31st JAN 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဇန်နဝါရီလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မအောင်မြင်သော စစ်အာဏာသိမ်းမှု၃နှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်မည်

📌 ၂။ စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အတွက်ထွက်ပေါက်ရှာမှာကို သတိပြုဖို့ နိူင်ငံခြားရေးဝန်ကြီးဆို

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ဂျပန်နိုင်ငံ၊ The Constitutional Democratic Party, Member of House of Representatives ဖြစ်သူ HIROYUKI MORIYAMA  အား တွေ့ဆုံခဲ့

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းရောက်ရှိ

📌 ၅။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်

📌 ၆။ အီတလီနိုင်ငံ ရောမမြို့တွင် နွေဦးတော်လှန်ရေးရံပုံငွေနေ့လယ်စာနှင့် လူထုဆန္ဒထုတ်ဖော်ခြင်းအစီအစဥ်မှ အလှူငွေစုစုပေါင်း ယူရိုငွေတစ်ထောင်ကျော်ရရှိ

📌 ၇။ တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကျားဖြန့်ခေါင်းဆောင်များကိုအကြမ်းဖက်စစ်‌ကောင်စီက လွှဲပေး


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နမ့်ဖက်ကာ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၃ဝဝ ခန့် သိမ်းဆည်းရရှိ

🚩 ၂။ ချင်းပြည် (Chinland) ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာကို စကစကလေကြောင်းတိုက်ခိုက်မှု စစ်ရေးအရပြန်လည် တုံ့ပြန်မှုများလုပ်ဆောင်သွားမယ်လို့ပြောကြား

🚩 ၃။ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

🚩 ၄။ စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ () လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်ရယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မအောင်မြင်သော စစ်အာဏာသိမ်းမှု၃နှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်မည်


ဇန်နဝါရီ၃၁ရက်


မအောင်မြင်သော စစ်အာဏာသိမ်းမှု၃နှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်မယ်လို့ ဇန်နဝါရီ၃၁ရက် New York City Burmese Community (NYCBC)ကအသိပေးဆိုထားပါတယ်။


"အောင်မြင်သော စစ်အာဏာသိမ်းမှု့ သုံးနှစ်ပြည့် နယူးယောက်မြို့လူထုလှုပ်ရှားဖော်ဆောင်မှု့အခမ်းအနားပွဲအား NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်အားပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အခမ်းအနားအား ဖေဖေါ်ဝါရီလ ရက် ( စနေနေ့ )နေ့လည် နာရီမှ နာရီထိကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အတွက်ထွက်ပေါက်ရှာမှာကို သတိပြုဖို့ နိူင်ငံခြားရေးဝန်ကြီးဆို


ဇန်နဝါရီ၃၁ရက်


စစ်ကောင်စီဟာ စစ်ရှုံးနေတဲ့အတွက်ထွက်ပေါက်ရှာမှာကို သတိပြုဖို့ နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဇန်နဝါရီနောက်ဆုံးပတ် အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဝန်ကြီးကပြောပါတယ်။


"(စကစ) ရှုံးနေတဲ့အတွက် ထွက်ပေါက်ရှာလိမ့်မယ်။ ဒီထွက်ပေါက်က တစုတဖွဲ့ တယောက်ရဲ့ ထွက်ပေါက် ဖြစ်ဖို့ မသင့်ဘူး။ ကျွန်မတို့ တတိုင်းတပြည်လုံး နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ပိတ်ဆို့ဖိနှိပ်ခံနေရတဲ့ စနစ်ဆိုးက လွတ်မြောက်တဲ့ ထွက်ပေါက်ဖြစ်ဖို့ လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ်စက်တင်ဘာ၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ကြေညာခဲ့ပြီး လက်ရှိအချိန်မှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ မြို့သိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ဂျပန်နိုင်ငံ၊ The Constitutional Democratic Party, Member of House of Representatives ဖြစ်သူ HIROYUKI MORIYAMA  အား တွေ့ဆုံခဲ့


ဇန်နဝါရီ၃၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်ဇန်နဝါရီ   ၂၉ ရက်နေ့ ဂျပန်နိုင်ငံ၊ The Constitutional Democratic Party, Member of House of Representatives ဖြစ်သူ HIROYUKI MORIYAMA  အား  ၎င်း၏ ရုံးခန်းမှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။


ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၌ မတရား စစ်အာဏာ သိမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအခြေအနေများ၊ စစ်အာဏာရှင်များမှ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ် အနိုင်ကျင့်ခြင်း၊ တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ပြည်သူများအား လေကြောင်းမှတိုက်ခိုက်ခြင်း၊ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းအစရှိသည်တို့ကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များ တိုးပွားလာနေမှုအခြေအနေများ၊ အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေး လုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ 


အလားတူ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားသောအားဖြင့် အကူအညီများပေးအပ်ရာတွင် စစ်ကောင်စီမှတဆင့် ပေးအပ်ခြင်းမပြုဘဲ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရဖြင့်လည်းကောင်း၊ တိုင်းရင်းသားအင်အားစုများဖြင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး စသည်တို့ကို ဂျပန်နိုင်ငံ၊ လွှတ်တော်မှတဆင့် ဂျပန်နိုင်ငံအစိုးရအား တိုက်တွန်းပြောကြားပေးနိုင်ရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။


ထို့နောက်အမှတ်တရဓာတ်ပုံတို့ကိုရိုက်ကူးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းရောက်ရှိ


ဇန်နဝါရီ၃၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက်ပိုင်းရောက်ရှိခဲ့တယ်လို့ ဇန်နဝါရီ၃၁ရက် ကိုရီးယားနိူင်ငံ NUGကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ကိုရီးယားနိုင်ငံသို့ ယနေ့နံနက် ဆိုက်ရောက်ပါတယ်။ဝန်ကြီးအား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်နှင့် ရုံးအဖွဲ့ဝင်များ၊ တော်လှန်ရေးမောင်နှမများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်"လို့ဆိုပါတယ်။


လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းသည် ကိုရီးယားနိုင်ငံမှ လွှတ်တော်အမတ်များ၊ လူ့အခွင့်အရေးကော်မရှင် နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ စည်းဝေးပွဲများကျင်းပရန်အလုပ်သဘော ရောက်ရှိလာခြင်း ဖြစ်ပါတယ်။


ဝန်ကြီးနှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ရက်နေ့တွင် ဘူဆန်မြို့၌ ကျင်းပမှာဖြစ်ပါတယ်။


========================


📌📌 ၅။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်


ဇန်နဝါရီ၃၁ရက်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ခဲ့ကြောင်းကို ဇန်နဝါရီ၃၁ရက်မှာ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကအသိပေးဆိုထားပါတယ်။


"အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ဇန်နဝါရီ ၂၉ မှ  ၃၁ ရက်နေ့အထိ ကျင်းပလျက်ရှိတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF Summit ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးအတူတက်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမြန်မာနိူင်ငံတွင်အကြမ်းဖက်စကစမှ လူ့အခွင့်ရေးချိုးဖောက်မှုအပါအဝင် နယ်မြို့များရှိဘုရား၊စေတီနှင့်ဘာသာရေးအဆောက်အအုံများကိုပါ မီးရှို့ဖျက်ဆီးလျက်ရှိနေပါတယ်။


========================


📌📌 ၆။ အီတလီနိုင်ငံ ရောမမြို့တွင် နွေဦးတော်လှန်ရေးရံပုံငွေနေ့လယ်စာနှင့် လူထုဆန္ဒထုတ်ဖော်ခြင်းအစီအစဥ်မှ အလှူငွေစုစုပေါင်း ယူရိုငွေတစ်ထောင်ကျော်ရရှိ


ဇန်နဝါရီ၃၁ရက်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့၊ အီတလီနိုင်ငံ ရောမမြို့တွင် နွေဦးတော်လှန်ရေးရံပုံငွေနေ့လယ်စာနှင့် လူထုဆန္ဒထုတ်ဖော်ခြင်းအစီအစဥ်ကို ရောမရှိမြန်မာပြည်ဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကျင်းပခဲ့ရာအလှူငွေစုစုပေါင်း ယူရိုငွေတစ်ထောင်ကျော်ရရှိခဲ့ပါတယ်။


ကမ္ဘာအနှံ့ မြန်မာ့အရေးအတွက် တောင်းဆိုလျက်ရှိသော အကြမ်းဖက် ဖက်ဆစ်စစ်တပ်ထံ လေယာဥ်ဆီဖြတ်တောက်ရေး၊ ပြည်သူများထံမှ မတရားကောက်ခံရန်ကြိုးစားနေသည့် သွေးစွန်းခွန်များဖြတ်တောက်ရေး၊ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ရေးတို့အတွက် အတူဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ရံပုံငွေနေ့လယ်စာအတွက် မတည်ငွေ ပါဝင်လှူဒါန်းကြသူများ၊ လုပ်အားဖြည့် ကူညီပေးကြသူများ အားလုံးကို အထူးလေးစားစွာ ကျေးဇူးတင်ရှိကြောင်းဆိုထားပြီးအလှူငွေစုစုပေါင်း Euro 1350 ကိုလည်း နွေဦးတော်လှန်ရေးအတွက် ပါဝင်လှူဒါန်းသွားကြမယ်လို့သိရပါတယ်။


========================


📌📌 ၇။ တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကျားဖြန့်ခေါင်းဆောင်များကိုအကြမ်းဖက်စစ်‌ကောင်စီက လွှဲပေး


ဇန်နဝါရီ၃၁ရက်


တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ကျားဖြန့်ခေါင်းဆောင်များကိုအကြမ်းဖက်စစ်‌ကောင်စီက လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။


ဇန်နဝါရီလ ၃၀ရက်ညပိုင်းမှာတရုတ်ရဲတပ်ဖွဲ့ကအထူးလေယာဥ်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။


လေယာဥ်ပေါ်သို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။


ဖမ်းဆီးသွားသူများကို ခေါင်းအားအဝတ်မည်းအုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်တွင် ခေါင်းစွပ်များဖွင့်ပြီးတရုတ်သတင်းဌာနများသို့ချပြခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ နမ့်ဖက်ကာ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၃ဝဝ ခန့် သိမ်းဆည်းရရှိ


ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာရှိတဲ့ နမ့်ဖက်ကာ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၃ဝဝ နီးပါး သိမ်းဆည်းရရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

နမ့်ဖက်ကာစစ်စခန်းကို KIA က ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက်မှာ ခလရ-၁၂၃ အထိုင်စခန်းနဲ့ အမြောက်တပ်စခန်းတိုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃ တပ်ရင်းကို KIA တပ်မဟာ-၄၊ တပ်မဟာ-၆၊ တပ်မဟာ ၁၀က တပ်ဖွဲ့တွေနဲ့ ကွတ်ခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- KPDF ကတပ်ဖွဲ့တွေ ပူးပေါင်းပြီး ၂၇ ရက်‌ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရတယ်လို့ သိရပါတယ်။ 

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက် လက် ၈၁ မမ နဲ့ ၆၀ မမ လက် စက်လက် ၁၇ လက်၊ ငါးကြင်းမြီး ၁၆ လက်၊ လက်ထောက် ၁၉ လက်၊ MA ၁၀၅ လက်၊ ဒရုန်း စင်း ဂျမ်မာစက်တခုအပါအဝင် လက်နက် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တဲ့မှတ်တမ်းကို စစ်ရေးသတင်းရင်းမြစ်တွေကထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။

KIA စစ်ရေးသတင်းများကို အဓိကဖော်ပြလေ့ရှိတဲ့ 7Stars News က အခုလို ထုတ်ဖော်ပြသလိုက်တာလည်းဖြစ်ပါတယ်။ 

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း KIA တပ်မဟာ- က ရဲဘော် ၂၀ ဦးနဲ့ အခြားတပ်မဟာတွေက ဦး စုစုပေါင်း ၂၈ဦး ကျဆုံးကာ ၅၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း KIA အရာရှိရဲ့ ပြောကြားချက်ကို 7 Stars News မှာ ဖော်ပြထားပါတယ်။ 

နမ့်ဖက်ကာတိုက်ပွဲမှာ KIA က စစ်ကောင်စီရဲ့ တိုက်လေယာဉ် FTC-2000 G အမျိုးအစား တစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့ပါ တယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ယခု ဇန်နဝါရီလကစပြီး ကချင်နဲ့ ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။


========================


🚩🚩 ၂။ ချင်းပြည် (Chinland) ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာကို စကစကလေကြောင်းတိုက်ခိုက်မှု စစ်ရေးအရပြန်လည် တုံ့ပြန်မှုများလုပ်ဆောင်သွားမယ်လို့ပြောကြား


ဇန်နဝါရီ၃၁ရက်


ချင်းပြည် (Chinland) ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာကို စကစကလေကြောင်းတိုက်ခိုက်မှု စစ်ရေးအရပြန်လည် တုံ့ပြန်မှုများလုပ်ဆောင်သွားမယ်လို့ ဇန်နဝါရီ၃၀ရက်မှာ  Chinland Defense Force - Daaiက အသိပေးဆိုပါတယ်။


ချင်းပြည် (Chinland) ဒိုင်ရ်ဒေသ၊ ဟုမ်းကျေးရွာကို ဇန်နဝါရီ၂၉ရက်နေ့(:၁၆)နာရီတွင် အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယအကြိမ် ဂျက်ဖိုက်တာ()စီး ဗုံး ()လုံးဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ()ဦး သေဆုံးပြီး ()ဦး ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီ၏ အရပ်ဖက်ပြည်သူများအပေါ်  တရစပ်လေကြောင်းတိုက်ခိုက်မှုများ ပြု လုပ်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး မိမိတို့အဖွဲ့အစည်းအနေဖြင့် ပြင်းထန်သည့်စစ်ရေး တုံ့ပြန်မှုများ ပြုလုပ်သွားမယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီသည် ဒိုင်ရ်ဒေသအတွင်းရှိ အရပ်ဖက်ပြည်သူများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဒေသတွင်းပြည်သူများ ကျေးရွာတွင်းမှ ရှောင်တိမ်းနေကြရပြီး ဆေးဝါးနှင့် ရိက္ခာ များစွာ လိုအပ်နေလျှက်ရှိပါတယ်။


========================


🚩🚩 ၃။ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁၃၀ ကျော်ကို ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးပါတယ်။  

အဲဒီဆေးအဖွဲ့ဟာ ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာလို့ သိရပါတယ်။

ဆေးတပ်ဖွဲ့အနေနဲ့ စစ်ကြောင်းတွေကြား သတိနဲ့သွားခဲ့ရပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နွားစာစဉ်းတဲ့စက်ထဲ လက်ပါသွားတဲ့ အရေးပေါ်လူနာတယောက်ကို ကုသမှုပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့မနက် ၁၀ နာရီကစတင်ကာ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ရာ ကလေးသူငယ်များနည်းပါးပြီး သက်ကြီးရွယ်အိုများတာကို တွေ့ရတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင်နေရတဲ့ သက်ကြီးရွယ်အိုတွေဟာ မျက်စိမွဲ၊နားလေး၊ဒူးနာ၊ခါးနာ၊သွေးတိုး၊ဆီးချို၊ခြေလက်ထုံကျင်ကိုက်ခဲပြီး လမ်းမလျှာက်နိုင်သူများတာကြောင့် ဒေသခံကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်ကူညီအားဖြည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဇန်နဝါရီ ၂၄ ရက်နေ့မနက်မှာ ကျန်း‌မာရေးစောင့်ရှောက်မှုပေးခဲ့သူများအနက် အမျိုးသမီး ဦးကို ဒေသတွင်းဆေးပေးခန်း တခုမှာ အသေးစားခွဲစိပ်မှုများပြုလုပ်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

ကိုးတောင်ဘို့တိုက်နယ်အတွင်းကကျေးရွာအများစုဟာ ကိုးတောင်ဘို့စစ်ကောင်စီအထိုင်စခန်းနဲ့နီးတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်အဖြစ် ရှောင်တိမ်းနေရတာ နှစ်နီးပါးကြာမြင့်နေပြီး မြွေဆိုးအန္တရာယ်ကိုလဲ ရင်ဆိုင်နေရတဲ့ တိုက်နယ်တခု ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ဆေးရုံဆေးခန်းတွေကို သွားရောက်ကုသဖို့ ခဲယဉ်းတာကြောင့် ဒေသခံကျန်းမာရေးဝန်ထမ်းများ တွေ လှည့်လည်ကုသပေးခြင်းနဲ့သာ ရှင်သန်ရပ်တည်နေကြရတာကြောင့် အခုလို့ PDF ဆေးတပ်ဖွဲ့က ဆရာဝန်၊ ဆရာမတွေ လာရောက်ကုသပေးကြတာကို ၀မ်းသာပီတိဖြစ်နေကြတယ်လို့ မြေပြင်ဆေးတပ်ဖွဲ့မှာ ပါဝင်သူတွေက ပြောပါတယ်။

အခုလို ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်အတွင်းမှာ စားရေးသောက်ရေးကစပြီး လုံခြုံရေးအဆုံး အဖက်ဖက်က ကူညီ ပေးခဲ့ကြတဲ့ ဒေသခံကျန်းမာရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ကန့်ဘလူခရိုင် တပ်ရင်းတပ်ဖွဲ့များ၊ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်တွင်း၊ပြည်ပအလှူရှင်များကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ () လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်ရယူ


ဇန်နဝါရီ၃၁ရက်


စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ () လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်ရယူခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇန်နဝါရီ၃၀ရက် ရခိုင့်တပ်တော် AAကအတည်ပြုသတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ () လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ   ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့အတည်ပြုပါတယ်။


ထို့အပြင်မင်းပြားမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ () လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း ရန်သူ၏ ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။


ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ရခိုင့်တပ်တော်AAကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment