မြန်မာ ကို ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာစေတာ ဘာကြောင့်လဲ မကြေးမုံ (Radio NUG) ဒီဇင်ဘာ ၁၃၊ ၂၀၂၃



မြန်မာ ကို ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာစေတာ ဘာကြောင့်လဲ

မကြေးမုံ (Radio NUG) ဒီဇင်ဘာ ၁၃၊ ၂၀၂၃


ကမ္ဘာတစ်ဝှန်း ဘိန်းဖြူထုတ်လုပ်မှုရဲ့အဓိကရင်းမြစ်ဖြစ်တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအ များဆုံးနိုင်ငံအဖြစ် အာဖဂန်နစ္စတန်နိုင်ငံကိုကျော်ပြီး မြန်မာနိုင်ငံက ထိပ်တန်းစိုက်ပျိုးသူ နိုင်ငံဖြစ်လာတယ်လို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ် နင်းရေးအဖွဲ UNODC ကထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး တဲ့ နောက်ပိုင်း တရားဥပ ဒေစိုးမိုးမှုမရှိတော့ပဲ ဘိန်းစိုက်ပျိုးမှုကို ပိုပြီးလွတ်လွတ် လပ်လပ် စိုက်ပျိုးလာကြတာက စိုက်ဧကကိုတက်လာစေတယ်လို ရှမ်းပြည်မြောက်ပိုင်း အခြေ စိုက် မူးယစ်ကယ်ဆယ် ရေးလုပ်ငန်းတွေကို နှစ်ပေါင်းသုံးဆယ်ကြာ လုပ်ကိုင်လာသူတစ်ဦး က အခုလို ပြောပါတယ်။


“ ဘာ့ကြောင့်ဒီလိုတိုးပွားလာလည်းဆိုတာက  စစ်ဖြစ်နေတဲ့အခါကျတော့ သူတို က သူ့ဟာသူ စစ်သွားတိုက်နေကြတာလေ။ စစ်ဘောင်တွေချဲ့နေကြတာလေ၊ ပလောင် တောင်မှ ဘိန်းစိုက်ခင်းတွေတွေ့တယ်၊ ဘိန်းသတင်းရတယ်ဆိုရင် ဝင်ဖျတ်တာလေ၊ သူတို အဲ့လိုတွေ ဝင်လုပ်ပစ်တာ၊ အခု အဲ့လို သတင်းမတက်တာတွေလည်း ကြာပြီ။ အဲ့ဒါ ကြောင့် ရှင်းရှင်းပြောရရင် ဒီဟာကို ကိုင်တွယ်ဖို လွတ်နေတာ ” 


တစ်နိုင်ငံလုံးမှာ ဘိန်းစိုက်ဧကက လက်ရှိ ၂၀၂၃ခုနှစ်မှာ ဧက ၁၁၇၇၅၀ ဧကရှိပြီး မနှစ်က ၁၀၀၂၅၀ ဧက ရှိတယ်လို UNODC ကထုတ်ပြန်ပါတယ်။ ဘိန်းစိုက်ဧကအများဆုံးရှိတဲ့ ရှမ်း ပြည်နယ်မှာတော့ မနှစ်ကထက်တိုးလာတဲ့ စိုက်ဧက ၁၇၅၀၀ မှာ စိုက် ဧက ၂၀ ရာခိုင်နှုန်း တိုးလာတယ်လို ထုတ်ပြန်ပါတယ်။ ဘိန်းစိုက်ဧကအများဆုံးတိုးလာတဲ့ ရှမ်းပြည်နယ်မှာ ပန်းမျိုးစုံအပါအဝင်၊ လက်ဖက်၊ ကော်ဖီ၊ လိမ္မော်စတဲ့ နှစ်ရှည်သီးနှံ တွေအပြင် မုန်ညင်း၊ မုန်လာ၊ ဂေါာဖီ၊ အာလူး၊ ကြက်သွန်ဖြူ၊ ပဲမျိုးစုံ စတဲ့ မြန်မာနိုင်ငံရဲ့ စားဖိုဆောင်လို တင်စားလိုရတဲ့ ကောက်ပဲသီးနှံတွေကိုစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ရှမ်းကုန်းမြင့်ပေါာက သီးနှံစိုက်ပျိုးသူတောင်သူတွေဟာ အခြားကောက်ပဲသီးနှံတွေအပြင် ဘိန်းကို ဘာ့ကြောင့် စိုက်ပျိုးနေကြတာပါလဲ။ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘိန်းစိုက်ပျိုးရာဒေသ တွေမှာ လက်ဖက် နည်းပညာတွေကို စေတနာ့ဝန်ထမ်းအဖြစ်လိုက်လံ သင်ကြားပေးနေသူ တစ်ဦး ကတော့ အခုလို ပြောပါတယ်။


“ ဈေးကွက်။ ဈေးကွက်ပေါ့နော်၊ အဓိက ပညာ၊ ဗဟုတုတမပြည့်စုံတဲ့အခါကျ တော့ပညာရေးအားနည်းတယ်၊ သူတို မျက်လုံးတွေကိုပိတ်အောင်လုပ်ထားတယ်၊ ဘိန်း စိုက်ခြင်းကို ရာဇဝတ်မှုလိုမမြင်ဘူး၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်နေတယ်လိုပဲမြင်တယ်။ ဒါကြီးကိုစိုက်နေတာ မကောင်းဘူးလိုမမြင်ဘူး။ ဈေးကွက်ဆိုတာ အလုပ်သမားဈေးကွက် ရယ်၊ ဘိန်းကိုရောင်းလိုရတဲ့ဈေးကွက် ၂ခု၊ အလုပ်သမားဈေးကွက်ကလည်း ရိုးရိုးခြံလုပ် ငန်းထဲမှာ အာလူးခင်းတို၊ ဂေါာဖီခင်းတို လက်ဖက်ခင်းတိုမှာ လုပ်တဲ့တောင်သူတွေက နေ့စားရမှာ ငါးထောင်၊ ခြောက်ထောင်၊ အခုတော့ ရှစ်ထောင်လောက်ဖြစ်မယ်၊ ခုနှစ် ထောင်ဆိုတာ အများဆုံးပါပဲ။ ဒါပေမယ့်ဘိန်းခြံထဲကိုသွားလုပ်တဲ့ နေ့စားလုပ်သားက တစ်ရက်ကို နှစ်သောင်း ရတယ်၊ အဲ့ဒီမှာတင်ဈေးကွက်တစ်ခုဖြစ်သွားတယ်၊ နောက်တစ်ခုက ဘိန်းဈေးသည် ဈေး အမြင့်ဆုံးပဲ။ ဆိုလိုတာက လက်ဖက်တို ကော်ဖီတိုဆိုရင်လည်း အစားထိုးလိုရတယ်ဆိုရင် လက်ဖက်တို၊ ကော်ဖီတိုကို တန်ဖိုးမြှင့်ထုတ်လိုရတဲ့ စနစ်တွေအားနည်းနေတယ်။ လက် ဖက်ခြောက်တစ်ပိသာကို သုံးသိန်းရတယ်တို ဒါမျိုးနည်းစနစ်တွေ အားနည်းနေသေး တယ်။ မရှိသေးဘူး။ အဲ့ဒီအတွက် ဘိန်းအစားထိုးနဲ့ လက်ဖက်ပဲ လုပ်မယ်ပြောပြော ကော်ဖီ ပဲလုပ်မယ်ပြောပြော၊ ပန်းဂျုံပဲ လုပ်မယ်ပြောပြော ဘိန်းတစ်ပိသာတန်ဖိုးက ရိုးရိုးစိုက်ပျိုး ရေးထွက်ကုန်တွေက ရောင်းရတဲ့ တန်ဖိုးကမမှီဘူး။ အဲ့မှာ ဈေးကွက်တစ်ခုဖြစ် တာ  ” 


မနေ့ကထုတ်ပြန်လိုက်တဲ့ UNODC ရဲ့ထုတ်ပြန်ချက်မှာတော့ အခုနှစ်အတွင်းဘိန်းစိမ်း ထုတ်လုပ်မှုက တန်ချိန် ၁၀၈၀ တန်ကိုထုတ်လုပ်ခဲ့တယ်လို ထုတ်ပြန်ပါတယ်။ ဒီပမာဏက စိုက်ဧကများလာသလို စိုက်ပျိုးတဲ့လုပ်ငန်းမှာ ပိုပြီးကျွမ်းကျင် လာတဲ့အတွက် တစ်ဧက ဘိန်းစိမ်းအထွက်နှုန်းကလည်း ၄ပိသာလောက်အထိတိုးလာ တယ်လို ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင်ဘိန်းကရတဲ့ ဝင်ငွေကလည်း မနှစ်ကထက် ၂၇ရာ ခိုင်နှုန်း အထိတိုးလာပြီး ဘိန်းစိမ်းတစ်ပိသာကို မြန်မာကျပ်ငွေ ၁၂သိန်းလောက်ရရှိ လာပါတယ်။ ဘိန်းကရတဲ့ အကျိုး မြတ်ကို စစ်တပ်ကရယူသုံးစွဲနေသလို ဘိန်းစိုက် သူတောင် သူတွေမှာလည်း ဒေသတွင်းမှာ အခြေခံအ ဆောက်အအုံမဖွံဖြိုးတဲ့အပြင် အခြားမှီခိုစရာ အသက်မွေး လုပ်ငန်းတွေကလည်း ဘိန်းကရတဲ့ဝင်ငွေထက်နည်းပါးနေ ပါတယ်။ ဒါ့အပြင် ဘိန်းအစားထိုး သီးနှံလုပ်ငန်းတွေကလည်း လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်ကထဲက လုပ်ကိုင်ခဲ့ တာဖြစ်ပေမယ့် မအောင်မြင်ခဲ့တာတွေက ဘိန်းစိုက်ပျိုးမှုလုပ်ငန်းကို ပိုပြီးတိုး ပွားလာ စေပါတယ်။ ဒါ့ကြောင့် ဘိန်းစိုက်ပျိုးတဲ့လုပ်ငန်းကိုပဲ  မှီခိုနေကြရအုန်းမှာဖြစ်ပြီး ဒေသ တွင်း က ဘိန်းစိုက်ပျိုးဧကတွေ ပိုပြီးတိုးလာဖို ရှိနေတယ်လို ဘိန်းစိုက်ပျိုးစီးပွားကို နား လည်သူတွေက သုံးသပ်ကြပါတယ်။

Share:

No comments:

Post a Comment