11th NOV 2023 - Evening Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကောလင်းမြို့နယ်ကို ညီညီညွတ်ညွတ် ရရှိပြီးနောက် လိုအပ်ချက်များကို ခရိုင်၊ မြို့နယ်များနှင့်ပူးပေါင်း၍ ဗဟိုကော်မတီမှ ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား

📌 ၂။ ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု နယ်ပယ်ပေါင်းစုံက လူပုဂ္ဂိုလ်များပါဝင်လှုပ်ရှား

📌 ၃။ တော်လှန်ရေးအောင်ပွဲတွေက မျက်ဝါးထင်ထင်မြင်နေရပြီး  စစ်တပ်ထဲမှာမကြုံဖူးခဲ့တဲ့ "အရှုံး နဲ့ ဖိစီးမှု"တွေကဖိစီးနေပြီလို့ ဦးမင်းကိုနိူင်ပြောကြား

📌 ၄။ ကိုးကန့်ခရိုင်တွင် တစ်ရက်တည်းစစ်ကောင်စီရဲ့ စခန်းများကို ကိုးကန့်တပ်မတော် (MNDAA)ကသိမ်းပိုက်

📌 ၅။ လွိုင်ကော် - ဒီးမော့ဆို လွိုင်ကော်- မိုးဗြဲ  လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအား အရပ်သားများ အသုံးမပြုသေးရန် မေတ္တာရပ်ခံ

📌 ၆။ ""ပြည်နယ် နန်းတစ်အထူးမြို့နယ်ဘက်ဆီ ဝင်ရောက်လာတဲ့ ထောင်ချီရှိတဲ့ စစ်ဘေးရှောင်ပြည်သူများအတွက်ယွမ် ၂၇၀,၀၀၀ ကျော် လှူဒါန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကောလင်းမြို့နယ်ကို ညီညီညွတ်ညွတ် ရရှိပြီးနောက် လိုအပ်ချက်များကို ခရိုင်၊ မြို့နယ်များနှင့်ပူးပေါင်း၍ ဗဟိုကော်မတီမှ ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား


နိူဝင်ဘာ၁၁ရက်


ကောလင်းမြို့နယ်ကို ညီညီညွတ်ညွတ် ရရှိပြီးနောက် လိုအပ်ချက်များကို ခရိုင်၊ မြို့နယ်များနှင့်ပူးပေါင်း၍ ဗဟိုကော်မတီမှ ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


နိူဝင်ဘာ၁၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


"လက်ရှိ အခြေအနေမှာ ကောလင်းမြို့နယ်ကို ညီညီညွတ်ညွတ် ရရှိပြီးနောက် ဆက်လက်၍ ထိန်းသိမ်းရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်‌နိုင်မှုများအတွက် ဂုဏ်ယူမိပါကြောင်း၊ လိုအပ်သည့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများနှင့်ပတ်သက်၍လည်း ဆွေးနွေးပြောကြားရန်လိုအပ်ပြီး လိုအပ်ချက်များကို ခရိုင်၊ မြို့နယ်များနှင့်ပူးပေါင်း၍ ဗဟိုကော်မတီမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်၏အခြေအနေများအပေါ်ကြိုးစား၍ စီမံခန့်ခွဲသွားရန်ဖြစ်ပါကြောင်း" ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကြားကာလ‌ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ တာဝန်ရှိသူတစ်ဦးမှ မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်ပြီး‌နောက်အရေးပေါ် လုပ်ဆောင်ရမည့်လမ်းညွန်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသော ကောလင်းခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကောလင်းမြို့နယ်နှင့်ပတ်သက်၍ မြေပြင်အခြေအနေများအားတင်ပြဆွေးနွေးပြီးနောက် ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအားပေါင်းစပ်လုပ်ကိုင်နိုင်ရန်ဆွေးနွေးပြောကြားခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ကောလင်းခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ

တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု နယ်ပယ်ပေါင်းစုံက လူပုဂ္ဂိုလ်များပါဝင်လှုပ်ရှား


နိူဝင်ဘာ၁၁ရက်


၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု နယ်ပယ်ပေါင်းစုံက လူပုဂ္ဂိုလ်များပါဝင်လှုပ်ရှားခဲ့တယ်လို့သတင်းရရှိပါတယ်။


နိူဝင်ဘာ၁၁ရက်မနက်ပိုင်းကစလို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လယ်သမားနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပါဝင်လှုပ်ရှားခဲ့ပါတယ်။


အလားတူနိုဝင်ဘာလ ၁၁ ရက်) နံနက်ပိုင်းက (၁၁၁၁)လူထုလှုပ်ရှားမှုအဖြစ် ဆားလင်းကြီးမြို့ရှိ စျေးတစ်ခုတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီနှင့် ပြည်သူများနှင့်ပူးပေါင်းကာ '1027လှိုင်းတွေကို အောင်သပြေနဲ့ကြို ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ စာတန်းများနဲ့အတူ လူထုကသပြေးပန်းများကိုင်ဆောင်ပါဝင်လှုပ်ရှားခဲ့ပါတယ်။


နိူဝင်ဘာ၁၀ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုများမှ ရန်ကုန်မြို့ ရှိ ဈေးများ နှင့် လူနေရပ်ကွက်များတွင် ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု အကြို အောင်သပြေပန်းများ လိုက်လံဝေငှခဲ့ပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးအောင်ပွဲတွေက မျက်ဝါးထင်ထင်မြင်နေရပြီး  စစ်တပ်ထဲမှာမကြုံဖူးခဲ့တဲ့ "အရှုံး နဲ့ ဖိစီးမှု"တွေကဖိစီးနေပြီလို့ ဦးမင်းကိုနိူင်ပြောကြား


နိူဝင်ဘာ၁၁ရက်


တော်လှန်ရေးအောင်ပွဲတွေက မျက်ဝါးထင်ထင်မြင်နေရပြီး  စစ်တပ်ထဲမှာမကြုံဖူးခဲ့တဲ့ "အရှုံး နဲ့ ဖိစီးမှု"တွေကဖိစီးနေပြီလို့  နိူဝင်ဘာ၁၁ရက်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်မှဆိုရှယ်မီဒီယာမှာ ပြောကြားထားပါတယ်။


"အခုဆိုလို့ရှိရင် စစ်တပ်ထဲမှာ တခါမှ သူတို့ မကြုံဖူးခဲ့တဲ့ "အရှုံး ဆိုတဲ့ ဖိစီးမှု"က (စစ်တပ်)ထဲ ကူးစက်ရောဂါ တခု လို ဖြစ်နေပြီ။ဒီဘက်တော်လှန်ရေး (ပြည်သူတွေ)ဘက်မှာတော့ အောင်မြင်မှုလှိုင်းကြီးပေါ်ကို ရောက်သွားပြီ။

အောင်စိတ်တောင်ပံခတ်နေကြပြီ။ဒါက တကယ့်အရှိတရားပဲလေ။ အားလုံးက နေ့စဉ်နဲ့ အမျှ အိမ်ပြန်မယ်ဆိုတာချည်းပဲ အိမ်ပြန်ရင်ဘာလုပ်မယ်ဆိုတာချည်းပဲ ဒီလို ပြန်ဖြစ်သွားကြပြီ။

တော်လှန်ရေးအောင်ပွဲတွေက မျက်ဝါးထင်ထင်ပဲ။တနေ့တနေ့ ရလိုက်တဲ့ မြို့တွေကို ရေတွက်ရတာကိုက တယောက်နဲ့တယောက်မမောနိုင်မပန်းနိုင်ပဲ၊နောက်ပြီး အက္ခရာတွေ စီကြတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ နေ့ကစတင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးဟာ စခန်းပေါင်းတစ်ရာကျော်ကိုသိမ်းပိုက်ပြီး ဖြစ်ပါတယ်။


========================


📌📌 ၄။ ကိုးကန့်ခရိုင်တွင် တစ်ရက်တည်းစစ်ကောင်စီရဲ့ စခန်းများကို ကိုးကန့်တပ်မတော် (MNDAA)ကသိမ်းပိုက်


နိူဝင်ဘာ၁၁ရက်


နိုဝင်ဘာလ (၁၀) ရက်နေ့၊ နံနက် (:၃၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ရန်သူစစ်ကောင်စီ၏ တာတုန်းတပ်စခန်း အား ဒရုန်းစစ်ဆင်ရေးဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် (:၃၀) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။


အလားတူနံနက် (:၀၀) အချိန်ခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်ခရိုင်၊ ရှီယွင်ကြည်ကျေးရွာအနီး၊ လောက်ချွင်ပုနေရာသို့ စစ်ဆင်ရေးဆက်လက်ဆင်နွှဲခဲ့စဉ် မြေပြင်ထိုးစစ်ကို မခုခံနိုင်၍ ထွက်ပြေးနေ ကြသော ကိုးကန့်ရုပ်သေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ နံနက် (:၂၀) အချိန်ခန့် တွင် ကိုးကန့်ရုပ်သေးအဖွဲ့ဝင်များ နေရာယူထားသော လောက်ချွင်ပုနေရာအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ပါတယ်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့၊ နံနက် (:၂၄) အချိန်ခန့်တွင် (က) တအာင်းပြည်နယ်၊ တပ်မဟာ () စစ်ဒေသ၊ မန်တုံမြို့နယ်ရှိ ရန်သူစစ်ကောင်စီ၏ ခိုမုန်းတပ်စခန်း မှ ခိုမုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် () ကြိမ်၊ နံနက် (:၁၀) အချိန်ခန့်တွင် တပ်မဟာ () စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာရှိ ရန်သူစစ်ကောင်စီ၏တပ်စခန်းမှ နာငင်း ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် () ကြိမ်၊ နံနက် (၁၀:၀၀) အချိန်ခန့်မှ ညနေ (:၁၄) အချိန်ခန့်ထိ တပ်မဟာ () စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ ရန်သူစစ်ကောင်စီ၏ လက်အောက်ခံ ခလရ - ၆၈ မှ မိုင်းတင်ကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီး ဖြင့် (၁၀) ကြိမ်ခန့် နှင့် နေ့လယ် (:၄၀) အချိန်ခန့်တွင် တပ်မဟာ () စစ်ဒေသ၊ မူဆယ်မြို့နယ်ရှိ ရန်သူစစ်ကောင်စီ၏ (၁၀၅) မိုင်တပ်စခန်းမှ နမ့်ပန်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် () ကြိမ်ခန့် အစရှိသဖြင့်တစ်နေ့လုံးတွင် အရပ်သား ပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် (၂၀) ခန့်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၅။ လွိုင်ကော် - ဒီးမော့ဆို လွိုင်ကော်- မိုးဗြဲ  လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအား အရပ်သားများ အသုံးမပြုသေးရန် မေတ္တာရပ်ခံ


နိုဝင်ဘာလ (၁၁) ရက်


လွိုင်ကော် - ဒီးမော့ဆို လွိုင်ကော်- မိုးဗြဲ  လွိုင်ကော်- ဆီဆိုင် လမ်းမကြီးများအား အရပ်သားများ အသုံးမပြုသေးရန် မေတ္တာရပ်ခံလိုက်ပါတယ်။


နိူဝင်ဘာ၁၁ရက်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDFကအသိပေးဆိုပါတယ်။


"ကရင်နီပြည်နယ်တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော စစ်ရေးအခြေအနေများအရ " လွိုင်ကော် - ဒီးမော့ဆို လွိုင်ကော်- မိုးဗြဲ  နှင့် လွိုင်ကော်- ဆီဆိုင် " လမ်းမကြီးများအားအသုံးပြု၍ အသွားအလာမပြုလုပ်ကြပါရန် မိဘပြည်သူများအား မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။


 အထက်ဖော်ပြပါ နေရာများအနီးတစ်ဝိုက်တွင် နိုဝင်ဘာလ (၁၁)ရက်နေ့  မှစ၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အများပြည်သူများအနေဖြင့် ခရီးသွားလာခြင်း နှင့် နေအိမ်ပြင်ပထွက်၍ သွားလာခြင်းများအား မလိုအပ်လျင် မပြုလုပ်ကြဘဲ လုံခြုံသောနေရာများတွင်သာ နေထိုင်ကြပါရန် အထူးတိုက်တွန်းလိုတယ်လို့ဆိုထားပါတယ်။


 စစ်ရေးသတင်းများကိုလည်း မလိုအပ်သေးပါက ဆိုရှယ်မီဒီယာများပေါ်တွင်ရေးသားထုတ်ပြန်ခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ဆင်ရေးများ ပြီးပြတ်မှသာ မိဘပြည်သူများအား အသိပေးထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ""ပြည်နယ် နန်းတစ်အထူးမြို့နယ်ဘက်ဆီ ဝင်ရောက်လာတဲ့ ထောင်ချီရှိတဲ့ စစ်ဘေးရှောင်ပြည်သူများအတွက်ယွမ် ၂၇၀,၀၀၀ ကျော် လှူဒါန်း


နိုဝင်ဘာလ၊ ၁၀ ရက်


ကိုးကန့်ဒေသအတွင်းမှ ""ပြည်နယ် နန်းတစ်အထူးမြို့နယ်ဘက်ဆီ ဝင်ရောက်လာတဲ့ ထောင်ချီရှိတဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် ""ရဲတပ်ဖွဲ့မှ လူသားချင်းစာနာထောက်ထားရေး တရုတ်ယွမ် ၂၇၀,၀၀၀ ကျော် (ကျပ် သိန်း၁၂၀၀ ကျော်) သွားရောက်လှူဒါန်းခဲ့တယ်လို့ နိုဝင်ဘာလအတွင်း UWSAကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။သိရပါတယ်။


အဆိုပါ လှူဒါန်းမှုမှာ ""ရဲအရာရှိများကနေ ""ရဲတပ်သားအဆင့်ထိအပါဝင် ရဲမိသားစုဝင်တွေကလည်းစုပေါင်းလှူဒါန်းခဲ့ပါတယ်။


 ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ် သုံးဖွဲ့တို့က စတင်လုပ်ဆောင်ပြီးနောက်ပိုင်းမှာ ထောင်ချီရှိတဲ့စစ်ဘေးရှောင်ပြည်သူများ ""ပြည်နယ်ထဲ နန်တစ်အထူးမြို့နယ်မှတစ်ဆင့်ဝင်ရောက်နေပါတယ်။


 မိမိနေရပ်ဆီပြန်လိုတဲ့ စစ်ဘေးရှောင်ပြည်သူများကို ""ပြည်နယ် နယ်စပ်ဂိတ်များဖြစ်ကြတဲ့ မိုင်းယန်းနဲ့ မိုင်းပတ်ဂိတ်ထိ UWSA ""တပ်ဖွဲ့ တာဝနိရှိသူများက စီစဉ် ပို့ဆောင်ပေးလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းမှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment