12th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာရှင်ကို အသက်ပေးကာကွယ်မည့်အစား ပြည်သူ့ရင်ခွင်ထံ ဘက်ပြောင်းခိုလှုံကြရန် KNDF ဥက္ကဋ္ဌ ခွန်းဘီထူး တိုက်တွန်း 

📌 ၂။ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကထုတ်ပြန်ခဲ့သော ရည်မှန်းချက်အတိုင်း အာဏာရှင်စနစ်အမြစ်ပြတ်ရေး ဆက်လက်လုပ်ဆောင်နေဟု ညီနောင် ဖွဲ့ထုတ်ပြန်

📌 ၃။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၈၈၇) သန်း လျာထားပေမယ့် ရန်ပုံငွေရရှိမှုမှာ အလွန်အမင်း နည်းပါးကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ နမ့်ဆန်ရဲစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများကို TNLAထုတ်ဖော်ပြသ

📌 ၅။ စင်္ကာပူရောက် မြန်မာများရဲ့ လုပ်ခလစာအပေါ်  မြန်မာစစ်ကောင်စီက အခွန်စတင်ကောက်ခံ

📌 ၆။ ပခုက္ကူ-မြိုင်လမ်းပိုင်းတွင် မိုင်းရှင်းရန်လာသည့် စစ်ကား၂စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ဦး သေဆုံး

📌 ၇။ ယင်းမာပင်တွင် ဒေသကာကွယ်ရေးအဖွဲ့များနဲ့ ပရဟိတအဖွဲ့တစ်ခု ပူးပေါင်းပြီး ချောင်းကူးကားလမ်းခင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာရှင်ကို အသက်ပေးကာကွယ်မည့်အစား ပြည်သူ့ရင်ခွင်ထံ ဘက်ပြောင်းခိုလှုံကြရန် KNDF ဥက္ကဋ္ဌ ခွန်းဘီထူး တိုက်တွန်း 


စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင်ကို ကာကွယ်နေ မယ့်အစား ပြည်သူ့ဘက် ဘက်ပြောင်းခိုလှုံကြဖို့  KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 


ဒီဇင်ဘာလ ၁၁ ရက်နေ့က ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်တဲ့ ဘက်ပြောင်းရေးအစီအမံနဲ့ ပတ်သက်လို့ ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံအနှံ့က စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG တို့ဟာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ကို တိုက်ခိုက်ချေမှုန်းနေပေမယ့် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူလူထုနဲ့ ပြည်သူ့အစိုးရဘက် ဘက်ပြောင်းနိုင်ရေးအတွက် ဆက်လက်ဖိတ်ခေါ် နေဆဲဖြစ်တယ် လို့ ပြောပါတယ်။ 

 

ကရင်နီပြည်နယ်နေရာအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကရင်နီပြည်တော်လှန်‌ရေးတပ်ပေါင်းစုံတွေအကြားမှာ တိုက်ပွဲပြင်းထန်နေပါတယ်၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC နဲ့ ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစုံတို့ကလည်း လက်ရှိစစ်ဆင်ရေးကို အပြီးသပ်တိုက်ပွဲအဖြစ်ဖော်ဆောင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်တွေအနေနဲ့ အာဏာရှင်စနစ်ကို အသက်ပေးကာကွယ်မယ်အစား ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံတွေဖိတ်ခေါ်တဲ့ ဘက်ပြောင်းရေး အစီအစဉ်မှာ ပါဝင်ပေးပါကြဖို့ ထပ်လောင်းဖိတ်ခေါ်အပ်ပါတယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။


ဘက်ပြောင်းခြင်းဆိုတာဟာ တပ်မတော်သားတွေအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံနေခြင်းကနေ ပြည်သူ့အစိုးရအုပ်ချုပ်မှုအောက်ကို နည်းမျိုးစုံနဲ့ ဘက်ပြောင်းပါဝင်ခြင်းကိုဆိုလိုတာလို့ သိရပါတယ်။


တပ်မတော်သားများ  ပြည်သူ့အစိုးရထံ ဘက်ပြောင်းခြင်းဟာ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာ၊ ရာထူး ထိခိုက်မှု နည်းစေဖို့နဲ့  သွေးစွန်းမှုမရှိစေဘဲ တပ်နဲ့ပြည်သူလူထုအနေနဲ့ တိုင်းပြည် ပြန်လည်တည်ငြိမ်အေးချမ်းရေးနဲ့  ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။ 

 

ကရင်နီပြည်နယ်အတွင်း တပ်စွဲပြီး တိုက်ပွဲဝင်နေတဲ့ မည်သည့်တပ်မဆို ပြည်တွင်းနဲ့ နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေများကို လိုက်နာရမှာဖြစ်ပြီး အခြေခံအားဖြင့် အရပ်သားပြည်သူတွေကို ပစ်မှတ်မထားရန်၊ စစ်သုံ့ပန်းများကို အသက်ရှင်ခွင့်ပေးရန်နဲ့ တားမြစ်စစ်လက်နက်များ အသုံးမပြုရန်တို့ပါဝင်ပြီး ဘက်ပြောင်းရေးအစီအစဉ်မှာ ပါဝင်သူ တိုင်း စစ်ဥပဒေများကို လေးစားလိုက်နာသူများဖြစ်ရမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၂။ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကထုတ်ပြန်ခဲ့သော ရည်မှန်းချက်အတိုင်း အာဏာရှင်စနစ်အမြစ်ပြတ်ရေး ဆက်လက်လုပ်ဆောင်နေဟု ညီနောင် ဖွဲ့ထုတ်ပြန်


၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းကထုတ်ပြန်ထားတဲ့ ရည်မှန်းချက်တွေအတိုင်း အာဏာရှင်စနစ်အမြစ်ပြတ်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၄၆ ရက်မြောက်နေ့ တိုက်ပွဲသတင်းများကို စုစည်းထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ 

 ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းက ထုတ်ပြန်ထားတဲ့ မိမိတို့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝစေရန် နှင့် မြန်မာပြည်သူလူထုတရပ်လုံးလိုလားနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် ညီနောင်မဟာမိတ် ဖွဲ့ အနေနဲ့ တရက်မျှရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲနေတယ်လို့ပြောပါတယ်။ 

နောင်မဟာမိတ် ဖွဲ့အနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ရန်သူ့ စစ်ကောင်စီစခန်းကြီး၊ ငယ်များနှင့် လက်နက်ချအညံ့မခံဘဲ ခုခံထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို အပြီးသတ်ချေမှုန်းနိုင်ရေး  ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း အသိပေးထားပါတယ်။ 

လက်နက်ချအညံ့မခံဘဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေရှင်းလင်းနေ ပေမယ့် တဘက်မှာလည်း ပြည်သူ့ရင်ခွင်ကို မိမိတို့အသိစိတ်နဲ့ ခိုလှုံလာကြတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲဝင်များနဲ့ ပြည်သူ့စစ်အဖွဲဝင်များကိုလည်း ညီနောင်မဟာမိတ် ဖွဲ့က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသလို ၎င်းတို့သွားလိုရာနေရာတွေကိုလည်း လုံခြုံစွာပိုဆောင်ပေးနေတယ်လို့ ပြောပါတယ်။

မိမိတို့အနေနဲ့ တိုက်ပွဲအတွင်း အသာတကြည်လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ပြည်သူ့စစ် လက်အောက်ခံတပ်ဖွဲဝင်တွေကို မိမိတို့ရဲ့ စစ်သုံပန်းအပေါ်ထားရှိတဲ့ စံနှုန်းစံထားအတိုင်း အသက်ချမ်းသာပေးပြီး လိုရာခရီးသို့ လုံခြုံစွာပို့ဆောင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ထို့ကြောင့် စစ်ကောင်စီလက်အောက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲဝင်တွေအနေနဲ့ မိမိတို့ထံ အချိန်မီ လာရောက်ကြဖို့ ညီနောင်မဟာမိတ် ဖွဲ့က ထပ်မံတိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၈၈၇) သန်း လျာထားပေမယ့် ရန်ပုံငွေရရှိမှုမှာ အလွန်အမင်း နည်းပါးကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဒီဇင်ဘာ ၁၂။


မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၈၈၇) သန်း လျာထားထားပေမယ့် ရန်ပုံငွေရရှိမှုမှာ အလွန်အမင်း နည်းပါးကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။


နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးရဲ့ ဘာသာရပ်အစီအစဉ် ၇၂ မှာ စီးပွားရေး အထူးအကူအညီပေးမှုများ အပါအဝင် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုနှင့် သဘောဝဘေးအန္တရာယ် ကယ်ဆယ်ရေး အကူအညီများပေးရေး ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရေး ဆိုင်ရာဆွေးနွေးမှုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။


စစ်တပ်က မတရားအာဏာမသိမ်းမီက လူပေါင်း () သန်းခန့်သာ လူသားချင်းစာနာမှု အကူအညီပေးမှု လိုအပ်ခဲ့သော်လည်း ယခုအခါ လူပေါင်း (၁၈) သန်းကျော်သည် လူသားချင်း စာနာမှုထောက်မှု အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၈၈၇) သန်း လိုအပ်မှုရှိကြောင်း ကုလသမဂ္ဂအနေဖြင့် လျာထားသော်လည်း ရန်ပုံငွေရရှိမှုမှာ အလွန်အမင်း နည်းပါကြောင်း၊ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအလှူရှင်များအား ရန်ပုံငွေ တိုးမြှင့်ထည့်ဝင် ကြရန် တိုက်တွန်းကြောင်း" သံအမတ်ကြီး ကဆိုပါတယ်။


လက်ရှိမှာ မြန်မာပြည်သူ () သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ (၁၅) သန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင် ဒေသခံအဖွဲ့အစည်းများ လမ်းကြောင်းများမှလည်းကောင်း၊ နယ်စပ်ဖြတ်ကျော်ပေးမှုများမှ တစ်ဆင့်လည်းကောင်း ပေးအပ်ခြင်းသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ လိုအပ်နေသူများ ထံရောက်ရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ နမ့်ဆန်ရဲစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများကို TNLAထုတ်ဖော်ပြသ


ဒီဇင်ဘာ၁၂ရက်


နမ့်ဆန်ရဲစခန်းအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများကို TNLAထုတ်ဖော်ပြသခဲ့ပါတယ်။


ဒီဇင်ဘာ၁၂ရက်မှာ တအာင်းတပ်မတော် PSLF/TNLA မှ စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


"တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန်မြို့နယ် စစ်ကောင်စီ ရဲစခန်းကို ဒီဇင်ဘာ ၁၁ရက်နေ့ နံနက် (၅း၀၃)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ 


၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ္စတို()လက်၊ လက်နက်(၁၄)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။


 ဒီဇင်ဘာ ၁၂ရက်နေ့ယနေ့တွင်လည်း တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်း Y12 လေယာဥ်ဖြင့် ဗုံး()ကြိမ် လာရောက်ကြဲချခဲ့ပါတယ်။


========================


📌📌 ၅။ စင်္ကာပူရောက် မြန်မာများရဲ့ လုပ်ခလစာအပေါ်  မြန်မာစစ်ကောင်စီက အခွန်စတင်ကောက်ခံ


Radio NUG - ဒီဇင်ဘာ ၁၂၊ ၂၀၂၃


စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးက စင်္ကာပူရောက် မြန်မာများကို ဝင်ငွေခွန် စတင်ကောက်ခံမယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စာထုတ်ပြန် အသိပေးလိုက်ပါတယ်။


ကိုင်ဆောင်ထားတဲ့ Passport, Work Permit အပေါ်မူတည်ပြီး လစာရဲ့  % ကို ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ အသိပေးထားပြီး Student Passport ကိုင်ဆောင်ထားသူများ အနေနဲ့ လက်ရှိ ကျောင်းတက်ရောက်နေကြောင်း ထောက်ခံစာ တင်ပြနိုင်ပါက ကင်းလွတ်ခွင့် ရရှိမယ်လို့ ဆိုပါတယ်။


လူကိုယ်တိုင်မေးခဲ့တယ် Jan အထိပြန်မယ်ဆိုရင် Jan အထိ tax ဆောင်သွားပါတဲ့၊ Tax ဆောင်ရမဲ့ အချိန်က မနက် နာရီ ကနေ ၁၁ နာရီ အထိပဲ ညနေခင်းမှာ လုပ်မပေးဘူးလို့ သံရုံးကို သွားရောက်ခဲ့သူ တစ်ဦးက ပြောပြပါတယ်။


အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို ပြန်မယ်ဆိုပါက သံရုံးတွင် ဝင်ငွေခွန် ထမ်းဆောင် ပြီးကြောင်း ထောက်ခံစာ လာရောက်ယူဆောင်သွားဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။


စင်္ကာပူအစိုးရအနေနဲ့ အခွန်နှစ်ထပ် မကျခံစေရေး သဘောတူညီချက် Avoidance of Double Taxation Agreements (“DTAs”) ကိုလက်မှတ်ရေးထိုးထားပြီး အဆိုပါ သဘောတူညီချက်အရ စင်္ကာပူနိုင်ငံမှာ အခွန်ထမ်းနေသူတွေ အနေနဲ့ မိခင်နိုင်ငံကနေ အခွန်ကင်းလွတ်ခွင့် ရရှိထားပြီး ဖြစ်သော်လည်း အခုက မြန်မာတွေ အခွန် ထပ် ဆောင်ရမယ့် သဘောဖြစ်နေပါတယ်။


စကစ က အာဆီယံအတွင်း အခွန်သဘောတူညီချက်တွေကို မလေးစားတဲ့ လုပ်ရပ်မျိုးကို စလုံး အပါအဝင် အာဆီယံနိုင်ငံတွေက သည်းခံခွင့်ပြုတာမျိုး မလုပ်သင့်ဘူးလို့ စင်္ကာပူနိုင်ငံရောက် မြန်မာတစ်ဦးက သူ့ရဲ့သဘောထားကို ပြောပါတယ်။


ထိုသို့အခွန်နှစ်ထပ် ကောက်ခံခြင်းကို အရင်စစ်အစိုးရ လက်ထက်ကလည်း ပြုလုပ်ခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ စတင်ကင်းလွတ်ခွင့် ပြုခဲ့တာပါ။


အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်မှတ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကို ပြင်ဆင်ခဲ့ပြီး ပြည်ပရောက် မြန်မာအလုပ်သမားတွေကို အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။


========================


📌📌 ၆။ ပခုက္ကူ-မြိုင်လမ်းပိုင်းတွင် မိုင်းရှင်းရန်လာသည့် စစ်ကား၂စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ဦး သေဆုံး


မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ပခုက္ကူ-မြိုင်လမ်းပိုင်းမှာ မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ကား ၂စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ Pakokku People Defence Force – PPDF ကထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ တပ်မ ၁ဝ၁ ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ ဂျန်မာကား တစီးနဲ့ စစ်ကားတစီးကို ပခုက္ကူ-မြိုင်လမ်းပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အပြင် ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့ပေမယ့် ပြည်သူ့ ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။ 

ယင်းတိုက်ခိုက်မှုကို Pakokku People Defence Force – PPDF နဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မြိုင်ပကဖ၊ Black cobra force pakokkuThe red revolters Young force pakokku Thu Rain ဓါးမင်းကြီး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ယင်းမာပင်တွင် ဒေသကာကွယ်ရေးအဖွဲ့များနဲ့ ပရဟိတအဖွဲ့တစ်ခု ပူးပေါင်းပြီး ချောင်းကူးကားလမ်းခင်း


ဒီဇင်ဘာ ၁၂။


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ခြောက်ဖွဲ့နဲ့ ပရဟိတအသင်း တစ်သင်း ပူးပေါင်းပြီး ချောင်းကူးကားလမ်း အသစ်တစ်ခု ခင်းနေတယ်လို့ သိရပါတယ်။


ယင်းမာပင်ခရိုင်တွင် ရေစီးသန်တဲ့ ချောင်းအား ဖြတ်သန်းရန် ဒေသခံများ နယ်ဝေးမှ ပတ်သွားနေရ သောကြောင်း ဒေသခံပြည်သူများ သွားလာရ အဆင်ပြေစေရန် ချောင်းကူးတံတားခင်းနေတာ ဖြစ်တယ်လို့ တံတားခင်းရာမှာ ပါဝင်နေတဲ့ ADPRA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


အဆိုပါ တံတားခင်းတာကို အနာဂါတ်ကြယ်လေးများ ပရဟိတအသင်း၊ မဟူရာဒေါင်းမင်း PDF PDA (ယင်းမာပင်ခရိုင် တပ်ရင်း ၃၅) Brother Defense Force B.D.F Black Shadow PDF (ADPRA ခွဲ ) ကိုမိုးကြိုး (မုံရွာ .က.) နဲ့ ADPRA (ယင်းမာပင်ခရိုင် တပ်ရင်း ၃၀) တို့က ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။


လမ်းခင်းရန် ခန့်မှန်း ကျပ်သိန်း ၅၀ ခန့် ကုန်ကျနိုင်ပြီး လက်ရှိတွင် မတည်ငွေ သိန်း ၃၀ ရရှိထားပြီ ဖြစ်တာကြောင့် ထပ်မံလိုအပ်နေတဲ့ ကုန်ကျငွေကို ပါဝင်ကူညီ ပေးကြဖို့ တော်လှန်ရေး အင်အားစုများက တိုက်တွန်း ပြောဆို ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်စစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment