15th DEC 2023 - Evening Daily News by Radio NUG



၂၀၂၃ ဒီဇင်င်ဘာလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကုလသမဂ္ဂဆိုင်ရာ အိုအိုင်စီသံအမတ်ကြီး H.E Hameed Opeloyeru နဲ့ NUGလူ့အခွင့်ရေးရာ ဒုတိယဝန်ကြီးတို့နယူးယောက်မြို့ မှာတွေ့ဆုံဆွေးနွေး

📌 ၂။ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထူဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ နည်းပြသင်တန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာလူဦးရေ (,၆၅၉)ဦးကို ဆင့်ပွားပို့ချနိုင်ခဲ့

📌 ၃။ စစ်ကောင်စီ ယုတ်မာစွာနဲ့ ဖြတ်တောက်ထားတဲ့ အင်တာနက်ကွန်ရက်ကို𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭နဲ့ ပြန်ဆက်ကြဖို့ တိုက်တွန်း

📌 ၄။ ကေအဲန်ယူမူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားတချို့သေဆုံးပြီးနေအိမ်များလည်းထိခိုက်ပျက်စီး

📌 ၅။ ၁၀၂၇ စစ်ဆင်ရေးကာလ၄၅ ရက်အတွင်း ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တဲ့ စစ်စခန်း ရဲစခန်းပေါင်း  ၁၄၂ ခုအထိရှိလာ

📌 ၆။ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး နေအိမ်သုံးဆယ်လောက်ကနေ စုစုပေါင်း တန်ဖိုး သိန်းငါးရာကျော်ဖိုးအတင်းအဓမ္မ လုယူသွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကုလသမဂ္ဂဆိုင်ရာ အိုအိုင်စီသံအမတ်ကြီး H.E Hameed Opeloyeru နဲ့ NUGလူ့အခွင့်ရေးရာ ဒုတိယဝန်ကြီးတို့နယူးယောက်မြို့ မှာတွေ့ဆုံဆွေးနွေး


ဒီဇင်ဘာ၁၅ရက်


ကုလသမဂ္ဂဆိုင်ရာ အိုအိုင်စီသံအမတ်ကြီး H.E Hameed Opeloyeru နဲ့ NUGလူ့အခွင့်ရေးရာဒုတိယဝန်ကြီးဦးအောင်ကျော်မိုးတို့နယူးယောက်မြို့ မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီဇင်ဘာ၁၅ရက်မှာ ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကအသိပေးဆိုထားပါတယ်။


"ကုလသမဂ္ဂဆိုင်ရာ အိုအိုင်စီသံအမတ်ကြီး H.E Hameed Opeloyeru နဲ့ နယူးယောက်မြို့ မှာ တွေ့ဆုံခဲ့ပြီး OIC က မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မည်သို့ပံ့ပိုးပေးနိုင်မည်ကိုအဓိကထားဆွေးနွေးခဲ့တယ်"လို့ဆိုပါတယ်။


ထို့အပြင်ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများအပါအဝင် အမျိုးမျိုးသော ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့NUGလူ့အခွင့်ရေးဒုဝန်ကြီးကအတည်ပြုဆိုထားပါတယ်။


========================


📌📌 ၂။ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထူဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ နည်းပြသင်တန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာလူဦးရေ (,၆၅၉)ဦးကို ဆင့်ပွားပို့ချနိုင်ခဲ့


ဒီဇင်ဘာ၁၅ရက်


အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထူဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ နည်းပြသင်တန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာလူဦးရေ (,၆၅၉)ဦးကို ဆင့်ပွားပို့ချနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၅ရက်အမျိုးသားညီညွတ်ရေးအစိုးရကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ရှိ မြေပြင်ရှိ လူသားစာနာတာဝန်ခံ (၆၀) ဦးကို (.၁၂.၂၀၂၃) ရက်နေ့မှ (.၁၂.၂၀၂၃) ရက်နေ့အထိ () ရက်တာ အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထူဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည်မြှင့်တင်ရေးဆိုင်ရာ နည်းပြသင်တန်းကို နည်းပညာမျှဝေပေးခဲ့ပါတယ်လို့ဆိုပါတယ်။


အဆိုပါသင်တန်း၌ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းနှင့် ဓာတုလက်နက်ပစ္စည်း အန္တရာယ်အသိပညာပေးခြင်း၊ ရှေးဦးသူနာပြုစုခြင်းနည်းများ၊ စိတ်လူမှုခွန်အားပေးအစီအစဉ်နှင့် Safety for Humanitarians စသည့် သင်ခန်းစာများကို မျှဝေပို့ချခဲ့တယ်လို့ဖော်ပြပါတယ်။


 အဆိုပါသင်တန်းတက်ရောက်ခဲ့သည့် မြို့နယ်အသီးသီးမှ လူသားစာနာတာဝန်ခံများက မိမိတို့မြို့နယ်အလိုက် အရပ်သားထိခိုက်မှုလျော့ချရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် အသိပညာကြွယ်ဝရန်တို့အတွက် ထပ်ဆင့်ပြန်လည်မျှဝေ ပို့ချဆောင်ရွက်လျက်ရှိရာ လူဦးရေ (,၆၅၉)ဦးကို ဆင့်ပွားပို့ချနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီ ယုတ်မာစွာနဲ့ ဖြတ်တောက်ထားတဲ့ အင်တာနက်ကွန်ရက်ကို𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭နဲ့ ပြန်ဆက်ကြဖို့ တိုက်တွန်း


ဒီဇင်ဘာ၁၅ရက်


စစ်ကောင်စီ ယုတ်မာစွာနဲ့ ဖြတ်တောက်ထားတဲ့ အင်တာနက်ကွန်ရက်ကို𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭နဲ့ ပြန်ဆက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။


ဒီဇင်ဘာ၁၅ရက်မှာ 𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ကမ်ပိန်းက အခုလို တရားဝင်အသိပေးဆိုထားပါတယ်။


"မဝေးတော့တဲ့ကာလမှာ အားလုံးလိုချင်တောင့်တနေကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို လှမ်းမြင်နေရပြီ။အဲ့ဒီအချိန်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေအချင်းချင်း ပြန်ဆုံကြပြီး မေးခွန်းတွေမေးလာကြတဲ့အခါတို့တော်လှန်ရေးကာလမှာ ဘာတွေလုပ်ပေးခဲ့တာကွလို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောပြနိုင်အောင်𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ပါဝင် ထောက်ပို့ပေးကြပါစို့။ စစ်ကောင်စီ ယုတ်မာစွာနဲ့ ဖြတ်တောက်ထားတဲ့ အင်တာနက်ကွန်ရက်ကို𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭နဲ့ ပြန်ဆက်ကြမယ်"လို့ဆိုထားပါတယ်။


လတ်တလောမှာ𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ၂၅၀၀၀၀မှာ၆ရာခိုင်နှုန်းသာရှိသေး၍ ပြည်သူများဝိုင်းဝန်းကြရန်တိုက်တွန်းထားပါတယ်။


Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။


အဆိုပါကမ်းပိန်းကိုနိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင် ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။


========================


📌📌 ၄။ ကေအဲန်ယူမူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားတချို့သေဆုံးပြီးနေအိမ်များလည်းထိခိုက်ပျက်စီး


ဒီဇင်ဘာလ (၁၅) ရက်


ကေအဲန်ယူမူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၁၄) ရက်နေ့အထိအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားတချို့သေဆုံးပြီးနေအိမ်များလည်းထိခိုက်ပျက်စီးခဲ့ပါတယ်လို့

ဒီဇင်ဘာ၁၅ရက်မှာ KNU ဗဟိုကအသိပေးထုတ်ပြန်ပါတယ်။


ကေအဲန်ယူမူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်() နာရီ အချိန် တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ Mi-35 တစ်စင်းသည် စက်သေနတ်ဖြင့် နယ်နိမိတ် ကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ရာ မခင်နန်းချော (၃၈)နှစ်၊ မောင်ရှမ်းမင်းသူ (၁၃)နှစ်၊ မောင်နေစန်းထွေး (၂၇)နှစ် နှင့် အမည်မသိ ကလေးငယ်()ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုမြင့်ရွှေနေအိမ်နှင့် ဒေါ်ခင်မာလွင် တို့၏နေအိမ် ()လုံး ခန့်ပျက်စီးခဲ့ရပါတယ်။


ထို့နောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် (၈း၄၀) အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တောင်ငူလေတပ်မှတက် လာသော ဂျက်ဖိုက်တာ () စင်းသည် ဝဲကြီးကျေးရွာ အတွင်း သို့ ရော့ကတ် (၁၂) လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မောင်ကောင်းဆက်နိုင် ()နှစ်ခွဲ သေဆုံးခဲ့ရပြီး () မသန်းကြည် (၅၅) နှစ်၊ () မောင်သန်းထွေး (၅၀) နှစ် နှင့် မောင် စည်သူအောင် (၁၄) နှစ်တို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ () ကိုဓနု၏ အိမ်နှင့်ဈေးဆိုင်၊ () ကိုဇော်ဝင်း၏ အိမ်၊ () ကိုစိုးသူ အိမ်၊ () ညားဒီနား၏ အိမ်၊ () ဝဲကြီးကျေးရွာ ဘာသာရေး အလှူငွေ ကျပ်() သိန်းတို့ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် နွား () ကောင် ထိခိုက်ပြီး ဝက်မကြီး () ကောင်နှင့် ဝက်သားပေါက် () ကောင် သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၅။ ၁၀၂၇ စစ်ဆင်ရေးကာလ၄၅ ရက်အတွင်း ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တဲ့ စစ်စခန်း ရဲစခန်းပေါင်း  ၁၄၂ ခုအထိရှိလာ


ဒီဇင်ဘာ၁၅ရက်


၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ (၂၇) ရက်ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ရက်ပေါင်း (၄၅) ရက်အတွင်း ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်AAက  အကြမ်းဖက် စစ်တပ်ရဲ့ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက် အတူနေသောစခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။


ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက် စစ်တပ်စခန်း ရဲစခန်းနဲ့ နယ်ခြားစောင့်တပ်စခန်း ၁၄၂ ခုအထိ ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရက္ခိုင့်တပ်တော် (AA ) က သိမ်းပိုက်ရရှိခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။


 သိမ်းပိုက်ရရှိတဲ့ စကစရဲ့တပ်စခန်းနဲ့ရဲစခန်းများမှာစစ်တွေက ခု၊ ပေါက်တောက ၆ခု၊ ကျောက်ဖြူက ၇ခု ရမ်းဗြဲက ၄ခု မြေပုံက ၄၊ တောင်ကုတ် က ၂ခု၊  သံတွဲက ၃၊  အမ်းက ၄ခု၊  မောင်တောက ၆၂ခု၊ ဘူးသီးတောင်က ၆၊ ရသေ့တောင်က ၄ခု၊ ပုဏ္ဏားကျွန်း ၆ခု၊ ပလက်ဝက ၁၇ခု၊ ကျောက်တော် က ၈ခု၊ မြောက်ဦးက ၃ခု မင်းပြားက ၅ခု စခန်းစုစုပေါင်း  ၁၄၂ ခုအထိသိမ်းပိုက်ရရှိခဲ့ပါတယ်။


========================


📌📌 ၆။ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး နေအိမ်သုံးဆယ်လောက်ကနေ စုစုပေါင်း တန်ဖိုး သိန်းငါးရာကျော်ဖိုးအတင်းအဓမ္မ လုယူသွား


ဒီဇင်ဘာ၁၅ရက်


လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး နေအိမ်သုံးဆယ်လောက်ကနေ စုစုပေါင်း တန်ဖိုး သိန်းငါးရာကျော်ဖိုးအတင်းအဓမ္မ လုယူသွားတယ်လို့ဒီဇင်ဘာ၁၄ရက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက အတည်ပြုဆိုထားပါတယ်။


"တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာထဲကို မနေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး နေအိမ်သုံးဆယ်လောက်ကနေ စုစုပေါင်း တန်ဖိုး သိန်းငါးရာကျော် တန်ဖိုးရှိတဲ့ ရွှေ၊ ငွေ၊ ဆိုင်ကယ်နဲ့ ဖုန်းတွေကို ဓားပြတိုက် လုယူသွားခဲ့ပါတယ်"လို့ဆိုပါတယ်။ 


ဖြစ်စဥ်တွင်အနည်းဆုံး ငွေသား သိန်း ၁၃၀ ကျော်၊ ရွှေ ကျပ်သား၊ ဆိုင်ကယ် စီးနဲ့ ဘေးတွဲဆိုင်ကယ် စီး၊ ဖုန်းအလုံးရေ ၂၀ ကျော်ကိုစကစများက ယူသွားခဲ့ခြင်းဖြစ်ပါတယ်။ 


၁၁ နာရီကျော်လောက်မှာ လောင်းလုံးမြို့ပေါ်ကနေ ကား စီးနဲ့ ဆင်းလာတဲ့ အကြမ်းဖက်တပ်သားတွေဟာ ရွာထဲမွှေနှောက်ပြီး ၁၂ နာရီကျော်လောက်မှာတော့ လောင်းလုံးမြို့ပေါ် ပြန်တက်သွားတယ်လို့သိရပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment