1st MAR 2024 - Morning Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီ စစ်လေယာဉ် တစ်စီး စလင်းတွင် ပျက်ကျ

📌 ၂။ ဒိုင်ရ်ဒေသ နှစ်လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ဒုဗိုလ်မှူးကြီး အပါအဝင် ဦး သေဆုံးပြီး ၅၉ ဦးကို အရှင်ဖမ်းမိ

📌 ၃။ သရက်ချောင်းမြို့နယ်ရှိ စကစတပ်ရင်းများဖြစ်သော ခမရ (၄၀၃) ခမရ (၄၀၄) တပ်ရင်းများကို ၆၀ မမ () လုံးဖြင့် ပစ်ခတ်တိုက်ရာ စကစဘက်ကခြောက်ဦးသေဆုံး

📌 ၄။ နေပြည်တော်တိုင်း တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ညောင်ပတ် ရဲကင်းစခန်းအား တော်လှန်ရေးအင်အားစုမှ ဝင်ရောက်မီးရှို့ခဲ့

📌 ၅။ မုံရွာနှင့် မြင်းမူမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံး

📌 ၆။ စစ်တွေမြို့မစျေးအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၁၂ ဦးသေဆုံးကာ ၈ဝ ဦးဒဏ်ရာရ၊ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ်ကာ အရေးယူမည်ဟု AA ပြော

📌 ၇။ မြစ်ကြီးနားတွင် တရားရုံးမှ ပြန်လာတဲ့ အချုပ်ကားတစ်စီး ပစ်ခတ်ခံရပြီး ရဲတစ်ဦး သေဆုံး

📌 ၈။ ကောလင်းမြို့နယ် သစ်ဖုလ စကစ စခန်းကုန်းအနီးငါးကြီးအိုင်ရွာကို စကစတပ်ကမီးရှို့ဖျက်ဆီး


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ "တော်လှန်ရေးရဲ့အရှိန်အဟုန် တိုးတက်လာနေတာနှင့်အမျှ အကြမ်းဖက်စစ်အုပ်စုဘက်က နည်းမျိုးစုံ ဒုက္ခပေးမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတယ်"လို့ဝန်ကြီးချုပ်ပြောကြား

🚩 ၂။ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ (အရိပ်ထဲကပြည်သူ့တပ်မတော်) အမည်ရှိ ရုပ်ရှင်မှတ်တမ်းမိတ်ဆက် ပြသပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်အားပေး

🚩 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယဝန်ကြီး ခွန်းစောဖူးတက်ရောက်

🚩 ၄။ လောင်းလုံ ပအဖ အနေဖြင့် နှစ်အတွင်းဒေသခံပြည်သူ ,၀၀၀ ကျော်ကို ဆေးကုမှု ပေးနိုင်ခဲ့ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီ စစ်လေယာဉ် တစ်စီး စလင်းတွင် ပျက်ကျ


ဖေဖော်ဝါရီလ ၂၉ရက်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကြိုဝန်းကြီးကျေးရွာ အနီးမှာ စစ်ကောင်စီရဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော် ခန့်က အဆိုပါ စစ်ကောင်စီ လေယာဉ်မှာ မီးခိုးများ ထွက်လာပြီး မြေပြင်ပေါ်ကို နှစ်ပိုင်းပြတ်ကျသွားတာကို တွေ့ရကြောင်း ဒေသခံများက ဆိုပါတယ်။


အဆိုပါ စစ်လေယာဉ်မှာ ပစ်ချခံရတာမျိုး မဟုတ်ဘဲ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားတာ ဖြစ်နိုင်ပြီး ပျက်ကျပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးဖြင့် ရှာဖွေနေခဲ့တယ်လို့ ဒေသခံများက ပြောပြပါ်တယ်။


လေယာဉ်ပျက်ကျချိန်မှာ အထဲမှာပါတဲ့ လေယာဉ်မှုး နှစ်ဦးက လေထီးနဲ့ ခုန်ချလွတ်မြောက်သွားတယ် လို့ သိရကြောင်း PDF စလင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


အဆိုပါ လေယာဉ်မှူးနှစ်ဦးကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားပြီး လေယာဉ်ပျက် အနီးမှာတော့ အမှတ် ၂၅၃၊ ၂၅၄ တပ်များမှ လုံခြုံရေး ရယူပေးထားတယ်လို့ ဒေသခံများထံက သိရပါတယ်။


ပျက်ကျခဲ့တဲ့ လေယာဉ်မှာ တိုက်ခိုက်ရေးလေယာဉ်မဟုတ်ဘဲ လေ့ကျင့်ရေးလေယာဉ်သာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်များမှာ ဝါဒဖြန့် ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။


========================


📌📌 ၂။ ဒိုင်ရ်ဒေသ နှစ်လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ဒုဗိုလ်မှူးကြီး အပါအဝင် ဦး သေဆုံးပြီး ၅၉ ဦးကို အရှင်ဖမ်းမိ


ဖေဖော်ဝါရီလ ၂၉ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသတွင် စစ်ဆင်ရေး လတာ ကာလအတွင်း ဒုတိယဗိုလ်မှုးကြီး တစ်ဦး အပါအဝင် အရာရှိ ဦး သေဆုံးကာ ၅၉ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ CDF(Daai) က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


ရခိုင်ပြည်နယ်က တိုက်ပွဲများနဲ့ ချင်းပြည်နယ် ပလက်ဝဒေသ တိုက်ပွဲများအတွင်း စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒိုင်ရ်ဒေသတွင် CDF(Daai) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ဖမ်းဆီး ရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


CDF (ဒိုင်ရ်) အနေဖြင့် ဇန်နဝါရီ ၂၈ ရက်၊ မွန်တောင် စစ်ဆင်ရေးတွင် စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး၊ ဖေဖော်ဝါရီ ရက်၊ လောင်းပွီတောင် စစ်ဆင်ရေးတွင် စစ်ကောင်စီ ဗိုလ်အပါအဝင် တပ်ဖွဲ့ဝင် ၂၃ ဦး၊ ဖေဖော်ဝါရီ ၁၀ ရက်၊ လုံရင်းတောင် စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီ ၂၁ ရက်၊ လှောင်အွေတောင် စစ်ဆင်ရေးတွင် စစ်ကောင်စီဗိုလ်မှူး ဦး၊ ဗိုလ်ကြီး ဦးအပါအဝင် တပ်ဖွဲ့ဝင် ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးရမိတဲ့အထဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့သူ ဦး ပါရှိပြီး ဆေးတပ်ဖွဲ့ကနေ ဆေးကုသပေး နေကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


ထို့ပြင် ဖေဖော်ဝါရီလ ရက်နေ့က စစ်ကောင်စီရဲ့ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) ခလရ (၂၃၃) တပ်ရင်းနှင့် လှိန်းရှိန်တောင်တွင် မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း၊ ဗိုလ်မှူး ဦးနှင့် ဗိုလ်ကြီး ဦးတို့ သေဆုံးခဲ့ပြီး ၁၄ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်းလည်း သိရပါတယ်။


ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားပြီး နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေ (Geneva Convention) နဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ CDF(Daai) က အသိပေး ထားပါတယ်။


========================


📌📌 ၃။ သရက်ချောင်းမြို့နယ်ရှိ စကစတပ်ရင်းများဖြစ်သော ခမရ (၄၀၃) ခမရ (၄၀၄) တပ်ရင်းများကို ၆၀ မမ () လုံးဖြင့် ပစ်ခတ်တိုက်ရာ စကစဘက်ကခြောက်ဦးသေဆုံး


ဖေဖော်ဝါရီလ၂၉ရက်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စကစတပ်ရင်းများဖြစ်သော ခမရ (၄၀၃) ခမရ (၄၀၄) တပ်ရင်းများကို ၆၀ မမ () လုံးဖြင့်ပစ်ခတ်တိုက်ရာ စကစဘက်ကခြောက်ဦးသေဆုံးခဲ့ပါတယ်။


ဖေဖော်ဝါရီလ၂၇ရက် မွန်းလွဲ ၂နာရီ၂၀အချိန် ထားဝယ်ခရိုင်အမှတ်()တပ်ရင်းနှင့် အမှတ်() တပ်ရင်းတို့ ပူးပေါင်း၍ ခမရ (၄၀၃) ခမရ (၄၀၄) တပ်ရင်းများကို ၆၀ မမ () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။


ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ()ဦး သေဆုံးပြီး()ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


ဒရုန်းတပ်ဖွဲ့ T5 Wings အနေဖြင့်လည်း မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စကစ ဝင်းဝစခန်းကုန်းအား ဗုံးသီးများဖြင့်အဆက် မပြတ် ကျဲချ တိုက်ခိုက်ခဲ့ရာ  ရန်သူ့ ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခဲ့ပါတယ်။


========================


📌📌 ၄။ နေပြည်တော်တိုင်း တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ညောင်ပတ် ရဲကင်းစခန်းအား တော်လှန်ရေးအင်အားစုမှ ဝင်ရောက်မီးရှို့ခဲ့


ဖေဖော်ဝါရီလ၂၉ရက်။

နေပြည်တော်တိုင်း တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ညောင်ပတ်ရဲကင်းစခန်းအား တော်လှန်ရေးအင်အားစုမှ ဝင်ရောက်မီးရှို့ခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၂၉) ရက်၊ နံနက် (: ၂၅) အချိန်တွင် နေပြည်တော်တိုင်း တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ညောင်ပတ်ရဲကင်းစခန်းအား OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ အတည်ပြုပါတယ်။

 

အဆိုပါ ရဲကင်းစခန်းသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ်ပိုင်းခန့်တွင် စစ်ကောင်စီ တပ်သားများမှ လေးလ ကျော်ကြာ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည့် ရဲကင်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ခြင်း မရှိတော့ဘူးလို့သိရပါတယ်။


ဖေဖော်ဝါရီ၂၉ရက် နံနက် အစောပိုင်းတွင် ညောင်ပတ်ကျေးရွာ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် စစ်ကောင်စီ တပ်သားများမှ ကား () စီး အင်အားအပြည့်နှင့် ရောက်ရှိနေပြီး  ညဦးပိုင်းအထိ စစ်ကောင်စီတပ်မှ အင်အားထပ်မံဖြည့်တင်းဖို့ ကြိုးစားနေကြောင်း ကနဦး သိရှိရပါတယ်။


========================


📌📌 ၅။ မုံရွာနှင့် မြင်းမူမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ဦး သေဆုံး


ဖေဖော်ဝါရီလ ၂၉ရက်။ 

စစ်ကိုင်းတိုင်းထဲက မုံရွာနဲ့မြင်းမူမြို့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် နာရီခန့်အချိန်မှာ မုံရွာမြို့နယ် ကျောက်စစ်ပုံအမြောက်တပ် အမတ - ၅၀၈ က ရေကန်စုကျေးရွာ ဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ရေကန်စုကျေးရွာက ဒေသခံပြည်သူ ဦး ထိခိုက်မှုရှိခဲ့ပြီး ၎င်းတို့အနက် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးထားပါတယ်။

ရေကန်စုကျေးရွာဟာ အမြောက်တပ်နဲ့ မိုင်အကွာမှာရှိပြီး တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်နဲ့အဆောက်အအုံအချို့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မြင်းမူမြို့ပေါ်မှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်က အမျိုးသမီး တဦးနဲ့ အမျိုးသား ဦး ကျည်စထိမှန်သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က အသိပေးထားပါတယ်။

မုံရွာ-မန္တလေး လမ်းပိုင်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲတွေ ခြေရှုပ်နေတဲ့အတွက် မိဘပြည်သူများအနေနဲ့ အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်းမပြုလုပ်ကြဖို့နဲ့ ကျန်းမာရေးကိစ္စအရေးကြီးမှသာ သွားလာအသုံးပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၆။ စစ်တွေမြို့မစျေးအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၁၂ ဦးသေဆုံးကာ ၈ဝ ဦးဒဏ်ရာရ၊ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ်ကာ အရေးယူမည်ဟု AA ပြော


ဖေဖော်ဝါရီလ ၂၉ရက်။

စစ်တွေမြို့မစျေးအတွင်းသို့ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးပြီး ၈ဝ ဦးဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်‌ပြီး အရေးယူသွားမယ်လို့ ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

စစ်တွေမြို့နဲ့ စစ်တွေမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စျေးရောင်းစျေးဝယ်စည်ကားနေချိန်မှာ အကြမ်းဖက်စစ်တပ် က လူအစုလိုက်အပြုံလိုက်သေဆုံးစေရန် ရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲဇက်ရဲ ကျူးလွန်လိုက်တာဖြစ်တယ်လို့ AA က ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့မနက် နာရီ ၁ဝ မိနစ်ခန့်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ရေတပ်ရဲ့ သင်္ဘောတစင်းပေါ်ကနေ စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းစျေးအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ရ‌ပြီး ၃၁ ဦး ပြင်းထန်ဒဏ်ရာရကာ အလတ်စားနဲ့ အသေးစား ဒဏ်ရာရသူ ၅ဝ နီးပါးရှိခဲ့တယ်လို့ AA က အသိပေးထားပါတယ်။ 

ပြည်သူလူထုကိုပစ်မှတ်ထား‌ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်ဖို့ အမိန့်ပေးညွှန်ကြားနေတဲ့ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ယခုလုပ်ရပ်အတွက် တာဝန်ခံမှု တာဝန်ယူမှုရှိရမှာဖြစ်ပြီး ရခိုင့်တပ်တော်အနေနဲ့လည်း ရခိုင်ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာပါဝင်ခဲ့သူတွေကို စစ်ဆေးဖော်ထုတ် အရေးယူသွားမယ်လို့ ပြောပါတယ်။

ရခိုင်ဒေသစစ်မျက်နှာမှာ အရှုံးကြီးရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရှုံးကိုလက်မခံဘဲ အောက်တန်းကျတဲ့ နည်းလမ်းပေါင်းစုံ ဆက်လက်လုပ်ဆောင်လာနိုင်တာကြောင့် ဒီလုပ်ရပ်တွေကို သတိထား စောင့်ကြည့်ကြဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်က အသိပေးထားပါတယ်။

မိုက်ရူးရဲဆန်ပြီး ဖက်ဆစ်စိတ်အပြည့်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူသွားလာနေထိုင်ရာ‌ မြို့၊ ကျေးရွာ၊ စျေး၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ နေစဉ်လုပ်ဆောင်နေတာကြေင့် မိဘပြည်သူများအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့လည်း ရခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ မြစ်ကြီးနားတွင် တရားရုံးမှ ပြန်လာတဲ့ အချုပ်ကားတစ်စီး ပစ်ခတ်ခံရပြီး ရဲတစ်ဦး သေဆုံး


ဖေဖော်ဝါရီလ ၂၉ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်တရားရုံးမှ ဝိုင်းမော်မြို့ကို ပြန်လာတဲ့ အချုပ်ကားတစ်စီး နောင်တာလော ကျေးရွာ၊ ရပ်ကွက် () အနီးမှာ ပစ်ခတ်ခံရပြီး ကားမောင်းသူ ရဲတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။


အဆိုပါ အချုပ်ကားဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ညနေ နာရီခွဲ ခန့်က နောင်တာလော ကျေးရွာ ရပ်ကွက် () အနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ကားမှာ ဘက်ဟိုးနဲ့ တူးထားတဲ့ လမ်းဘေးက မြောင်းကြီးထဲကို ထိုးကျသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


ပစ်ခတ်ခံရမှုကြောင့် ကားမောင်းလာတဲ့ ရဲတစ်ဦးမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး မြောင်းထဲ ကျနေတဲ့ အချုပ်ကားကို ကရိန်းဖြင့် ထုတ်ယူခဲ့ရကြောင်း သိရပါတယ်။


ထိုသို့ ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက်  စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မြစ်ကြီးနား - ဝိုင်းမော်လမ်းပိုင်းမှာ စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်နေခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များမှာတော့ မြစ်ကြီးနားကို အချုပ်သားများ ပို့ဆောင်ပြီး ပြန်လာတဲ့ အချုပ်ကားကို PDF များက မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။


========================


📌📌 ၈။ ကောလင်းမြို့နယ် သစ်ဖုလ စကစ စခန်းကုန်းအနီးငါးကြီးအိုင်ရွာကို စကစတပ်ကမီးရှို့ဖျက်ဆီး


ဖေဖော်ဝါရီလ၂၉ရက်။

ကောလင်းမြို့နယ် သစ်ဖုလ စကစ စခန်းကုန်းအနီးငါးကြီးအိုင်ရွာကို စကစတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းKLPDFကအသိပေးဆိုပါတယ်။


ဖေဖော်ဝါရီ၂၉ရက် ကောလင်းမြို့နယ် သစ်ဖုလ စကစ စခန်းကုန်းအနီးငါးကြီးအိုင်ရွာကို စကစတပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။


"ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေး၍ ကာကွယ်ပါမည်ဟုဆိုသော စကစစစ်သား များမှ ပစ္စည်းယူ အိမ်မီးရှို့ နေမှုများကြောင့် တော်လှန်ရေးပူပေါင်းအင်အားစုများမှလိုက်လံတားဆီး ကာကွယ် တိုက်ခိုက်နေရပါတယ်"လို့ဆိုပါတယ်။


ကောလင်းမြို့နယ် မြို့ပေါ်၈ရပ်ကွက်စလုံးက နေအိမ်များကို ဖေဖော်ဝါရီလအတွင်းစကစတပ်များက မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်များအားလုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ "တော်လှန်ရေးရဲ့အရှိန်အဟုန် တိုးတက်လာနေတာနှင့်အမျှ အကြမ်းဖက်စစ်အုပ်စုဘက်က နည်းမျိုးစုံ ဒုက္ခပေးမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတယ်"လို့ဝန်ကြီးချုပ်ပြောကြား


ဖေဖော်ဝါရီလ ၂၉ရက်။

"တော်လှန်ရေးရဲ့အရှိန်အဟုန် တိုးတက်လာနေတာနှင့်အမျှ အကြမ်းဖက်စစ်အုပ်စုဘက်က နည်းမျိုးစုံ ဒုက္ခပေးမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီလ (၂၉) ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄)မှာ ပြောပါတယ်။


"တော်လှန်ရေးရဲ့အရှိန်အဟုန် တိုးတက်လာနေတာနှင့်အမျှ အကြမ်းဖက်စစ်အုပ်စုဘက်က နည်းမျိုးစုံ ဒုက္ခပေးမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အပြင်းအထန်လုပ်ဆောင်နေတာကို အားလုံးပဲတွေ့ကြရမှာဖြစ်ပါတယ်။ သက်ရောက်မှုရှိလာနိုင်တဲ့ ကိစ္စတွေကိုလည်း တော်လှန်ရေး အင်အားစုတွေ စုစုစည်းစည်းနဲ့ စုပေါင်းတုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့လိုသလို သက်ဆိုင်ရာ‌တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း သိရှိအောင်စီမံပေးထားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီကိစ္စအတွက် ဒီမူအတိုင်းသွားနေတယ်၊ ဒီညွှန်ကြားချက်နဲ့ အလုပ်လုပ်ကြမယ် စသဖြင့် သိရှိနေကြမှာဖြစ်ပါတယ်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှာ လုပ်ဆောင်စရာတွေ အလွန်များပြားပါတယ်။ အမြဲပြောနေကျအတိုင်းပဲ အကောင်အထည်ဖော်မှုအပိုင်း တာဝန်ယူထားကြရတဲ့အတွင်းဝန်တွေကတော့ အတော်လေးတာဝန်ကျေပွန်စွာ လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်"လို့ဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


🚩🚩 ၂။ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ (အရိပ်ထဲကပြည်သူ့တပ်မတော်) အမည်ရှိ ရုပ်ရှင်မှတ်တမ်းမိတ်ဆက် ပြသပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်အားပေး


ဖေဖော်ဝါရီလ ၂၉ရက်။

ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ (အရိပ်ထဲကပြည်သူ့တပ်မတော်) အမည်ရှိ ရုပ်ရှင်မှတ်တမ်းမိတ်ဆက် ပြသပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်အားပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ (၂၈)ရက်မှာ NUGနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမျိုးသားညီညတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်တို့အဖွဲ့သည်  ပြင်သစ်အလွတ်တန်း သတင်းထောက် Mr. Antoine Vdeilh ဖိတ်ကြားချက်အရ ပြင်သစ်-ဂျာမန်တီဗွီချယ်နယ် ARTE တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ()ရက် စနေနေ့တွင်ထုတ်လွှင့်ပြသမည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေး

တပ်မတော်  PDF များအကြောင်း ရိုက်ကူးထားသော Birmanie: L'arme des ombres (အရိပ်ထဲကပြည်သူ့တပ်မတော်) အမည်ရှိ ရုပ်ရှင်မှတ်တမ်းမိတ်ဆက် ပြသသောပွဲသို့ တက်ရောက်အားပေး ကြည့်ရှုခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်မှလည်း မှတ်တမ်းရုပ်ရှင်အပြီးတွင် မြန်မာပြည်တွင်းထဲ ခက်ခက်ခဲခဲသွားရောက် ရိုက်ကူးခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း၊ နိုင်ငံတကာစာမျက်နှာတွင်မြန်မာ့အရေးအကြောင်းဆက်လက်ပါရှိဖို့အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။


ထို့အပြင် အဆိုပါမှတ်တမ်းရုပ်ရှင်သည် ပြင်သစ်နိုင်ငံတွင်ပြသနိုင်မည့် ပထမဦးဆုံးသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အကြောင်းရိုက်ပြထားသောမှတ်တမ်းရုပ်ရှင်ဖြစ်လာမည်ဖြစ်ကြောင်းသိရပါတယ်။


========================


🚩🚩 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယဝန်ကြီး ခွန်းစောဖူးတက်ရောက်


ဖေဖော်ဝါရီလ ၂၉ ရက်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(/၂၀၂၄)ကို ဖေဖော်ဝါရီလ ၂၉ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းစောဖူးမှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့  ဒုတိယဝန်ကြီး ခွန်းစောဖူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


🚩🚩 ၄။ လောင်းလုံ ပအဖ အနေဖြင့် နှစ်အတွင်းဒေသခံပြည်သူ ,၀၀၀ ကျော်ကို ဆေးကုမှု ပေးနိုင်ခဲ့ 


ဖေဖော်ဝါရီလ၂၉ရက်။

လောင်းလုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ဒေသခံပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှု များ ဆောင်ရွက်ပေးခဲ့ရာ လက်ရှိအချိန်ထိ နှစ်တာအတွင်း ဒေသခံပြည်သူ ၇၀၀၀ ကျော်ကို ဆေးဝါးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


၂၀၂၂ နှစ်ဆန်းပိုင်းမှ စတင်ပြီး ကျန်းမာရေးဌာန ပုံစံဖြင့် နေရာ သုံးနေရာတွင် ကျန်းမာရေး ဝန်ဆောင်မှု များ ဆောင်ရွက်ပေးခဲ့ကာ နယ်မြေ လုံခြုံရေးအပေါ် မူတည်ပြီး စစ်ဘေးရှောင်များ၊ ပြည်သူများ၊ ရဲဘော်များနှင့် ၎င်းတို့ရဲ့ မိသားစုဝင်များကို ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ လောင်းလုံ ပအဖ ပြောရေးဆိုခွင့် ရှိသူ ကိုဟိန်းထက်က ပြောပါတယ်။


ထို့အပြင် ၂၀၂၁ ခုနှစ်ကတည်းက ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကို ဆေးဝါးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသဖို့ လိုအပ်သူများကို ဆေးရုံ ဆေးခန်းတွေမှာ လွှဲပြောင်းကုသပေးတာ ကုန်ကျငွေကို တက်နိုင်သလောက် အကုန်ကျခံပေးတာမျိုးတွေကိုလည်း ဆောင်ရွက်ပေးခဲ့ကာ မြို့နယ်အတွင်းရှိ တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း ဆေးဝါးထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ကြောင်း ဆက်ပြောပါတယ်။


လက်ရှိမှာ လောင်းလုံ ပအဖ အနေဖြင့် မြို့နယ်အတွင်း တစ်လတစ်ကြိမ် ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိပြီး၊ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ သက်ကြီးရွယ်အိုများ ကလေးများနဲ့ နာတာရှည် ရောဂါသည်များကို ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေတယ်လို့ မြေပြင်မှာ ဆေးကုသမှု ဆောင်ရွက်ပေးနေတဲ့ ဆေးတာဝန်ခံ တစ်ဦးက ပြောပြပါတယ်။


ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြို့နယ် ပကဖနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သွားရောက်ရမယ့် ကျေးရွာတွေမှာ ဆရာ၊ ဆရာမတွေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အစီအမံတွေကို ပကဖ က တာဝန်ယူပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


လောင်းလုံမြို့နယ် .. အနေနဲ့ ၂၀၂၃ အောက်တိုဘာလမှ စတင်ပြီး ရပ်ကျေး .. အဖွဲ့များကို ဖွဲ့စည်းခဲ့ပြီးနောက် ရပ်ကျေးအဆင့် ကျန်းမာရေး တာဝန်ရှိသူများကိုပါ ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment