30th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေး အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်မှုပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ပြောဆိုမှုမဟုတ်

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၃။ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့  အမေရိကန်ကိုယ်စားလှယ်ရုံးတွင် မြန်မာနွယ်ဖွားပြည်သူများ တွေ့ဆုံခဲ့

📌 ၄။ ဝန်းသိုမြို့နယ်အတွင်းသို့ ရောက်ရှိနေသော စစ်ရှောင်ပြည်သူများအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့မှုများဆောင်ရွက်

📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူလေးထောင့်ငါးရားနီးပါးအထိရှိလာ

📌 ၆။ သြစတြေးလျနိုင်ငံ မြန်မာသံရုံးရှေ့နှင့် ကင်ဘာရာ ပါလီမာန် အဆောက်အဦရှေ့ မြန်မာအင်အားစုများဆန္ဒထုတ်ဖော်မယ်

📌 ၇။ ကျိုက်ထိုမြို့နယ်တွင် အာဏာလု နှစ်ပြည့်အကြို စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် 


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

🚩 ၂။ လယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ () ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် () လုံး ပျက်စီးခဲ့

🚩 ၃။ ရေလည်ကျွန်းဒေသကို ရိက္ခာပို့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ စစ်တပ်ဘက်မှ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြား

🚩 ၄။ မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းနှင့် တောပုပျူရွာအား Fixed Wing Droneများဖြင့် AIR BOMB()လုံး ကြဲချရာ စကစတပ်သားနှင့်ပျူ နှစ်ဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရ

🚩 ၅။ ရွှေဘိုမြို့လမ်းမတော်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်

🚩 ၆။ ဟိုပုံး ဒေသခံများကို ပြည်သူ့စစ် တပ်သားသစ်အဖြစ် PNO အဓမ္မ စုဆောင်းနေ

🚩 ၇။ ပုလောနယ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင် ထားကြဖို့ PDF တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေး အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်မှုပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ပြောဆိုမှုမဟုတ်


ဇန်နဝါရီလ ၂၉ရက်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်မှု ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ပြောဆိုမှုမျိုးမဟုတ်ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဇန်နဝါရီ၂၉ရက်မှာ ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်ပါတယ်။


"နယ်မြေဆုံးရှုံးမှုတွေ တနေ့တခြားပိုများလာပြီး၊ စစ်ရေးပိုင်းတဖြည်းဖြည်းအားနည်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ နာကျည်းမုန်းတီးမှုနဲ့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်နေရလျက်ရှိပါတယ်။ အာဆီယံအစည်းအဝေးတွေလည်း ရတဲ့အပေါက်ကနေ တက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ အခုတခါ အာဆီယံနိုင်ငံခြားဝန်ကြီးအစည်းအဝေးမှာ ဝန်ကြီးအဆင့်တက်ခွင့်မရသည့်တိုင်အောင် အဆင့်မြင့်အရာရှိတွေကို စေလွှတ်နေပါပြီ။ ကုလသမဂ္ဂနဲ့တခြားနိုင်ငံတကာစင်မြင့်တွေမှာ တက်ရောက်ဖို့ အခွင့်အလမ်းမသာတဲ့အခါမှာ အာဆီယံစင်မြင့်ကို တက်နိုင်ဖို့ကြိုးပမ်းနေတာပါ။ဘယ်သူတွေကို အကြမ်းဖက်စစ်ကောင်စီက စေလွှတ်တာဘဲဖြစ်ဖြစ် ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ပြောဆိုမှုမဟုတ်သလို ပြည်သူ့အကျိုးကို ရှေ့ရူပြောကြားမှာ မဟုတ်ပါဘူး"လို့ ဝန်ကြီးကဆိုပါတယ်။


ဇန်နဝါရီနောက်ဆုံးပတ်မှာ လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးသို့ စစ်ကောင်စီက အရပ်ဘက်ရာထူးနှင့် အမျိုးသမီးတစ်ဦးကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။


"ယိုယွင်းပျက်ပြားလာတဲ့အခြေအနေတွေကို ဖုန်းကွယ်နိုင်ဖို့နဲ့ ကူရာကယ်ရာမဲ့ဘဝကနေ အကူအညီရှာဖို့အတွက် နိုင်ငံတကာအစည်းအဝေးတွေနဲ့ ညီလာခံတွေမှာ သူတို့သာလျှင် တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဟန်လုပ်ပြောနိုင်ဖို့နဲ့ ဒီမိုကရေစီအင်အားစုတွေကို အမည်ဖျက်ဖို့အတွက် ပိုမို ကြိုးပမ်းလာနေတာ သတိထားမိပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို သိဒ္ဓိတင် ပြည်သူတွေရဲ့အသံကို မျက်ကွယ်မှု အကြမ်းဖက်မှုတွေကို ကာကွယ်ပြောဆိုပြီး  နိုင်ငံတကာကို မုသားပြောဆိုမယ့် ကိုယ်စားပြုမှုတွေဘဲ ဖြစ်မှာပါ"လို့ NUGလူ့အခွင့်ရေးဆိုင်ဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇန်နဝါရီလ ၂၉ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီလ ၂၉ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက် အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက် အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့  အမေရိကန်ကိုယ်စားလှယ်ရုံးတွင် မြန်မာနွယ်ဖွားပြည်သူများ တွေ့ဆုံခဲ့


ဇန်နဝါရီလ၂၉ရက်။

ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့  အမေရိကန်ကိုယ်စားလှယ်ရုံးတွင် မြန်မာနွယ်ဖွားပြည်သူများ တွေ့ဆုံခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွား ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီလ၂၈ရက်(တနင်္ဂနွေနေ့)ဒေသစံတော်ချိန်ညနေ (၅နာရီမှ၇နာရီအချိန်)တွင် တွေ့ဆုံခဲ့ကြပါတယ်။


ထို့နောက်လူထုက သိရှိလိုသည်များမေးမြန်းခဲ့ရာ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေး၍ ဖြေကြားခဲ့ပါတယ်။


အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်ဇင်မာအောင် ဒုတိယဝန်ကြီးဦးမိုးဇော်ဦး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဦးထင်လင်းအောင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ဒုတိယဝန်ကြီးဦးအောင်ကျော်မိုး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဦးကျော်မိုးထွန်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၄။ ဝန်းသိုမြို့နယ်အတွင်းသို့ ရောက်ရှိနေသော စစ်ရှောင်ပြည်သူများအား မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့မှုများဆောင်ရွက်


ဇန်နဝါရီလ ၂၉ ရက်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းသို့ ရောက်ရှိနေသော စစ်ရှောင်ပြည်သူများအား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့မှုများဆောင်ရွက်ခဲ့ပါတယ်။


စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင်ဇန်နဝါရီ၂၉ရက်နေ့ မနက်(၁၁:၃၀)နာရီအချိန်တွင် ဝန်းသိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်နှင့်အတူ မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ်အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံ၊ မြို့နယ်လူ့အခွင့်‌ရေးရာ တာဝန်ခံ၊ မြို့နယ်ဆောက်လုပ်ရေးတာဝန်ခံနှင့် မြို့နယ်အဖွဲ့ဝင်များသည် ကျေးရွာတစ်ရွာအတွင်းသို့ ရောက်ရှိနေကြသည့် စစ်ရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြပြီး မြို့နယ်အဖွဲ့ခေါင်းဆောင်မှ လက်ရှိတော်လှန်ရေးအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက်  စစ်ရှောင်PDFမိသားစုများကို စိတ်ဓာတ်ခွန်အားဖြစ်စေရန်အတွက်  မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့နှင့် မြို့နယ်လူသားစာနာတာဝန်ခံ၊ မြို့နယ်အမျိုးသမီး၊ လူငယ်နှင့်က‌လေးသူငယ်ရေးရာ တာဝန်ခံမှ စစ်ဘေးရှောင်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို အသီးသီးထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။


ထို့နောက် မြို့နယ်လူသားစာနာတာဝန်ခံမှ ဆန်ရိက္ခာများ ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူလေးထောင့်ငါးရားနီးပါးအထိရှိလာ


ဇန်နဝါရီလ ၂၉ ရက်။

ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၄၅၃) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၀၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ဆိုပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၉၁၅) ဦးရှိပြီး ထိုအထဲမှ (၁၉၉၇၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၆၂၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၆။ သြစတြေးလျနိုင်ငံ မြန်မာသံရုံးရှေ့နှင့် ကင်ဘာရာ ပါလီမာန် အဆောက်အဦရှေ့ မြန်မာအင်အားစုများဆန္ဒထုတ်ဖော်မယ်


ဇန်နဝါရီလ ၂၉ရက်။

သြစတြေးလျနိုင်ငံ မြန်မာသံရုံးရှေ့နှင့်ကင်ဘာရာ ပါလီမန် အဆောက်အဦရှေ့ မြန်မာအင်အားစုများဆန္ဒထုတ်ဖော်မယ်လို့ ဇန်နဝါရီလ၂၉ရက်မှာ CRPH NUG Support သြစတြေးလျကအသိပေးဆိုထားပါတယ်။


"အခုလာမဲ့ ဖေဖေါ်ဝါရီလ ၈ရက် ကြာသာပတေးနေ့ ကင်ဘာရာမှာ ဆန္ဒပြပွဲလုပ်ဖို့ လူအင်အားလိုပါတယ်။ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်အထိမ်းအမှတ်ရယ် Victoria state မှာကျင်းပမည့် ASEAN အစည်းအဝေးမှာ စစ်အုပ်စုကိုယ်စားလှယ် လာတက်မှာကို ကန့်ကွက်တဲ့အကြောင်း ဖိတ်ကြားတာကို ပြန်ရုပ်သိမ်းဖို့ ဆန္ဒဖော်ထုတ်ကြဖို့ဖြစ်ပါတယ်။ Australia အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ ပိုပြီးတော့ တင်းမာပြတ်သားတဲ့ မူဝါဒတွေချမှတ်ဖို့ တိုက်တွန်းလို့အကောင်းဆုံးအချိန်ဖြစ်ပါသဖြင့် ပြည်နယ်မှ အထူးသဖြင့် Sydney နဲ့ Canberra မှ မြန်မာများပါဝင်ပေးကြဖို့တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ဖေဖော်ဝါရီလ ၈ရက်မှာ ကျင်းပမယ့် ဆန္ဒထုတ်ဖော်ပွဲကို မြန်မာသံရုံးရှေ့နှင့်ကင်ဘာရာ ပါလီမန် အဆောက်အဦရှေ့ မှာရည်ရွယ်ထားပါတယ်။


========================


📌📌 ၇။ ကျိုက်ထိုမြို့နယ်တွင် အာဏာလု နှစ်ပြည့်အကြို စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် 


ဇန်နဝါရီလ ၂၉ရက်။

ကျိုက်ထိုမြို့တွင် အာဏာသိမ်းကာလ () နှစ်ပြည့် အကြိုလှုပ်ရှားမှု အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (KBESU) ထံက သိရပါတယ်။


ဇန်နဝါရီလ ၂၈ ရက်နေ့က ကျိုက်ထိုမြို့လည်ခေါင်ရှိ လူစည်ကားရာ ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရား အနောက်ဘက်မုဒ်တွင်နှစ်သစ်ရောက်လည်း ထောက်ပို့ကာအမြဲ ဖက်ဆစ်ကိုလည်း ဖြိုမှာဘဲစာသားပါ ဘန်နာချိတ်ဆွဲမှု ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ KBESU က ဆိုပါတယ်။


ထို့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများလည်း ကပ်ခဲ့ကြပြီး အာဏာလု () နှစ်ပြည့် အကြိုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။


၎င်းလှုပ်ရှားမှု ပြုလုပ်ပြီး မကြာမှီ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် အပေါင်းအပါများ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပေမယ့် တော်လှန်ရေး ရဲဘော်များ အနေဖြင့် ဘေးကင်းလုံခြုံသော နေရာကို ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ လှုပ်ရှားမှုကို ကျိုက်ထိုမြိုနယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (KBESU) နှင့် Kyaikhto Generation Z (KGZ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ


ဇန်နဝါရီလ ၂၉ရက်။

ဇန်နဝါရီ၂၉ ရက်၊ မွန်းလွဲ (:၀၀) နာရီ ဝန်းကျင်၌ ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ် အနီးမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 () စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ () KNLA - ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်း ပစ်ချ ဖျက်စီးနိုင်ခဲ့တယ်လို့ KNUဗဟိုကအတည်ပြုဖော်ပြပါတယ်။


ဖြစ်စဥ်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ ကေအဲယူန် - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခတက် Mi - 35P Attack Helicopter () စီး နှင့် Eurocopter 365 () စီးတို့အား (K.N.L.A) တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 () စီးအား ပစ်ချနိုင်ခဲ့တာလို့သတင်းရရှိပါတယ်။


သတင်းကြိုရလို့ ဝိုင်းပစ်ကြတာပါ၊ Droneတွေရော လျော့တိုက်ဒုံးတွေရော တခြား စနိုက်ဘာတွေ ပွိုင့် 5 တွေနဲ့ပါ ပစ်တာအကုန်လုံး၊ အဲ့ဒါ ဘယ်ဟာနဲ့ ထိတာလဲ ဆိုတာတော့ အသေချာ မသိရသေးဘူးလို့ ရှေ့တန်းတစ်နေရာရှိ PDF ရဲဘော်တစ်ဦးက ပြောပြပါတယ်။

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်အပါအဝင် ဗိုလ်မှူး () ဦးနှင့် ဗိုလ်ကြီး () ဦး စုစုပေါင်း () ဦး သေဆုံးကာ () ဦး ဒဏ်ရာရခဲ့ပါတယ်။


ပစ်ချခံလိုက်ရတဲ့  Eurocopter 365 စစ်ရဟတ်ယာဉ်မှာ ဒေါ်လာ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က တပ်တော်ဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ချထားပြီး ယခုတစ်စီးက စီးမြောက် ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ လယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ () ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် () လုံး ပျက်စီးခဲ့


ဇန်နဝါရီလ (၂၉) ရက်။

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၂၆၄မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးရေစုစုပေါင်း (၂၄) လုံး ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ()ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ရပြီး  နေအိမ်()လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့KNUဗဟိုကအတည်ပြုပါတယ်။


ကေအဲန်ယူလယ်ဒိုမြို့နယ်အုပ်ချုပ်နယ်မြေ၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ၂၆၄မှ နတ်သံကွင်းမြို့သို့ ဟောင်ဝစ်ဇာ ၁၂၂မမ()လုံး၊ ၁၅၅မမ ()လုံး၊ ကော်သာစေးကျေးရွာသို့ ၁၅၅မမ()လုံး၊ တောင်ခင်ကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ()လုံး စုစုပေါင်း(၁၃)လုံးပစ်ခတ်ခဲ့ပါတယ်။


ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ကြိတ်ကွင်းကျေးရွာသို့ လက်နက်ကြီး ၈၁မမ()လုံး၊ ထိုးဝါးစိုက် ကျေးရွာသို့ ဟောင်ဝစ်ဇာ ၁၅၅မမ()လုံး စုစုပေါင်း()လုံးပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများထိမှန်ပြီး ထိုးဝါးစိုက်ကျေးရွာမှ တီးရွှေဘ(၅၅)နှစ်နှင့် ဝေဝေလတ်(၃၅)နှစ်တို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာ ရရှိကာ စောဖားထောခေါ်၏ နေအိမ်လည်း ကျည်စထိမှန် ပျက်စီးခဲ့ရပါတယ်။


ထို့အပြင် ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ခင်တန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ()လုံး၊ ဘုရားဇီးကုန်း ကျေးရွာသို့ လက်နက်ကြီး ၈၁မမ()လုံး စုစုပေါင်း()လုံး ပစ်ခတ်ခဲ့သေးတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ ရေလည်ကျွန်းဒေသကို ရိက္ခာပို့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ စစ်တပ်ဘက်မှ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြား


ဇန်နဝါရီလ ၂၉ရက်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ မင်းရွာကို ရိက္ခာလာပိုတဲ့ စစ်ကောင်စီ စစ်ကြောင်းကို  မိုးကွဲသုသာန် အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံမှ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုမှာ အထိနာသွားတာကြောင့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် ငတယောနှင့် ရေယျှားရွာကြားမှာ ဒုတိယအကြိမ် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်သား သုံးဦး ၄၀ မမ ဗုံးသီးထိမှန် သေဆုံးသွားခဲ့တာကို မျက်မြင် တွေ့ရှိခဲ့ပြီး စစ်ကောင်စီ တပ်သားတွေ ထွက်ပြေးရာမှာ ထမ်းစဉ်တွေကိုပါ တွေ့ရတယ်လို့ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုစစ်ပိုင်က ရန်ကုန် ခေတ်သစ် သတင်းဌာနကို ဖြေဆိုထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည် ဘီလူးတပ်၊ မြင်းခြံခရိုင်တပ်ရင်း ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင် တပ်ရင်း တပ်ခွဲ ရဲဘော်ညီနောင်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ရေစကြို ပလဖ CDSOM နှင့် မဟာမိတ်ညီနောင်များ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းနှင့် တောပုပျူရွာအား Fixed Wing Droneများဖြင့် AIR BOMB()လုံး ကြဲချရာ စကစတပ်သားနှင့်ပျူ နှစ်ဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရ


ဇန်နဝါရီလ ၂၉ရက်။

ဇန်နဝါရီလ၂၉ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDFကအတည်ပြုပါတယ်။


"ဇန်နဝါရီလ၊ ၂၈ရက်နေ့ နေ့ခင်း ၁နာရီ၃၀မိနစ်ခန့်မှ ၂နာရီ၃၀မိနစ်အချိန်ခန့်ထိနှင့် ညနေ ၆နာရီ၄၅မိနစ်အချိန်ခန့်တို့တွင် စစ်ကောင်စီတပ်သားများနှင့် ပျူများ အခြေချနေထိုင်နေသော မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းနှင့် တောပုပျူရွာအား  စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF/MSDFနှင့်အတူ ညီနောင် မဟာမိတ်တပ်များမှ "Shar Htoo WAW"နည်းပညာ တိုက်ခိုက်ရေး  Fixed Wing Droneများဖြင့် AIR BOMB()လုံး ကြဲချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ 


ထိုတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သားများနှင့်ပျူများ ()ဦးဒဏ်ရာအပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးသွားပြီး ()ဦးမှာလည်းဒဏ်ရာများအပြင်းအထန် ရရှိသွားခဲ့ကြပါတယ်။


DRONE MISSIONများတွင်  စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ်()တပ်ရင်း-NRDF မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ() မုံရွာခရိုင်အမှတ်()တပ်ရင်း၊ မုံရွာခရိုင်အမှတ်()တပ်ရင်းတို့အပါအဝင်စတဲ့အဖွဲ့များပါဝင်ပါတယ်။


========================


🚩🚩 ၅။ ရွှေဘိုမြို့လမ်းမတော်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီလ၂၉ရက်။

ဇန်နဝါရီလ၂၉ရက် စစ်ရေးသတင်းကို ရွှေဘိုအားမာန်မြို့ပြပျောက်ကျားကအသိပေးဆိုပါတယ်။


"ဇန်နဝါရီလ၂၉ရက် မနက်ပိုင်းFlying Dragon Force ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ShweBo Crocodile ဗိုလ်လင်းရောင်(ဒပယ) တန၊ တပ်ပေါင်းစုတို့ ပူးပေါင်း၍ ရွှေဘိုမြို့လမ်းမတော်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခဲ့ပါတယ်" လို့ဆိုပါတယ်။


လုံခြုံရေး ယူပေးသော မြန်မာ့စီးပွားရေးဘဏ်အနီးရှိ စကစနဲ့ရဲများ ထိခိုက်မှုကိုစုံစမ်းနေဆဲဖြစ်ပြီး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့‌ပါတယ်။


========================


🚩🚩 ၆။ ဟိုပုံး ဒေသခံများကို ပြည်သူ့စစ် တပ်သားသစ်အဖြစ် PNO အဓမ္မ စုဆောင်းနေ


ဇန်နဝါရီလ ၂၉ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသ ၆၊ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာ ရွာထက် မနည်းတွင် အသက် ၁၆ နှစ်မှ ၄၀ နှစ်ကြား အမျိုးသားများကို အဓိကထားကာ ပြည်သူ့စစ်အဖြစ် အဓမ္မ လူအင်အား စုဆောင်းနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။


ဇန်နဝါရီလ ၂၈ ရက်က၊ ပအို့ဝ်းရွာတွေက ရွာသားတွေကို ခေါ်တယ်။ ပအိုဝ့်ပြည်သူများနဲ့ အတူနေ တိုင်းရင်းသား ညီနောင်များ လုံခြုံစေဖို့ဆိုပြီး စစ်ကောင်စီတပ်က လက်နက် ချပေးတာ။ တကယ်တော့ PNO ကို လူအင်အား ဖြည့်တာပေါ့လို့ ၎င်းဒေသခံက MPA သတင်းဌာနကို ဖြေဆို ထားပါတယ်။


ဟိုပုံးက ပအိုဝ်းရွာသားတွေကို မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့သူက ပြည်သူ့စစ်အဖြစ် တာဝန်ထမ်း ရကာ မောင်းပြန်တစ်လက်၊ ကျည်ဘောက် ခုနဲ့ ယူနီဖောင်း တစ်ထည်ပေးတယ်လို့ သိရပါတယ်။


လက်တလောမှာ ၎င်းပြည်သူ့စစ် တာဝန်ထမ်းဆောင်ရန် မဲပေါက်သော သူများကို ရွာများတွင် ညဘက်ကင်းစောင့်ရမယ်လို့ ပြောထားပြီး နေ့ခင်းပိုင်းကိုတော့ PNO က အမိန့်ပေးတာတွေကို လုပ်ပေးရမယ်လို့ ပြောကြောင်း ဒေသခံက ဆိုပါတယ်။


လက်ရှိမှာ ၎င်းကျေးရွာများမှ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်သားသစ် ၁၀၀ ကျော် ရရှိထားပြီး အဆိုပါ တပ်သားသစ်များအတွက် သက်ဆိုင်ရာ ရွာများက စားနပ်ရိက္ခာနှင့် လစာပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ပုလောနယ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင် ထားကြဖို့ PDF တိုက်တွန်း


ဇန်နဝါရီလ ၂၉ရက်။

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန်နဲ့ ကြိုတင်ပြင်ဆင်ထားကြရန် မြိတ်ခရိုင် တပ်ရင်း () ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

ဘယ်အချိန် တိုက်ပွဲတွေဖြစ်မလဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် အနေအထားအရ ပုလောမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်သူတွေကို အသိပေးတာပါလို့ ပုလော (PDF) ပြန်ကြားရေး တာဝန်ခံ ရဲဘော် အာနိုးက MPA သတင်းဌာနကို ပြောပါတယ်။


ထို့အပြင် ယခု ၂၀၂၄ ခုနှစ်အတွင်း မြိတ်ခရိုင် တပ်ရင်း () ပုလော PDF အဖွဲ့အနေဖြင့် ပုလော မြို့နယ်အတွင်း စစ်ဆင်ရေး ခု ဖော်ဆောင်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောထားပါတယ်။


ပုလော PDF ရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက် ထဲမှာ ဒေသခံ ပြည်သူများ အနေဖြင့် အရေးကြီး စာရွက်စာတမ်းများနဲ့ တန်ဖိုးကြီးပစ္စည်းများကို စနစ်တကျ ထုပ်ပိုးထားဖို့ကိုလည်းအကြံပြု ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment