15th FEB 2024 - Morning Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့ အသိအမှတ်ပြုကြိုဆို

📌 ၂။ အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေရန် နည်းမျိုးစုံဖြင့် ဖိနှိပ်ရက်စက်မှုများကြောင့် မလွှဲမရှောင်သာ ရှောင်တိမ်းကြရသော ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်တိုင်းရင်းသား မဟာမိတ်များက စနစ်တကျ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ရန် CRPHတိုက်တွန်း

📌 ၃။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရားရုံး (၂၈) ရုံးမှတရား သူကြီးများ တွေ့ဆုံဆွေးနွေး

📌 ၄။ စစ်ကောင်စီက ကာကွယ်ပေးနေတဲ့ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်သွားမယ်လို့ KNU ထုတ်ပြန်

📌 ၅။ မြိတ်ထောင်မှ နိုင်ငံရေး အကျဉ်းသားများကို  ကော့သောင်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့

📌 ၆။ စစ်တပ်က ကျပန်းစနစ်ဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများရှိလာနိုင်သဖြင့် သတိဖြင့် သွားလာနေထိုင်ရန် GSC အကြံပြု

📌 ၇။ကသုံးလုံးအတွက် ခွန်အားတစ်လက်ကမ်ပိန်းNUG Payနဲ့အတူပြည်သူများ ပါဝင်လှူဒါန်းထောက်ပို့နိုင်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရက္ခိုင်နှင့် ပလက်ဝ ဒေသအတွင်း တိုက်ပွဲများ၌ အရှင်လက်ရဖမ်းဆီး၊ သေဆုံးခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူးများအခြေအနေကို ရက္ခိုင့်တပ်တော်ထုတ်ပြန်

🚩 ၂။စစ်ကောင်စီ၏ ခလရ-၁၀၆တပ်ရင်းအား RPGဖြင့်ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-)မှ ပစ်ခတ်တိုက်ခိုက်"

🚩 ၃။ တမူးတွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်

🚩 ၄။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်သော အင်ပင်ဂိတ်ကိုRC Plane များဖြင့် ဗုံးသီးချတိုက်ခိုက်

🚩 ၅။ ရွှေဘိုမြိုနယ် ရွာသာရွာပျူစောထီးစခန်းအား PDF သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

🚩 ၆။ မြောင်နယ် ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ဦး ပြင်းထန် ဒဏ်ရာရ

🚩 ၇။ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့နယ်မှ ဒေသခံ ၂ဦးသေဆုံးကာ ဦးထက်မနည်း ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့ အသိအမှတ်ပြုကြိုဆို


ဖေဖော်ဝါရီလ ၁၄ရက်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးရဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့်ဝန်ကြီးချုပ်တို့ အသိအမှတ်ပြုကြိုဆိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီ၁၄ရက် Twitterမှာ ရေးသားအသိပေးထားပါတယ်။

"စကစကို တိုက်ဖျက်ဖို့ မွန်အမျိုးသား ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဤအချိန်သည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ NUG သည် NMSP (စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး) နှင့် မွန်ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပါပြီ"လို့ဆိုထားပါတယ်။


မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့်  ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ် ဗိုလ်၊ တပ်မှူး၊အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့သည်  အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၄ရက်မှာ ကြေညာထုတ်ပြန်ခဲ့ပါတယ်။


"မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအနေဖြင့် အာဏာရှင်စနစ်ကို မယိမ်းယိုင်သည့်အတွက် အထူးအသိအမှတ်ပြုပါတယ်။ တရားမျှတမှုနှင့် လူများကို ကာကွယ်ပေးရန် သင်၏ အပ်နှံမှုသည် အမှန်တကယ် အားတက်ဖွယ်ဖြစ်ပါတယ်။ တရားမျှတ၍ တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စုဆီသို့ အတူတကွ ချီတက်ကြပါစို့"လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်းဆိုထားပါတယ်။


မွန်ပြည်သစ်ပါတီ (AD) သဘောထားနှင့်အညီ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) အနေဖြင့်လည်း မဟာမိတ်အဖြစ် ပူးပေါင်း၍ စစ်အာဏာရှင်ကို ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း  တရားဝင်ထုတ်ပြန် ကြေညာထားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေရန် နည်းမျိုးစုံဖြင့် ဖိနှိပ်ရက်စက်မှုများကြောင့် မလွှဲမရှောင်သာ ရှောင်တိမ်းကြရသော ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်တိုင်းရင်းသား မဟာမိတ်များက စနစ်တကျ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ရန် CRPHတိုက်တွန်း


ဖေဖော်ဝါရီလ ၁၄ရက်။

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေရန် နည်းမျိုးစုံဖြင့် ဖိနှိပ်ရက်စက်မှုများ ကြောင့် မလွှဲမရှောင်သာ ရှောင်တိမ်းကြရသော ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်တိုင်းရင်းသားမဟာမိတ်များက စနစ်တကျ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ရန် CRPHကတိုက်တွန်းလိုက်ပါတယ်။


ဖက်ဆစ်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း ထုတ်ပြန်ချက်သည် ပြည်သူလူထုအား မတရားသည့် အမိန့်အာဏာဖြင့် ဖိစီးနှိပ်စက်ရန် ဥပဒေအသွင်ဆောင် လုပ်ဆောင်သော လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့် ရာဇဝတ်ပြစ်မှုဖြစ်ပြီး ၎င်းတို့ အာဏာ တည်မြဲရေးအတွက် အလွဲအသုံးချရန် ကြိုးပမ်းခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


ပြည်သူ့တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အင်အားစုများ၊ ပြည်သူများ၏ လက်တွဲညီညီ တော်လှန်တိုက်ပွဲများကြောင့်လည်းကောင်း၊ အမှန်တရားကို သိမြင်လာကြသော စစ်တပ်အတွင်းမှ အရာရှိစစ်သည်များ၏ ဘက်ပြောင်းခိုလှုံခြင်း၊ တပ်ရင်းအလိုက် လက်နက်ချခြင်း၊ တပ်စွန့်ခွာခြင်းများကြောင့်လည်းကောင်း၊ တိုက်ပွဲများတွင် ရှုံးနိမ့်ခြင်းများကြောင့်လည်းကောင်း၊ အဖက်ဖက်က ပြိုလဲနေခြင်းကို အစားထိုးကျားကန်ရန်အတွက်  ပြည်သူကို ထပ်မံဖိနှိပ်ရေး စစ်ယန္တရားတစ်ခုကို ဖော်ဆောင်ခြင်းဖြစ်သဖြင့် ယင်းယန္တရား အဆင့်ဆင့်တွင် ပါဝင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကြီးလေးသော စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေရန် နည်းမျိုးစုံဖြင့် ဖိနှိပ်ရက်စက်မှုများကြောင့် မလွှဲမရှောင်သာ ရှောင်တိမ်းကြရသော ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်တိုင်းရင်းသားမဟာမိတ်များအနေဖြင့် ဒေသအလိုက် လုံခြုံရေးကဏ္ဍကို သတိပြုလျက် စနစ်တကျ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ရန်လည်း တိုက်တွန်းအပ်ပါတယ်လို့ဆိုပါတယ်။

ထို့အပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရများ၊ လွှတ်တော်များ အနေဖြင့် အထူးအလေးထား၍ အကြမ်းဖက်စစ်အုပ်စု၏ ယင်းလုပ်ရပ်ကို အမြန်ဆုံးရပ်တန့်အောင် တားဆီးအရေးယူဆောင်ရွက်ပေးရန်နှင့် အန္တရာယ်ကျရောက်လျက်ရှိသော မြန်မာပြည်သူများကို လက်တွေ့ကျကျ ကာကွယ်ကူညီပေးပါရန်  လေးလေးနက်နက် တောင်းဆိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရားရုံး (၂၈) ရုံးမှတရား သူကြီးများ တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီလ ၁၄ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်( /၂၀၂၄)ကို ဖေဖော်ဝါရီလ ၁၀ရက်က ကျင်းပခဲ့ပါတယ်။


 အခမ်းအနားသို့   ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တရားရုံးများတွင် နေ့စဉ်နှင့်အမျှကြုံတွေ့နေရသော အခက်အခဲများအား ဦးစီးဌာနနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် ဦးစီးဌာနနှင့် တွေ့ဆုံသည့် အစည်းအဝေးများကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြေပြင် တရားစီရင်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် လိုအပ်ချက်များကို အမြန်ဆုံး အဆင်ပြေချောမွေစေရေး လုပ်ဆောင်နေပါကြောင်း၊ မြေပြင်တွင် ကြုံတွေ့ရသည့် အခက်အခဲများ ရှိပါက အခက်အခဲ တစ်ခုချင်းအလိုက် တင်ပြရန် ဖြစ်ကြောင်း၊ အကျဉ်းသားများနှင့် ပတ်သက်၍လည်း လိုအပ်ချက်များကို အကျဉ်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိပါကြောင်း၊ မြေပြင်ရုံးများ၏ အခက်အခဲများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းရန်  ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဗဟိုကော်မတီတွင် တင်ပြခဲ့ကြောင်း၊ လက်ရှိတွင် မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့ရန် ဆွေးနွေးထားရှိကြောင်း"ပြောပါတယ်။


ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းချက်များကို    သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေး ဆွေးနွေးချက်များ အရ အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှုးချုပ်မှ အတည်ပြုချမှတ်ခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီက ကာကွယ်ပေးနေတဲ့ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်သွားမယ်လို့ KNU ထုတ်ပြန်


ဖေဖော်ဝါရီလ ၁၄ရက်။

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ အကျိုးစီးပွားအတွက် နောက်ကွယ်ကနေ အကာကွယ်ပေးနေတဲ့ ငွေလိမ်ဂိုဏ်းများကို အကြွင်းမဲ့ ဆန့်ကျင်တိုက်ဖျက်သွားမှာ ဖြစ်တယ်လို့ ကရင့်အမျိုးသား အစည်းအရုံး - KNU ထံက သိရပါတယ်။


ကရင်ပြည်နယ် နယ်စပ်တလျောက်ရှိ ငွေလိမ်ဂိုဏ်းများ၊ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းများကို နိုင်ငံတကာရဲ့ စိုးရိမ်မှု၊ တိုက်ဖျက်လိုမှုနဲ့ ပတ်သက်ပြီး KNU မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့ က ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ဖော်ပြခဲ့ပါတယ်။


စစ်ကော်စီက အကာအကွယ်ပေးထားတဲ့ ထိုလုပ်ငန်းများကြောင့် ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများကိုသာမက ပါဝင်ပတ်သက်နေကြသူ အားလုံးအတွက် လူမှုဒုက္ခမျိုးစုံနဲ့ ဒေသတွင်း မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံများရဲ့ ငွေကြေးဆိုင်ရာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။


အဆိုပါ တရားမဝင် ကာစီနိုင်လောင်းကစား လုပ်ငန်းများနဲ့ ငွေလိမ်ဂိုဏ်းများက မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့ စနစ်ဆိုးများနဲ့ အဂတိလိုက်စားမှုများမှ အမြစ်တွယ် ပေါက်ဖွားခဲ့တာဖြစ်ပြီး အစိုးရအဆက်ဆက် အဂတိလိုက်စားမှု၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနဲ့ တရားဥပဒေ စိုးမိုးမှု မရှိခြင်းတို့ကြောင့် ဖြစ်လာရတာ ဖြစ်တယ်လို့လည်း ဆက်ပြောထားပါတယ်။


ကရင့်အမျိုးသား အစည်းအရုံး - KNU အနေနဲ့ ငွေလိမ်ဂိုဏ်းများနဲ့ တရားမဝင် ကာစီနိုလောင်း ကစား၊ လုပ်ငန်းများကို အကြွင်းမဲ့ ဆန့်ကျင်တိုက်ဖျက်နိုင်ရေးကို အိမ်နီးနားခြင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အသိပေး ထားပါတယ်။

တစ်ဖက်မှာ မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးတွင် တည်ရှိနေတဲ့ ကျားဖြန့် (ခေါ်) အွန်လိုင်း လောင်းကစား ငွေလိမ်ဂိုဏ်းများ အပါအဝင် နယ်စပ်ဒေသ တည်ငြိမ်ရေး ကိစ္စရပ်တို့နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့အကြား ကြိမ်ဖန်များစွာ တွေ့ဆုံမှုများလည်း ရှိနေတာကို တွေ့ရပါတယ်။


========================


📌📌 ၅။ မြိတ်ထောင်မှ နိုင်ငံရေး အကျဉ်းသားများကို  ကော့သောင်းထောင်သို့ ရုတ်တရက် ပြောင်းရွှေ့


ဖေဖော်ဝါရီ ၁၄ရက်။

တနင်္သာရီတိုင်း၊ မြိတ် (ဘိတ်) အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများကို ကော့သောင်း အကျဉ်းထောင်သို့ ပြောင်းရွေ့နေပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေထိ ပြောင်းရွေ့နေတယ်လို့ PPNM က သတင်းထုတ်ပြန် ထားပါတယ်။


မြိတ်အကျည်းထောင်မှ နိုင်ငံရေးအကျဉ်းသား/သူ ၁၀၀ ခန့်ကို ဖေဖော်ဝါရီလ ၁၄ရက် နံနက်ပိုင်းက ခေါ်ထုတ်ပြီး ရေကြောင်းမှတဆင့် ကော့သောင်း အကျဉ်းထောင်ကို ပြောင်းရွှေ့နေတာ ဖြစ်ပါတယ်။


 အခုလို နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းရွှေ့တဲ့ ကိစ္စအား ၎င်းတို့ရဲ့ မိသားစုဝင်များကို အသိပေးထားခြင်းလည်း မရှိဘူးလို့ သိရပါတယ်။


"လက်ရှိ မြိတ်အကျဉ်းထောင် အတွင်းမှာ စစ်တပ်နှင့် ရဲတပ်ဖွဲဝင်များ လုံခြုံရေး ယူထားလျှက်ရှိပြီး ယနေ့ နေ့ခင်းပိုင်းနှင့် ညနေပိုင်းတွင် အသုတ်လိုက် ပြောင်းရွေ့မယ်ဟု သိရှိရသည်" လို့ PPNMက ဆိုပါတယ်။


လက်ရှိတွင် မြိတ်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားများကို အခွင့်အရေး ချိုးဖောက်မှုများစွာရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း မရရှိဘူးလို့ အဆိုပါထောင်မှ ၂၀၂၃ ခုနှစ်တွင် လွတ်ငြိမ်းဖြင့် လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတစ်ဦးက ပြောပြပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလမှ စတင်ပြီး ထောင်ဝင်စာ တွေ့ခွင့်ကို စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးခဲ့ပြီလို့ ဆိုပေမယ့် ထောင်ဝင်စာ တွေ့ခွင့်မရသေးတဲ့ နိုင်ကျဉ်းများစွာ ရှိနေသေးတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်တပ်က ကျပန်းစနစ်ဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများရှိလာနိုင်သဖြင့် သတိဖြင့် သွားလာနေထိုင်ရန် GSC အကြံပြု


အာဏာသိမ်းစစ်အုပ်စုဟာ ၎င်းတို့ဥပဒေပါအတိုင်း လုပ်ဆောင်တာထက် ကျပန်းစနစ်နဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများ လုပ်လာနိုင်တဲ့အတွက် လူငယ်လူရွယ်များအနေနဲ့ အပြင်ထွက်သွားလာရာမှာ သတိပြုသွားလာကြဖို့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC က အကြံပြုထားပါတယ်။ 

အာဏာသိမ်းစစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းအတွက် အချက်အလက်ကောက်ယူတာတွေမှာ ပူးပေါင်းလုပ်ဆောင်ခြင်းထက် အနှောက်အယှက်ဖြစ်စေဖို့သာ လုပ်ဆောင်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးဟာ အလွန်ခိုင်မာတဲ့ ပိုင်းဖြတ်မှုနဲ့ စည်းမျဉ်းစည်းကမ်းလိုက်နာမှုတို့လိုအပ်တာကြောင့် လူတိုင်းနဲ့ ကိုက်ညီမှာမဟုတ်တဲ့အတွက် မိမိတို့အားသန်တဲ့ပုံစံများနဲ့သာ တော်လှန်ရေးမှာ ပါဝင်သင့်တယ်လို့ GSC က ဆိုပါတယ်။ 

မိမိကိုယ်တိုင် ခံယူချက်နဲ့ စိတ်ပိုင်းဖြတ်မှုမရှိဘဲ စစ်အုပ်စုရဲ့ အဓမ္မစစ်သားအဖြစ် စုဆောင်းခံရမှုကနေ ရှောင်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ဝင်ရောက်တာမျိုး မလုပ်သင့်ဘူးလို့လည်း အသိပေးထားပါတယ်။

အဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရမယ်ဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေရောက်အောင် ကြိုးစားသင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လူထုကို စည်းရုံးရေးဆန်စွာ ချဉ်းကပ်ဖို့ လိုအပ်ပြီး လက်နက်ကိုင်လှုပ်ရှားမှုမှာ ခိုင်ခိုင်မာမာပါဝင်လာမယ့်သူတွေ လုံခြုံစွာဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်သလို အသွင်ယူလာမယ့် သူ့လူကိုယ့်ဘက်သားတွေကို စိစစ်နိုင်ရမယ်လို့  GSC က အကြံပြုတိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ကသုံးလုံးအတွက် ခွန်အားတစ်လက်ကမ်ပိန်းNUG Payနဲ့အတူပြည်သူများ ပါဝင်လှူဒါန်းထောက်ပို့နိုင်


ဖေဖော်ဝါရီလ ၁၄ရက်။

ကသုံးလုံးအတွက် ခွန်အားတစ်လက်ကမ်ပိန်းNUG Payနဲ့အတူပြည်သူများ ပါဝင်လှူဒါန်းထောက်ပို့နိုင်တယ်လို့ NUG Payကတရားဝင်အသိပေးဆိုပါတယ်။


"NUGPay နဲ့ ပြည်သူများရဲ့ For Our People အစီအစဉ်ပြန်လာပါပြီ။ အမှတ် () စစ်ဒေသရဲ့ က သုံးလုံးနယ်မြေ တော်လှန်ရေး ရဲဘော်တွေအတွက် NUGPay နဲ့ ပြည်သူများ စုစည်းကြပါမယ်။ ရဲဘော်တွေ အရှေ့ကတိုက်နေတဲ့အချိန် ကျွန်တော်တို့ပြည်သူများက နောက်ကနေ အားအင်ဖြည့်ပေးရအောင်ပါ"လို့ဆိုပါတယ်။


လှုဒါန်းမှုများကို ဖေဖော်ဝါရီ ၁၄ရက်နေ့မှစ၍ ၂၉ရက် ထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက်ပေးပို့သွားမယ်လို့အသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ရက္ခိုင်နှင့် ပလက်ဝ ဒေသအတွင်း တိုက်ပွဲများ၌ အရှင်လက်ရဖမ်းဆီး၊ သေဆုံးခဲ့ကြသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူးများအခြေအနေကို ရက္ခိုင့်တပ်တော်ထုတ်ပြန်


ဖေဖော်ဝါရီလ (၁၄) ရက်

ဖေဖော်ဝါရီလ ၁၄ရက် မှာ ရက္ခိုင့်တပ်တော်ကအတည်ပြုထုတ်ပြန်ဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှ စတင်ခဲ့သော ရက္ခိုင်၊ ပလက်ဝဒေသအတွင်း တိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ထိ လကျော်ကာလအတွင်း ပလက်ဝဒေသတစ်ခုလုံး အပါအဝင် ရက္ခိုင်ပြည်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့များရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်စခန်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ တစ်ခုမကျန် အားလုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့  ရက္ခိုင့် တပ်တော်ကအသိပေးဆိုပါတယ်။


ထို့အပြင် ရခိုင့်တပ်တော်မှ ဆေးတပ်ဖွဲ့ဝင်များ ဆေးဝါးကုသမှုပေးခဲ့သောသူများအထဲတွင် ဒု-ဗိုလ်မှူးကြီး ညီညီဝင်းလည်း တစ်ဦးအပါအဝင် ဖြစ်ကာ  ဒု-ဗိုလ်မှူးကြီး ညီညီဝင်းသည် ကျောက်တော်၊ စကခ () လက်အောက်ခံ၊ နည်းဗျူဟာ ()မှ ဗျူဟာမှူးဖြစ်ပြီး ၎င်းအားဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေပြီးဖြစ်တယ်လို့ဆိုပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဖမ်းဆီးရရှိမိခဲ့ပြီး ယခုအချိန်တွင်ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှ ကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်တယ်လို့ဆိုပါတယ်။


အခြားသောတစ်ဦးမှာ  ကယ်ဆယ်ချိန်မရလိုက်ဘဲ သေဆုံးခဲ့သော တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း(ကြည်း)ဖြစ်ကာ တပ်မ (၁၁) တပ်မမှူးအား  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့ မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း အသေဖမ်းဆီးရမိခြင်းဖြစ်တယ်လို့ဆိုပါတယ်။


ထို့အပြင် စကခ () တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ကြည်း/၂၇၉၈၈၊ အသက် (၅၁) နှစ်ကိုလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (/) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်း တိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ မိမိတို့မှ အရှင်လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ပါတယ်။


ပလက်ဝဒေသ၌ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်များအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး၊ ကိုယ်ပိုင်အမှတ် ကြည်းအားလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့ပါတယ်။


ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ (၁၉) ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ ကြည်း အနေဖြင့်မူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုကား လက်ရှိအချိန်တွင် အတည်ပြု၍ မရနိုင်သေးဘူးလို့ဆိုပါတယ်။


========================


🚩🚩 ၂။စစ်ကောင်စီ၏ ခလရ-၁၀၆တပ်ရင်းအား RPGဖြင့်ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-)မှ ပစ်ခတ်တိုက်ခိုက်"


ဖေဖော်ဝါရီလ ၁၄ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ-၁၀၆ တပ်ရင်းရှိ ဗဟိုကင်းအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ နံနက် :၄၅ အချိန်တွင် ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-) မှ MA 10 ( RPG )ဖြင့် ကိုက် ၃၀၀ အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။


တိုက်ခိုက်မှုတွင်ပစ်မှတ်အား ထိမှန်ပေါက်ကွဲခဲ့ပြီ ထိခိုက်သေဆုံးမှုအား စုံစမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။


တချိန်တည်းမှာပဲ ကျေးရွာနေ ပြည်သူလူထုများအပေါ် လက်နက်ဖြင့် မတရားအနိုင်ကျင့်ခြိမ်းခြောက်ခြင်း၊ လာဘ်ပေး၊ လာဘ်ယူမှုများအား မတရားကျူးလွန်နေသော မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းကို ပြည်သူများတိုင်တန်းချက်အရ အုပ်ချုပ်ရေးမှူးရုံးနှင့် ၎င်း၏နေအိမ်တို့အား ဝင်ရောက်စီးနင်းခဲ့ရာ ၎င်းမှထွက်ပြေးတိမ်းရှောင်သွားပါသဖြင့် ၎င်းပိုင်မော်တော်ဆိုင်ကယ်နှစ်စီးနှင့် ရုံးလုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။


========================


🚩🚩 ၃။ တမူးတွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်


ဖေဖော်ရီလ ၁၄ရက်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီတပ်ရဲ့ စစ်ကူနဲ့ ထောက်ပို့ ယာဉ်တန်းကို တော်လှန်ရေး တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


ဖောဖော်ဝါရီ ၁၃ ရက်က အောင်ဇေယျ စစ်တပ်စခန်းမှ ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ ခလရ (၈၉) တပ်ရင်းမှ တပ်ဖွဲ့များကို စစ်ကူပို့ပေးတဲ့ယာဉ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် () စစ်ဒေသ၊ တပ်ရင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အလောင်း လောင်း၊ ပစ္စတို လက်၊ စက် သေနတ် လက်၊ လက်နက်ငယ် လက်၊ ကာဘိုင်ကျည် ၉၈၀ တောင့်နဲ့ သုံးမျိုးကျည် ၁၇၀ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်သော အင်ပင်ဂိတ်ကိုRC Plane များဖြင့် ဗုံးသီးချတိုက်ခိုက်


 ဖေဖော်ဝါရီလ (၁၄)ရက

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်သော အင်ပင်ဂိတ်ကိုRC Plane များဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်သော အင်ပင်ဂိတ်ကို မိမိတို့မဟာမိတ်အဖွဲ့များမှ RC Plane များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Young Force UGကအတည်ပြုပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင်ဗုံးသီး()လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ()နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်စွဲထားသော ကျပ်ထိုးကို ၆၀ မမ လက်နက်ကြီးအလုံးရေ (၇၀)ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီနာဂါဗုံးသီး (၁၀)လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။


တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သားများ၏ အထိအခိုက်ဒဏ်ရာရရှိမှုများကို အသေးစိတ်စုံစမ်းနေပြီး တိုက်ခိုက်မှုကို Earthquake People's Defence Force Pakokku People's Defense Force မြနန္ဒာ Drone Force(မန္တလေး) ပခုက္ကူမြို့နယ် (ပလဖ)နှင့် မိမိတို့ ပခုက္ကူမြို့နယ် .က. တပ်ခွဲ()

တို့မှ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရွှေဘိုမြိုနယ် ရွာသာရွာပျူစောထီးစခန်းအား PDF သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ


ဖေဖော်ဝါရီလ ၁၄ရက်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်၁ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ  ပျူစောထီး စခန်းအား တော်လှန်ရေး တပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၁၀ နာရီခွဲခန့်တွင် စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ 96 soldiers - PDF အညာဒေသ တပ်ခွဲထံမှ သိရပါတယ်။


၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီး ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ကာ တော်လှန်‌ရေး ပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။


 ထို့အပြင် ကိုးလုံးပြောင်းချော တစ်လက်၊ အီနာဂါ ဗုံးသီး နှစ်လုံး၊ MA 2 ဗောက် တစ်ခု၊ ယူနီဖောင်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျန်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အနီးရှိ ပလိုင်းပျူစောထီး ရွာကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ယင်းစစ်ဆင်ရေးကို shwebo crocodile၊‌ ရွှေဘို ပြည်သူ့လုံခြုံ‌‌ရေး တပ်ဖွဲ့ မဟာမိတ်ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ တန () တပ်ပေါင်းစု၊ 96 soldiers - PDF အညာဒေသ တပ်ခွဲ၊ တန () တပ်ပေါင်းစု၊ ဗိုလ်အလင်းရောင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဒပယ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ မြောင်နယ် ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ဦး ပြင်းထန် ဒဏ်ရာရ


ဖေဖော်ဝါရီလ ၁၄ရက်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ စစ်ကိုင်းခရိုင်အမှတ် တပ်ရင်း -MSPDF က ထုတ်ပြန်ပါတယ်

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နေရာများကို ဖေဖော်ဝါရီလ ၁၃ ရက် နံနက် နာရီခန့် ကနေ ၁၁ နာရီခန့်အထိ Shar Htoo WAW တိုက်ခိုက်ရေး Fixed Wings Drone တွေသုံးပြီး Air Bomb လုံး လက်လုပ် Rocket လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြင်ထန်ဒဏ်ရာရသူတွေထဲက တဦးဟာ ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့တာကြောင့် သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် တပ်ရင်း-MSPDF/MSDF မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် တပ်ရင်း-NRDF မိတ္ထီလာခရိုင်အမှတ် တပ်ရင်း၊ ချောက် PDF မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ Justice Waerrior Forces နှင့် MGN – 35 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၇။ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့နယ်မှ ဒေသခံ ၂ဦးသေဆုံးကာ ဦးထက်မနည်း ဒဏ်ရာရ


ဖေဖော်ဝါရီလ ၁၄ရက်။

စစ်ကောင်စီ လေတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆီဆိုင်မြို့နယ် ပဆျာကလိုးကျေးရွာက ဒေသခံ ဦး သေဆုံးကာ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ပါ တယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁ဝ နာရီခွဲခန့်အချိန်မှာ စစ်ကောင်စီလေတပ်က ပဆျာကလိုးကျေးရွာကို လေယာဉ်နဲ့ ဗုံး ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သားတွေ သေဆုံးရတာလို့ အသိပေးထားပါတယ်။ 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်စွဲထားတဲ့နေရာမဟုတ်သလို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်များစွာလည်း ပျက်စီးခဲ့ရတယ်လို့ PNLA က ဆိုပါတယ်။

ပဆျာကလိုးကျေးရွာဟာ ဆီဆိုင်မြို့နဲ့ မိုင် ၄ဝ ကျော်ကွာဝေးပြီး ဆီဆိုင်နဲ့ဟိုပုံးမြို့နယ်အစပ်မှာရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့အပေါင်းတွေရဲ့ ယခုလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကိုကျူးလွန်တာဖြစ်သလို ပအိုဝ်းကျေးရွာတွေကို တမင်တကာ ဖျက်ဆီးတဲ့ ယုတ်မာတဲ့လုပ်ရပ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့နယ်ဟာ PNLA နဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေတဲ့ ဒေသတခုဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment