11th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မတရားဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရဲဘော်ရဲဘက်တွေဟာ မြို့သိမ်းတိုက်ပွဲနှင့်အတူ ပြန်လည်လွတ်မြောက်တော့မယ်ဆိုတာ ကောလင်းက သက်သေပြခဲ့တယ်လို့ဆို

📌 ၂။ လှိုင်းတွေနဲ့အတူ စကစ ထောက်တိုင်၊ ပင်မ အဖွဲ့အစည်းတွေကို ရိုက်ချိုး ပစ်နိုင်ဖို့ ပြည်သူလူထုအားလုံးဝိုင်းဝန်းရန်တိုက်တွန်း

📌 ၃။ ပျူဖရဲသီးတွေအများကြီးမွေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ အသိပေးပြောကြား

📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက စစ်ကိုင်းတိုင်းအတွင်း မြေပြင်တွင် တာဝန်ထမ်းဆောင်နေကြသော ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များနှင့် တွေ့ဆုံဆွေးနွေး

📌 ၅။ ကောလင်းမြို့မ ရဲစခန်းမှ နိုင်ငံရေးအကျဉ်းသား၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဦးလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ပေးခဲ့

📌 ၆။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်များ တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့တပ်သား (၈၀)ကျော်ခန့် သေဆုံး

📌 ၇။ ကန့်ဘလူမြို့နယ်ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ ချီတက်နေသော စကစစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်၍ ရာနှင့်ချီသေဆုံးခဲ့

📌 ၈။ ကနီမြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေးအတွင်း ရန်သူ့ဘက်ကအကျအဆုံး ()ယောက်ရှိ

📌 ၉။ စကစခံစစ်ပြင်နေသည့် ရေဦးမြို့ထဲသို့ အလင်းဝင်ရန် စာရွက်များFix Wings Drone များဖြင့် ကြဲချခဲ့

📌 ၁၀။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူဦးရေ ၅၀,၀၀၀ နီးပါးနဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ လူဦးရေ ၄၀,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မတရားဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရဲဘော်ရဲဘက်တွေဟာ မြို့သိမ်းတိုက်ပွဲနှင့်အတူ ပြန်လည်လွတ်မြောက်တော့မယ်ဆိုတာ ကောလင်းက သက်သေပြခဲ့တယ်လို့ဆို


နိုဝင်ဘာလ ၁၀ရက်။

မတရားဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ရဲဘော်ရဲဘက်တွေဟာ မြို့သိမ်းတိုက်ပွဲနှင့်အတူ ပြန်လည်လွတ်မြောက်တော့မယ်ဆိုတာ ကောလင်းက သက်သေပြခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက ဆိုရှယ်မီဒီယာမှာ အသိပေးရေးသားဖော်ပြပါတယ်။


"ကောလင်းမြို့နယ်ပညာရေးတာဝန်ခံ() ဦးနေဝဏ္ဏထွန်းဦးသည် ဇွန်လ၆ရက်တွင် စကစမှ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ၅၀၅(က)နဲ့ ၅၀()ဆိုပြီး ပုဒ်မ()ခုတပ်ပြီး အနှစ်၂၀အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ယခု ကောလင်းမြို့သိမ်းနှင့်အတူ ဆရာဦးနေဝဏ္ဏလည်း ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကိုပြန်ရောက်ခဲ့ပါတယ်။ မြို့နယ်ပညာရေးဘုတ်အဖွဲ့မှာလည်း အလုပ်ပြန်လုပ်နေပါပြီ။ မတရားဖမ်းဆီးအကျဉ်းကျခံနေရတဲ့ တို့ရဲဘော်ရဲဘက်တွေဟာ မြို့သိမ်းတိုက်ပွဲနှင့်အတူ ပြန်လည်လွတ်မြောက်လာကြတော့မယ်ဆိုတာ ကောလင်းက သက်သေပြခဲ့ပါပြီ"လို့ဆိုပါတယ်။


အမှတ် () စစ်ဒေသ၊ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၂။ လှိုင်းတွေနဲ့အတူ စကစ ထောက်တိုင်၊ ပင်မ အဖွဲ့အစည်းတွေကို ရိုက်ချိုး ပစ်နိုင်ဖို့ ပြည်သူလူထုအားလုံးဝိုင်းဝန်းရန်တိုက်တွန်း


နိုဝင်ဘာလ ၁၀ရက်။

လှိုင်းတွေနဲ့အတူ စကစ ထောက်တိုင်၊ ပင်မ အဖွဲ့အစည်းတွေကို ရိုက်ချိုး ပစ်နိုင်ဖို့ ပြည်သူလူထုအားလုံးဝိုင်းဝန်းရန် ဒုဝန်ကြီးဦးမော်ထွန်းအောင်က တိုက်တွန်းပြောပါတယ်။


"တလှိုင်းပြီး တလှိုင်းလာဖို့အတွက် ပြင်ဆင်ရမယ့် အပိုင်းကို မမေ့စေလိုပါ။အခု လှိုင်းတွေ မစခင်မှာ low trough နိမ့်ကျတဲ့ ချိုင့်ခွက်လို အခြေနေတွေ ကျော်ဖြတ်ခဲ့ရတာကို မမေ့မလျော့ပဲ ကိုယ်လုပ်နိုင်တာကို မပြတ်တမ်းလုပ်ဆောင်ဖို့ပါပဲ။ ထောက်ပို့ ကလည်း ဆတိုးလုပ်မယ်။ ကလစ်ကာတွေလည်း ထပ်စည်းရုံးပြီး ကလစ်မယ်။ ပိုင်းခြားသုံးသပ်သူတွေကလည်း တိကျတဲ့ သတင်းသုံးသပ်ချက် လုပ်မယ်။ စစ်စွမ်းရည်မြင့်သူတွေကလည်း ထပ်မြင့်မယ်။ စည်းရုံးရေး ကောင်းသူကလည်း ဆက်လက် စည်းရုံးမယ်။ ဒါဆို နောက်ထပ် လှိုင်းကြီးတွေ၊ ဆူနာမီလို လှိုင်းကြီးတွေနဲ့ ပုပ်ပွနေတဲ့ စကစ ထောက်တိုင်၊ ပင်မ အဖွဲ့အစည်း တွေကို ရိုက်ချိုး ပြစ်နိုင်မှာ ဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ၁၀၂၇ မြောင်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအပြင် ကရင်နီဒေသတွင်လည်း ၁၁၀၇စစ်ဆင်ရေးကို စတင်နေပြီဖြစ်ပါတယ်။


========================


📌📌 ၃။ ပျူဖရဲသီးတွေအများကြီးမွေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ အသိပေးပြောကြား


နိုဝင်ဘာလ ၁၀ရက်။

ပျူဖရဲသီးတွေအများကြီးမွေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။


"တော်လှန်ရေးကာလ အစပိုင်းတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မောင်းပြန်တွေ တပ်ဆင်ပေးနိုင်ဖို့ ခက်ခက်ခဲခဲနဲ့ကြိုးစားရှာဖွေခဲ့ကြရတယ်။ ခုချိန်မှာတော့ ဖက်ဆစ်စစ်တပ်က နေ့တိုင်းအလှူကြီးပေးနေလို့ အတော်ပြည့်စုံလာပါပြီ။ ရှေ့တန်းမှာ သုတ်သင်ခံရတာများလာတော့ ပျူတွေကိုလက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းထွက်ခိုင်းကြပြန်ပြီ။ ဒီအရေးတွေမြင်လို့ အစောကြီးကတည်းက ပျူဖရဲသီးတွေ အများကြီးမွေးထားတာဆိုတော့...... "ရန်သူ့လက်နက် ကိုယ့်လက်နက်"ဆိုတဲ့ ဗျူဟာကိုမြန်မာပြည်မှာလက်တွေ့အကောင်အထည်ဖော်ပြနေတာပေါ့။"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ စကစတပ်ဖွဲ့ဝင် တစ်သောင်းငါးထောင်ခန့်ရှိပြီး စကစဘက်တွင် သတင်းပေးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူများလည်းရှိနေပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက စစ်ကိုင်းတိုင်းအတွင်း မြေပြင်တွင် တာဝန်ထမ်းဆောင်နေကြသော ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များနှင့် တွေ့ဆုံဆွေးနွေး


နိုဝင်ဘာလ ၁၀ရက်။

နိုဝင်ဘာလ ၁၀ရက်နေ့၊  ၁၀း၀၀နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီက စစ်ကိုင်းတိုင်းအတွင်း မြေပြင်တွင် တာဝန်ထမ်းဆောင်နေကြသော ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များနှင့် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဋ္ဌ ဦးမြင့်ထွေးနှင့် တိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ဥက္ကဋ္ဌမှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ရှေ့လုပ်ငန်းစဥ်များ၊ ဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသော စစ်ကိုင်းတိုင်းအတွင်း မြေပြင်တွင် တာဝန်ထမ်းဆောင်နေကြသော ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များဘက်မှလည်း အကြံပြုချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကောလင်းမြို့မ ရဲစခန်းမှ နိုင်ငံရေးအကျဉ်းသား၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဦးလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ပေးခဲ့


နိုဝင်ဘာလ ၁၀ရက်။

ကောလင်းမြို့မ ရဲစခန်းမှ နိုင်ငံရေးအကျဉ်းသား၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဦးလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ပေးခဲ့တယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ကို သိမ်းပိုက်ရရှိပြီးနောက် မဟာမိတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကောလင်းမြို့မ ရဲစခန်းအချုပ်မှာ ချုပ်ထားသော နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


ယင်းအချုပ်ခန်းတွင် အကျဉ်းသား/အချုပ်သား စုစုပေါင်း ၉၈ ဦးရှိပြီး  ၎င်းတို့ကို စိစစ်၍ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။


နိုဝင်ဘာ၁၀ရက်နံနက်တွင် ယင်းနိုင်ငံရေးအကျဉ်းသားများအား ဦးလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ပေးခဲ့ပြီး ခရိုင်ကွပ်ကဲရေးမှူး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းပြည်သူ့ကာကွယ်ရေး တာဝန်ခံနှင့် ခရိုင်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်တို့က ဂုဏ်ပြု အားပေးစကားများ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။


ကျန်ရှိနေသည့် အချုပ်သား/အကျဉ်းသားများကိုလည်း စိစစ်၍ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်လုပ်ကိုင်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်များ တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့တပ်သား (၈၀)ကျော်ခန့် သေဆုံး


နိုဝင်ဘာလ (၁၀) ရက်။

အဆိုပါသတင်းကို နိုဝင်ဘာ၁၀ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) ကအတည်ပြုဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းကို နိုဝင်ဘာလ (၁၀) ရက်၊ နံနက် (:၄၀) နာရီတွင် ကန့်ဘလူ မြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ် () စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် () တပ်ရင်း၊ ခရိုင် ပကဖလှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ထိတွေ့တိုက်ပွဲအတွင်း ရန်သူ့ တပ်သား (၈၀) ဦးကျော်ခန့် သေဆုံးခဲ့ပြီး (၂၀) ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ရန်သူ့တပ်ထံမှ လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၇။ ကန့်ဘလူမြို့နယ်ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ ချီတက်နေသော စကစစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်၍ ရာနှင့်ချီသေဆုံးခဲ့


နိုဝင်ဘာလ ၁၀ရက်။

ကန့်ဘလူမြို့နယ်ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ ချီတက်နေသော စကစစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်၍ ရာနှင့်ချီသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာလ ရက်နေ့မှစ၍ ချီတက်နေသော အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီနှင့် ပျူ​​စောထီးပူးပေါင်းစစ်ကြောင်းအား နိုဝင်ဘာလ ၁၀ ရက်မနက်အစောပိုင်း၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ Infinity Groupကဖော်ပြပါတယ်။


ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့ တိုက်နယ်ဘက်သို့ ချီတက်နေသော အဆိုပါစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်သေဆုံးကာ လက်နက်အမြောက်အများရရှိကြောင်းသိရပါတယ်။


ကန့်ဘလူမြောက်ခြမ်းတွင်နေထိုင်သော ပြည်သူများအနေဖြင့် နေ့မနက်ဖြစ်ပွားခဲ့သောတိုက်ပွဲအခြေအနေကြောင့်လေကြောင်းအန္တရာယ်အား သတိထားသင့်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အသိပေးထားပါတယ်။


========================


📌📌 ၈။ ကနီမြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေးအတွင်း ရန်သူ့ဘက်ကအကျအဆုံး ()ယောက်ရှိ


နိုဝင်ဘာလ ၁၀ရက်။

ကနီမြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေးအတွင်း ရန်သူ့ဘက်ကအကျအဆုံး ()ယောက်ရှိခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADPRAကအတည်ပြုပါတယ်။


"နိုဝင်ဘာလ ၆ရက်နေ့ နံနက် ၄နာရီ ၃၀မိနစ် အချိန်ခန့်တွင် အမှတ်()စစ်ဒေသခရိုင်ရုံး၏ ကွပ်ကဲမှုအောက်မှ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်၁၊ ၂၊ ၃၀(ADPRA) နှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် စစ်ကြောင်းများခွဲကာ ကနီမြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေး ဆင်နွှဲခဲ့ပါတယ်"လို့ဆိုပါတယ်။


ကနီမြို့အား၂နာရီဝန်းကျင်ခန့် စီးမိနိုင်ခဲ့သော်လည်း ရန်သူ့ အခြေအနေအမျိုးမျိုးကြောင့် ရန်သူ့နေရာများအား မသိမ်းနိုင်လိုက်ပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။


အဆိုပါစစ်ဆင်ရေးအတွင်း ရန်သူ့ဘက်ကအကျအဆုံး ()ယောက်ရှိခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုဘက်ကလည်း ထိခိုက်ဒဏ်ရာရရဲဘော်အချို့ရှိခဲ့ပြီး အကျအဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ စကစခံစစ်ပြင်နေသည့် ရေဦးမြို့ထဲသို့ အလင်းဝင်ရန် စာရွက်များFix Wings Drone များဖြင့် ကြဲချခဲ့


နိုဝင်ဘာလ ၁၀ရက်။

စကစခံစစ်ပြင်နေသည့် ရေဦးမြို့ထဲသို့ အလင်းဝင်ရန် စာရွက်များFix Wings Drone များဖြင့် ကြဲချခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းကအတည်ပြုဆိုပါတယ်။


"နိုဝင်ဘာလ ၁၀ ရက် ညနေ :၀၀ အချိန်တွင် ရေဦးမြို့ထဲရှိ အထပ်မြင့်တိုက်များပေါ်တွင် နေရာယူ၍ ခံစစ်ပြင်နေသော စကစတပ်များအား အလင်းဝင်ရောက်ကြရန် တိုက်တွန်းစာများကို ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ Fix Wings Drone များဖြင့် ကြဲချခဲ့ပါတယ်"လို့ဆိုပါတယ်။


ကြဲချခဲ့သည့်စာရွက်များမှာခံစစ်ပြင်မနေပါနဲ့ မင်းမိသားစုအတွက် မင်းအသက်ရှင်သင့်တယ်စတဲ့စာသားများဖြစ်ပါတယ်။


========================


📌📌 ၁၀။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူဦးရေ ၅၀,၀၀၀ နီးပါးနဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ လူဦးရေ ၄၀,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရ


နိုဝင်ဘာလ ၁၀ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူဦးရေ ၅၀,၀၀၀ နီးပါးနဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ လူဦးရေ ၄၀,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ UN OCHA Myanmarကအသိပေးဖော်ပြပါတယ်။


"ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ လက်တလောပြင်းထန်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကနဦးအစီရင်ခံလွှာ- ထွက်ရှိပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူဦးရေ ၅၀,၀၀၀ နီးပါးနဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ လူဦးရေ ၄၀,၀၀၀ နီးပါးနေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်"လို့ဆိုပါတယ်။ 


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း အသုံးပြုမှာ ဖြစ်တယ်လို့လည်း UN OCHA Myanmarကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment