20th FEB 2024 - Evening Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယာယီသမ္မတဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့

📌 ၂။ "အမျိုးသားညီညွတ်ရေးအစိုးရက (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့

📌 ၃။ စကစရဲ့ မထမ်းမနေရစစ်မှုထမ်းခိုင်းခြင်းကို ။သေချာစနစ်တကျ တုံ့ပြန်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ ဆုကြေးတွေအများဆုံးပါတဲ့ နွေဦးထီကိုသာ ထိုးကြဖို့ ဒုဝန်ကြီးဂျာထွယ်ပန်တိုက်တွန်း

📌 ၅။ "လူမျိုးကြီးဝါဒ၊ လက်ဝါးကြီးအုပ်မှုနဲ့ နိုင်ငံရေးအရ ဗိုလ်ကျမှုကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်နေသူတွေကိုယ်တိုင် တန်းတူညီမျှမှုနဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးဖို့လိုအပ်တယ်လို့ဆို


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်မှ () နာရီအကြာ ထိုးစစ်အပြီးစခန်းတစ်ခုလုံးအား သိမ်းပိုက်ရယူ

🚩 ၂။ ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် ပြည်သူလူထုကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု ဦးသေဆုံးခဲ့ရ

🚩 ၃။ ကလေးခရိုင် အမှတ် () တပ်ရင်းသို့ စစ်ကောင်စီတပ်မှ CDM ပြုလုပ်၍ လက်နက်ဖြင့်ဝင်ရောက်ခိုလှုံလာသော တပ်သားအား ဂုဏ်ပြုဆုငွေ ချီးမြှင့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယာယီသမ္မတဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့


 ဖေဖော်ဝါရီလ ၂၀ ရက်


ဖေဖော်ဝါရီ၂၀ရက်မှာ ကျရောက်သော(၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ယာယီသမ္မတဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ မှ  သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


သဝဏ်လွှာအရ နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် နေ့ထူးနေ့မြတ်များနှင့် မြေရှင်ပဒေသရာဇ် ကို ဖျက်သိမ်းကာ ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်ဖြစ်၍ နယ်ချဲ့ကိုလိုနီဝါဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို မြတ်နိုးသည့် ချင်းအမျိုးသားများ၏ နေ့ထူးနေ့မြတ်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်လို့ ယာယီသမ္မတကဆိုပါတယ်။


ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ () ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာ ကို မတရားသိမ်းယူလိုက်သည့်အချိန်တွင်လည်း ချင်းအမျိုးသားများအနေဖြင့် တူမီးသေနတ်ကို စွဲကိုင်ကာ စစ်အာဏာရှင်ကို ရှေ့ဆုံးမှ တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အထိ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ခရီးတွင် စွမ်းစွမ်းတမံ အားတက်သရော ပါဝင်နေကြတာ တွေ့မြင်နေရတယ်လို့ ယာယီသမ္မတကသဝဏ်လွှာမှာဆိုထားပါတယ်။


ထို့ကြောင့် နယ်ချဲ့ ကိုလိုနီစနစ် နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီစနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (ဖက်ဒရယ်) ကို မြတ်နိုးသော ချင်းလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း နှင့် ကမ္ဘာတည်သရွေ့ ချင်းအမျိုးသားများ အဓွန့်ရှည်ကာ ချင်းအမျိုးသားနေ့ကို ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာ ပေးပို့ အပ်ပါတယ်လို့ဆိုထားပါတယ်။


အလားတူ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်မှလည်း ချင်းအမျိုးသားနေ့သည် ချင်းအမျိုးသားများအတွက်သာမက မြန်မာနိုင်ငံသား အားလုံးအတွက် မိမိတို့ လူမျိုးတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းခြင်း၊ ညီညွတ်ခြင်း၊ မတရားမှုမှန် သမျှကို ခေါင်းငုံ့မခံခြင်း၊ ခေတ်သစ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခြင်း၊ အထူးသဖြင့် ပြည်ထောင်စု ကို ခိုင်မာစေခြင်း စသည့်သရုပ်သကန်များ၏ အထိမ်းအမှတ်နေ့လည်း ဖြစ်တယ်လို့ဆိုပါတယ်။  


ယနေ့မျက်မှောက်ခေတ်တွင်လည်း ချင်းအမျိုးသားများသည် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ၂၀၂၁ခုနှစ်၊ စစ်အုပ်စု၏ မတရား အာဏာလုယူရန် ကြိုးပမ်းချိန်မှစ၍ ယနေ့အချိန်အထိ ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်လို့ ဝန်ကြီးချုပ်ရဲ့သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


 ထို့ကြောင့် ချင်းအမျိုးသားတို့၏ ညီညွတ်မှု၊ ရဲစွမ်းသတ္တိရှိမှုနှင့် ပြည်ထောင်စုစိတ်ဓာတ်တို့၏ သင်္ကေတဖြစ်သည့် ယနေ့ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားများအတွက်၊ နိုင်ငံသူ/သား အားလုံး အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ဆက်လက်ပါဝင်ပြီး တော်လှန်ရေးအောင်ပွဲအထိ ဦးဆောင်ချီတက် နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုထားပါတယ်။


========================


📌📌 ၂။ "အမျိုးသားညီညွတ်ရေးအစိုးရက (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့


ဖေဖော်ဝါရီလ ၂၀ ရက်


"အမျိုးသားညီညွတ်ရေးအစိုးရက (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


ယနေ့တွင်ကျရောက်သည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြည်ထောင်စုဖွား ချင်းတိုင်းရင်းသားများအားလုံး ကိုယ်၊ စိတ် နှစ်ဖြာ ဘေးရန်ကင်းကွာပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ဆိုပါတယ်


နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအပါအဝင်၊ နယ်မြေဒေသ အလိုက် မျိုးနွယ်စုအကြီးအကဲများ အုပ်ချုပ်သည့်စနစ်အစား ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရက အုပ်ချုပ်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ယင်းသဘောကို အောက်မေ့ဆင်ခြင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိပါတယ်လို့ဆိုပါတယ်။


၂၀၂၁ခုနှစ်အစောပိုင်းတွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ မအောင် မြင်သည့် အာဏာလုယူမှုဖြစ်စဉ်ပြီးနောက်တွင် တစ်နိုင်ငံလုံးက ပြည်သူများနှင့်အတူ ချင်းအမျိုးသားများသည်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပါတယ်။


 ထိုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေမှုများကို အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုးပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်လာမှုကြောင့် လက်နက်ကိုင်ခုခံတော်လှန်ရေး အသွင်ပြောင်းလဲ လှုပ်ရှားခဲ့ရကာထိုကဲ့သို့ လက်နက်ကိုင်ခုခံတော်လှန်ရေးတွင် ချင်းအမျိုးသားတို့၏ တူမီးတော်လှန်ရေးသည် အထင်ကရနှင့် ထိရောက်အောင်မြင်မှုအရှိဆုံး တော်လှန်ရေးတစ်ရပ်အဖြစ် သမိုင်းဝင်လျက်ရှိပါတယ်လို့ဖော်ပြပါတယ်။


ထိုမျှသာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေထိုင်လျက်ရှိကြသည့် ပြည်ထောင်စုဖွား ချင်းတိုင်းရင်းသားများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးစေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး ဘုံရည်မှန်းချက်()ရပ်အပေါ် တက်တက်ကြွကြွ အားပေးထောက်ပံ့မှုများကိုလည်း များစွာအသိအမှတ်ပြုလေးစားရပြီးဒီမိုကရေစီကို ချစ်မြတ်နိုးပြီး ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ကို လေးစားတန်ဖိုးထားသည့် ချင်းအမျိုးသားများ၏ သမိုင်းအဆက်ဆက် တော်လှန်ရေးတိုက်ပွဲများအတွင်း ပေးဆပ်အနစ်နာခံမှုများကိုလည်း လေးစားဦးညွတ်ပါကြောင်း အလေးအနက်ဖော်ပြရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ စကစရဲ့ မထမ်းမနေရစစ်မှုထမ်းခိုင်းခြင်းကို ။သေချာစနစ်တကျ တုံ့ပြန်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဖေဖော်ဝါရီ၂၀ရက်


ဖေဖော်ဝါရီလအတွင်း မေးမြန်းတဲ့ပြည်သူမှပြည်သူသို့အစီအစဥ်တွင် ကျန်းမာရေးနှင့်ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။


"စစ်မှုထမ်းဥပဒေဆိုတာ နံပါတ်တစ်ပြောလိုတာ ဒါဥပဒေမဟုတ်ဘူး။ဒါအကြမ်းဖက်တာပဲ။ဒါကအကြမ်းဖက်မှုတခုပဲ။တနိူင်ငံလုံးကိုအကြမ်းဖက်ခြင်းပဲလို့ပြောချင်တယ်။ဒါကနိူင်ငံမှာရှိတဲ့လူတိုင်း၊ဒေသတိုင်းကို အကြမ်းဖက်မှုတခုပဲ။သူတို့ရဲ့အကြမ်းဖက်မှုကို ကျနော်တို့ကမလိုက်နာပဲဆန့်ကျင်ကြရမှာလို့ပြောချင်တယ်။သေချာစနစ်တကျ တုံ့ပြန်ဖို့လိုတယ်လို့မြင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ၁၀ရက်နေ့တွင် မထမ်းမနေရစစ်မှုထမ်းဥပဒေကို အကြမ်းဖက်စစ်ခေါင်းဆောင်ကအသက်သွင်းခဲ့ပါတယ်။


အဆိုပါဥပဒေအရ အသက်၁၈ပြည့်မီသောအမျိုးသား၊အမျိုးသမီးများကို စကစကစစ်မှုထမ်းခိုင်းမှာဖြစ်ပြီးတော့ ရွေးချယ်စီစစ်ရေးအဖွဲ့များကိုပြင်ဆင်လျက်ရှိနေပါတယ်။


========================


📌📌 ၄။ ဆုကြေးတွေအများဆုံးပါတဲ့ နွေဦးထီကိုသာ ထိုးကြဖို့ ဒုဝန်ကြီးဂျာထွယ်ပန်တိုက်တွန်း


ဖေဖော်ဝါရီ၂၀ရက်


ဆုကြေးတွေအများဆုံးပါတဲ့ နွေဦးထီကိုသာ ထိုးကြဖို့ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကပြောပါတယ်။


ဖေဖော်ဝါရီ ၂၀ ရက်ဆိုရှယ်မီဒီယာမှာ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကရေးသားဆိုထားပါတယ်။


"နွေဦးထီ ဗာရှင်းအသစ် ဆုကြေးတွေကတော့ အရမ်းမိုက်နေပြီ။ နွေဦးထီထိုးရင်း CDM support လည်းလုပ်ပြီးသားဖြစ်မယ်၊ ပေါက်ရင်ကိုယ်လည်းသူဌေးဖြစ်မယ်၊ မအလရဲ့ထီ တို့တခြားနိုင်ငံထီတွေထိုးစရာမလိုတော့ အဲဒီပိုက်ဆံတွေကိုယ့်တော်လှန်ရေးထဲပဲပြန်ရောက်မယ်"လို့ဆိုပါတယ်။


အောင်လံလွှင့်ချီ နွေဦးထီတွင် အခမ်းနားဆုံး အကြီးကျယ်ဆုံး Grand Prizes ဆုကြီး တွေကတော့ - First Prize (ပထမဆု)  - သန်း ၅၀၀ ကျပ် တိတိ၊Second Prize (ဒုတိယဆု) - သန်း ၂၀၀ ကျပ် တိတိ၊Third Prize (တတိယဆု) - သန်း ၁၀၀ ကျပ် တိတိ၊Jackpot Prize (အထူးဆု) - သန်း ၅၀ ကျပ် တိတိ တို့ ကို ကံထူးသူ အသီးသီး သို့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၅။ "လူမျိုးကြီးဝါဒ၊ လက်ဝါးကြီးအုပ်မှုနဲ့ နိုင်ငံရေးအရ ဗိုလ်ကျမှုကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်နေသူတွေကိုယ်တိုင် တန်းတူညီမျှမှုနဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးဖို့လိုအပ်တယ်လို့ဆို


ဖေဖော်ဝါရီ၂၀ရက်


ဖေဖော်ဝါရီ၂၀ရက်တွင် လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှာအခုလိုပြောကြားထားပါတယ်။


"လူမျိုးကြီးဝါဒ၊ လက်ဝါးကြီးအုပ်မှုနဲ့ နိုင်ငံရေးအရ ဗိုလ်ကျမှုကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်နေပါတယ်ဆိုသူတွေ ကိုယ်တိုင်က ကိုယ့်ထက် အင်အားချို့တဲ့သူတွေ အကြိမ်ကြိမ် ထိခိုက်ခံခဲ့ရသူတွေရဲ့ တန်းတူညီမျှမှုနဲ့ အခွင့်အရေးကို အသိအမှတ်လည်း မပြုရင် လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးလိမ့်မယ်၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတခု ဖြစ်လာဖို့လည်း အလှမ်းဝေးနေပါလိမ့်မယ်"လို့ဆိုပါတယ်။


လက်ရှိရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများမှာလည်းစကစတပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့ သတ်ဖြတ်မှုကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်မှ () နာရီအကြာ ထိုးစစ်အပြီးစခန်းတစ်ခုလုံးအား သိမ်းပိုက်ရယူ


ဖေဖော်ဝါရီ၂၀ရက်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်မှ () နာရီအကြာ ထိုးစစ်အပြီးစခန်းတစ်ခုလုံးအား သိမ်းပိုက်ရယူခဲ့ပါတယ်။


ရက္ခိုင်ဒေသအတွင်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၉) ရက်နေ့၊ နံနက် () နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး () နာရီအကြာ ထိုးစစ်အပြီး ညနေ () နာရီ (၃၀) မိနစ်တွင် ၎င်းစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ရက္ခိုင့်တပ်တော်AAကအတည်ပြုဆိုပါတယ်။


တိုက်ပွဲအတွင်း ရန်သူသည် လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် () ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ထို့နောက် ရန်သူ့အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကာလက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော ရန်သူများကို လိုက်လံရှင်းလင်းလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


ထို့အပြင်စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် ပြည်သူလူထုကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု ဦးသေဆုံးခဲ့ရ


ဖေဖော်ဝါရီ၂၀ရက်


ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် ပြည်သူလူထုကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု ဦးသေဆုံးခဲ့ရပါတယ်။


ဖေဖော်ဝါရီ၁၉ရက်မနက် နာရီခန့်တွင် ဆီဆိုင်မြို့သို့ ပစ္စည်းပြန်သယ်ရန် ပြန်လာသည့် ပြည်သူလူထုကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု ဦးသေဆုံးခဲ့ရတယ်လို့ PNLAကအတည်ပြုဆိုပါတယ်။


ပစ္စည်းသယ်ရန်ပြန်လာသည့် ပြည်သူများ၏ ကားတန်းသည် ဆီဆိုင်မြို့နှင့် တဆက်တစပ်တည်းတည်ရှိသည့် ဝါးတောရွာအနီးအရောက်တွင် စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။


ယင်းသို့ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်ရသူများလည်း ရှိခဲ့ပါတယ်။


စစ်ကောင်စီသည် အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။


ပြည်သူများအနေဖြင့်လည်း အွန်လိုင်းပေါ်မှ သတင်းအမှားများ အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်ပြီး မြို့အတွင်းရှိ နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းများ မပြုလုပ်ကြရန် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ကလေးခရိုင် အမှတ် () တပ်ရင်းသို့ စစ်ကောင်စီတပ်မှ CDM ပြုလုပ်၍ လက်နက်ဖြင့်ဝင်ရောက်ခိုလှုံလာသော တပ်သားအား ဂုဏ်ပြုဆုငွေ ချီးမြှင့်


ဖေဖော်ဝါရီ၂၀ရက်


ကလေးခရိုင် အမှတ် () တပ်ရင်းသို့ စစ်ကောင်စီတပ်မှ CDM ပြုလုပ်၍ လက်နက်ဖြင့်ဝင်ရောက်ခိုလှုံလာသော တပ်သားအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဖေဖော်ဝါရီ၂၀ရက်မှာ ကလေးခရိုင် အမှတ် () တပ်ရင်းကတရားဝင်အသိပေးဆိုပါတယ်။


" ကလေးခရိုင် အမှတ် () တပ်ရင်းသို့ စစ်ကောင်စီတပ်မှ CDM ပြုလုပ်၍ လက်နက်ဖြင့်ဝင်ရောက်ခိုလှုံလာသော တပ်သားအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်းနှင့် CDM ပြုလုပ်သူမှ လက်နက်အပ်နှင်းခြင်း အခမ်းအနားကို လုပ်ဆောင်ခဲ့တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ လက်နက်နဲ့တကွ ခိုလှုံလာသောစကစတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့များက ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းအပြင်လွတ်မြောက်ရာနေရာဒေသသို့လည်းပို့ဆောင်ပေးလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီးဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment