15th FEB 2024 - Evening Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကိုင်တွယ်စီမံနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့  စီမံချက်တခု ရေးဆွဲပြင်ဆင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး

📌 ၂။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ NUCC က တိုက်တွန်းနှိုးဆော်

📌 ၃။ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင် နှင့် လူသား/စာနာ ၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ ပြင်သစ်နိုင်ငံရောက် နွေဦးတော်လှန်ရေးမိသားစုများနဲ့ တွေ့ဆုံမယ်

📌 ၄။ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမယ်လို့ ထုတ်ပြန်

📌 ၅။ ပုလဲမြို့နယ် ပျူရွာမှ မိခင် () ဦး ကလေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်

📌 ၆။ EOD မှ ဆက်လက် ရောင်းချပေးနေသော လက်ကျန်များအား အများပြည်သူသို့ အသိပေး


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရမ်းဗြဲနှင့် ရသေ့တောင်မြို့ မကျစေရေး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံနေဟု ညီနောင် ဖွဲ့ပြော

🚩 ၂။ KNU တပ်မဟာ () နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်း () ခု စခန်းစွန့်ခွာထွက်ပြေး

🚩 ၃။  ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ - နတ်မောက် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက်

🚩 ၄။ ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး

🚩 ၅။ ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်သားသစ် စတင်ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကိုင်တွယ်စီမံနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့  စီမံချက်တခု ရေးဆွဲပြင်ဆင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး


ဖေဖော်ဝါရီ၁၅ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄) ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကိုင်တွယ်စီမံနိုင်ဖို့  စီမံချက်တခု ရေးဆွဲပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 "အခုဆိုရင် တိုင်းအလိုက် ပအဖတွေနဲ့ ကြားကာလ‌ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး မေးမြန်းလာကြတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်စီမံနိုင်ဖို့ စီမံချက်တခု ရေးဆွဲပြင်ဆင်နေတာ ရှိပါတယ်" လို့ဝန်ကြီးချုပ်က ဆိုပါတယ်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄) တွင် ချမှတ်ထားခဲ့သော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ NUCC က တိုက်တွန်းနှိုးဆော်


အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အခုလို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

တရားမဝင်အကြမ်းဖက်စစ်အုပ်စုသည် စစ်အာဏာရှင်များပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေ (၂၀၁၀) ကို (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် စတင်အသက်ဝင်သည်ဟု ကြေညာခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ ထိုသို့သွေးရူးသွေးတန်းလုပ်ဆောင်ချက်သည် ပြိုကျပျက်စီးအဆုံးသတ် တော့မည့် ၎င်းတို့၏အခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းဥပဒေအား အသက်သွင်းခြင်းသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သော ကျောင်းသား/ လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး၊ စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်သော ရာဇဝတ်မှုများအား နိုင်ငံတကာက ထိရောက်စွာ ဟန့်တားအရေးယူနိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ပိုမိုပြင်းထန်သော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လာခြင်းဖြစ်ပြီး ယင်းတို့သည် အကြမ်းဖက်စစ်အုပ်စုကြောင့်ဖြစ်သော ဒေသတွင်း မတည်ငြိမ်မှုကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်ရာ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အလျင်အမြန်တုံ့ပြန်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ထို့အတွက် အကြမ်း ဖက်စစ်အုပ်စုအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် တိုက်တွန်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင် နှင့် လူသား/စာနာ ၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ ပြင်သစ်နိုင်ငံရောက် နွေဦးတော်လှန်ရေးမိသားစုများနဲ့ တွေ့ဆုံမယ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင် နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံရောက် နွေဦးတော်လှန်ရေးမိသားစုများနဲ့ရင်းနှီးနွေးထွေးစွာတွေ့ဆုံပွဲကို ဖေဖော်ဝါရီလ (၂၅) ရက်၊ တနင်္ဂနွေနေ့ နေ့လည် () နာရီမှ ညနေ () နာရီ အထိ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လိုသူများကို တွေ့ဆုံပွဲနှင့် ပတ်သက်၍ မေလ်းပြန်ပို့ပေးမှာ ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲကို ပါရီမြို့ (၁၃) ရပ်ကွက်တွင်ကျင်းပသွားမှာဖြစ်ကာ တော်လှန်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး နှစ်ဦးက ရှင်းလင်းပြောကြားသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမယ်လို့ ထုတ်ပြန်


မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် နေ့စဥ်လူရာနှင့်ချီ၍ ဗီဇာလျှောက်သူများပြားနေပြီး တစ်ရက်လျှင် လူဦးရေ (၄၀၀) သာ လက်ခံမယ်လို့ ဖေဖော်ဝါရီ (၁၄) ရက်မှာ ထိုင်းသံရုံးက စည်းကမ်းချက်အသစ်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

"သံရုံးနားမှာတင် ပွဲစားတွေရှိတယ်။ တချို့လည်း ဒီ့ပြင်မှာ ဗီဇာလုပ်ပေးမယ်ဆိုပြီး အလိမ်ခံရတာတွေရှိတယ်။ လူက တိုးမပေါက်ဘူး။ လာတိုးကြတာ လူငယ်တွေများပါတယ်" လို့ ထိုင်းသံရုံးအနီး ရောက်ရှိခဲ့သူတဦးက ပြောပြပါတယ်။

ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှစတင်၍  တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ အရေအတွက် လူဦးရေ (၄၀၀) သာ လက်ခံမယ်လို့ ထိုင်းသံရုံးက ဆိုပြီး ဗီဇာလျှောက်ထားသူများကို တန်းစီစနစ် ကျင့်သုံးမည်ဖြစ်ပါတယ်။ တိုကင်နံပါတ်ကို ရုံးဖွင့်ချိန်မတိုင်မီ နံနက် (၈း၃၀) မှစတင်၍ ပေးဝေမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်နှင့်တကွ လူကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ် ပျူရွာမှ မိခင် () ဦး ကလေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာက မိခင် () ဦးဟာ ကလေးတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ (၁၅) ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ဇီးဖြူကုန်းပျူစောထီးရွာက မိခင် () ဦးအပါအဝင် စုစုပေါင်း () ဦးဟာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင် ခိုလှုံခွင့် တောင်းခံလာတာကြောင့် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပြီး လက်ခံပေးခဲ့တာလို့ သိရပါတယ်။

ခိုလှုံခွင့်တောင်းခံလာတဲ့ မိသားစုတွေကို ယခုအချိန်ကစပြီး ပျူစောထီးတွေနဲ့ အဆက်အသွယ်မလုပ်ဖို့၊ စစ်ကောင်စီနဲ့ ဆက်သွယ်တာ၊ သတင်းအချက်အလက် ပေးပို့တာနဲ့ သူလျှိုဒလန်ပြုလုပ်တာတွေ မလုပ်ဖို့ သတိပေးတားမြစ်ထား‌ပြီး ကျူးလွန်ရင် ထိရောက်တဲ့ အရေးယူအပြစ်ပေးတာ ခံရမယ်ဆိုတဲ့ ဝန်ခံကတိ လက်မှတ်ရေးထိုးစေခဲ့တယ်လို့ ပုလဲ - ပအဖက အသိပေးထားပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ မိခင် () ဦးနဲ့အတူ အသက် () နှစ်၊ () နှစ်၊ (၁၂) နှစ်နဲ့ (၁၅) နှစ်အရွယ် ကလေးငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါမိသားစုတွေကို ကျပ် တသိန်း နှစ်သောင်း၊ မိုးကာ () ချပ်၊ အမျိုးသား/အမျိုးသမီးဝတ် လုံချည်တွေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ ပုလဲမြို့နယ်ထဲက ပျူစောထီးအားကောင်းရာ ရွာတွေဖြစ်တဲ့ အင်းမထီးနဲ့ ဇီးဖြူကုန်းရွာက ရွာသူ/ရွာသား (၅ဝ) ကျော် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ EOD မှ ဆက်လက် ရောင်းချပေးနေသော လက်ကျန်များအား အများပြည်သူသို့ အသိပေး


EOD မှ ဆက်လက် ရောင်းချပေးနေသော မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းနှင့် ရှယ်ယာ နောက်ဆုံးလက်ကျန်များအား ဖေဖော်ဝါရီ (၁၄) ရက်မှာ EOD ရှယ်ယာက အများပြည်သူသို့ အသိပေးဖော်ပြလိုက်ပါတယ်။

"တလှိုင်းပြီးတလှိုင်း တက်နေတဲ့ တော်လှန်ရေး လှိုင်းလုံးကြီးတွေ ခွန်အားပြည့်ပြည့်ဝဝ ဖြစ်စေဖို့ ဆက်လက်အားထုတ်ကြမယ်။ EOD မှ ဆက်လက် ရောင်းချပေးနေသော မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းနှင့် ရှယ်ယာ လက်ကျန်များအား အသိပေးအပ်ပါတယ်" လို့ ဆိုပါတယ်။

EOD က ကျန်ရှိရှယ်ယာများမှာ InyaView@6.5 Miles ရှယ်ယာ၊ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ () မိုင်ခွဲရှိ နိုင်ငံတော်ပိုင် မြေနှင့်အဆောက်အအုံ၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်ခွင့်အား ကာလတန်ကြေး၏ () ပုံ () ပုံ တန်ဘိုးဖြတ်၍ အစုရှယ်ယာတစ်စုလျှင် USD (100) ဖြင့် ရောင်းချပေးခြင်း ဖြစ်ပါတယ်။

Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် --) လူနေတိုက်ခန်းများ၊ နွေဦးစံရိပ်မွန် () လှိုင်သာယာ၊ နွေဦးစံရိပ်မွန် () တောင်ဒဂုံ၊ နွေဦးစံရိပ်မွန် () မင်္ဂလာဒုံ မြို့နယ်များရှိ အကြမ်းဖက်စစ်တပ်က မတရားသဖြင့် သိမ်းယူထားသည့် မြေနေရာများတွင် လူနေတိုက်ခန်းများ ဆောက်လုပ် ရောင်းချပေးခြင်း ဖြစ်ပါတယ်။

တော်လှန်ရေးကာလအတွင်း ပေးသွင်းတန်ဖိုး USD 1,320, USD 1,980, USD 2,640 နှင့် USD 3,420 တန်ဖိုးရှိ တိုက်ခန်းအမျိုးအစား မျိုးကျန်ရှိသေးတယ်လို့ ဆိုပါတယ်။

Spring Inya Condominium (နွေဦးအင်းလျား ကွန်ဒို) တိုက်ခန်းများမှာ ပါရမီလမ်းမပေါ် မြေတန်ဖိုးမြင့်မားသည့် အင်းလျားကန်စောင်းရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာတွင် ဆောက်လုပ်ရောင်းချပေးသော ကွန်ဒိုဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ပေးသွင်းတန်ဖိုး USD 11,700, USD 16,800 နှင့် USD 21,600 တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း အမျိုးအစား () မျိုး ကျန်ရှိနေသေးတာဖြစ်တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ရမ်းဗြဲနှင့် ရသေ့တောင်မြို့ မကျစေရေး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံနေဟု ညီနောင် ဖွဲ့ပြော  


ရခိုင်ပြည်နယ်ထဲက မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပေါက်တောမြို့တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးကို ရခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရမ်းဗြဲနဲ့ ရသေ့တောင်မြို့တို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေ မကျစေရေး အကြမ်းဖက်စစ်ကောင်စီဟာ ကြည်း၊ ရေ၊ လေ တပ်တွေနဲ့ ပူးပေါင်းခုခံနေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။    

(၁၀၂၇) စစ်ဆင်ရေး (၁၁၁) ရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့အတွက် စစ်ရေးအခြေအနေကို ဖော်ပြရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။  

ရမ်းဗြဲမြို့နဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ (၁၀) ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး Mi-35 ရဟတ်ယာဉ်ကလည်း လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။  

အဆိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ရမ်းဗြဲမြို့ ကိုယ်ရံ‌တောင်ဘုရား အနီးဝန်းကျင်နဲ့ အမှတ် () လောင်းချောင်းရပ်ကွက်၊ တောင်ဥက္ကလာဘက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့သလို အမှတ် () ရပ်ကွက်၊ ကင်းတဲနဲ့ အောင်စေတီမှာရှိတဲ့ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် မွန်းလွဲ (၁၂) နာရီကျော်ခန့်အချိန်မှာလည်း စစ်ကောင်စီက Y-12 ထောက်ပို့လေယာဉ်နဲ့ ရိက္ခာဖြည့်တင်းမှု () ကြိမ်ထက် မနည်းပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

အလားတူ ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းထက်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေ နဲ့ (၁၀) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီရဲ့ ကမ်းထိုးဇက်ရေယာဉ်နဲ့ အမှတ် (၄၁) တိုက်ခိုက်ရေးရေယာဉ်တို့ကလည်း (၁၈) ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရသေ့တောင်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နဲ့ လိုင်ဂွင်ကျေးရွာ အနီးပတ်ဝန်းကျင်ကိုလည်း (၇း၁၅) အချိန်ကစပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ မရပ်မနားလာရောက်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ထို့အတူ စစ်ကောင်စီဟာ အတွဲလိုက်ဒုံးတွေနဲ့ ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ်ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ သင်္ဘောများပေါ်မှ လည်းကောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ယမန်နေ့ညနေပိုင်းကစပြီး မရပ်မနား ဆက်တိုက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ရသေ့တောင်မြို့ရှိ ၎င်းတို့ရဲ့စခန်းများမကျစေရေး အသည်းအသန် ခုခံကာကွယ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပေါက်တော စတဲ့ မြို့ကြီး () မြို့ကို ရခိုင့်တပ်တော်က သိမ်းပိုက်ထားနိုင်တဲ့အပြင် ဘူးသီးတောင်နဲ့ မောင်တောမြို့တို့မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းတွေကိုလည်း ရခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်တာကြောင့် ရခိုင်ဒေသတွင်းက မြို့နယ်အချို့မှာ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေခုခံစစ်နဲ့ ရက္ခိုင့်တပ်‌တော်ရဲ့ထိုးစစ်တို့‌ကြား တိုက်ပွဲတွေဆက်ရှိနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။


========================


🚩🚩 ၂။ KNU တပ်မဟာ () နယ်မြေအတွင်းရှိ စစ်ကောင်စီစခန်း () ခု စခန်းစွန့်ခွာထွက်ပြေး


ကရင်ပြည်နယ် KNU တပ်မဟာ () နယ်မြေအတါင်း KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ခြင်းခံထားရတဲ့ စစ်ကောင်စီစခန်း () ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားကြတယ်လို့ တပ်မဟာ () က အသိပေး ထုတ်ပြန်ပါတယ်။ 

လယ်ကလေးကျိုးမှာရှိတဲ့ ခမရ (၃၄၉) က စစ်ကောင်စီတပ်ဖွဲ့ဟာ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့ မနက် () နာရီအချိန်မှာ စွန့်ခွာသွားတာဖြစ်ပြီး ကျူလူမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းခဲ့တယ်လို့ အသိပေးထားပါတယ်။

ထို့နောက် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ ကျူလူစခန်းကို ထပ်မံစွန့်လွှတ်ကာ အတွင်းပိုင်းကျတဲ့ မော်ဖူးဗျူဟာစခန်းမှာ ပူးပေါင်းနေတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ နှစ်ပေါင်းများစွာ လာရောက်တပ်စွဲနေတဲ့ အဆိုပါစစ်ကောင်စီစခန်းတွေကို KNLA အမှတ် () တပ်မဟာက စစ်သည်တော်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရာလမ်းကြောင်းတွေ၊ စားနပ်ရိက္ခာပို့ဆောင်ရာလမ်းကြောင်းနဲ့ သောက်သုံးရေခပ်ဖို့ ဆင်းရာလမ်းကြောင်းတွေကို မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာကြောင့် ရဟတ်ယာဉ်ကိုပဲ အားကိုး နေရတာမှာ ရေရှည်မှာမဖြစ်နိုင်တော့တဲ့အတွက် ဗျူဟာတပ်စခန်းမှာ သွားရောက်ပူးပေါင်းကြတာလို့ သိရပါတယ်။

လက်ရှိမှာ မော်ဖူးဗျူဟာစခန်းကိုလည်း KNLA အမှတ် () တပ်မဟာက စစ်သည်တော်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ လယ်ကလေးကျိုးစခန်းကို (၁၉၉၇) ခုနှစ်မှာလာရောက်တပ်စွဲတာဖြစ်ပြီး ကျူလူစခန်းကို (၂၀၀၇) ခုနှစ်မှာ အခြေချတပ်စွဲခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၃။  ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ - နတ်မောက် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက်


ဖေဖော်ဝါရီလ (၁၄) ရက်၊ (: ၅၆) အချိန်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာရှိ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ - နတ်မောက် (ပပန-နတ်မောက်) စစ်ဆေးရေးဂိတ်အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း ( ၉၀၂ )တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် နှင့် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုတို့မှ ကိုက် (၂၀၀) ခန့်အကွာမှနေ၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။

ရန်သူ့ဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း ( ၉၀၂ )တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ရန်သူ စစ်အုပ်စုဘက်မှ အထိအခိုက် အကျအဆုံး အတိအကျ မသိရသေးပဲ စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး သေဆုံး


တံတားဦးကနေ တက်လာတဲ့ စစ်တိုက်လေယာဥ်တစင်းက ကျွန်းလှမြို့နယ် မော်တုံကျေးရွာနဲ့ ပေပင်ချောင်းကျေးရွာအနီး တဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ (၁၄) ရက်နေ့ညနေ (၄း၀၃) အချိန်ခန့်မှာ လေကြောင်းတိုက်ခိုက်မှုခံရတာကြောင့် မော်တုံကျေးရွာ အနောက်ဘက်က စျေးဆိုင်တဆိုင် မီးလောင်ပြာကျသွားပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးတဦး ဆိုင်အတွင်း၌ပင် မီးလောင်သေဆုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။ 

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မော်တုံကျေးရွာက အမျိုးသမီးတဦးနဲ့ ပေပင်ချောင်ကျေးရွာက အမျိုးသမီးတို့လည်း မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။

ညနေ (၅း၅၃) အချိန်မှာလည်း တံတားဦးက တက်လာတဲ့ တိုက်ခိုက်ရေးစစ်လေယာဥ်က ဝေသော်ရွာနဲ့ ပေပင်ချောင်ကျေးရွာ ဆက်သွယ်ရေးလမ်းမကြီး ဒေသအခေါ် ကံကြီးကွင်းအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကားတစီး ထိမှန်ပျက်စီးခဲ့ရပြီး ကားမောင်းသူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူများနေထိုင်ရာ ရွာများ၊ သာသနိကအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို အဓိကပစ်မှတ်ထားပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေရာ ဖေဖော်ဝါရီ () ရက်နေ့ကလည်း ကန့်ဘလူခရိုင်အတွင်းက သင်တော၊ ဇော်ချောင်း၊ ညောင်ကုန်း၊ ပင့်သာ၊ မကျီးကုန်း၊ ဇီးကုန်း စတဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က အသိပေးထားပါတယ်။


========================


🚩🚩 ၅။ ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်သားသစ် စတင်ခေါ်ယူ


ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) က တပ်သားသစ် စတင်ခေါ်ယူမယ်လို့ အသိပေးကြေညာလိုက်ပါတယ်။

"ကျွန်ုပ်တို့ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Khayan) သည် တော်လှန်ရေး () နှစ်တာ ကာလအတွင်း တော်လှန်ရေးအပေါ်သစ္စာရှိရှိ ပြည်သူကိုမျက်နှာမူလျက် တော်လှန်ရေးတာဝန်များကို စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ပါတယ်။ ယခုလက်ရှိ အခြေအနေအရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုသော ပြည်သူ့ရဲဘော် တော်လှန် ရေးတပ်သားသစ်များကို လက်ခံကြိုဆိုသွားမှာဖြစ်တယ်" လို့ ပါရှိပါတယ်။

ခိုင်မာမြဲမြံသောတော်လှန်ရေးယုံကြည်ချက်ဖြင့် ပြည်သူအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် လူငယ်/လူရွယ်များအနေဖြင့် ထုတ်ပြန်သည့်နေ့မှ () လအတွင်း တပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် တပ်သားသစ်ခေါ်ယူရေး စည်းကမ်းချက်များနှင့်အညီ ဆက်သွယ်နိုင်တယ်လို့ ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment