15th DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်တွေအရ ရွာတွေအတွင်းမှာ သတင်းပေး ဒလန်တွေကို သတိထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို

📌 ၂။ ဗြိတိန်ပါလီမန်တွင် ကျင်းပသည့် မြန်မာ့အရေး ကြားနာပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အွန်လိုင်းမှတဆင့်တက်ရောက်ခဲ့

📌 ၃။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းမှာပါဝင်တဲ့ လူ့အခွင့်အရေးမှန်သမျှကို စကစဟာ ကျူးလွန်ချိုးဖောက်နေ

📌 ၄။ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများအား အလင်းဝင်ရောက်ကြရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM စုစုပေါင်း()ဦး အလင်းဝင်ရောက်လာ

📌 ၅။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ အမေရိကန်နိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြ

📌 ၆။ ရက္ခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းမှ ပေါက်တောမြို့ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

📌 ၇။ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီ၏အချိုခြောက် လက်ဖက်ခြောက်စက်ရုံကို TNLAကသိမ်း

📌 ၈။ နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက်နှင့် ဘုရားကြီးကုန်းပေါ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်၏ လက်နက် ()လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိ

📌 ၉။ နမ့်ခမ်းမြို့တွင် စစ်ရှောင် ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၍ ကိုရင်ငယ်တစ်ပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့

📌 ၁၀။ စစ်ကောင်စီ ရဲ့မြန်မာသံရုံးများကဝင်ငွေခွန်စတင် ကောက်ခံနေကြောင်းစာများ ထုတ်ပြန်အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်တွေအရ ရွာတွေအတွင်းမှာ သတင်းပေး ဒလန်တွေကို သတိထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို


ဒီဇင်ဘာလ  ၁၄ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၅၀/၂၀၂၃) ကို ဒီဇင်ဘာ၁၄ရက်မှာ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


"ဒီရက်တွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်း အသုံးပြုမှုတွေ အတော်လေး များလာတဲ့ သတင်းတွေ ကြားနေရပါတယ်။ ၁၂ ရက်နေ့ကဆိုရင် ပုလဲမြို့နယ် မင်းတိုင်ပင် ရွာက ပအဖ တရားရုံးကို တည့်တည့်မတ်မတ် လေကြောင်းတိုက်ခိုက်ခဲ့လို့ တရားရေးတာဝန်ခံနဲ့တကွ ဦး ကျဆုံးသွားတယ်လို့ သိရတဲ့အတွက်လည်း အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ၁၃ ရက်နေ့ကဆိုရင်လည်း ဖြူးမြို့ ညောင်ပင်သာရွာကို ဗုံးကြဲကာ လက်နက်ကြီးနဲ့ ရမ်းပစ်နေမှုတွေ ပြုလုပ်လို့ ပြည်သူတွေ ထိခိုက်သေဆုံးရတယ်လို့လည်း ကြားရပါတယ်။ မင်းတိုင်ပင် ဖြစ်စဉ်မှာဆိုရင် နေရာတိတိကျကျကို လေကြောင်းတိုက်ခိုက်တာဖြစ်လို့ ရွာတွေအတွင်းမှာ သတင်းပေး ဒလန်တွေ ရှိနေတယ်ဆိုတာ သေချာတာမို့ အုပ်ချုပ်ရေး တာဝန်၊ တရား စီရင်ရေးတာဝန်တွေ ထမ်းဆောင်ကြတဲ့အခါမှာ သတိအသိ အမြဲကပ်ကြဖို့ ပြည်သူများကို သေချာစွာ သတိပေးပြောကြားပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေး မြန်မြန် အောင်မြင်စွာ အဆုံးသတ်နိုင်မှပြည်သူတွေ ခံစားနေကြရတဲ့ ဒုက္ခတွေ အထိုက်အလျောက် ငြိမ်းမယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၉/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ဗြိတိန်ပါလီမန်တွင် ကျင်းပသည့် မြန်မာ့အရေး ကြားနာပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အွန်လိုင်းမှတဆင့်တက်ရောက်ခဲ့


ဒီဇင်ဘာလ ၁၄ရက်။

ဗြိတိန်ပါလီမန်တွင် ကျင်းပသည့် မြန်မာ့အရေး ကြားနာပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အွန်လိုင်းမှတဆင့်တက်ရောက်ခဲ့တယ်လို့ ကချင်အမျိုးသား အစည်းအရုံး (KNO)က ဒီဇင်ဘာ၁၄ရက်မှာ သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။


ကချင်အမျိုးသား အစည်းအရုံး (KNO) နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ Kai Htang Lashi ဟာ ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေး ကော်မရှင်မှ ဗြိတိန်ပါလီမန်တွင် ပြုလုပ်သည့် မြန်မာ့အရေး ကြားနာပွဲသို့ မြန်မာနိုင်ငံမှ အခြားသော တက်ကြွလှုပ်ရှားသူများနှင့်အတူ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။


မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဗြိတိန်နိုင်ငံဟာ မိတ်ဘက်အဖြစ်ရပ်တည်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းမှာပါဝင်တဲ့ လူ့အခွင့်အရေးမှန်သမျှကို စကစဟာ ကျူးလွန်ချိုးဖောက်နေ


ဒီဇင်ဘာလ ၁၄ရက်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းမှာ ပါဝင်တဲ့ လူ့အခွင့်အရေးမှန်သမျှကို စကစဟာ ကျူးလွန်ချိုးဖောက်နေတယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။


ဒီဇင်ဘာ၁၄ရက်မှာ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးရဲ့မိန့်ခွန်းကောက်နုတ်ချက်ကို ဖော်ပြပါတယ်။


"ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းမှာပါဝင်တဲ့ တန်းတူညီမျှခြင်း၊ ဘယ်သူ့ရဲ့အခွင့်အရေးကိုမှ မချိုးဖောက်ရခြင်း၊ လူ့အခွင့်အရေးဆိုတာ မွေးရာပါဖြစ်တယ်ဆိုတဲ့ အချက်တွေအားလုံးကို မျက်ကွယ်ပြုပြီးတော့  လူ့အခွင့်အရေးမှန်သမျှကို  ကျူးလွန်စော်ကားခံနေရတဲ့ ဘဝကို ရောက်ရှိနေပါတယ်။"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စကစဟာ လူပေါင်း လေးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်း နှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၄။ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများအား အလင်းဝင်ရောက်ကြရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM စုစုပေါင်း()ဦး အလင်းဝင်ရောက်လာ


 ဒီဇင်ဘာလ  ၁၄ ရက်။

မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများအား အလင်းဝင်ရောက်ကြရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM စုစုပေါင်း()ဦး အလင်းဝင်ရောက်လာတယ်လို့ ဒီဇင်ဘာ၁၄ရက်မှာ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန် ထမ်းဆောင်နေကြသော Non-CDMဝန်ထမ်းများအား (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့) နောက်ဆုံးထား၍  အလင်းဝင်‌ရောက်ရန် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမိန့်ထုတ်ပြန် ကြေညာခဲ့ပြီး မြို့နယ် Non-CDMဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီကိုလည်း စနစ်တကျ ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။


ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော Non-CDMဝန်ထမ်းအကျဉ်းဦးစီးဌာန()ဦး၊ ပညာရေး()ဦး စုစုပေါင်း()ဦး အလင်းဝင်ရောက်လာမှုအပေါ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးတာဝန်ခံ၊ မြို့နယ် Non-CDMဝန်ထမ်းများ စီမံခန့်ခွဲရေးကော်မတီ၊ ရုံးအဖွဲ့များမှ လက်ခံဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


အလင်းဝင်ရောက်သူများအား ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ စီမံခန့်ခွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးများနှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၅။𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ အမေရိကန်နိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို ဖော်ပြ


ဒီဇင်ဘာလ ၁၄ရက်။

𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ အမေရိကန်နိုင်ငံမှ ထည့်ဝင်နိုင်တဲ့ Fundraiser စာရင်းကို𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တရားဝင်ဖော်ပြထားပါတယ်။


လတ်တလောမှာ𝐅𝐞𝐝𝐞𝐫𝐚𝐥 𝐍𝐞𝐭 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ၂၅၀၀၀၀မှာ ၆ရာခိုင်နှုန်းသာရှိသေး၍ ပြည်သူများဝိုင်းဝန်းကြရန်တိုက်တွန်းထားပါတယ်။


Federal Net Campaign ရဲ့ ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့ မြို့နယ် () မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (.) သိန်းလိုအပ်မှာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍  "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။


အဆိုပါကမ်းပိန်းကို နိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင် ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။


========================


📌📌 ၆။ ရက္ခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းမှ ပေါက်တောမြို့ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


ဒီဇင်ဘာလ ၁၄ရက်။

ဒီဇင်ဘာလ (၁၄) ရက်၊ () နာရီခန့်မှ စတင်ပြီး လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တာလို့ ရခိုင့်တပ်တော်AAကအတည်ပြုဆိုထားပါတယ်။


"ဒီဇင်ဘာလ (၁၄) ရက်၊ () နာရီခန့်မှ စတင်ပြီး စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော ရက္ခိုင်ပြည်၊ စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းမှ ပေါက်တောမြို့ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။


နိုဝင်ဘာလ၁၆ရက်နေ့ကတည်းက ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့များက ဒေသခံများကိုဓားစာခံအဖြစ် ပိတ်ဆို့တားဆီးမှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၇။ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီ၏အချိုခြောက် လက်ဖက်ခြောက်စက်ရုံကို TNLAကသိမ်း


ဒီဇင်ဘာလ ၁၄ရက်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီ၏အချိုခြောက်လက်ဖက်ခြောက်စက်ရုံကို ဒီဇင်ဘာ (၁၃) ရက်နေ့၊ ညနေ (:၄၀) အချိန်ခန့်မှာ TNLAက သိမ်းပိုက်လိုက်ပါတယ်။


၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ ညနေ (:၄၀) အချိန်ခန့်တွင် တအာင်းတပ်မ‌တော် (TNLA) သည် တအာင်းပြည်နယ်၊ တပ်မဟာ () စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီ၏အချိုခြောက်စက်ရုံတပ်စခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ပါတယ်လို့ဆိုပါတယ်။


 တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် လက်နက်ကြီးဖြင့် (၁၁) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။


ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏နမ့်ဖတ်ကာစခန်းအား တအာင်း တပ်မ‌တော် (TNLA) သည် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ စစ်ဆင်ရေး (၄၈) ရက်နေ့တွင်လည်း ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


📌📌 ၈။ နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက်နှင့် ဘုရားကြီးကုန်းပေါ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်၏ လက်နက် ()လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိ


ဒီဇင်ဘာလ ၁၄ရက်။

ဒီဇင်ဘာလ (၁၄)ရက်နေ့ ညပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးနဲ့ပတ်သက်လို့ TNLAကအသိပေးဆိုပါတယ်။


"တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန်မြို့မှာ ဒီဇင်ဘာ၁၃ရက် မန်ခိုက်ရပ်ကွက်နှင့် ဘုရားကြီးကုန်းပေါ်တွင် စစ်ကောင်စီ တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ TNLA က စစ်ကောင်စီတပ်၏ လက်နက်()လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့တယ်"လို့အတည်ပြုဆိုပါတယ်။


တပ်မဟာ()စစ်ဒေသ၊ နမ့်ဆန်မြို့နယ်သို့ စစ်ကောင်စီ မန်တုံ ခလရ-၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် () ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


အလားတူ ဒီဇင်ဘာ၁၄ရက် နံနက် (၃း၃၀)နာရီ အချိန်တွင် တပ်မဟာ()စစ်ဒေသ၊ မူဆယ်မြို့နယ် စစ်ကောင်စီ ၁၀၅ မိုင်တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ညီနောင် ()ဖွဲ့ MNDAA/AA/TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၉။ နမ့်ခမ်းမြို့တွင် စစ်ရှောင် ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၍ ကိုရင်ငယ်တစ်ပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့


ဒီဇင်ဘာ ၁၄ ရက်။ 

နမ့်ခမ်းမြို့တွင် စစ်ရှောင် ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲ၍ ကိုရင်ငယ်တစ်ပါး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒီဇင်ဘာ၁၄ရက်မှာ PSLF/TNLA ကအသိပေးဆိုထားပါတယ်။


တအာင်းပြည်နယ် တပ်မဟာ()စစ်ဒေသ၊ နမ့်ခမ်းမြို့၊ ပေါက်တိုက်မရပ်ကွက်ရှိ စစ်ဘေးရှောင် (၂၆၀)ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ(၄း၅၀)အချိန်တွင် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ 


ထိုဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် နမ့်ခမ်းမြို့နယ်က လာရောက်စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်ဦးရေ (၂၆၂)ဦးရှိပြီး ထိုကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်ငယ်တစ်ပါး ကျဉ်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။


အလားတူ မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာနှင့် နမ့်ခုမ်ကျေးရွာအနီးသို့ ယမန်နေ့ (၁၀း၃၀)အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ()ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းရာကျေးရွာအနီးသို့ Y12 လေယာဉ်ဖြင့် ဗုံး ()လုံး လာရောက်ပစ်ခတ်ခဲ့ပါတယ်။


========================


📌📌 ၁၀။ စစ်ကောင်စီ ရဲ့မြန်မာသံရုံးများကဝင်ငွေခွန်စတင် ကောက်ခံနေကြောင်းစာများ ထုတ်ပြန်အသိပေး


ဒီဇင်ဘာလ ၁၄ရက်။

ဒီဇင်ဘာလ ၁၃ရက် ဗန်ကောက်ရှိ စကစသံရုံးထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများတွင် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် % အရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမယ်လို့ဆိုထားပါတယ်။


လစဉ်အခွန် % ၁၅၀ ဘတ် ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမယ်လို့လည်းဖော်ပြထားပါတယ်။


အဆိုပါကြေညာချက်အား ထိုင်းရောက်မြန်မာအလုပ်သမားများမှ လူမှုကွန်ရက်တွင် မှတ်ချက်ပေးရေးသားရာ "မြန်မာလုပ်သားတွေ ဒုက္ခအခက်အခဲမျိုးစုံကြားက ရုန်းကန်ရှာဖွေလို့ရတဲ့ ပိုက်ဆံအလကားအချောင်လိုချင်တဲ့လူတွေ"လို့ ဆိုထားသလို လစာအပေါ် အခွန်ပေးဖို့ ဒမြတိုက်သလို ဖြစ်နေတယ်"လို့ဆိုထားကြပါတယ်။


စကစရဲ့ စင်ကာပူသံရုံးကြေညာချက်တွင် ဝင်ငွေခွန်ဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်းနဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ပေးမယ်လို့အကြပ်ကိုင်ဖော်ပြပါရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment