14th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအောင်ပွဲ အသီးအပွင့်များကို မြင်တွေ့နေရပြီး မကြာမီကာလအတွင်း အောင်ပွဲကို ရရှိ ခံစားကြရမည်မှာ အသေအချာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာန မှ ဒုဝန်ကြီး နိုင်ကောင်းရွက်မှ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင် မဟာမိတ်တပ်ဖွဲ့ရဲဘော်များနှင့်တွေ့ဆုံ

📌 ၄။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ၂၅၀၀၀၀မှာ ၆ရာခိုင်နှုန်းသာရှိသေး၍ ပြည်သူများဝိုင်းဝန်းကြရန်တိုက်တွန်း

📌 ၅။ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို လက်တုန့်ပြန်တိုက်ခိုက်မည်ဟု ညီနောင် ဖွဲ့ပြော

📌 ၆။ မုံရွာ နမခ ရှိ အရာရှိရပ်သာနှင့် အရေးကြီးနေရာများကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှု အရာရှိအပါဝင် ၅ဦး သေဆုံးပြီး များစွာဒဏ်ရာရ

📌 ၇။ ဖြူး ညောင်ပင်သာရဲစခန်းနှင့် ကညွတ်ကွင်း ဘုရားငါးဆူရဲကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ၄ဝ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

📌 ၈။ နိုဝင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သား ၁၈၉၄၄ ဦး ရှိခဲ့ပြီး ထောက်ပို့ငွေ ပမာဏ အမေရိကန်ဒေါ်လာ ၆၃၈၉၅၄.၂၃ ခန့်ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအောင်ပွဲ အသီးအပွင့်များကို မြင်တွေ့နေရပြီး မကြာမီကာလအတွင်း အောင်ပွဲကို ရရှိ ခံစားကြရမည်မှာ အသေအချာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့


ဒီဇင်ဘာလ ၁၃ရက်။ 

တော်လှန်ရေးအောင်ပွဲ အသီးအပွင့်များကို မြင်တွေ့နေရပြီး မကြာမီကာလအတွင်း အောင်ပွဲကို ရရှိခံစားကြရမည်မှာ အသေအချာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရမှ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


ကယန်းတိုင်းရင်းသားများက နှစ်သစ်ကူးနေ့ အခါသမယကို ကောက်သစ်စားပွဲဖြင့် စတင်လေ့ရှိပြီး စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ဂီတတို့ကို ထိန်းသိမ်းနိုင်ရန်အတွက် ပွဲတော်ကျင်းပပြီး လူမျိုးဂုဏ်ကို ထိန်းသိမ်းမြှင့်တင်လေ့ ရှိရာ အကြမ်းဖက်စစ်တပ်၏ မြန်မာနိုင်ငံ့နေရာ အနှံ့အပြားသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မည်သည့်အထိမ်းအမှတ် ပွဲတော်ကိုမျှ ကျင်းပနိုင်ခြင်း မရှိဘဲ ဘေးလွတ်ရာ နေရာများကို ထွက်ပြေးတိမ်းရှောင်ကာ ဆင်းရဲဒုက္ခ ကြီးစွာဖြင့် နေထိုင်ခိုလှုံလျက် ရှိတယ်လို့ NUG က ဆိုပါတယ်။


သို့သော်လည်း ယခုအခါ အကြမ်းဖက်စစ်တပ်ကို ကယန်းတိုင်းရင်းသားများ အပါအဝင် မြန်မာတနိုင်ငံလုံးမှ တိုင်းရင်းသားများ အားလုံးက စုစည်းညီညွတ်စွာ တော်လှန်တိုက်ခိုက် နေမှုများကြောင့် () နှစ်နီးပါး ပင်ပန်းဆင်းရဲကြီးစွာ စိုက်ပျိုးထားကြတဲ့ တော်လှန်ရေးအောင်ပွဲ အသီးအပွင့်များကို မြင်တွေ့နေရပြီး မကြာမီကာလအတွင်း အောင်ပွဲကို ရရှိခံစားကြရမည်မှာ အသေအချာ ဖြစ်ပါတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးပန်းတိုင်ကို ရောက်ရှိတော့မယ့် ကာလတွင် ကယန်း တိုင်းရင်းသားများနှင့် ပိုမိုရင်းနှီးချစ်ကြည်စွာ လက်တွဲပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအောင်ပွဲ အသီးအပွင့်များ ရရှိခံစားရင်း အတူတကွ ပိုမို ယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြစေကြောင်း ဆန္ဒပြုရင်း ကယန်းနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုထားပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဒီဇင်ဘာလ ၁၃ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၄/၂၀၂၃) ကို ဒီဇင်ဘာ ၁၃ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူအုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်တဲ့ လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သက်လို့ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာန မှ ဒုဝန်ကြီး နိုင်ကောင်းရွက်မှ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင် မဟာမိတ်တပ်ဖွဲ့ရဲဘော်များနှင့်တွေ့ဆုံ


ဒီဇင်ဘာလ ၁၃ရက်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRFကအသိပေးဆိုပါတယ်။


တွေ့ဆုံပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ တော်လှန်ရေးရဲဘော်များနှင့်တွေ့ဆုံကာ ၃နှစ်နီးပါးကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရသည့် ရဲဘော်များ၏ စိတ်ဓါတ်ခွန်အားတက်ကြွစေရန်လည်း အားပေးစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန - ဒုဝန်ကြီး နိုင်ကောင်းရွက်နှင့် တွေ့ဆုံပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် - MSRF ဒေါနစစ်ကြောင်း ABSDF တပ်ရင်း - ရေးပြောက်ကျားတပ် - YGF Ye Defence Force - YDF Mon State Revolutions Organization - MSRO Ye Air Force - YAF စသည့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ပါဝင်ခဲ့ပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူများလည်းပါဝင်ခဲ့ပြီး ရဲဘော်များ၏ လိုအပ်ချက်များကိုလည်း အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှအမြစ်ပြတ်ရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်သွားကြမည်ဟု တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သစ္စာရေသောက် ကတိသစ္စာပြုထားပါတယ်။


========================


📌📌 ၄။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ၂၅၀၀၀၀မှာ ၆ရာခိုင်နှုန်းသာရှိသေး၍ ပြည်သူများဝိုင်းဝန်းကြရန်တိုက်တွန်း


ဒီဇင်ဘာ၁၃ရက်။

𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ၂၅၀,၀၀၀ မှာ ၆ရာခိုင်နှုန်းသာရှိသေး၍ ပြည်သူများဝိုင်းဝန်းကြရန် 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧က ဒီဇင်ဘာ၁၃ရက်မှာ တိုက်တွန်းထားပါတယ်။


"𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧ကDay 23 ကို ရောက်ရှိပါပြီ။ ဒီကနေ့အထိ လိုအပ်တဲ့ 𝟐𝟓𝟎,𝟎𝟎𝟎 𝐔𝐒𝐃 target ရဲ့  [𝟔%] သာ ရရှိပါသေးတယ်။ နိုင်ငံအလိုက် ပါဝင်အားဖြည့်မှုအခြေအနေပြ ဇယားမှာ ကြည့်လိုက်ရင် Campaign target ပြည့်မှီဖို့ အတော်လေး လိုနေသေးတာကို တွေ့မြင်နိုင်ပါတယ်။ Campaign ကာလကတော့ ဇန်နဝါရီလ (၁၅) ရက်နေ့အထိပါ။ ထုံးစံအတိုင်း စလုံးနဲ့ မြန်မာက ရှေ့ပြေးနေပြီး ကျန်တဲ့ တောင်ကိုရီးယား၊ မလေးရှား၊ အာရှ၊ အမေရိကနဲ့ ဥရောပတစ်ခွင်က အမျိုးတွေရေ အရွေ့နှေးနေလို့ ကူတွန်းပေးကြပါဦး"လို့ဆိုထားပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။


အဆိုပါကမ်းပိန်းကို နိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင် ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။


========================


📌📌 ၅။ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို လက်တုန့်ပြန်တိုက်ခိုက်မည်ဟု ညီနောင် ဖွဲ့ပြော


ဒီဇင်ဘာလ ၁၃ရက်။

ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်ပြီး ဖမ်းဆီးမှုများနှင့် မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်ဒေသက မြို့နယ်အချို့ရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးများဖြင့် အကြောင်းမဲ့တိုက်ခိုက်နေမှုနဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်းကြောင်း၊ ရေကြောင်းလေကြောင်းကနေ တိုက်ခိုက်နေတာတွေနဲ့ပတ်သက်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က အသိပေးထုတ်ပြန် လိုက်တာဖြစ်ပါတယ်။ 

စစ်ရေးအရအရေးပါတဲ့ တပ်စခန်းကြီးတွေနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့နေရာတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း ညီနောင်မဟာမိတ် ၃ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဟာ လေကြောင်းအသုံးပြုတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုတို့အပြင် ရခိုင်ဒေသမှာဆိုရင် ရေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့လည်း အသိပေးထားပါတယ်။ 

ရခိုင်ဒေသတွင်းမှာရှိတဲ့ မြိုကြီးအချို့မှာဆိုရင် စစ်ကောင်စီဟာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများနဲ့အတူ မြိုမ‌ဈေးကြီး တွေကိုပါ မီးရှို့ဖျက်ဆီးခြင်းများအထိ မိုက်မဲစွာပြုလုပ်လာတယ်လို့ သိရပါတယ်။ 

ထို့အပြင် အပြစ်မဲ့အရပ်သားပြည်သူများအား နေ့စဉ်ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ ကုန်းလမ်းရေလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခြင်းနှင့် မိမိတို့အဖွဲများနှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်များနှင့် အရပ်သားပြည်သူများအား လိုက်လံရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်နေတာဟာ ပြည်သူလူထုကို ဒဏ်ခတ်တဲ့သဘောမျိုး လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ပြောပါတယ်။ 

ထို့ကြောင့် မိမိတို့ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကို လက်တုန့်ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ကိုးကန့် MNDAA ၊တအောင်းတပ် TNLA ရခိုင်တပ်တော် AA တို့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မုံရွာ နမခ ရှိ အရာရှိရပ်သာနှင့် အရေးကြီးနေရာများကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှု အရာရှိအပါဝင် ၅ဦး သေဆုံးပြီး များစွာဒဏ်ရာရ


ဒီဇင်ဘာလ ၁၃ရက်။

စစ်ကိုင်းတိုင်း မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ် အရာရှိရပ်သာနဲ့အရေးပါတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ဦးသေဆုံးပြီး များစွာဒဏ်ရာရရှိသွားတယ်လို့ KLG-PDF ကျောက်လုံးကြီးက ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၂ ညနေ နာရီခန့်အချိန်မှာ ဒေါင်းတမန် စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် မုံရွာ .. အတွင်းမှာရှိတဲ့ စက်လက်နက်ခွဲ သိုလှောင်ရုံ စနခ ၇၄၇ တပ်၊ နမခ စစ်တိုင်းရုံး အရာရှိရိပ်သာဆောင်အပါအဝင် အခြားအရေးပါတဲ့ နေရာတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံး၊ ယာယီလေတပ်ဆွယ်အရာရှိရိပ်သာ၊ လေယာဉ်ဆီသိုလှောင်ကန်၊ စစ်ထောက်ပို့ လေယာဥ်တွေဖြစ်တဲ့ ရဟတ်ယာဥ်များ အတက်အဆင်းပြုလုပ်ရာ မုံရွာလေဆိပ် လေယာဥ်ပြေးလမ်းတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

ယာယီလေတပ်ဆွယ်အရာရှိရိပ်သာဟာ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေးတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက် မပြတ်ပြုလုပ်နေတဲ့ နမခ-မုံရွာယာယီလေတပ်ဆွယ်မှ Air Traffic Control (ATC) လေကြောင်းထိန်းချုပ်ရေး စင်တာက ဝန်ထမ်းတွေနဲ့ Mi-35, Mi-17 Pilot/Crew တွေနေထိုင်တဲ့ ယာယီလေတပ်ဆွယ်အရာရှိရိပ်သာဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်မှုပြီးချိန်မှာ နမခ စစ်ဆေးရုံက လူနာတင်ကား စစ်တိုင်းရုံးဝင်းအတွင်း ဝင်သွားပြီး နမခ တပ်တွင်းကနေ ငါးကြင်းမြီး စက်ကလေးနဲ့လက်နက်ငယ်တွေအပါအဝင် ၆၀ မမ ၈၁ မမ အပြင် ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်နဲ့ ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးက ထုတ်ပြန်ထားပါတယ်။ 

နောက်ဆက်တွဲသတင်းတွေအရ အဆိုပါတိုက်ခိုက်မှုကြောင့် တိုင်းရုံးနဲ့အရာရှိရိပ်သာအတွင်း အနည်းဆုံး ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို စစ်ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့လည်း အသိပေးပါတယ်။ 

အဆိုပါစစ်ဆင်ရေးပစ်မှတ်များကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊တပ်ရင်း ၂၂၊တပ်ရင်း ၂၃ (KLG PDF - ကျောက်လုံးကြီး) က ဦးဆောင်စုံစမ်းပေးခဲ့ပြီး လက်တွေ့ မြေပြင်စစ်ဆင်ရေးအဖြစ် Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team-3 PDAF Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team-4 SSTF ဆားလင်းကြီးမြို့နယ်ပကဖ တို့ ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အခုလိုစစ်ဆင်ရေးတွေ အဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုအနေနဲ့ တက်နိုင်သမျှ ကူညီထောက်ပို့ ပေးကြဖို့ မြေပြင်ရဲဘော်များက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ ဖြူး ညောင်ပင်သာရဲစခန်းနှင့် ကညွတ်ကွင်း ဘုရားငါးဆူရဲကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ၄ဝ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဒီဇင်ဘာလ ၁၃ရက်။

ပဲခူးတိုင်း ဖြူးမြို့နယ်မှာရှိတဲ့ ညောင်ပင်သာရဲစခန်းနဲ့ ကညွတ်ကွင်းမြို့အနီးမှာရှိတဲ့ ဘုရားငါးဆူရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၄ဝ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ 

ဖြူးမြို့နယ် ရန်ကုန်-မန္တလေးလမ်းပေါ်မှာရှိတဲ့ ညောင်ပင်သာရဲစခန်းကို ရိုးမစစ်ကြောင်း- အာဠာဝကစစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ BPLA နဲ့ KNLA ပူးပေါင်းစစ်‌ကြောင်းက ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက် နာရီ ၁၅ မိနစ်မှာ တိုက်ခိုက်ခဲ့ပြီး နာရီခန့်အချိန်မှာ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ညောင်ပင်သာရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆ဝ ခန့်ရှိတဲ့အနက် ၃ဝ ခန့်သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Royal Peacock Column က အသိပေးထားပါတယ်။ 

ထို့အတူ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့အနီးမှာရှိတဲ့ ဘုရားငါးဆူ ရဲကင်းစခန်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တွေ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက် နာရီခန့်အချိန်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။  

ဘုရားငါးဆူ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့တဲ့အပြင် သေနတ် လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများက အသိပေးထားပါတယ်။


========================


📌📌 ၈။ နိုဝင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သား ၁၈၉၄၄ ဦး ရှိခဲ့ပြီး ထောက်ပို့ငွေ ပမာဏ အမေရိကန်ဒေါ်လာ ၆၃၈၉၅၄.၂၃ ခန့်ရရှိခဲ့


ဒီဇင်ဘာလ ၁၃ရက်။

နိုဝင်ဘာလ အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သား ဦးရေ ၁၈,၉၄၄ ဦး ရှိခဲ့ပြီး ထောက်ပို့ငွေ ပမာဏ အမေရိကန်ဒေါ်လာ ၆၃၈၉၅၄.၂၃ ခန့် ရရှိခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် PRF က ဆိုပါတယ်။

"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ နိုဝင်ဘာလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့ တပ်သား ဦးရေ ၁၈၉၄၄ ဦး ရှိခဲ့ပြီး ထောက်ပို့ငွေ ပမာဏ အမေရိကန်ဒေါ်လာ ၆၃၈၉၅၄.၂၃ ခန့် ရရှိခဲ့တယ်"လို့ PRF ကဆိုထားတာပါ။


နိုဝင်ဘာလအတွင်း တာဝန်ထမ်းဆောင်မှုများကို  PDF တပ်ရင်း / စစ်ကြောင်းများရဲ့ တပ်ရင်း ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် (၁၉) ကြိမ်မြောက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့ အခါမှာလည်း PRF စာမျက်မှာများမှ တဆင့် ပြန်လည်တင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ထောက်ပို့မှုအများဆုံး ရရှိခဲ့တဲ့တိုင်းများမှာ စစ်ကိုင်းတိုင်း ထောက်ပို့တပ်သား ၁၅၃၄ ဦး၊ ထောက်ပို့ငွေ အမေရိကန်ဒေါ်လာ ခန့်မှန်း ၄၄၆၂၃.၁၉ ခန့်၊ ရန်ကုန်တိုင်း ၁၀၈၀ ဦး၊ အမေရိကန်ဒေါ်လာ ခန့်မှန်း ၃၆၁၈၃.၀၇ ခန့်၊ တနင်္သာရီတိုင်း ၁၂၄၀ ဦး၊ အမေရိကန်ဒေါ်လာ ခန့်မှန်း ၂၁၃၃၇.၇၉ ခန့် ရရှိခဲ့တယ် လို့သိရပါတယ်။


"ပြည်သူ့ကာကွယ်ရေး တပ်သားတွေနဲ့ အတူတူ ဒီတိုက်ပွဲမှာ ပါဝင်တော်လှန် နေကြတဲ့ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်သား ရဲဘော်အားလုံးကို လေးစားဂုဏ်ပြု အပ်ပါတယ်လို့လည်း PRF က ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment