4th NOV 2023 - Evening Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်တပ်ထုတ်ကုန် မဝယ်ရေး၊ထောက်တိုင်စီးပွား အားမပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တိုက်တွန်း

📌 ၂။ နိုင်ငံ နဲ့ နိုင်ငံသားများကို ချစ်တဲ့ စစ်မှန်တဲ့ တပ်မတော်သားများ လာရောက်ပူးပေါင်းရင် တော်လှန်ရေး ယခုနှစ်အတွင်း ပြီးစီးမှာဖြစ်

တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို

📌 ၃။ ဖောင်းပြင်မြို့နယ်ရှိ စစ်‌ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် NUG မှ ထောက်ပံ့ငွေများပေးအပ်

📌 ၄။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြားကာလအမွေအနှစ် (၄၅) ခုအား အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က စစ်ရေးဆိုင်ရာတားမြစ်ချက်များအပါအဝင် ပြုပြင်ခြင်းများမပြုလုပ်ရန်ထုတ်ပြန်

📌 ၅။ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် .. စခန်း နှင့် မိုင်းယန်း .. စခန်း () ခုတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

📌 ၆။ MNDAA က စစ်ကောင်စီတပ်၏ ကိုးကန့်တုန်ရှမ်းဒေသရှိ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်

📌 ၇။ ကရင်နီပြည်နယ်တွင် အောက်တိုဘာလ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲပေါင်း (၃၀) ကြိမ် နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၄၀)ကျော် သေဆုံးခဲ့

📌 ၈။ NUGPay ကို အသုံးပြု၍ ငွေပေးငွေယူပြုလုပ်ခဲ့တဲ့ ငွေပမာဏ DMMK ဘီလျံ ၇၀၀ ထိရှိလာပြီး တစ်လလျှင် ဘီလျံ ၁၀၀ နှုန်း တိုးတက်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်တပ်ထုတ်ကုန် မဝယ်ရေး၊ထောက်တိုင်စီးပွား အားမပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တိုက်တွန်း


စစ်တပ်ထုတ်ကုန် မဝယ်ရေး၊ထောက်တိုင်စီးပွား အားမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာလအတွင်းမှာ ဆိုရှယ်မီဒီယာကတစ်ဆင့် တိုက်တွန်းထားပါတယ်။

"စစ်တပ်ထုတ်ကုန် မဝယ်ရေး၊ထောက်တိုင်စီးပွား အားမပေး၊ အဲ့တာ ​​ခြေခံတော်လှန်ရေး..." လို့ သူက ဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့စီးပွားရေးဖြစ်တဲ့ မြန်မာဘီယာ၊ မိုင်တဲလ်ငွေ ဖြည့်ကတ်၊ ဆင်းကတ်စတဲ့ ထုတ်ကုန်များကို ပြည်သူများကသပိတ်မှောက်ဖို့ နှိုးဆော်ထားချိန်လည်း ဖြစ်ပါတယ်။


========================


📌📌 ၂။ နိုင်ငံ နဲ့ နိုင်ငံသားများကို ချစ်တဲ့ စစ်မှန်တဲ့ တပ်မတော်သားများ လာရောက်ပူးပေါင်းရင် တော်လှန်ရေး ယခုနှစ်အတွင်း ပြီးစီးမှာဖြစ်တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို


အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နိုဝင်ဘာ () ရက်နေ့က အခုလို ပြောကြားလိုက်ပါတယ်။

"နိုင်ငံ နဲ့ နိုင်ငံသားများကို ချစ်တဲ့ စစ်မှန်တဲ့ တပ်မတော်သားများ လာရောက်ပူးပေါင်းရင် ငါတို့ရဲ့ ဒုက္ခ ဒီနှစ်အတွင်းပြီးတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ အောက်တိုဘာ (၂၇) နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ကာ တိုက်ခိုက်လျက် ရှိပါတယ်။

နိုဝင်ဘာလ () ရက်နေ့အထိ ညီနောင်မဟာမိတ် () ဖွဲ့မှ စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း (၉၀) ကျော်ကို သိမ်းပိုက်ပြီး ဖြစ်ပါတယ်။


========================


📌📌 ၃။ ဖောင်းပြင်မြို့နယ်ရှိ စစ်‌ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် NUG မှ ထောက်ပံ့ငွေများပေးအပ်


ဖောင်းပြင်မြို့နယ်ရှိ စစ်‌ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့ နိုဝင်ဘာလ () ရက်မှာ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ စစ်ဘေးရှောင်နေရသည့် ပြည်သူ (၁၆၇၆) ဦးအတွက် ထောက်ပံ့ငွေများကို ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ကျေးရွာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ခံ အသီးသီးထံသို့ အောက်တိုဘာ (၂၆) ရက်နေ့က ပေးအပ်‌ဆောင်ရွက်ခဲ့ပါတယ်လို့ ဖော်ပြပါတယ်။

ယခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ () သန်း နီးပါးရှိလာပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီအထဲကမှ လူဦးရေ ဒသမ သန်းနီးပါးဟာ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ လုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။


========================


📌📌 ၄။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြားကာလအမွေအနှစ် (၄၅) ခုအား အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က စစ်ရေးဆိုင်ရာတားမြစ်ချက်များအပါအဝင် ပြုပြင်ခြင်းများမပြုလုပ်ရန်ထုတ်ပြန်


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြားကာလအမွေအနှစ် (၄၅) ခုအား စစ်ရေးဆိုင်ရာတားမြစ်ချက်များအပါအဝင် ပြုပြင်ခြင်းများမပြုလုပ်ရန် နိုဝင်ဘာလ () ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်သုံးရပ်၏ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး အမှတ်စဉ် (/၂၀၂၃) ဆုံးဖြတ်ချက်အရထုတ်ပြန်တားမြစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ကြားကာလအမွေအနှစ် (၄၅) ခုအား မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကြားကာလအမွေအနှစ်စာရင်း (အပိုင်း-) အဖြစ် သတ်မှတ်တယ်လို့ ဆိုထားပါတယ်။

အဆိုပါနေရာများတွင် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းစစ်ရေးပြုလုပ်ခြင်း၊ စစ်ရေးပြုလုပ်ရန်အတွက် စခန်းနေရာချထားခြင်းနဲ့လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်း စသည့် ပျက်စီးရန်ဆောင်ရွက်ခြင်းတို့ကို တားမြစ်တယ်လို့ဖော်ပြပါတယ်။

တားမြစ်ချက်များအပေါ်  ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၉) ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၅) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၂) ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄) သစ်တောဥပဒေ (၂၀၁၈) ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄) တို့အပြင် နိုင်ငံတကာ ဆက်စပ်ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၅။ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် .. စခန်း နှင့် မိုင်းယန်း .. စခန်း () ခုတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့


လားရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် .. စခန်း နှင့် မိုင်းယန်း .. စခန်း () ခု တို့ကို ယနေ့မနက် (၅း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာလ () ရက်နေ့ တအာင်းပြည်နယ်တွင် ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးကို TNLA က အသိပေးဆိုပါတယ်။

" တပ်မဟာ () စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် .. စခန်း နှင့် မိုင်းယန်း .. စခန်း () ခု တို့ကို ယနေ့မနက် (၅း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

တပ်မဟာ ()စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဝါရော့တပ်စခန်းနှင့် ထိန်ကန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ()ခု တို့ကို နိုဝင်ဘာလ () ရက်နေ့ နေ့လည် (၂း၁၅) နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တပ်မဟာ () စစ်ဒေသ နောင်ချိုမြို့နယ်ရှိ၊ လယ်ကြီးတောကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ/ မည့်သည်လက်နက်ကိုင်မှမရှိဘဲ နောင်ချို ၁၁၅ စစ်ကောင်စီတပ်သည် ယမန်နေ့ညမှ ယနေ့ နံနက်ခင်းထိ  ၁၀၂/၁၀၅ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် (၂၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး ကလေးငယ် () ဦး ထိမှန်ဒဏ်ပြင်းထန်ပြီး နေအိမ် ()လုံးလည်း ထိမှန်ပျက်ဆီးခဲ့ရပါတယ်။

စစ်ကောင်စီ သိန္နီတပ်မှ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသော မိုင်းပါးတပ်စခန်းဘက်ကို လက်နက်ကြီး () လုံး ထပ်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၆။ MNDAA က စစ်ကောင်စီတပ်၏ ကိုးကန့်တုန်ရှမ်းဒေသရှိ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်


MNDAA က စစ်ကောင်စီတပ်၏ ကိုးကန့်တုန်ရှမ်းဒေသရှိ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်ခဲ့ကြောင်း နိုဝင်ဘာလ () ရက်မှာ စစ်ရေးသတင်းကို အတည်ပြုထားပါတယ်။

"နိုဝင်ဘာလ () ရက်နေ့ နံနက် ၁၀ နာရီ ၀၉ မိနစ်တွင် MNDAA က စစ်ကောင်စီတပ်၏ ကိုးကန့်တုန်ရှမ်းဒေသရှိ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

နိုဝင်ဘာလ () ရက်နေ့အထိ MNDAA မှ စစ်ကောင်စီ၏ အကြီး၊ အသေး၊ ယာယီတပ်စခန်း စုစုပေါင်း (၉၇) ခုကို သိမ်းပိုက်ထားပြီး နိုဝင်ဘာလ () ရက်နေ့က ထပ်မံသိမ်းဆည်းရမိသည့်စခန်းနှင့် ပေါင်းပါက စခန်းပေါင်း (၁၀၀) ကျော်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၇။ ကရင်နီပြည်နယ်တွင် အောက်တိုဘာလ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲပေါင်း (၃၀) ကြိမ် နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၄၀)ကျော် သေဆုံးခဲ့


ကရင်နီပြည်နယ်တွင် အောက်တိုဘာလ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲပေါင်း (၃၀) ကြိမ်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၄၀) ကျော် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအနှစ်ချုပ်ကို နိုဝင်ဘာလ () ရက်နေ့မှာ KNDF က ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် (၁၄) တန်း မြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းထဲတွင် ဆုံရပ်ထားသော ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရန် လမ်းမကြီးအား ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီမှ ခြေလျင်စစ်ကြောင်း () ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ဖရူဆို - ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲကျေးရွာများတွင် KA KNDF တို့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ စစ်ကောင်စီ၏ စစ်ကြောင်းများနှင့် တစ်လတာလုံး ထိတွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ယာဉ်တန်းများ ဖြတ်သန်းနိုင်ရန် လမ်းလုံခြုံရေးအဖြစ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့သလို၊ ယာဉ်တန်းများ ဖြတ်သန်းသွားလာစဉ်တွင်လည်း  တိုက်ပွဲများပြင်းထန်ခဲ့ပြီး အောက်တိုဘာလအတွင်း အဆိုပါ လမ်းမကြီး တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲပေါင်း (၃၀)ကြိမ်နီးပါး ဖြစ်ပွားခဲ့တယ်လို့အတည်ပြုပါတယ်။

စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဘောလခဲ မြို့သို့ ရိက္ခာ၊ ခဲယမ်းများ ပို့ဆောင်နိုင်ရန်အတွက် ဖရူဆိုမြို့နယ်အတွင်းရှိ အမှတ်(၁၄) တန်းမြှင့်စစ်ရေးလေ့ကျင့်ရေး ကျောင်းဝန်းအတွင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်း ကား (၇၀) ကျော် အနက်မှ ကားအစီးရေ (၄၀)ခန့်သာ ဘောလခဲမြို့သို့ သွားရောက်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကားအစီးရေ (၃၀) နီးပါးသည် ယခုအချိန်ထိ ထပ်မံဖြတ်သန်း၍ သွားရောက်နိုင်ခြင်း မရှိသေးဘဲ ဖရူဆို - ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အထက်ပါထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၄၀) ကျော် သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး ၎င်းတို့၏ ထောက်ပို့ကားအချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ NUGPay ကို အသုံးပြု၍ ငွေပေးငွေယူပြုလုပ်ခဲ့တဲ့ ငွေပမာဏ DMMK ဘီလျံ ၇၀၀ ထိရှိလာပြီး တစ်လလျှင် ဘီလျံ ၁၀၀ နှုန်း တိုးတက်လာ


NUGPay ကို အသုံးပြု၍ ငွေပေးငွေယူပြုလုပ်ခဲ့တဲ့ ငွေပမာဏ DMMK ဘီလျံ ၇၀၀ ထိရှိလာပြီး တစ်လလျှင် ဘီလျံ ၁၀၀ နှုန်း တိုးတက်လာကြောင်း နိုဝင်ဘာလ () ရက်မှာ NUG Pay က တရားဝင်အသိပေးကြေညာပါတယ်။

"ဩဂုတ်လမှာ ၅၀၀၊ စက်တင်ဘာ ၅၈၀၊ အောက်တိုဘာ ၆၀၀ NUGPay ကို အသုံးပြု၍ ငွေပေးငွေယူပြုလုပ်ခဲ့တဲ့ ငွေပမာဏ DMMK ဘီလျံ ၇၀၀ ထိရှိခဲ့ပါပြီ။ တစ်လလျှင် ဘီလျံ ၁၀၀ နှုန်း တိုးတက်လာမှုဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးအပေါ် တည်မြဲစွာသက်ဝင်ယုံကြည်မှုကို ဖော်ညွှန်းလျက်ရှိပါတယ်"လို့ဆိုပါတယ်။

NUGPay ဟာပြည်သူ့အားနဲ့ သုညကနေ စတင်ခဲ့ပြီး ပြည်သူတွေရဲ့ တော်လှန်ရေးအားမာန်ကြောင့်ပဲ ရှေ့ဆက်နေနိုင်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

NUG Payဟာ စစ်အုပ်စုလက်အောက်မှ လွတ်ကင်းသောဘဏ္ဍာရေးယန္တရားတစ်ခုလည်း ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment