အကြမ်းဖက်စစ်တပ်က ရုရှားကနေ သဘာဝမြေဩဇာတင်သွင်းဖို ပြင်ဆင်နေပြီး ညံ့ဖျင်း တဲ့လုပ်ရပ်ဖြစ်တယ်လို ကျွမ်းကျင်သူများက ဝေဖန်… မကြေးမုံ Radio NUG, ဒီဇင်ဘာ ၁၂၊ ၂၀၂၃



အကြမ်းဖက်စစ်တပ်က ရုရှားကနေ သဘာဝမြေဩဇာတင်သွင်းဖို ပြင်ဆင်နေပြီး ညံ့ဖျင်း တဲ့လုပ်ရပ်ဖြစ်တယ်လို ကျွမ်းကျင်သူများက ဝေဖန်…
မကြေးမုံ Radio NUG, ဒီဇင်ဘာ ၁၂၊ ၂၀၂၃


ဓတ်မြေဩဇာတွေ ဈေးနှုန်းကြီးမြင့်လာတာကိုအကြောင်းပြပြီး ပြည်တွင်းကလယ်ယာ ဘေးထွက်ပစ္စည်းတွေနဲ့ ထုတ်လုပ်သုံးစွဲနိုင်တဲ့ သဘာဝမြေဩဇာတွေကို ရုရှားကမှာယူသုံး စွဲဖို ပြင်ဆင်လာတဲ့ စစ်ကောင်စီရဲ့မဆီလျော်တဲ့အစီအမံကို လွတ်လပ်တဲ့ စိုက်ပျိုးရေးပ ညာရှင်တွေက အခုလို ကန့်ကွက်ရှုတ်ချလိုက်တာဖြစ်ပါတယ်။

“တိုင်းပြည်က တော်တော်ကိုညံ့သွားပြီလေ။ အုပ်ချုပ်တဲ့သူတွေရော၊ စီမံတဲ့သူ တွေရော လူအ၊ လူညံ့တွေဖြစ်သွားပြီလေ။ သဘာဝပေါက်ပင်တွေရှိတယ်လေ၊ သစ်ပင်မျိုး စုံရှိနေတာပဲ။ သစ်ပင်မျိုးစုံက ရတဲ့ဘေးထွက်ပစ္စည်းတွေ စိုက်ပျိုးတဲ့သီးနှံတွေနဲ့ ပတ်သက် ပြီးတော့ ပဲမျိုးစုံရှိတယ်၊ ဆန်စပါးရှိတယ်၊ သီးနှံပေါင်းစုံကထွက်တဲ့လေလွင့်တဲ့ပစ္စည်းတွေ ရှိတယ်၊ အဲ့ဒါတွေကနေ လုပ်လိုရတာပဲ၊ တိရစ္ဆာန်ရဲ့အညစ်အကြေးတွေနဲ့ လုပ်လိုရတာပဲ၊ သူတိုတွေကဘာတွေဖြစ်နေကြတယ်မသိဘူး ” 

ကောက်ပဲသီးနှံအစေ့အဆံ တွေကိုရိတ်သိမ်းခြွေလှေ့ပြီးတဲ့နောက် ကျန်ရှိတဲ့ ရိုးပြတ်တွေ၊ သစ်ရွက်ဆွေးတွေ၊ ပြောင်းရိုးတွေ၊ ပဲခွံတွေစတဲ့ အပင်ထွက်ပစ္စည်းတွေနဲ့ နွားချေး၊ ကြက် ချေးတွေက သဘာဝမြေဩဇာထုတ်လုပ်နိုင်တဲ့ အကောင်းဆုံး ကုန်ကြမ်း ပစ္စည်းတွေ ပဲဖြစ် ပါတယ်။ ပြည်တွင်းမှာ အလုံအလောက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုထုတ်လုပ် နိုင်ရင် ကုန်ကျစရိတ်ပိုသက်သာလို စိုက်ပျိုးသီးနှံကနေအကျိုးအမြတ်ပိုပြီးရလာမှာဖြစ် တယ်လို သဘာဝမြေဩဇာထုတ်လုပ်မှုကျွမ်းကျင်သူ စိုက်ပျိုးရေးဘွဲရတစ်ဦးကထောက်ပြ ပါတယ်။

“ ကျွန်တော်တို နိုင်ငံက ပြောမယ်ဆိုရင်စိုက်ပျိုးရေးကနေ အကျိုးအမြတ်ကနည်း နေတာပေါ့နော်၊ အဲ့ဒီမှာ ပြောမယ်ဆိုရင် အချက်တွေက စိုက်ပျိုးရေးအတွက်သုံးရတဲ့ ပစ္စည်းတွေအကုန်လုံးကို ကျွန်တော်တိုနိုင်ငံထဲမှာ မထုတ်နိုင်ပဲနဲ့ ပြည်ပကနေ သွင်းနေရ တဲ့ ဟာမျိုးတွေက အဓိကပါတယ်၊ ဆိုကြပါစို မျိုးစေ့ကနေစပြီးတော့ ပိုးသတ်ဆေးဆိုရင် လည်း အပြင်ကသွင်းတယ်၊ ဓာတ်မြေဩဇာဆိုရင်လည်း အပြင်ကသွင်းတယ်၊ အဲ့ဒီအတွက် စိုက်ပျိုးရေးမှာက တောင်သူတွေအကျိုးအမြတ်နည်းနေတာ အဲ့အချက်တစ်ချက်လည်းပါ တယ်။ ဒါကြောင့်ဖြစ်နိုင်လိုရှိရင် ပြည်တွင်းဖြစ်တွေကို အားပေးပြီးတော့ ပြည်တွင်းမှာ ဈေး နှုန်းသက်သာစွာနဲ့ ထုတ်လုပ်ပြီးသုံးတာမျိုးကျ ကျွန်တော်တိုအတွက်အကျိုးရှိပြီးတော့ နိုင်ငံတကာက တင်သွင်းလာရင် အခုချိန်က ဒေါာလာဈေးနဲ့ဆိုရင် အဆင်ပြေမှာမဟုတ် ဘူး ” 

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်မှာပဲ မြန်မာနဲ့ ရုရှစီးပွားရေးလုပ်ငန်း ရှင်များတွေ့ဆုံပွဲတွေကို စက်တင်ဘာလ အတွင်းမှာစတင်ကျင်းပခဲ့ကြပြီး ပြီးခဲ့တဲ့ ဒီဇင် ဘာလ ၅ရက်နေ့မှာလည်း ထပ်မံတွေ့ဆုံခဲ့ကြပါတယ်။ ပြည်တွင်းဓာတ်မြေဩဇာထုတ် လုပ်မှုက တန်ချိန် ၅သိန်းလောက်သာရှိပြီး တင်သွင်းရတဲ့ ပမာဏက တန်ချိန် ၁၂သိန်း လောက်ရှိပါတယ်။ မြန်မာနိုင်ငံကနေဓာတ်မြေဩဇာတင်သွင်းတဲ့ နိုင်ငံတွေထဲမှာ ရုရှား နိုင်ငံလည်းပါဝင်နေပြီး အခုအခါမှာ သဘာဝမြေဩဇာကိုပါ ထပ်မံတင်သွင်းဖို ပြင်ဆင် လာတာပဲဖြစ်ပါတယ်။

Share:

No comments:

Post a Comment