ်မှာလည်း ကုန်ကျစရိတ်နဲ့ဆိုရင်လေးငါးခြောက်သိန်းလောက်တက်သွားတယ်၊ နှစ်သိန်း၊ သုံးသိန်း ကနေလေးငါးသိန်းလောက်တက်သွားတယ်ဆိုတော့အခုမှပဲတောင်သူတွေကစစိုက်တာ၊ စိုက်တာလည်းမကြာသေးဘူးဆိုတော့ တောင်သူတွေပေါ်ပဲသက်ရောက်မှုတွေက ရှိ သွားတယ်ဗျ။ အရင်တုန်းက တစ်ကီလိုကို နှစ်ရာသုံးရာပဲကုန်ရမယ့်ကုန်ကျစရိတ်ကို ဒီအခွန်အခကိစ္စကြောင့်တစ်ကီလိုကို လေး၊ ငါး၊ ခြောက်ရာလောက် တစ်ဝက်နှုန်း လောက်တက်သွားတယ်ဗျ ” 

ထောပတ်ကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ စီးပွားဖြစ်အဓိကစိုက်ပျိုးပြီး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း တိုမှာလည်းစိုက်ပျိုးကြပါ တယ်။ တောင်ပေါ်ဒေသခံတွေအတွက် မိုးရာသီမှာ အဓိကစိုက်ပျိုးတဲ့ ရာသီပေါ်သီး နှံဖြစ်တဲ့ အစေ့ထုတ်ပြောင်းကအဓိကဝင်ငွေဖြစ်လာသလို နှစ်ရှည်ပင်တွေထဲမှာလည်း ထောပတ်သီးက အရည်အသွေးကောင်းအောင်ခူးဆွတ်ရိတ်သိမ်းနိုင်လာတဲ့ နည်းပညာ တွေရရှိပြီးတဲ့နောက် ဈေးကွက်ကျယ်ပြန့်လာပြီးတောင်သူတွေအားထားရတဲ့ ဝင်ငွေရ သီးနှံဖြစ်လာပါတယ်။ စစ်ကောင်စီကအခွန်တိုးကောက်လာလို အသီးတွေမတင်ပိုနိုင်ပဲ တစ်နှစ်တာအပင်ပြုစုထိန်းသိမ်းစရိတ်တွေအပြင် ထောပတ်သီးကရတဲ့သီးနှံအကျိုးအ မြတ်ကိုပါ လက်လွှတ်ဆုံးရှုးရတော့မယ့်အခြေအနေကို ဟိုပုံးမြိုနယ်မှ ထောပတ်စိုက် တောင်သူတစ်ဦးက အခုလိုပြောပါတယ်။ 

“နိုင်ငံခြားရောင်းဝယ်လိုအဆင်ပြေရင်တော့ ကျွန်တေ်ာတို လုပ်တဲ့ထောပတ် တွေတော့အဆင်ပြေတယ်လိုပဲတောင်သူအနေနဲ့အဆင်ပြေတယ်လို ပြောရမှာပေါ့။ ဒါ မယ့်တကယ်တမ်းဆိုရင်တော့ စိတ်ထဲမှတော့ ဘယ်အစိုးရပဲအုပ်ချုပ်အုပ်ချုပ် တံခါးဖွင့် စနစ်နဲ့ဆိုရင်တော့ ကျွန်တော်တိုပျော်တယ်။ အခုလောလောဆယ်တော့ဘာမှန်းလဲမသိ ဘူးဖြစ်နေတယ် ကြိုးစားတာလည်း တစ်နှစ်ထဲနဲ့ မဟုတ်ဘူးလေ။ ထောပတ်ဆိုတာ ၃နှစ်၊ ၄နှစ် လောက်မှ စရောင်းရတယ်ဆိုတော့ ဒီနှစ်ဒီလိုပုံစံဆိုတော့ လုပ်တဲ့သူလည်းတွန့်ကုန်တာ ပေါ့နော်။ သူတိုလည်းရောင်းရတာခက်တဲ့အခါကျတော့ ကုန်ကျတာလည်းများ၊ ဥပမာ မြေသြဇာတစ်အိတ်ဆိုရင်တော့ ရာယာမီလာဆိုရင်တော့ တစ်အိတ်ကိုတစ်သိန်းခြောက် သောင်းလောက်ရှိတယ်။ အဲ့ဒီလိုအခက်အခဲတွေတော့ အသီးပေါ်လာတဲ့အချိန်ကျမှ ဒီ လိုဖြစ်တာတော့ နည်းနည်းလေးတော့ တစ်မျိုးပေါ့၊ စိတ်ပျက်စရာဖြစ်တာပေါ့ ” 

အရှိန်ရနေပြီဖြစ်တဲ့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို မပျက်စီးအောင် စစ် ကောင်စီရဲ့အခွန်ကောက်ခံတဲ့စနစ်ကိုလျှော့ပေါ့ပေးဖို စိုက်ပျိုးထုတ်လုပ်ကုန်သွယ်သူ တွေကအခုလိုတောင်းဆိုနေကြပါတယ်။ 

“တောင်သူတွေပဲပြန်ခံရမယ်ဗျ။ အကယ်၍ ဒီတစ်နှစ်လောက် ဂျူတီခွန်ဆိုင်းငံ့ ပြီးတော့မှ အရင်လိုမျိုးနားလည်မှုပုံစံနဲ့သွားလိုရမယ်ဆိုရင် ဒီတစ်နှစ်စိုက်တဲ့သူတွေပိုပြီး တော့များပြားလာမယ်။ နဂိုစိုက်ထားတဲ့သူလည်း ထောပတ်ပင်ကိုပြုစုမယ်ဆိုရင်တော့ ထောပတ်တောင်သူလည်းအကျိုးဖြစ်မယ်။ တန်ချိန်များများထွက်ရင်တော့ လာမယ့်နှစ် ဂျူတီခွန်လည်းနိုင်ငံတော်အတွက်လည်းပိုအကျိုးရှိမယ်ပေါ့။ နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိ မယ်ပေါ့။ ၅.၄၇.၅၆ လက်ရှိအခြေနေက တောင်သူကစိုက်ပျိုးတုန်းပဲရှိသေးတယ်။ နိုင်ငံ တော်ကအခွန်ကောက်လိုက်တော့ နားလည်မှုလွဲသွားတာပေါ့နော်။ စိုက်ဖိုကိုကြောက်ရွံ သွားတာပေါ့” 

ထိုင်းနိုင်ငံကို တင်ပိုနေတဲ့ Hass ထောပတ်မျိုးကဧက ၈၀၀၀ လောက်စိုက်ပျိုးထာားပေ မယ့် ဈေးကွက်တင်ပိုနိုင်တဲ့ စိုက်ဧကမှာ ဧက ငါးရာလောက်သာရှိပါတယ်။ တစ်ဧကကို ထောပတ်သီးက ၃တန်လောက်ထွက်ရှိပြီး စုစုပေါင်းတန်ချိန် ၁၅၀၀ကျော်ထွက်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာ့ထောပတ်သီးကအရည်သွေးကောင်းမွန်လို ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေအပြင် ဒေသတွင်းက အာရှနိုင်ငံတွေကအမှာစာတွေရရှိပေ မယ့် စစ်တပ်ရဲ့အဓမ္မအာဏာသိမ်းပိုက်မှုတွေကြောင့် တင်ပိုမှုတွေပျက်ပြယ်နေရပါ တယ်။ ဒါကြောင့် ခရီးတိုတောင်းပြီး နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းဈေးကွက်ကို အရဲစွန့် တင်ပိုနေကြတာဖြစ်ပါတယ်။



Share:

No comments:

Post a Comment