31st JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGအစိုးရအပါအဝင် တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်ကြေညာသွားမည်

📌 ၂။ နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်တယ်လို့ယာယီသမ္မတပြောကြား

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ( Liberal Democratic Party) Member of House of Representatives ဖြစ်သူ KAMEOKA Yoshitami အား တွေ့ဆုံဆွေးနွေး

📌 ၄။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံ

📌 ၅။ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာမယ်လို့ SSPP/SSA ထုတ်ပြန်ကြေညာ

📌 ၆။ နွေဦးထီ 2.0စိတ်ကြိုက်နံပါတ် ရွေးချယ်ခွင့်ရရှိမယ်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီလက်ဝေခံ PNO ပြည်သူ့စစ် တစ်ဦး  PNLA ထံ လက်နက်နဲ့ အလင်းဝင်

🚩 ၂။ ဇန်နဝါရီ တစ်လအတွင်း တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ဟု CDF - Paletwa ထုတ်ပြန်

🚩 ၃။ ရေတာရှည် မြို့နယ်တွင် နယ်မြေရှင်းလင်းရန် ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၄။ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာမှ နတ်ကြီးသို့ပြန်ရာ လမ်းတနေရာတွင် စစ်ကောင်စီ ကား၂စီးမိုင်းဆွဲတိုက်ခိုက်ခံရ၍စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံး

🚩 ၅။ မင်းတပ်နဲ့ ပလက်ဝကြားရှိ ဟုမ်းရွာ လေကြောင်းတိုက်ခိုက် ခံခဲ့ရတာကြောင့် အရပ်သား ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGအစိုးရအပါအဝင် တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက် ထုတ်ပြန်ကြေညာသွားမည်


ဇန်နဝါရီလ ၃၀ရက်။

NUGအစိုးရအပါအဝင် တော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းသိရပါတယ်။


နွေဦးတော်လှန်ရေး၏ အန္တိမ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် အတူတကွ လက်တွဲ၍ တော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်တရပ်ကို ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။


ဇန်နဝါရီလ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မြန်မာစံတော်ချိန် နံနက် နာရီတိတိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ထုတ်ပြန် ကြေညာချက်တွင် ပါဝင်သည့် အဖွဲ့အစည်းအသီးသီး၏ Website Facebook Telegram စသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်း အသီးသီးတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်တယ်လို့ယာယီသမ္မတပြောကြား


ဇန်နဝါရီလ ၃၀ရက်။

နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၃၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ( / ၂၀၂၄) အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။


"ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဇာတ်ကြောင်းကို ကြည့်ရင် အကဲဆတ်တဲ့ အတွေးအခေါ်တွေ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရမှုများအပေါ် မှီတည်ပြီး လက်နက်ကိုင် ပဋိပက္ခက ယှဉ်တွဲလာတယ် ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီသမိုင်းသင်ခန်းစာကို သတိချပ်ပြီး ကျွန်တော်တို့အနေနဲ့ လက်ရှိ ပစ္စုပ္ပန်ကာလမှာ ပို၍ ငြိမ်းချမ်းသော လူ့ဘောင် အဖွဲ့အစည်းကို တည်ထောင်ကြဖို့ ဖြစ်ပါတယ်။  အခု နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ယခင့်ယခင်ကနဲ့ မတူတဲ့ အသစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ဦးတည်လျှောက်လှမ်းနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ရေးနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ လက်တွေ့ကျသော/ ညီညွတ်သော / ခေတ်မီသော ဖက်ဒရယ်မိုဒယ် [Federal model] တွေကို စဉ်းစား လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်"လို့ယာယီသမ္မတကဆိုပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ အသံတိတ်သပိတ်၊ပန်းသပိတ်စတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများဟာ မြန်မာနိူင်ငံသာမက ကမ္ဘာကပါအသိအမှတ်ပြုလက်ခံခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ( Liberal Democratic Party) Member of House of Representatives ဖြစ်သူ KAMEOKA Yoshitami အား တွေ့ဆုံဆွေးနွေး


ဇန်နဝါရီလ ၃၀ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဇန်နဝါရီလ ၂၉ရက် (တနင်္လာနေ့) နံနက် ၁၁း၃၀ နာရီတွင် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party) Member of House of Representatives ဖြစ်သူ KAMEOKA Yoshitami မှ New Otani Garden Court တည်ခင်း ဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာ အတူသုံးဆောင်လျက် တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။


ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းခဲ့မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်ပေါ်မှုအခြေအနေများ၊ စစ်အာဏာရှင်များမှ အပြစ်မဲ့ ပြည်သူများအား နိုင်ငံရေးနှင့် သက်ဆိုင်သူများသာမက အပြစ်မဲ့ပြည်သူများအား အပြစ်ရှာ ဖမ်းဆီးသတ်ဖြတ် အနိုင်ကျင့်ခြင်း၊ တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းအစရှိသည်တို့ကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဒုက္ခသည်များ တိုးပွားလာနေမှုအခြေအနေများ၊ အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ကယ်ဆယ်ရေး လုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့အပြင် စစ်ဘေးရှောင်ပြည်သူများအား ဂျပန်နိုင်ငံအပါအဝင်၊ နိုင်ငံတကာမှ ထိရောက်စွာ ကူညီ ထောက်ပံ့ပေးနိုင်ရန်အတွက်လည်းကောင်း၊ စစ်အာဏာရှင်များ၏ ဝင်ငွေစီးဝင်မှုလမ်းကြောင်းများအား ပိတ်ဆို့ရာတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာပြည်သူများအား လေကြောင်းမှ တိုက်ခိုက်နေမှုများ ရပ်တန့် သွားစေရန်အတွက် လေယာဉ်ဆီတင်ပို့မှုများကို တားဆီးပိတ်ပင်ရေးတွင် ပူးပေါင်းပါဝင်ရေးတို့ကိုပြောကြားခဲ့ပါတယ်။


ဒါ့အပြင်  မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားသောအားဖြင့် အကူအညီများပေးအပ်ရာတွင် စစ်ကောင်စီမှတဆင့် ပေးအပ်ခြင်းမပြုဘဲ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရဖြင့်လည်းကောင်း၊ တိုင်းရင်းသား အင်အားစုများဖြင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး စသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။  


========================


📌📌 ၄။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ မြန်မာနိုင်ငံသားများတွေ့ဆုံ


ဇန်နဝါရီလ ၃၀ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ၊ မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို ဇန်နဝါရီလ(၂၈)ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ ပကတိအခြေအနေမှန်များနှင့် လက်ရှိဖြစ်ပေါ်တိုးတက်လျှက်ရှိသော တော်လှန်ရေးဖြစ်စဉ်များ၊ မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသော အခက်အခဲများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက်အခမ်းအနားသို့  တက်ရောက်လာကြသော ဧည့်ပရိသတ်များ၊တော်လှန်ရေးအင်အားစုများ၊ ဂျပန်လူမျိုးများမှ မေးမြန်းသည့်မေးခွန်းအချို့အားပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် စိတ်အားထက်သန်စွာဖြင့် ပါဝင်ကူညီပေးနေကြသော၊ တက်ရောက်လာကြသူများနှင့် စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၅။ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာမယ်လို့ SSPP/SSA ထုတ်ပြန်ကြေညာ


ဇန်နဝါရီလ ၃၀ရက်။

အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ နယ်မြေချဲ့ထွင်ရေးဝါဒများကို ဆန့်ကျင်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဇန်နဝါရီလ၂၉ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ထုတ်ပြန်ချက်အရရှမ်းပြည်တိုးတက်ရေးပါတီ၏ အထွေထွေလုပ်ငန်းစဉ်၌ ချမှတ်ထားသော မူဝါဒအတိုင်း အာဏာရှင်စနစ် (Autocracy) မဟာလူမျိုးကြီးဝါဒ (Chauvinism) နယ်မြေချဲ့ထွင်ရေးဝါဒ (Expansionism) တို့ကိုဆန့်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြန်ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် အေးချမ်းသာယာပြီး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုတည်ဆောက်နိုင်မယ်လို့ဖော်ပြပါရှိပါတယ်။


ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်များကိုလည်း တဆင့်တိုးစီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ကျားဖျန့် (အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း) များကိုလည်း ထုတ်ဖော်တားဆီးနှိမ်နှင်းပြီး သက်ဆိုင်ရာနိုင်ငံများသို့ အပ်နှံသည့် လုပ်ငန်းများဆောင်ရွက်သွားမယ်လို့ကြေညာချက်မှာပါရှိပါတယ်။


========================


📌📌 ၆။ နွေဦးထီ 2.0စိတ်ကြိုက်နံပါတ် ရွေးချယ်ခွင့်ရရှိမယ်


ဇန်နဝါရီလ ၃၀ရက်။

နွေဦးထီ 2.0စိတ်ကြိုက်နံပါတ် ရွေးချယ်ခွင့်ရရှိမယ်လို့ ဇန်နဝါရီလ ၃၀ရက်မှာ အောင်လံလွှင့်ချီနွေဦးထီမိသားစုက တရားဝင်အသိပေးဆိုပါတယ်။


"လူ့ အလို နတ်မလိုက်နိုင်ပေမယ့် နွေဦးထီ မှာတော့ ,၀၀၀,၀၀၀ မှ ,၉၉၉,၉၉၉ အကြား ရှိ ထီနံပါတ်စဥ်များကို ထိပ်ဆုံး နှင့် မှ လွဲ၍ နောက် နံပါတ် လုံးကို မိမိ စိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားပါတယ်။ မိမိရဲ့ မိဘ၊ BF/ GF, သား/သမီး မွေးသက္ကရာဇ်လေးနဲ့ ကံစမ်းချင်တယ် ဆိုကြပါစို့ ။ထိပ်ဆုံးနံပါတ် အတွက် (သို့) ကို ရွေးပြီး  ဥပမာ  ၁၃၀၀၁၂၄” , "၂၁၉၀၄၈၅" စသဖြင့် ရွေးချယ် နိုင်ပါတယ်။  

တခြားသော အမှတ်တရ နေ့စွဲများအပြင်၊ သင်္ချာကဝိပညာရှိများလည်း စိတ်ကြိုက်တွက်ချက် ကံစမ်းနိုင်ပါပြီ"လို့ဆိုပါတယ်။ 


မကြာမီ ရက်ပိုင်း အတွင်းမှာ မိတ်ဆက်တော့မယ့် နွေဦးထီ 2.0 ရဲ့ အနာဂါတ် ကံကောင်းခြင်း နံပါတ်များနဲ့ အတူ ကံထူး ခွင့်ရဖို့ ကတော့ Spring Development Bank အကောင့်လေးတွေ ဖွင့်ထားပြီးငွေဖြည့်ထားဖို့လည်းလိုမှာ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ စစ်ကောင်စီလက်ဝေခံ PNO ပြည်သူ့စစ် တစ်ဦး  PNLA ထံ လက်နက်နဲ့ အလင်းဝင်


ဇန်နဝါရီလ ၃၀ရက်။

စစ်ကောင်စီအတွက် ပအိုဝ်းအချင်းချင်း မတိုက်လိုသဖြင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တစ်ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထံက သိရပါတယ်။


လက်နက်နဲ့တကွ အလင်းဝင်လာတဲ့  PNO ပြည်သူ့စစ်တစ်ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့တယ်လို့ PNLA က ဇန်နဝါရီ ၃၀ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။


လက်နက်နဲ့ အလင်းဝင်လာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို ဆုကြေးငွေများ ပေးအပ်ခဲ့ပြီး လိုအပ်တဲ့ အကူအညီများဆောင်ရွက်ပေးခဲ့ကာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ပြုထားတယ်လို့ သိရပါတယ်။


၎င်း သတင်းထုတ်ပြန်ချက်မှာ PNLA အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ထပ်လောင်းပြောကြားထားပြီး စစ်ကောင်စီလက်အောက်က ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင်များ အနေဖြင့် အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းကို ကူးပြောင်းကာ လက်နက်နဲ့တကွ အချိန်မှီ အလင်းဝင် ကြဖို့ တိုက်တွန်းထားပါတယ်။


လက်ရှိမှာ PNLA နှင့် မဟာမိတ်များက ဆီဆိုင်မြို့ရှိ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းနဲ့ ဌာန ဆိုင်ရာ ရုံးများကို သိမ်းပိုက်ထိန်းချုပ်ထားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။


ဆီဆိုင်မြို အသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က  PNLO/ PNLA ကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ပြောကြားထားပြီး တစ်ဖက်မှာလဲ ၎င်းတို့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် အဖွဲ့ ဖြစ်တဲ့ PNO ကို လက်နက်များ တပ်ဆင်ပေးနေပါတယ်။


========================


🚩🚩 ၂။ ဇန်နဝါရီ တစ်လအတွင်း တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ဟု CDF - Paletwa ထုတ်ပြန်


ဇန်နဝါရီလ ၃၀ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် မတူပီမြို့ နယ်စပ်မှာ ဇန်နဝါရီလ တစ်လအတွင်း တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Paletwa က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၀ ရက်နေ့က ဆမီးမြို့ ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ နဲ့ ချင်းလဲန်း ကာကွယ်ရေးတပ် (ပလက်ဝ) ချင်းလဲန်း ကာကွယ်ရေးတပ် (မတူပီ) ချင်းအမျိုးသား တပ်မတော် (CNA) ပူးပေါင်းတပ်ဖွဲ့တို့ မတူပီမြို့နယ်စပ်က လုံပန်းကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း မတူပီမြို့နယ်က စံတပ်ကျေးရွာမှာ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ အများပြား ရရှိခဲ့ပြီး CDF CNA ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ၎င်းစစ်ကောင်စီ တပ်ဖွဲ့ဟာ ပလက်ဝမြို့နယ်၊ ဘုန်းလှိုင်းကျေးရွာက CDF (ပလက်ဝ) ရဲဘော် ဦးကို ဖမ်းဆီးခဲ့ပြီး အဖမ်းခံရတဲ့ ထဲက ရဲဘော် ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ရေတာရှည် မြို့နယ်တွင် နယ်မြေရှင်းလင်းရန် ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦး သေဆုံး


ဇန်နဝါရီလ ၃၀ရက်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကူးတို့ကုန်း ကျေးရွာမှ စစ်တောင်းမြစ်ကို ဖြတ်ပြီး ကဲလင်းဆိပ် ကျေးရွာကို နယ်မြေရှင်းလင်းရန် ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းက သတင်းထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ တပ်ဖွဲ့များက စစ်တောင်းမြစ်ကို ဖြတ်ကူးနေချိန်မှာ ပုဝါနီစစ်ကြောင်း ရဲဘော်များက တစ်ဖက်ကမ်းမှာ အသင့်စောင့်ဆိုင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရသွားတာကို မျက်မြင်တွေ့ရတယ်လို့  ပုဝါနီစစ်ကြောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။


စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီးနောက် အနောက်ကို အနည်းငယ်ပြန်ဆုတ်ကာ ခံစစ် ပြင်ထားပြီး စစ်ကူရောက်လာတဲ့ နေပြည်တော် PDFနဲ့ ပူးပေါင်းကာ ညနေ နာရီ အချိန်မှာ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ ဇန်နဝါရီလ ၂၆ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟာ ကဲလင်းဆိပ် ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့တာကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။


ပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူများကို လူသားဒိုင်း အကာအကွယ်ယူပြီး စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကတိုးကုန်းကျေးရွာကို ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာမှ နတ်ကြီးသို့ပြန်ရာ လမ်းတနေရာတွင် စစ်ကောင်စီ ကား၂စီးမိုင်းဆွဲတိုက်ခိုက်ခံရ၍စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံး


ဇန်နဝါရီလ၃၀ရက်။

ဇန်နဝါရီလ ၃၀ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDFကအသိပေးဆိုပါတယ်။


"ဇန်နဝါရီ ၂၅ရက်နေ့ ညနေ ၆နာရီအချိန်ခန့်တွင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာမှ နတ်ကြီးသို့ပြန်ရာ လမ်းတစ်နေရာတွင် စစ်ကောင်စီ ကား၂စီးအား ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပဒေသာ၅လုံးပွိုင့် ၂ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ပထမ ပဒေသာ၅လုံးပွိုင့် ဆွဲလိုက်ချိန်တွင် စစ်ကောင်စီကား၁စီး ထိမှန်ခဲ့ရာ ကျန်ကားမှ စစ်ကောင်စီတပ်သားများသည် ကားပေါ်မှဆင်းပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန်တွင် နောက်ထပ် ပဒေသာ၅လုံးပွိုင့် ထပ်မံဆွဲလိုက်ရာ စစ်ကောင်စီဘက်မှ (၁၀)ဦးထက်မနည်း နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။

 

မိုင်းထိ၍ထိခိုက်ဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့ပြီး၂၆ရက်နေ့ မနက်ခင်းတွင် စစ်ကောင်စီဘက်မှ အလောင်းများ လာရောက်သယ်ယူသွားကြောင်းသတင်းရရှိပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုတွင်စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်()တပ်ရင်း တပ်ခွဲ()-Special Task Force Ngazun မြင်းခြံခရိုင်အမှတ်()တပ်ရင်း တပ်ခွဲ()-NZN FIGHT STARS မြောင်မြို့နယ် နဘက်တိုက်နယ် ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။


========================


🚩🚩 ၅။ မင်းတပ်နဲ့ ပလက်ဝကြားရှိ ဟုမ်းရွာ လေကြောင်းတိုက်ခိုက် ခံခဲ့ရတာကြောင့် အရပ်သား ဦး သေဆုံး


ဇန်နဝါရီလ ၃၀ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုရ်ဒေသအတွင်းရှိ ဟုမ်းကျေးရွာကို စစ်ကောင်စီ လေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။


ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ် နာရီ ခန့်က မင်းတပ်နဲ့ ပလက်ဝကြားရှိ ဟုမ်းရွာကို တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးသုံးလုံး ကျဲချ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပလက်ဝမြို့နယ်ကို ဈေးသွားရောင်းတဲ့ မင်းတပ်ဒေသခံ အမျိုးသား ဦးနဲ့ ပလက်ဝဒေသခံ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းကလည်း မင်းတပ်မြို့နယ်ထဲကို လေကြောင်းကနေ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။


ပလက်ဝ ဒေသကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၁၄ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပလက်ဝမြို့နယ်၊ ကျီးလေရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ ဦး သေဆုံးခဲ့ ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment