20th FEB 2024 - Morning Daily News by Radio NUG

၂၀၂၄ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

📌 ၂။ ကိုးကန့်ဒေသ စစ်အာဏာရှင်အောက်မှ လွတ်မြောက်တဲ့ အခမ်းအနားကို NUG ကာကွယ်ရေး ဝန်ကြီး နှင့် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းတို့ တက်ရောက်

📌 ၃။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်တို့၏ ၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲအခမ်းအနား ပညာရေး ဒုဝန်ကြီးဂျာထွယ်ပန်တက်ရောက်

📌 ၄။ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေမအောင်မမြင်ဖြစ်လိမ့်မယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၅။ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၇။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုရန် စစ်ကောင်စီတွင် တရားဝင်မှုမရှိသဖြင့် လူငယ်များ နိုင်ငံရေး အံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ကြရန် KNU တိုက်တွန်း

📌 ၈။ ပြင်ဆင်လိုက်တဲ့နွေဦးထီရဲ့ ဆုကြေးအမြင့်ဆုံး သန်းငါးရာမှ ဒုတိယနှင့်တတိယဆု သန်းနှစ်ရာ၊ သန်းတရာတို့အပါအဝင် အထူးဆုသန်းငါးဆယ်ချီးမြှင့်မယ်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြိမ်တိုင် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံး

🚩 ၂။ ဘုတလင်မှာ မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို SAF နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ 

🚩 ၃။ မုံရွာမြို့ပေါ်တနေရာတွင်  စစ်ကောင်စီတပ်သားများအား ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ()ဦး ပြင်းထန် ဒဏ်ရာရရှိကာ MA3 အမျိုးစား သေနတ်နှစ်လက်အား သိမ်းဆည်းရမိ

🚩 ၄။ ရေးမြိုနယ် ခံသင်းတံတားရှိ စစ်တပ်ဂိတ်ကို ရေးဘီလူးတပ်ဖွဲက တိုက်ခိုက်ခဲ့ပြီး စစ်သား ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီလ ၁၉ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မြေပြင်အခြေအနေများကို တင်ပြဆွေးနွေးခြင်းနှင့် သိရှိလိုသည့် အချက်အလက်များကို မေးမြန်းဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။


ထို့နောက် CRPH ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများက  ရှေ့ဆက်ဆောင်ရွက်သွားလိုသည့်လုပ်ငန်းများအား အကြံပြုပြောကြားခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကိုးကန့်ဒေသ စစ်အာဏာရှင်အောက်မှ လွတ်မြောက်တဲ့ အခမ်းအနားကို NUG ကာကွယ်ရေး ဝန်ကြီး နှင့် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းတို့ တက်ရောက်


ဖေဖော်ဝါရီလ ၁၉ရက်။

လောက်ကိုင်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရက်နေ့က ကျင်းပခဲ့တဲ့ ကိုးကန့် ဒေသတစ်ခုလုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်တဲ့ အခမ်းအနားကို MNDAA ရဲ့ ဖိတ်ကြားချက်အရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့ တက်ရောက်ခဲ့ကြောင်း လူမှုကွန်ယက်မှာ ပျံနှံ့နေတဲ့ ဗီဒီယိုအရ သိရပါတယ်။


အခမ်းအနားကို မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/ MNDAA က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး မဟာမိတ် အင်အားစုများ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။


တအောင်းအမျိုးသား တပ်မတော် TNLA က ဖေဖော်ဝါရီ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ရက္ခိုင့်တပ်တော် - AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်တဲ့ MNDAA, TNLA နဲ့ AA တို့က ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ပြီး ‘Operation 1027’ အနေဖြင့် ရှမ်းမြောက်ဒေသက စတင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကာ ရှမ်းပြည်မြောက်ပိုင်းနှင့် ရက္ခိုင်ဒေသရှိ မြို့အများစုကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။


စစ်ကောင်စီက လက်လွှတ်လိုက်ရတဲ့ ကိုးကန့်မြို့များကို စုပေါင်းပြီး မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ/ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/ MNDAA က မြန်မာနိုင်ငံ အထူးဒေသ () အုပ်ချုပ်ရေးကို တည်ထောင်ထားတာ ဖြစ်ပါတယ်။


========================


📌📌 ၃။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်တို့၏ ၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲအခမ်းအနား ပညာရေး ဒုဝန်ကြီးဂျာထွယ်ပန်တက်ရောက်


ဖေဖော်ဝါရီလ (၁၉)ရက်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်တို့၏ ၂၀၂၄ ပညာသင်နှစ်၊ ဖွင့်ပွဲ့အခမ်းအနားအား ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်၌ ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဂျာထွယ်ပန်၊ ကေအိုင်အို ပညာရေးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြပါတယ်။


ထို့နောက်၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲ ဆုတောင်းခြင်းနှင့် မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ဆက်ခြင်းတို့ကို ကျင်းပလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေမအောင်မမြင်ဖြစ်လိမ့်မယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


ဖေဖော်ဝါရီလ ၁၉ရက်။

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေမအောင်မမြင်ဖြစ်လိမ့်မယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေဟာ ခေတ်သစ်ကျွန်ပြုတာထက်ကိုမပိုပါဘူး။ မြန်မာနိုင်ငံရဲ့ လူ တွေကို ဖွံဖြိုးတိုးတက်အောင် လုပ်ရမယ့်အစား စစ်အုပ်စုဟာ လူငယ်တွေရဲ့ အလားအလာကို ရိုက်ချိုး ဖျက်ဆီးဖို့ကြိုးစားတာသာဖြစ်ပါတယ်။ အားနည်းလာတဲ့ စစ်ရေးမဟာဗျူဟာကို အရှိန်တင်ဖို့ကြိုးစားမှုသာဖြစ်ပါတယ်။ အာဏာကိုထိန်းချုပ်ဖို့အတွက် ရက်ရက်စက်စက်နဲ့ အသည်းအသန်ကြိုးပမ်းမှုဖြစ်ပါတယ်။ ပြီးတော့ ဒီအစီအစဥ်ဟာလည်း မအောင်မမြင်ဖြစ်ပါလိမ့်မယ်"လို့ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၀ရက်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်က စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်


ဖေဖော်ဝါရီလ ၁၉ရက်။

အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကြေငြာချက်အမှတ်( /၂၀၂၄)ကို ဖေဖော်ဝါရီလ ၁၉ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။


ထုတ်ပြန်ချက်အရ အရပ်သားပြည်သူများအား ပေါ်တာဆွဲရန် ကြိုးပမ်းမှုကို ဥပဒေအရတရားဝင်သဖွယ် အကြမ်းဖက်စစ်အုပ်စုက ပုံဖော်လာနိုင်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူအပါအဝင် အရပ်သားပြည်သူများကို အတင်းအဓမ္မအစဖျောက်ခြင်းများပြုလုပ်လာနိုင်တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုလျက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ ချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် နည်းလမ်းများအနေဖြင့် အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ ကို ဖွင့်လှစ်ထားရှိတယ်လို့ဆိုပါတယ်။


 link မှတဆင့် တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့်  ပူးတွဲပါရှိသော နမူနာ တိုင်ကြားစာပါ အချက်အလက်များကို ဖြည့်စွက်၍ ဝန်ကြီးဌာန social media channel များ မှတဆင့်လည်းကောင်း တိုင်ကြားမှု လွယ်ကူ အဆင်ပြေစေရန် ပြင်ဆင်ထားရှိကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဖေဖော်ဝါရီလ ၁၉ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (/၂၀၂၄)ကို ဖေဖော်ဝါရီလ ၁၉ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ  ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ်မှ ဦးဆောင်ကာ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုရန် စစ်ကောင်စီတွင် တရားဝင်မှုမရှိသဖြင့် လူငယ်များ နိုင်ငံရေး အံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ကြရန် KNU တိုက်တွန်း


ဖေဖော်ဝါရီလ ၁၉ရက်။

အာဏာသိမ်း စစ်ကောင်စီတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကဲ့သို့သော ဥပဒေများကို အသက်ဝင်ကြောင်း အတည်ပြုသတ်မှတ်ရန် တရားဝင်မှု မရှိတာကြောင့် စစ်မှုထမ်းဥပဒေကို လူငယ်များအနေဖြင့် နိုင်ငံရေး အံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ကြရန် KNU က တိုက်တွန်းလိုက်ပါတယ်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ အခုလို တိုက်တွန်းပြောဆိုခဲ့တာပါ။


မျိုးဆက်သစ် လူငယ်များနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက စစ်ကောင်စီရဲ့ မတရား ထုတ်ပြန်ထားတဲ့ ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေး အံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ အချင်းချင်း အကာအကွယ် ပေးတဲ့လုပ်ငန်းများ အပါအဝင် နည်းမျိုးစုံဖြင့် ပြုလုပ်နေသော ဆန့်ကျင်တိုက်ဖြတ်ရေး လုပ်ငန်းများမှာ ပူးပေါင်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။


တရားမဝင် ဥပဒေများဖြင့် စစ်ကောင်စီက လူငယ်မျိုးဆက်နှင့် လုပ်သားအရင်းအမြစ် မျိုးဆက် တစ်ခုကို အတင်းအကြပ် တပ်သားသစ်စုဆောင်းပြီး စစ်ပွဲနွံအတွင်းကို ဆွဲသွင်းခြင်းကို ပြည်သူလူထုက လိုက်နာရန် မလိုအပ်ဟုလည်း KNU က ဆိုထားပါတယ်။

စစ်ကောင်စီနှင့် အလိုပါ လုပ်ဆောင်သူများ အားလုံးက အဆိုပါ ဥပဒေ အကောင်အထည် ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။


မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားမှသာ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ်၊ သွေးခွဲ၊ သတ်ဖြတ်နေမှုများနှင့် နိုင်ငံကို စစ်တလင်းအဖြစ် ဖန်တီးနေမှုများကို ချုပ်ငြိမ်းစေမှာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။


ထို့ကြောင့် မျိုးဆက်သစ် လူငယ်များ အနေဖြင့် ခေတ်နှင့်လျှော်ညီတဲ့ တီထွင်ဖန်တီးနိုင်သော စွမ်းပကားများကို အသုံးချပြီး စစ်ကောင်စီရဲ့ လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ တိုက်တွန်းထားပြီး KNU အနေနဲ့လည်း သက်ဆိုင်ရာ ကဏ္ဍများမှ ပံ့ပိုးကူညီ သွားပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ပြင်ဆင်လိုက်တဲ့နွေဦးထီရဲ့ ဆုကြေးအမြင့်ဆုံး သန်းငါးရာမှ ဒုတိယနှင့်တတိယဆု သန်းနှစ်ရာ၊ သန်းတရာတို့အပါအဝင် အထူးဆုသန်းငါးဆယ်ချီးမြှင့်မယ်


ဖေဖော်ဝါရီ၁၉ရက်

ပြင်ဆင်လိုက်တဲ့နွေဦးထီရဲ့ ဆုကြေးအမြင့်ဆုံး သန်းငါးရာမှ ဒုတိယနှင့် တတိယဆု သန်းနှစ်ရာ၊ သန်းတရာတို့အပါအဝင် အထူးဆုသန်းငါးဆယ်ပါချီးမြှင့်မယ်လို့ ဖေဖော်ဝါရီလ ၁၉ရက်မှာ အောင်လံလွှင့်ချီ နွေဦးထီကအသိပေးကြေညာပါတယ်။


"နွေဦးထီရဲ့ မူပိုင်အိပ်မက်တွေဟာ နွေဦးထီချစ်သူတွေအတွက် သီးသန့် ကြီးကျယ် ခမ်းနားလှပါတယ်။ သန်းနှင့်ချီတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့ အနာဂတ်များ ရွှေရောင်အတိဖြင့် ထွန်းလင်းနိုင်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ တည့်မတ်စွာ လျှောက်လမ်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အိပ်မက်တွေ လက်တွေ့ ဖော်ဆောင်ပေးနိုင်မည့် တခုတည်းသောထီ ဟာလည်း နွေဦးထီ ဖြစ်ပါတယ်။ မီလီယံနာ သူဌေး ဧကန် ဖြစ်ခွင့်ရှိမည့် အခမ်းနားဆုံး အကြီးကျယ်ဆုံး Grand Prizes ဆုကြီး တွေကတော့ First Prize (ပထမဆု) -သန်း ၅၀၀ ကျပ် တိတိ၊ Second Prize (ဒုတိယဆု) - သန်း ၂၀၀ ကျပ် တိတိ၊ Third Prize (တတိယဆု) - သန်း ၁၀၀ ကျပ် တိတိ၊ Jackpot Prize (အထူးဆု) - သန်း ၅၀ ကျပ်တိတိ တို့ ကို ကံထူးသူ အသီးသီးသို့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ပြန်လည်ပြင်ဆင် အဆင့်မြှင့်ထားတဲ့ နွေဦးထီလက်မှတ်ကို မြန်မာငွေကျပ် ၂၀၀၀ နဲ့ ကံစမ်းနိုင်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြိမ်တိုင် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံး


ဖေဖော်ဝါရီလ ၁၉ရက်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ က သတင်းထုတ်ပြန် ထားပါတယ်။


ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ မနက် ၁၀ နာရီခန့်က အင်အား ၄၀ ခန့်ဖြင့် ကနဦး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ၄၈ ပေါက် ဖုန်းတက်ကြီး အဆင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး ပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ အလောင်းများနဲ့ ဒဏ်ရာရသူများကို စစ်ကောင်စီက ဖောကားနဲ့ လာရောက် သယ်ဆောင်ကြောင်း သတင်းရတာကြောင့် ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးနိုင်တယ်လို့  ဆိုပါတယ်။


ထို့ကဲ့သို့ အထိနာနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကူပေးနိုင်ရန် ဟိုင်းရူးလမ်းဆုံမှ ခါချဉ်တောင်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့လည်း ညနေ နာရီခန့်မှာ ပတ်ကွေ့ကြီး အဆင်းတွင် တိုက်ပွဲ  ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် ခါချဉ်တောင်ပေါ်ကို အုပ်ဖိုဘက်မှ အင်အား ၃၅ ဦးဖြင့် စစ်ကြောင်းထပ်မံ ထိုးလာတာကြောင့် ဧက ၁၀၀ စိုက်ခင်းအနီး ကတ္တရာလမ်းမပေါ်တွင် စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက် ခဲ့သေးတယ်လို့ တပ်ရင်း ၃၈၀၂ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


အထက်ပါ တစ်ရက်တာ တိုက်ပွဲများအတွင်း သေဆုံးခဲ့ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ မင်းလှ အခြေစိုက် ခလရ နဲ့ ပြည် ကပစ က စစ်သားများအပြင် ပြည်သူ့စစ်များနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ပြည်သူအချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဘုတလင်မှာ မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို SAF နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ 


ဖေဖော်ဝါရီလ ၁၉ရက်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များအား မီးတင်ရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော် SAF နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိခိုက်အကျအဆုံးများခဲ့တယ်လို့ SAF ထံမှသိရပါတယ်။


ဖေဖော်ဝါရီလ ၁၈ ရက်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ ထွက်လာတဲ့ အင်အား ၄၀ ခန့်နှင့် ဘုတလင်မြို့နယ်၊ ကံဆွယ်ရွာမှ ပြန်လည်ထွက်ခွာလာတဲ့ စစ်ကောင်စီ အင်အား ၃၀ ခန့်ဟာ မြို့ပေါ် ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များနဲ့ စတင်ပစ်ခတ် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။


ထိုသို့ပစ်ခတ်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြို့ပေါ်ကျေးရွာအဝင်မှာ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ ထောင်ထားတဲ့ တိုက်မိုင်းထိမိပြီး အထိအခိုက် အကျအဆုံးများ ရှိခဲ့တယ်လို့ သိရ ပါတယ်။


ထိုနောက် ၎င်းစစ်ကြောင်းဟာ မြို့ပေါ်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူလူထုပိုင် နေအိမ်များကို မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၂၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ရွာအားမီးတင်ရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရန် မြို့ပေါ်ကျေးရွာအတွင်း ချီတက်ဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ရွာ‌တောင်ဘက် ကို ထွက်ပြေးဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့ ထွက်ပြေးချိန်မှာလည်း ရွာအထွက်မှာ တိုက်မိုင်းများ ထပ်မံတိုက်မိကာ ထိခိုက်ဒဏ်ရာ အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်၊ Anonymous Heros တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၂၄) ဘုတလင်မြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မုံရွာမြို့ပေါ်တနေရာတွင်  စစ်ကောင်စီတပ်သားများအား ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ()ဦး ပြင်းထန် ဒဏ်ရာရရှိကာ MA3 အမျိုးစား သေနတ်နှစ်လက်အား သိမ်းဆည်းရမိ


ဖေဖော်ဝါရီလ ၁၉ရက်။

မုံရွာမြို့ပေါ်တနေရာတွင်  စစ်ကောင်စီတပ်သားများအား ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ()ဦး ပြင်းထန် ဒဏ်ရာရရှိကာ MA3 အမျိုးစား သေနတ်နှစ်လက်အား သိမ်းဆည်းရမိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၉ရက်မှာ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDFကအသိပေးဆိုပါတယ်။

"သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ -  TLWDF  နှင့် Monywa M4 တပ်ဖွဲ့ မှ ရဲဘော်များပူးပေါင်းပြီး မုံရွာမြို့ပေါ်တနေရာတွင် အကြမ်းဖက်စစ်ဆေးနေသော စစ်ကောင်စီတပ်သားများအား ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ()ဦး ပြင်းထန် ဒဏ်ရာရရှိကာ MA3 အမျိုးစား သေနတ်နှစ်လက်အား သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ ရေးမြိုနယ် ခံသင်းတံတားရှိ စစ်တပ်ဂိတ်ကို ရေးဘီလူးတပ်ဖွဲက တိုက်ခိုက်ခဲ့ပြီး စစ်သား ဦး သေဆုံး


ဖေဖော်ဝါရီလ ၁၉ရက်။

မွန်ပြည်နယ်၊ ရေးမြိုနယ်၊ ခံသင်းတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူး အဖွဲ့ထံက သိရပါတယ်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် နာရီ အချိန်က ခံသင်းတံတားဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဂိတ်စခန်းမှာ ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦးကို အပိုင်ပစ်ချနိုင်ခဲ့ပြီး သေနတ်ဝင်ကောက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီ ဘက်က ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကာပစ်ပြီး အကောင်းဆုံး ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ရေးဘီလူး တပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment