1st MAR 2024 - Evening Daily News by Radio NUG


၂၀၂၄ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်က ရက္ခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်

📌 ၂။ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်သမုဒ္ဒရာ ဒါရိုက်တာMr. Benoît  Guidée မြန်မာ ကမ္ဘောဒီးယား တာဝန်ခံ  Mr. Michael Li တို့နှင့် တွေ့ဆုံဆွေးနွေး

📌 ၃။ လေယာဥ်ဆီသင်္ဘောကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၄။ ဆုံးရှုံးခဲ့တဲ့နေရာဒေသတွေကို အကြမ်းဖက်စကစဟာဘယ်လိုနည်းနဲ့မှပြန်မရနိူင်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၅။ မရာလက်နက်ကိုင် () ဖွဲ့အနေဖြင့်ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာဆောင်ရွက်သွားကြရန် ICNCC အနေဖြင့် အထူးတိုက်တွန်းနှိုးဆော်

📌 ၆။ ကလေးမြို့တော်လှန်ရေးအင်အားစုများက စားသောက်နေထိုင်ရေးအားလုံးကိုစီစဥ်ပေးပြီး ယနေ့မနက်ကျောင်းသူတချို့ကို နေရပ်ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ကလေးတက္ကသိုလ်ပါမောက္ခချုပ် အသိပေးပြောကြား

📌 ၇။ စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက် ၄၆၁၁ဦးရှိခဲ့ပြီးစစ်ကိုင်း၊မန္တလေးနှင့်မကွေး၊ရန်ကုန်တို့မှာအများဆုံးဖြစ်


၂၀၂၄ ခုနှစ် မတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား (၈၀) ပါ ရန်သူ့စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်တို့ထိတွေ့ပစ်ခတ်ရာ စကစဘက်က၇ဦးသေဆုံး

🚩 ၂။ ကောလင်းမြို့ ခံသာတိုက်နယ် ငါးကြီးအိုင်ရွာအား စစ်ကောင်စီစစ်ကြောင်းမှမီးရှို့၍ အရပ်သားသုံးဦးကိုသတ်ဖြတ်ခဲ့

🚩 ၃။ ပေါက်ခေါင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၄။ ပုလဲမြို့ နယ်သို့ လှည့်လည်စစ်ကြောင်းထိုးနေသော စကစတပ်များအား ၃နာရီကြာ လက်နက်ကြီးများနှင့်တိုက်ခိုက်

🚩 ၅။ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ  ရဲတပ်ကြပ်တစ်ဦးက လက်နက်နှင့်တကွ ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်က ရက္ခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်


၂၀၂၄ခုနှစ်၊ မတ်လ ()ရက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြမ်းဖက်စစ်တပ်က ရက္ခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်နေသည့် ကိစ္စနှင့်ပတ်သက်၍ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ကြေညာချက်တွင်


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့ နံနက် () နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်နယ် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်း စျေးအတွင်းသို့ အကြမ်းဖက်စစ်တပ်ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁၂) ဦးသေဆုံးခဲ့ပြီး (၈၀) ဦးကျော် ဒဏ်ရာရရှိခဲ့သည်ကို သိရှိရပါသည်။ 


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် () နာရီ (၄၅) မိနစ်အချိန်တွင်လည်း ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်တပ်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အလင်းဝင် တပ်မတော်သားများ၊ အရပ်သားပြည်သူများ၊ ဆေးရုံ ဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ 


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများသည် ရက္ခိုင်ပြည်သူများ၏ ဂုဏ်သိက္ခာကို ထိပါးသည့် ပုတ်ခတ်စွပ်စွဲမှုများကိုအသုံးပြုကာ နိုင်ငံသူ နိုင်ငံသားအချင်းချင်းကြား လူမျိုးရေး မုန်းတီးမှုများ ပေါ်ပေါက်စေရန် သွေးထိုးလှုံ့ဆော်မှုများအား  ပိုမိုလုပ်ဆောင်လာသည်ကိုလည်း  တွေ့ရှိရသည်။ 


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသော ရက္ခိုင်ပြည်သူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စု၏ ဖိစီးနှိပ်စက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်နေကြသော ရက္ခိုင် ပြည်သူများအားလုံးနှင့် အတူ တစိတ်တဝမ်းတည်းရှိနေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါသည်။ 


အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများ စုဝေးရာနေရာများဖြစ်သည့် စျေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ပြည်သူလူထုအား နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ ကြီးလေးသော စစ်ရာဇဝတ်မှုများ ကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်း ဖြစ်သောကြောင့် အဆိုပါ ရာဇဝတ်မှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားမျှတမှုပြန်လည်ရရှိစေရေး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်တပ်တော် တို့နှင့် ပူးပေါင်းကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်ဟုပါရှိပါသည်။


========================


📌📌 ၂။ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်သမုဒ္ဒရာ ဒါရိုက်တာMr. Benoît  Guidée မြန်မာ ကမ္ဘောဒီးယား တာဝန်ခံ  Mr. Michael Li တို့နှင့် တွေ့ဆုံဆွေးနွေး


မတ်လ ရက်


ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်သမုဒ္ဒရာ ဒါရိုက်တာMr. Benoît  Guidée မြန်မာ ကမ္ဘောဒီးယား တာဝန်ခံ  Mr. Michael Li တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


မတ်လ၁ရက်နေ့ နိူင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်တို့နှင့်အဖွဲ့သည်  ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်သမုဒ္ဒရာ ဒါရိုက်တာMr. Benoît  Guidée မြန်မာ ကမ္ဘောဒီးယား တာဝန်ခံ  Mr. Michael Li တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြပါတယ်။


အဆိုပါတွေ့ဆုံမှုတွင် ပြင်သစ်နိုင်ငံကကူညီထောက်ပံ့သောလူသားချင်းစာနာထောက်ထားရေးအကူအညီများ အမှန်တကယ်လိုအပ်သည့်နေရာများသို့ရောက်ရှိရေးအပါအ၀င် မြန်မာ့နွေဦးတော်လှန်ရေးအတွက် လက်တွေ့ကျသော အကူအညီများ ထောက်ပံ့ကူညီပေးနိုင်ရေးနှင့် မြေပြင်တိုးတက်ပြောင်းလဲမှုအခြေအနေများကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ လေယာဥ်ဆီသင်္ဘောကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်


၂၀၂၄ ခုနှစ်၊ မတ်လ () ရက်နေ့ 


အကြမ်းဖက်စစ်ကောင်စီ၏ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်များတွင် အသုံးပြုမည့် လေယာဥ်ဆီ သယ်ဆောင်လာသည့် လေယာဥ်ဆီတင် သင်္ဘောကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့၊ ညနက်ပိုင်းတွင် ရန်ကုန် MEC ထီးတန်းဆိပ်ကမ်း၌ ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်အတည် ပြုထုတ်ပြန်အပ်ပါသည်။ 


========================


📌📌 ၄။ ဆုံးရှုံးခဲ့တဲ့နေရာဒေသတွေကို အကြမ်းဖက်စကစဟာဘယ်လိုနည်းနဲ့မှပြန်မရနိူင်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


မတ်လ၁ရက်


ဆုံးရှုံးခဲ့တဲ့နေရာဒေသတွေကို အကြမ်းဖက်စကစဟာဘယ်လိုနည်းနဲ့မှပြန်မရနိူင်တော့ဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ သုံးသပ်ပြောကြားခဲ့ပါတယ်။


"ကျနော်တို့တော်လှန်ရေး အောင်မြင်နေပြီ ဖြစ်ပါတယ်။သေချာပါတယ်။ရှမ်းမြောက်ကိုစကစဘယ်လိုနည်းနဲ့မှပြန်မရနိူင်တော့ပါဘူး။တအောင်းဒေသကိုဘယ်လိုနည်းနဲ့မှပြန်မရနိူင်ဘူး။ကချင်အခုစိုးမိုးနေတဲ့နေရာဒေသတွေ၊ချင်း၊ကရင်နီဒေသတွေ၊စစ်ကိုင်း၊မကွေး၊ရခိုင်ဒီဒေသတွေကို ဘယ်လိုနည်းနဲ့မှပြန်ရမှာမဟုတ်တော့ပါဘူး။ဆက်တိုက်ကျရှုံးနေပြီ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ရက်နေ့မှာ ၁၀၂၇စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ MNDAATNLAAAတို့က စတင်ဆင်နွှဲခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ မြို့အများစုကိုစကစဟာလက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၅။ မရာလက်နက်ကိုင် () ဖွဲ့အနေဖြင့်ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာဆောင်ရွက်သွားကြရန် ICNCC အနေဖြင့် အထူးတိုက်တွန်းနှိုးဆော်


မတ်လ၁ရက်


မရာနယ်မြေအတွင်းဖြစ်ပွားနေသော ပဋိပက္ခအပေါ် တိုက်တွန်းနှိုးဆော်ချက်တရပ်ကို ဖေဖော်ဝါရီ၂၉ရက်မှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကအသိပေးကြေညာပါတယ်။


 နွေဦးတော်လှန်ရေးနှင့်အတူပေါက်ဖွားလာသော MPC/CDF-Mara သည် Joint Military Council (JMC), Chinland Joint Defense Committee (CJDC) ဖွဲ့စည်းရာတွင် ညီနောင် ချင်းတော်လှန်ရေးအင်အားစုများနှင့် အတူ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး၊ Chin National Front/Chin National Army (CNF/A) နှင့် CJDC လူကြီး အချို့တို့၏တိုက်တွန်းတောင်းဆိုချက်အရ  CDF-Mara နှင့် Mara Army တို့ပေါင်းစည်းနိုင်ရေးအတွက် Mara Revolution Coordination Team (MRCT) ကိုဖွဲ့စည်းခဲ့ကြပြီး ပေါင်းစည်းရေးကို ကြိုးပမ်းခဲ့ကြသည်ဟု သိရှိရပါတယ်လို့ဖော်ပြပါတယ်။


သို့သော် ထိုကြိုပမ်းမှုများ မအောင်မြင်နိုင်ပဲ Mara Territorial Council (MTC) /Maraland Defense Force နှင့် Interim Maraland Council (IMC)/CDF-Mara ဟူ၍ () ဖွဲ့ကွဲပြီး ရပ်တည်လာခဲ့ကာ မရာလက်နက်ကိုင် အချင်းချင်း ကြားပြန်လည်ပေါင်းစည်းရေးကို ပြည်တွင်းပြည်ပရှိ မရာပြည်သူများနှင့် မရာ အဖွဲ့အစည်းများမှ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုမရရှိသည့်အပြင်၊ နှစ်ဖွဲ့အကြား အင်အားပြိုင်ဆိုင်မှုသည်တဖြည်းဖြည်း ပြင်းထန်လာခဲ့ပြီး မကြာသေးခင်တွင် စစ်ရေးပဋိပက္ခအဖြစ်သို့ အသွင်ပြောင်းလဲလာခဲ့ကြောင်း ဝမ်းနည်းစွာတွေ့ရှိရပါတယ်လို့ဆိုပါတယ်။


ဇန်နဝါရီလ (၃၁) ရက်၊ ၂၀၂၄ မှ စပြီး ယနေ့ချိန်အထိ မရာနယ်မြေအတွင်းတွင် Chin National Army (CNA) နှင့် ၎င်း၏လက်အောက်ခံ ချင်းလက်နက်ကိုင်အဖွဲ့အချို့ နှင့် MDF တို့အကြား တိုက်ပွဲများဖြစ်ပွား လျှက်ရှိပြီး ချင်းလူငယ်များ အသက်ဆုံးရှုံးနေကြရသည့်အပြင် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်စည်းစိမ်း များစွာထိခိုက်ဆုံးရှုံးမှုများ ဆက်တိုက်ရှိနေသည်ကို စိတ်မကောင်းစွာတွေ့ရပြီး စစ်အာဏာရှင်စနစ် တိုက် ဖျက်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ ချင်းပြည်နှင့် ချင်းလူမျိုးများလွတ်မြောက် ရေးတို့အတွက် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ကြသောချင်းလူငယ်များသည် တော်လှန်ရေးပန်းတိုင် များနှင့်သွေဖည်နေသည့် ချင်းလူမျိုးအချင်းချင်းပစ်သတ်နေကြခြင်းကို ချင်းပြည်သူလူထုမှမလိုလားကြဘူးလို့ဆိုပါတယ်။


လက်ရှိဖြစ်ပွားနေသော မရာနယ်မြေပဋိပက္ခအား စစ်ရေးနည်းဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဆိုပါက ချင်းပြည်အတွင်း အခြားသော မြိုနယ်နှင့်ဒေသများသို့ ကူးဆက်ပျံ့ပွားသွားနိုင်ချေများရှိသည့်အပြင် ချင်းလူထုစည်းလုံးညီညွတ်ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးတို့အား ထိခိုက်သွားမည်ကို စိုးရိမ်ရ သည့်အတွက် ချင်းလူမျိုးအချင်းချင်းကြား ဒီထက်ကြီးမားသည့် စစ်ရေးပဋိပက္ခများ မဖြစ်ပေါ်လာစေရေးကို ဦးထိပ်ထားလျက် လက်ရှိမရာအရေးတွင်ပါဝင်နေသော မရာမဟုတ်သည့်လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စစ်ဆင်ရေးများ အမြန်ဆုံးရပ်တန့်ရန်၊ မရာလက်နက်ကိုင် () ဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာဆောင်ရွက်သွားကြရန် ICNCC အနေဖြင့် အထူးတိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့ဖော်ပြပါတယ်။ 


========================


📌📌 ၆။ ကလေးမြို့တော်လှန်ရေးအင်အားစုများက စားသောက်နေထိုင်ရေးအားလုံးကိုစီစဥ်ပေးပြီး ယနေ့မနက်ကျောင်းသူတချို့ကို နေရပ်ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ကလေးတက္ကသိုလ်ပါမောက္ခချုပ် အသိပေးပြောကြား


မတ်လ၁ရက်နေ့


ကလေးမြို့တော်လှန်ရေးအင်အားစုများက စားသောက်နေထိုင်ရေးအားလုံးကိုစီစဥ်ပေးပြီး ယနေ့မနက်ကျောင်းသူတချို့ကို နေရပ်ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ယောဟန်ထွန်းက မတ်လ၁ရက်နေ့မှာ ရုပ်သံနှင့်တကွပြောပါတယ်။


"ကျနော်တို့အားလုံးအခုရောက်ရှိနေတဲ့နေရာမှာဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကစားရေး၊သောက်ရေး၊နေထိုင်ရေးကိုစီစဥ်ပေးပါတယ်။အထူးသဖြင့်ပြောကြားလိုတာကတော့ ကျနော်တို့ရဲ့ဝန်ထမ်းများ၊ကျောင်းသူ၊ကျောင်းသားများ၊သက်ဆိုင်ရာမိဘများ၊ ဆွေမျိုးသားချင်းများ စိတ်ပူနေမှာမို့အားလုံးစိတ်မပူဖို့ကျနော်ပြောရခြင်းဖြစ်ပါတယ်။ဒီနေ့မနက်ကစပြီး ကျောင်းသူတချို့ကိုပြန်လည်ပြီးပို့ဆောင်ပေးနေတယ်ဆိုတာသိရှိရပါတယ်။ကျန်တဲ့သူတွေလည်းမကြာမီကာလမှာပြန်လည်ရောက်ရှိလာမှာပါလို့ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဖေဖော်ဝါရီ၂၆ရက် ကလေးတက္ကသိုလ်တွင် စကစတပ်နှင့်တော်လှန်ရေးတပ်များပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျည်လွတ်ရာသို့ တက္ကသိုလ်ဆရာနှင့်ကျောင်းသားများကို တော်လှန်ရေးတပ်ဖွဲ့များကရွှေ့ပြောင်းကယ်ထုတ်ခဲ့ပါတယ်။


========================


📌📌 ၇။ စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက် ၄၆၁၁ဦးရှိခဲ့ပြီးစစ်ကိုင်း၊မန္တလေးနှင့်မကွေး၊ရန်ကုန်တို့မှာအများဆုံးဖြစ်


မတ်လ၁ရက်


အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များကိုသတင်းထုတ်ပြန်ဖော်ပြပါတယ်။


ဖော်ပြချက်အရ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်၄၆၁၁ဦးရှိခဲ့ပြီး အမျိုးသမီး၈၁၀ဦး၊ကလေးသူငယ် ၅၇၀ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူ၁၆၆၂ဦးရှိခဲ့ပါတယ်။


အဆိုပါသတ်ဖြတ်ခံသူများထဲတွင် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်းတို့မှာအများဆုံးဖြစ်တယ်လို့သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား (၈၀) ပါ ရန်သူ့စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်တို့ထိတွေ့ပစ်ခတ်ရာ စကစဘက်က၇ဦးသေဆုံး


မတ်လ၁ရက်


ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား (၈၀) ပါ ရန်သူ့စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်တို့ထိတွေ့ပစ်ခတ်ရာ စကစဘက်က၇ဦးသေဆုံးခဲ့ပါတယ်။


ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား (၈၀) ပါ ရန်သူ့စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်၊ ညနေ () နာရီ (၂၀) ခန့်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အတည်ပြုပါတယ်။


နှစ်နာရီကျော် ကြာမြင့်သောတိုက်ပွဲအတွင်း ရန်သူ့အလောင်း () လောင်း နှင့် ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ရခိုင့်တပ်တော်AAကဖော်ပြပါတယ်။


ရန်သူသည် ကစဉ့်ကလျားထွက်ပြေးနေသောကြောင့်  လိုက်လံတိုက်ခိုက်လျက်ရှိတယ်လို့ ရခိုင့်တပ်တော်ကအသိပေးပါတယ်။


လတ်တလောမှာ ရက္ခိုင်ဒေသအတွင်း လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းများ၊ နယ်ခြားစောင့်တပ်စခန်းအပြင် ရန်သူ၏ လက်နက်ကြီးစခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုပြီးတစ်ခု လိုက်လံရှင်းလင်းလျက်ရှိပါတယ်။


========================


🚩🚩 ၂။ ကောလင်းမြို့ ခံသာတိုက်နယ် ငါးကြီးအိုင်ရွာအား စစ်ကောင်စီစစ်ကြောင်းမှမီးရှို့၍ အရပ်သားသုံးဦးကိုသတ်ဖြတ်ခဲ့


မတ်လ၁ရက်


ကောလင်းမြို့ ခံသာတိုက်နယ် ငါးကြီးအိုင်ရွာအား စစ်ကောင်စီစစ်ကြောင်းမှမီးရှို့၍ အရပ်သားသုံးဦးကိုသတ်ဖြတ်ခဲ့တယ်လို့ မတ်လ၁ရက်မှာ နေ့ကောလင်း KR Teamကအတည်ပြုဆိုပါတယ်။


"ဖေဖော်ဝါရီ၂၉ရက် မွန်းတည့်၁၂နာရီကျောက်တန်းကျေးရွာ သစ်ဖုလှဘုရားကုန်းမှ စကစအင်အားနှစ်ရာ ခန့်သည် ငါးကြီးအိုင်ကျေးရွာအားမီးစတင်ရှို့ခဲ့ကြောင်း သိရပါတယ်။ တစ်ရွာလုံးနီးပါးလောင်ကျွမ်းခဲ့ဟု ကနဦးသိရပြီး ၎င်းစစ်ကြောင်းတွင်တပ်မ 11 / 77 တို့မှမီးရှို့နေကြောင်း မြေပြင်သတင်း

ရရှိထားပါတယ်"လို့ဆိုပါတယ်။


၎င်းစစ်ကြောင်းမှငါးကြီးအိုင်မှပြည်သူသုံးဦးအားသတ်ဖြတ်ပြီးလမ်းဘေးတွင်စီထားကြောင်းသတင်းရရှိပြီးသေဆုံးသူများမှာမည်သူမည်ဝါမသိရသေးဘူးလို့ဆိုပါတယ်။


၎င်းတပ်များမှာငါးကြီးအိုင်ရွာအနောက်ဘက် သရက်တောတွင် ပြာပုံဝပ်နေကြောင်း သတင်းရရှိထားပါတယ်။


========================


🚩🚩 ၃။ ပေါက်ခေါင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် လှည်းကူးအုပ်စု အောင်သပြေရွာထဲကိုဝင်သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ကို ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ဦး သေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက မတ်လ ရက်မှာ ထုတ်ပြန်ပါတယ်။  

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၈ ရက်   ညနေ နာရီအချိန်က အောင်သပြေရွာထဲ ဝင်သွားခဲ့တာကြောင့် အဆိုပါစစ်ကြောင်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ  စစ်သားတဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာလည်း ထိုစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေ နာရီခန့်မှာ ရွာထဲကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး ထပ်မံသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များစွာ ရှိခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းက အသိပေးပါတယ်။

အဆိုပါစစ်ဆင်ရေးကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း စနိုက်ပါအဖွဲ့နဲ့အတူ တပ်ခွဲ     စုစစ်ကြောင်းနဲ့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ မှ ရဲဘော်တဦး အသက်ပေးလှူခဲ့ရပြီး တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အထိနာသွားတဲ့အကြမ်းဖက်စစ်သားတွေဟာ အောင်သပြေရွာအနောက်ဘက် တောကြောတန်းပေါ် ဆုတ်ခွာထွက်ပြေးသွား ပြီး ရွာထဲကို လက်နက်ကြီးနဲ့ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရွာထဲက အိမ်တွေပျက်စီးဆုံးရှုံးမှုရှိနိုင်ပြီး ပျက်စီးဆုံးရှုံး မှုများကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ပုလဲမြို့ နယ်သို့ လှည့်လည်စစ်ကြောင်းထိုးနေသော စကစတပ်များအား ၃နာရီကြာ လက်နက်ကြီးများနှင့်တိုက်ခိုက်


မတ်လ၁ရက်


ပုလဲမြို့ နယ်သို့ လှည့်လည်စစ်ကြောင်းထိုးနေသော စကစတပ်များအား ၃နာရီကြာ လက်နက်ကြီးများနှင့်တိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီ၂၉ရက်မှာ  Royal Seven Reven Revolution Forceကအတည်ပြုပါတယ်။


"ပုလဲမြို့ နယ်သို့ လှည့်လည်စစ်ကြောင်းထိုးနေသော စကစများအား Royal Seven Revolution Force နှင့်မြေလတ်ဒေသပျောက်ကျားတပ်ဖွဲ့(MRG)|SSTF | ပုံတောင်တိုက်ဂါးနှင့် People Speal Force ညီနောင်မဟာမိတ်များပူးပေါင်းကာ လက်နက်ကြီးများ ဒုန်းများဖြင့်()နာရီအကြာတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုတိုက်ခိုက်မှုတွင် စကစများ အထိခိုက်အကျဆုံးရှိနိုင်ကာအတိအကျကိုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ  ရဲတပ်ကြပ်တစ်ဦးက လက်နက်နှင့်တကွ ခိုလှုံ


မတ်လ၁ရက်


မကွေးတိုင်း၊ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ  ရဲတပ်ကြပ်တစ်ဦးက လက်နက်နှင့်တကွ ခိုလှုံခဲ့တယ်လို့သတင်းရရှိပါတယ်။


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နံ့သာဟေဝန်ပးန်ခြံရှိ ရဲတပ်ကြပ် တစ်ဦးက လက်နက်နှင့်တကွ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံလာတယ်လို့အတည်ပြုထားပါတယ်။


ဖေဖော်ဝါရီ၂၉ရက်တွင် နံ့သာဟေဝန်ပန်းခြံရှိ ရဲတပ်ကြပ်ကြီးတစ်ဦးက ရေစကြိုမြို့နယ်(ပကဖ) နှင့် ဟား ခါး B2,C5 (GangGaw) တို့နှင့်ခိုလှုံရန်ဆက်သွယ်ခဲ့တာလို့သိရပါတယ်။


၄င်းရဲတပ်ကြပ်ကြီးမှ  ကာဘိုင်တစ်လက်၊ ကျည်အိမ် နှစ်ခု နှင့် ကျည်ဆန် တစ်ရာကို ယူဆောင်လာခဲ့ပါတယ်။



အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment