အကြမ်းဖက်စစ်တပ် အမြင်မှန်ရသင့်ပြီလို ချင်းဒေသခံများပြော… မကြေးမုံ (Radio NUG) အောက်တိုဘာ ၆၊ ၂၀၂၃


အကြမ်းဖက်စစ်တပ် အမြင်မှန်ရသင့်ပြီလို ချင်းဒေသခံများပြော…

မကြေးမုံ (Radio NUG) အောက်တိုဘာ ၆၊ ၂၀၂၃

မြန်မာတစ်နိုင်ငံလုံးမှာ ဖွံဖြိုးမှုနောက်အကျဆုံးဖြစ်တဲ့အပြင် အဟာရချိုတဲ့မှုလည်းအ များဆုံးဖြစ်တဲ့ ချင်းပြည်နယ်ကို စစ်တပ်က လေကြောင်းကတိုက်ခိုက်နေတဲ့အပြင်မြိုရွာ  တွေထဲပါမကျန် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ပြည်သူကို ရန်သူ လိုဆက်ဆံနေတဲ့အကြမ်းဖက်စစ်တပ်ကို တစ်တိုင်းပြည်လုံးက တော်လှန်ဆန့်ကျင်နေ တာဖြစ်လို အကြမ်းဖက်စစ်တပ်အနေနဲ့အမြင်မှန်တွေရသင့်ပြီလို ချင်းပြည်နယ်ဒေသခံ တွေကပြောဆိုလိုက်တာပါ။ 

“ ကျွန်တော်တိုဖြစ်ချင် တာကတော့ ပြောမယ် ဆိုရင်လက်နက်ကိုင်ပြီးတော့ တွန်းလှန်နေတဲ့အနေထားမျိုး ပြည်သူလူထုက သူတို ရဲ့ခံစားချက်ကို လူထုကနေ မဲမသ မာမှုကိုအကြောင်းပြုပြီးတော့ အာဏာသိမ်းလိုက်တဲ့ ဟာကိုမဟုတ်ပါဘူးဆိုတဲ့ဟာ မြန် မာပြည်တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုကနေ ဒီလို မျိုးဆန္ဒဖော်ထုတ်ပြီးမှ တွန်းလှန် နေတာကို စစ်အာဏာရှင်တွေကသိသင့်တယ်။ ကိုယ့် အမှားကို ကိုယ်သိပြီးတော့မှ တိုင်း ပြည်ကို ပိုမိုဆိုးရွားတဲ့ချောက်ထဲမရောက်ပဲနဲ့ အားလုံး နဲ့အဆင်ပြေအောင် ပြည်သူ တွေ ကို ဝန်ချပြီးတော့ လုပ်လိုရှိရင် ဘယ်လိုပဲနေနေ အ သက်အိုးအိမ်တွေ ဘယ်လောက်     ပဲဆုံးရှုးရှုး ကျွန်တော်တို မြန်မာပြည်သူလူမျိုးတွေက သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာရားနဲ့ရှင်သန်တဲ့အတွက် ခွင့်လွှတ်နိုင်တယ်။ အဲ့ဒါ ကြောင့်မို ရှေ့ဆက်ကို မြန်မာ ပြည်သူလူထု၊ မြန်မာ့ကလေးတွေရဲ့အနာဂတ်ကို ပိုမိုပျက် စီးတဲ့အနေထားမဖြစ်အောင် သိစေချင်တယ်။ သိသင့်ပြီလို ပြောချင်တယ်။ အခုနေချိန်က အချိန်တွေရှိပါသေးတယ်။ ဒီအတိုင်းပဲဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့အနာဂတ်က ပိုမိုဆိုးရွားပြီးတော့ ပညာ ရေး၊ ကျန်းမာရေးနဲ့ ကမ္ဘာ့အလယ်မှာ အလွန်ကိုသိမ်ငယ်ပြီး တော့ မျက်နှာ ငယ်ရတဲ့ လူမျိုးတွေဖြစ်သွားကုန်မယ်၊ အကုန်လုံးရဲ့ဘဝတွေပျက်စီးကုန် မယ့်အနေထား မျိုးကို ဦး တည်ပြီးတော့ ရောက်လည်းရောက်နေပါပြီ။ အခုနေချိန်ကို ပြင်ဆင်လိုရှိရင်အချိန် အ များကြီးရှိသေးတယ်လိုပြောချင်တယ်ဗျ။ဟုတ်ကဲ့ ” 

တိုင်းပြည်အာဏာကိုမတရားရယူထားပြီး အဓမ္မတာဝန်ခံနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသ ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေကို စစ်ရေးအရရက်ရက်စက်စက်နှိမ်နင်း နေတဲ့ အပြင် တိုက်ပွဲတွေကြောင့်စားရေရိက္ခာကအစ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေမှာ အခက်အခဲ ဖြစ်နေကြတဲ့သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ခလေးငယ်တွေ စတဲ့ဒေခံတွေ ကိုလည်း စစ်တပ်အနေနဲ့ သနားညှာတာ တာမျိုးမရှိပဲရန်သူ သဖွယ်ဆက် ဆံခံနေ ရ တယ်လို အဆိုပါ ဒေသခံက ဖြည့် စွက်ပြောပါတယ်။ 

“ အမှန်ဆိုရင်တော့ ပြည်သူလူထုအပေါ်မှာ ပြည်သူလူထုကို ရန်သူသဖွယ်ဆို တာထက်ကို ရန်သူလိုသဘောထားပြီးတော့ ဖိနှိပ်တိုက်ခိုက်နေတယ်လို ကျွန်တေ်ာတို ခံစားတယ်။ ဘာဖြစ်လိုလည်းဆိုတော့ဟိုစစ်ရေးပစ်မှတ်တစ်ခုက သူတု့ တွန်းလှန်နေတဲ့ PDF လို CDF လိုမျိုးလက်နက်ကိုင်အဖွဲအစည်းနဲ့တိုက်ပွဲဖြစ်ရင် ဒီလက်နက်ကိုင်တဲ့အဖွဲ အစည်းကိုပြန်ပြီးတော့မှ ပစ်ခတ်တာ၊ တိုက်ခိုက်တာမဟုတ်ပဲနဲ့ ကျေးရွာတွေထဲမှာ ရမ်း ပြီးတော့ လက်နက်ကြီးနဲ့ထုတယ်။ ပြည်သူလူထုတွေနေတဲ့နေရာတွေကို လေယာဉ်နဲ့ ပစ်တယ်၊ ဆိုတော့ ပြည်သူလူထုကို ရန်သူသဖွယ်၊ ပြောမယ်ဆိုရင်တော့ အကုန်လုံး သေပါစေ၊ ကြေပါစေ၊ ပျက်စီးပါစေဆိုတဲ့စေတနာပေါ့နော်၊ သူတိုက လူဆိုတဲ့ အနေထား မျိုးကို အသိအမှတ်မပြုပဲနဲ့ ဘယ်လိုပဲနေနေ ဒီလူတွေအကုန်လုံးပြုတ်ပါစေဆိုတဲ့အနေ ထားမျိုးနဲ့ကို တိုက်ခိုက်နေတယ်၊ ထိုးနှက်နေတယ်လိုပဲမြင်တယ်။ ဖိနှိပ်နေတယ်လိုပဲ ခံ စားရတာပေါ့” 

စစ်တပ်က မဲမသမာမှုကိုအကြောင်းပြပြီး ပြည်သူတွေလိုလားတဲ့ နိုဘယ်လ်ငြိမ်းချမ်း ရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကိုဖြုတ်ချပြီးတဲ့နောက် တစ်နိုင်ငံ လုံးမှာ ဆန္ဒပြပွဲ တွေဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်ပြည်သူကို ကောင်းကျိုးမပေးခဲ့တဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်ကြမယ့် နွေဦးတော်လှန် ရေးသံဓိဌာန်ကိုမြန်မာပြည်သူတွေချမှတ်ခဲ့ပြီး နိုင်ငံအနှံအပြားမှာလက်နက်ကိုင်တိုက်ပွဲ တွေပေါ်ပေါက် လာတာဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးထိုးစစ်တွေကြောင့် တိုင်းပြည် ဘတ်ဂျက်နဲ့ ပြည်သူကိုတော်လှန်နေတဲ့ အကြမ်းဖက်စစ်တပ်မှာလည်း အကျ အဆုံး များ စွာနဲ့ အထိနာလျှက်ရှိပြီး ဂုဏ်သိက္ခာမရှိတဲ့အဖွဲအစည်းအဖြစ် ကမ္ဘာကပါရှုမြင်သုံးသပ်ခံ နေရပါတယ်။





Share:

No comments:

Post a Comment