30th JAN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူမျိုးရေး အက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထားရမယ်လို့ ယာယီသမ္မတသတိပေး

📌 ၂။ ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရမယ့် နှစ်တစ်နှစ်အဖြစ် စဥ်းစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မှ အစိုးရအဖွဲ့ကို ပြောကြား

📌 ၃။ အမေရိကန်အောက်လွှတ်တော် အဆောက်အဦတွင် ကျင်းပတဲ့ရှင်းလင်းတင်ပြပွဲကို NUG အစိုးရအဖွဲ့ဝင်များနှင့် CRPH ဥက္ကဌတို့ တက်ရောက်

📌 ၄။ တော်လှန်ရေးနဲ့ပတ်သက်လို့ အပြောင်းအလဲက အမြန်ဆုံးဖြစ်လာတော့မယ့်အခြေအနေမျိုးတွေ မှန်းဆနိုင်ပြီလို့ CRPH ဥက္ကဌ ပြော

📌 ၅။နွေဦးတော်လှန်ရေး () နှစ်ပြည့် Town Hall Meeting/ လူထုအစည်းအဝေးဖြင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ဆောင်ရွက်ချက်များ ပြည်သူလူထုထံသို့အစီရင်ခံမယ်

📌 ၆။ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး၊ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသား ညီအကိုမောင်နှမများ တွေ့ဆုံ

📌 ၇။ နွေဦးတော်လှန်ရေး နှစ်ပြည့် Foreign Correspondents' Club of Thailand - FCCT မှာ ကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲ လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်

📌 ၈။ ကြမ္မာငင်နေပြီ ဖြစ်တဲ့ စကစဟာ ဗိုလ်ချုပ်တွေ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိလည်း ကြမ္မာဆိုး ကြုံရမှာမလွဲဘူးလို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးဆို

📌 ၉။ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတွင် သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

📌 ၁၀။ ဩစတြေးလျနိုင်ငံအနေနဲ့  စစ်အုပ်စုကို ဘဏ္ဍာရေးကဏ္ဍမှာ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေတာက လက်ခံနိုင်ဖွယ် မရှိဘူးလို့ Justice For Myanmar ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ မင်းပြားအခြေစိုက်ခမရ (၃၇၉) တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်

🚩 ၂။ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသက၊ ဟုမ်းကျေးရွာကို စစ်ကောင်စီက  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ဦး သေဆုံးခဲ့

🚩 ၃။ ဝက်လက်မြို့မရဲစခန်းကို  1 kg ဗုံးသီး လုံးကြဲချတိုက်ခိုက်

🚩 ၄။ ယင်းမာပင်မြို့နယ်နှင့်မုံရွာမြို့နယ်က ကျေးရွာအချို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး

🚩 ၅။ တစ်နှစ်တာအတွင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ရေးဖော်ဆောင်မှုအတွင်း ရန်သူ စစ်ကောင်စီဖက်မှ (၁၄၀)ဦး သေဆုံး

🚩 ၆။ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူမျိုးရေး အက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထားရမယ်လို့ ယာယီသမ္မတသတိပေး


ဇန်နဝါရီ ၃၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်တဲ့အခါ လူ့အဖွဲ့အစည်းကို ပိုမိုအက်ကွဲလာမယ့် သဘောထားတွေကို အထူးအလေးထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းနိုင်သော လူမျိုးရေးအရ ပိုမို စေးကပ်မှုရှိသော နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်ဖို့ ကျွန်တော့်အနေနဲ့ အထူးလိုလားပါတယ်။ လူမျိုးရေး အက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထား ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းကိုလည်း ရှောင်ရှားနိုင်ဖို့ လိုသလို အမှားသစ်တွေကို မဖန်တီးဖြစ်ဖို့ နိုင်ငံရေးသတိ အမြဲရှိနေရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့ ပြည်သူလူထုဟာ စစ်ဒဏ်ကြောင့် မောပန်းမှုဒဏ်ကို ခါးစည်း မခံရစေဖို့  အမြဲ သတိပြုရမှာ ဖြစ်တယ်လို့ယာယီသမ္မတက ထပ်လောင်းဆိုထားပါတယ်။


========================


📌📌 ၂။ ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရမယ့် နှစ်တစ်နှစ်အဖြစ် စဥ်းစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မှ အစိုးရအဖွဲ့ကို ပြောကြား


ဇန်နဝါရီလ (၃၀) ရက်က ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးမှာပဲ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအခုလို ပြောပါတယ်။

"၂၀၂၃ မှာ One year plan ကို ချမှတ်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ စီမံဆောင်ရွက်ခဲ့မှုတွေရဲ့ ရလဒ်တွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မြင်တွေ့ခဲ့ကြရတာမို့ ဒီအရှိန်အဟုန်နဲ့ ရှေ့ဆက်ပြီး ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရမယ့် နှစ်တစ်နှစ်အဖြစ် ကျွန်တော်တို့တွေအားလုံး စဥ်းစား ထားကြရမှာ ဖြစ်ပါတယ်။  အပြီးသတ်ချေမှုန်းပြီး ပွဲသိမ်းတိုက်ပွဲကို ကောင်းစွာ ဖော်ဆောင်နိုင်ဖို့ရန် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးမှာ အင်အားတွေ၊ စုစည်းမှုတွေလည်း အခိုင်အမာရှိနေ ပြီလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ တော်လှန်ရေးအသီးသီးကို ပြန်လေ့လာ ကြည့်ရင် ယခု နွေဦးတော်လှန်ရေးလောက် စုစည်းမှုအားနဲ့ ဇွဲသတ္တိတွေ ကောင်းတာတခါမှ မကြုံဘူးခဲ့သလို စစ်ကောင်စီဘက်ကလည်း ဒီလောက် ဘက်ပေါင်းစုံက အင်အားချိနဲ့နေတဲ့ အနေအထားမျိုး မကြုံခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီအခြေအနေ အခွင့်အလမ်းတွေကို ထိထိမိမိ ဆက်လက် အသုံးချနိုင်ဖို့တော့ အင်မတန် အရေးကြီးကြောင်း ပြောလိုပါတယ်" လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

ဒါ့အပြင် စစ်‌ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေမှာ Chain of command အင်မတန် အရေးကြီး သလို အုပ်ချုပ်‌ရေးဖော်ဆောင်နေတဲ့ မြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေး ကိစ္စကလည်း အင်မတန် အရေးကြီးတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ အမေရိကန်အောက်လွှတ်တော် အဆောက်အဦတွင် ကျင်းပတဲ့ရှင်းလင်းတင်ပြပွဲကို NUG အစိုးရအဖွဲ့ဝင်များနှင့် CRPH ဥက္ကဌတို့ တက်ရောက်


မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်သတ်ဖြတ်မှု တိုးမြင့်လာခြင်းနှင့် လူသားခြင်းစာနာမှု ကျဆင်းလာသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က အမေရိကန်အောက်လွှတ်တော် အဆောက်အဦတွင် ရှင်းလင်းတင်ပြပွဲ တရပ်ကျင်းပခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Smith က ဦးဆောင်ပြုလုပ်ခဲ့သည့် အဆိုပါ ရှင်းလင်း တင်ပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပူးတွဲဦးဆောင်သူအဖြစ် ပါဝင်တက်ရောက်ခဲ့ပြီးအမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဒုဥက္ကဋ္ဌ Frederick Davie လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့မှ စတင်ပြီး စစ်တပ်က မတရား အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက ခရစ်ယာန် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားဖျက်ဆီးခြင်း၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် အခြားသော ဘာသာရေးခေါင်းဆောင်များကို မတရားဖမ်းဆီး၊ထောင်သွင်းအကျဉ်းချခြင်း၊သတ်ဖြတ်ခြင်းတို့ တိုးမြှင့်ကျူးလွန်လာသည့် အခြေအနေများကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် ချင်းလူ့အခွင့်အရေးလှုပ်ရှားသူများက ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

အဆိုပါကျူးလွန်မှုများကို တာဝန်ယူ၊တာဝန်ခံမှုရှိလာစေရေးနှင့် မြန်မာနိုင်ငံအတွင်း လူသားခြင်းစာနာမှုအကူအညီများ တိုးမြှင့်လုပ်ဆောင်လာနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါရှင်းလင်းတင်ပြပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့ လည်း တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးနဲ့ပတ်သက်လို့ အပြောင်းအလဲက အမြန်ဆုံးဖြစ်လာတော့မယ့်အခြေအနေမျိုးတွေ မှန်းဆနိုင်ပြီလို့ CRPH ဥက္ကဌ ပြော


ဇန်နဝါရီလ နောက်ဆုံးပတ်မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က အခုလို ပြောကြားလိုက်ပါတယ်။

"အရင်တုန်းကတော့ စစ်တပ်ဆိုတာလက်နက်အင်အားအများကြီးရှိတယ်။ အဖွဲ့အစည်းမှာ အင်အားရှိတယ်ဆိုပြီး ဒီစစ်တပ်ကြီးတခုလုံးကို တိုက်ပြီး အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး အရင်က ရှိခဲ့တယ်။ အခုဆိုရင် အခြေအနေက ကျနော်တို့ တိုက်စရာတောင် ကြီးကြီးမားမားမလိုဘဲနဲ့တောင်မှ နည်းနည်းလေးအယောင်ပြလိုက်ရင်တောင်  ခြံစည်းရိုးအပြင်ကို ခုန်လာမယ့်အခြေအနေအထားမျိုးရောက်လာပြီဆိုတာမြင်သာတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အပြောင်းအလဲက အမြန်ဆုံးဖြစ်လာတော့မယ့် အခြေအနေမျိုးတွေ မှန်းဆလို့ရပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက် စကစဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့များကို လုံးဝလက်လွှတ်ဆုံးရှုံးလိုက်ရပြီး စစ်ကိုင်းတိုင်းတွင်လည်း ကောလင်းနှင့်ခမ်းပတ်မြို့များကို ပြည်သူ့ကာကွယ်ရေးတပ်များထံ ပေးအပ်လိုက်ရပါတယ်။


========================


📌📌 ၅။နွေဦးတော်လှန်ရေး () နှစ်ပြည့် Town Hall Meeting/ လူထုအစည်းအဝေးဖြင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ဆောင်ရွက်ချက်များ ပြည်သူလူထုထံသို့အစီရင်ခံမယ်


နွေဦးတော်လှန်ရေး နှစ်ပြည့်မြောက်သည့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေဖြင့်နွေဦးတော်လှန်ရေး ()နှစ်ပြည့် Town Hall Meeting/ လူထုအစည်းအဝေးကိုအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ ဆောင်ရွက်ချက်များ ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြခြင်းခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရဲဘော် ပြည်သူများအနေဖြင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC Facebook Page မှတဆင့် လည်းကောင်း၊  သတင်းမီဒီယာ စာမျက်နှာများမှ လည်းကောင်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှုကို ကြည့်ရှုနားဆင်၍ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြချက်များကို လက်ခံကြားနာခြင်းဖြင့် ပါဝင်တက်ရောက်ပေးကြပါရန်  ဖိတ်ခေါ်နှိုးဆော်ထားပါတယ်။

လူထုအစည်းအဝေးကို NUCC စာမျက်နှာများ၊ သတင်းမီဒီယာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ စာမျက်နှာများ၌ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကာ တိုက်ရိုက်ထုတ်လွှင့်နေစဥ်အတွင်း စာမျက်နှာများတွင် ထောက်ခံ/ ဝေဖန်/ အကြံပြု မှတ်ချက်များ ရေးသားခြင်းများ ပြုလုပ်ရန်လည်း တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၆။ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး၊ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် နွေဦးတော်လှန်ရေး တိုင်းရင်းသား ညီအကိုမောင်နှမများ တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြောက်ကာရိုလိုင်းနားပြည်နယ် တွင်းရှိ နွေဦးတော်လှန်ရေး တိုင်းရင်းသား ညီအကိုမောင်နှမများ တွေ့ဆုံပွဲကို အမေရိကန်စံတော်ချိန် ဇန်နဝါရီ ၂၇ ရက်နေ့က ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြောက်ကာရိုလိုင်းနားပြည်နယ် တွင်းရှိ နွေဦးတော်လှန်ရေး တိုင်းရင်းသား ညီအကိုမောင်နှမများ တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲတွင် NUG တာဝန်ရှိ လူကြီးမင်းများနှင့် မြောက်ကာရိုလိုင်းနား တိုင်းရင်းသား ညီအကိုမောင်နှမများ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်သည့် အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

တက်ရောက်လာသူများထံမှ သိလိုသည့် မေးခွန်းများကို ဒုတိယဝန်ကြီး နှင့် သံအမတ်ကြီးတို့က ပြန်လည်ဖြေကြားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၇။ နွေဦးတော်လှန်ရေး နှစ်ပြည့် Foreign Correspondents' Club of Thailand - FCCT မှာ ကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲ လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်


နွေဦးတော်လှန်ရေး နှစ်ပြည့် Foreign Correspondents' Club of Thailand - FCCT မှာ ကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်ခဲ့တယ်လို့ ဇန်နဝါရီ ၃၀ ရက်နေ့က အသိပေးဆိုပါတယ်။

"နွေဦးတော်လှန်ရေး နှစ်ပြည့် Foreign Correspondents' Club of Thailand - FCCT မှာ ပြုလုပ်တဲ့ Myanmar Solidarity Panel Discussion on the 3rd Anniversary of the Military Juntas Failed Coup Attempt ပွဲမှာ အွန်လိုင်းကနေ တက်ရောက်စကားပြောဖြစ်ပါတယ်"လို့ ဆိုပါတယ်။

လူ့အခွင့်ရေးဝန်ကြီးဌာနဟာ စကစရဲ့ စစ်ရာဇဝတ်မှုကျူးလွန်းမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကို မှတ်တမ်းတင်ပြုစုထားပြီး နိူင်ငံတကာတရားရုံးများတွင်တရားစွဲဆိုနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၈။ ကြမ္မာငင်နေပြီ ဖြစ်တဲ့ စကစဟာ ဗိုလ်ချုပ်တွေ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိလည်း ကြမ္မာဆိုး ကြုံရမှာမလွဲဘူးလို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးဆို


ဇန်နဝါရီ ၃၀ ရက်နေ့မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ရှယ်မီဒီယာမှာ အခုလို သုံးသပ်ပြောလိုက်ပါတယ်။

"ကြမ္မာငင်နေပြီ ဖြစ်တဲ့ စကစ၊ Murphy's Law လိုမျိုး ကောက်ယူလို့ရတာ တခုက ဂြိုဟ်ဆိုး ဝင်နေတဲ့ သူဆီမှာ ဂြိုဟ်ဆိုးတွေက အပေါင်းအပါ တွေနဲ့ ဆက်တိုက်လာတတ်တာမို့ မင်းအောင်လှိုင်ဆီ ဆက်နေတဲ့သူတွေလည်း ဗိုလ်မှုးချုပ်တင်မက မကြာခင် ဗိုလ်ချုပ်တွေ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိလည်း ကြမ္မာဆိုး ကြုံရမှာမလွဲဘူး" လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၉ ရက်၊ မွန်းလွဲ (:၀၀) နာရီ ဝန်းကျင်၌ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 () စီးအား

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချ ဖျက်စီးနိုင်ခဲ့ပြီး  ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ဗိုလ်မှူး () ဦး နှင့် ဗိုလ်ကြီး () ဦး  သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၉။ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတွင် သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတွင် သုံးရက်တာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၏ တာဝန်ရှိသူများ၊ သြစတြေးလျနိုင်ငံ၊ ပြည်နယ်အသီးသီးရှိ CRPH/NUG Support Groups များမှ ကိုယ်စားလှယ်များ၊ ၎င်း၏ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များသည် သြစတြေးလျနိုင်ငံ၊ ကင်ဘာရာ မြို့တော်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတွင် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ (၂၆) ရက်မှ (၂၈) ရက်နေ့အထိ () ရက်ကြာ ကျင်းပခဲ့ကြပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၏ တာဝန်ရှိသူများ၊ သြစတြေးလျနိုင်ငံ၊ ပြည်နယ်အသီးသီးရှိ CRPH/NUG Support Groups များ ၂၀၂၄ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို ရေးဆွဲအတည်ပြုနိုင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဆွေးနွေးပွဲသို့ သြစတြေးလျနိူင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေအပါအဝင်ရုံးအဖွဲ့တို့တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၁၀။ ဩစတြေးလျနိုင်ငံအနေနဲ့  စစ်အုပ်စုကို ဘဏ္ဍာရေးကဏ္ဍမှာ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေတာက လက်ခံနိုင်ဖွယ် မရှိဘူးလို့ Justice For Myanmar ထုတ်ပြန်


တရားမဝင်စစ်အုပ်စုလက်အောက်ခံ မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍတွင်းက ဩစတြေးလျနိုင်ငံသားပိုင်နှင့် ဦးဆောင်ကုမ္ပဏီများအကြောင်း အစီရင်ခံစာကို Justice For Myanmar က ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကစစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှု နှစ် ပြည့်ပြီးတဲ့အချိန်အထိ ဩစတြေးလျနိုင်ငံအနေနဲ့ သတ္တုနဲ့ အခြားအမြတ်အစွန်းများတဲ့ ကဏ္ဍတွေမှာရှိတဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေရင်းမြစ်တွေကို ပိတ်ဆို့ရေး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေတာက လက်ခံနိုင်ဖွယ် မရှိပါဘူး။မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ငွေကြေးထောက်ပံ့ဖို့နဲ့ စစ်ရာဇဝတ်ကောင်တွေ ကြွယ်ဝချမ်းသာဖို့အတွက် မြန်မာပြည်သူတွေရဲ့ ဓနဥစ္စာတွေကို အလုံးအရင်းနဲ့ ခိုးယူနေတဲ့ စစ်ရာဇဝတ်ဂိုဏ်းကို လည်ပတ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

 Justice For Myanmar အစီရင်ခံစာအသစ်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်သတ္တုမိုင်းများတွင် စစ်အုပ်စုအား အခွန်ငွေများပေးအပ်နေသော သို့မဟုတ် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအား ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူဖြစ်စေသည့် ပြုပြင်ထိန်းသိမ်းရေးကဏ္ဍကို ကူညီထောက်ပံ့နေသော သတ္တုတူးဖော်ထုတ်ယူရေး၊ ရှာဖွေရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လုပ်ကိုင်နေသည့် ဩစတြေးလျနိုင်ငံသားပိုင်နှင့် ဦးဆောင်ကုမ္ပဏီများ အကြောင်းကို ထုတ်ဖော်ထားပါတယ်။

ထိုအထဲတွင် PanAust – ဩစတြေးလျအခြေစိုက် သတ္တုတူးဖော်ရေးကုမ္ပဏီသည် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေး အတွင်း အကြီးအကျယ် ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းတိုင်းအတွင်း အကြီးစား ဓာတ်သတ္တုရှာဖွေစမ်းသပ် တိုင်းတာရေးလိုင်စင်ကို ဆက်လက်ရယူထားခဲ့တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ မင်းပြားအခြေစိုက်ခမရ (၃၇၉) တပ်ရင်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်


ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ မင်းပြားအခြေစိုက် တပ်ရင်း () ခုအနက် ကျန်ရှိနေသေးသည့် ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်းတို့မှခမရ (၃၇၉) တပ်ရင်းအား  အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

ရက္ခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်‌ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိနေခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဆိုပါတယ်။

ထို့အပြင် တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီဖက်မှလည်း ဇန်နဝါရီ ၂၉ ရက်၊ မွန်းလွဲ () နာရီ နှင့် () နာရီအချိန်ခန့်တွင် မင်းပြားမြို့ကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တံတားအနီး၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲအချို့ရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသက၊ ဟုမ်းကျေးရွာကို စစ်ကောင်စီက  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ဦး သေဆုံးခဲ့


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသက၊ ဟုမ်းကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းအရင်းအမြစ်များထံကသိရပါတယ်။

မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိသည့် ဟုမ်းကျေးရွာကို နေ့လည် နာရီဝန်းကျင်တွင်လေကြောင်းဖြင့် သုံးကြိမ်ခန့်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ ဟုမ်းရွာကို စျေးလာရောင်းကြသူများဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ ဝက်လက်မြို့မရဲစခန်းကို  1 kg ဗုံးသီး လုံးကြဲချတိုက်ခိုက်


ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းအချိန်က ဝက်လက်မြို့မရဲစခန်းကို လေယာဉ်ငယ်နှင့်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerrilla Force က အတည်ပြုထားပါတယ်။

"ဇန်နဝါရီ၂၉ရက် ညနေ နာရီတိတိအချိန်တွင် ဝက်လက်မြို့မရဲစခန်းကို  1kg ဗုံးသီး လုံးချတိုက်ခိုက်ခဲ့ပါတယ်။ စကစများဘက်မှလည်း လက်နက်ကြီးကောင်တာ ၂လုံးပြန်ပစ်ခဲ့ပါတယ်"လို့ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ဝက်လက်မြို့မ ရဲစခန်း လက်နက်ရုံနှင့် ဝက်လက်ရဲစခန်း တံခါးပေါက် ဘန်ကာတို့ကို လုံးစီ ချတိုက်ခိုက်ခဲ့ပြီး ငိုသံများစခန်းတွင်းမှ ကြားရတယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerrilla Force ဗိုလ်ကောက်ရိုးနှင့်ကြောင်လက်သည်းအဖွဲ့တို့ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ယင်းမာပင်မြို့နယ်နှင့်မုံရွာမြို့နယ်က ကျေးရွာအချို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး


ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက ယင်းမာပင်မြို့နယ်ဘန့်ဘွေးပျူရွာမှထွက်ခွာလာသော စစ်အကြမ်းဖက်အုပ်စုဟာ နဘူးတောကျေးရွာရှိပြည်သူ့နေအိမ်များကို စတင်မီးရှို့နေကြောင်း သတင်းရရှိတယ်လို့ ယင်းမာပင် တော်လှန်ရေးအင်အားစုများထံမှ သိရပါတယ်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် နာရီ ၄၀ မိနစ်အချိန်ကလည်း မုံရွာမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ထန်းပင်လှကျေးရွာ ကို စစ်ကောင်စီတပ်များက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး ပျက်စီးမှုအသေးစိတ်အခြေအနေကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ တစ်နှစ်တာအတွင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ရေးဖော်ဆောင်မှုအတွင်း ရန်သူ စစ်ကောင်စီဖက်မှ (၁၄၀)ဦး သေဆုံး


ဇန်နဝါရီလ နောက်ဆုံးပတ်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က အခုလို တရားဝင် အသိပေးဆိုပါတယ်။

ခုခံတွန်းလှန်စစ် တစ်နှစ်တာအတွင်း ရန်သူစစ်ကောင်စီဖက်မှ (၁၄၀) ဦး သေဆုံး၍ (၁၁၀) ဦး ဒဏ်ရာရရှိခဲ့ကာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDF မှ ရဲဘော် (၁၄)ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ရဲဘော် () ဦး အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးပေါင်း ၇၃ ခုဆောင်ရွက်ခဲ့ပြီးရန်သူစခန်း () ခုကိုသိမ်းပိုက်ရာမှာ ပန်းဒလဲပျူစောထီးစခန်း၊ ကရင်ကြီးပျူစောထီးစခန်း၊

သကျက်တော ရဲစခန်း၊ ရဲချောင်းပျူစောထီးကင်းစခန်းတို့အားတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


🚩🚩 ၆။ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကို ယနေ့ ဇန်နဝါရီ ၃၀ ရက်၊ မနက် နာရီဝန်းကျင်ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေလျက်ရှိတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီထားဝယ်က ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လူနေအိမ်တွေကိုပါမချန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေပါသဖြင့် ပြည်သူ့တချို့ ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီး အရေးပေါ်ဆေးကုသမှုခံယူဖို့ အခက်အခက်ရှိနေတယ်လို့လည်းဆိုပါတယ်။

ထို့အပြင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် ဘက်ကနေလည်း လောင်းလုံးမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ထားဝယ်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း သာယာကုန်းကျေးရွာကနေတဆင့် ခြေလျင်စစ်ကြောင်းထိုးလာနေတယ်လို့သတင်းရရှိပါတယ်။ 

သို့ဖြစ်ပါ၍ လောင်းလုံးမြို့ပေါ်နှင့် အနီးအနားကျေးရွာများရှိ ပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ် အချိန်မရွေးကျရောက်လာနိုင်ပါသဖြင့် ခိုင်ခံ့သည့် အဆောက်အအုံ၊ နံရံ စတာတွေနဲ့ အကာအကွယ်ယူပြီး နေထိုင်ကြဖို့ အရေးပေါ် သတိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နှုတ်ချက်တွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment