23rd MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးမှာ နိူင်ငံတော်သစ်ကိုလူငယ်တွေဟာအသက်တွေ ဘဝတွေ နဲ့ ရင်းယူ ပေးနေတယ်လို့ဆို

📌 ၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာအင်အားစုများနှင့်တွေ့ဆုံရန် အမေရိကန်နိူင်ငံ Tulsaကိုရောက်ရှိ

📌 ၃။ အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းရန်အတွက် အိမ်ထောင်စု စာရင်းများလိုက်လံကောက်ခံ

📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းငါးထောင်နီးပါးရှိလာ


၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီက ဆီဆိုင်မြို့ကို ဗုံးအလုံးပေါင်း ၁၀၀ ထက်မနည်းကျဲချတိုက်ခိုက်၊မူးယစ်းဆေးဝါးကင်းစင်ရေးလုပ်ငန်းများ တွင် တက်ကြွစွာလှုပ်ရှားနေသူတဦးကို ဖမ်းဆီးသတ်ဖြတ်

🚩 ၂။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်စွာကျဆုံးသွားသော ဗကသရဲဘော် အောင်ခန့်ဇော် () ကိုဂျပန်ကြီးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဂုဏ်ပြု‌သဝဏ်လွှာထုတ်ပြန် 

🚩 ၃။ မိုးမောက်ရှိ အမှတ် ၃၇၀ အမြောက်တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်

🚩 ၄။ ပင်လောင်းမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အိမ် လုံးနှင့်ဆေးခန်းပျက်စီး

🚩 ၅။ (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲစသောမြို့()မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့

🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီးအပါအဝင် ၂၀ ဦး သေဆုံးဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့ ) ပြော 

🚩 ၇။ မင်းတုန်းတွင် စစ်တပ်ရှို့မီးအပြင် တောမီးကြောင့် အိမ်ထောင်စု ၁၆၀ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အသက် ၈၀ အရွယ်အဘွားအို မီးလောင်သေဆုံး

🚩 ၈။ မြိုင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ နွေဦးတော်လှန်ရေးမှာ နိူင်ငံတော်သစ်ကိုလူငယ်တွေဟာအသက်တွေ ဘဝတွေ နဲ့ ရင်းယူ ပေးနေတယ်လို့ဆို


မတ်လ၂၃ရက်


နွေဦးတော်လှန်ရေးမှာ နိူင်ငံတော်သစ်ကိုလူငယ်တွေဟာအသက်တွေ ဘဝတွေ နဲ့ ရင်းယူ ပေးနေတယ်လို့ နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က မတ်လ၂၂ရက်ဆိုရှယ်မီဒီယာမှတစ်ဆင့် မှတ်ချက်ပြုရေးသားဆိုထားပါတယ်။


"အဖိုးတန် လူငယ် တွေ အသက်နဲ့ ဘဝ နဲ့ ရင်းယူ ပေးနေတဲ့ နိုင်ငံတော်သစ်"လို့ဝန်ကြီးကဆိုပါတယ်။


လူငယ် တော်လှန်ရေးသမား ကဗျာဆရာ အောင်ခန့်ဇော်ဟာ မတ်လ ၂၂ ရက်မှာ  နွေဦးတော်လှန်ရေး တာ၀န်ထမ်းဆောင်ရင်းကျဆုံးသွားခဲ့ရတယ်။ 


အဆိုပါကျဆုံးမှုအတွက် နွေဦးတော်လှန်ရေးရဲဘော်ရဲဘက်များမှ ကြေ ကွဲဝမ်းနည်းကြောင်းအသိပေးဆိုခဲ့ကြပါတယ်။


========================


📌📌 ၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာအင်အားစုများနှင့်တွေ့ဆုံရန် အမေရိကန်နိူင်ငံ Tulsaကိုရောက်ရှိ


မတ်လ၂၃ရက်


သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာအင်အားစုများနှင့်တွေ့ဆုံရန် အမေရိကန်နိူင်ငံ Tulsa ကိုရောက်ရှိတယ်လို့သတင်းရရှိပါတယ်။


မတ်၂၂ရက် အမေရိကန်စံတော်ချိန်မှာ သံအမတ်ကြီးကို လာကြိုကြသော Tulsa ရပ်မိရပ်ဖများ နဲ့တွေ့ဆုံခဲ့ကြပါတယ်။


မတ်လ၂၃ရက်မှာကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စာလှယ်သံအမတ်ကြီး U Kyaw Moe Tun နှင့် Tulsa မြို့တော်ဝန် G.T. Bynum တို့သည် Tulsa မြို့တွင်နေထိုင်ကြသော မြန်မာပြည်ဘွားတိုင်းရင်းသားများ လူထုတွေ့ဆုံပွဲကို ကျင်းပသွားမှာလို့သတင်းရရှိပါတယ်။


အခမ်းအနားကို Myanmar Zomi Baptist Churchနေရာမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၃။ အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းရန်အတွက် အိမ်ထောင်စု စာရင်းများလိုက်လံကောက်ခံ


အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းရန်အတွက် အိမ်ထောင်စု စာရင်းများလိုက်လံကောက်ခံနေတယ်လို့ အင်းတော် IR Teamကအတည်ပြုဖော်ပြပါတယ်။


"အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းရန်အတွက် အိမ်ထောင်စု စာရင်းများလိုက်လံကောက်ခံနေပါတယ်။ မတ်လ၂၁နေ့မှစတင်ကာ ရပ်ကွက်အလိုက် ကောက်ခံနေပြီး အသက်၁၈နှစ်ကနေ ၃၅နှစ်အထိရှိတဲ့ အမျိုးသားတွေက စစ်မှုထမ်းရမယ်လို့ဆိုပါတယ်"လို့ဆိုပါတယ်။


အသက်ပြည့်မှီတဲ့သူတွေက နေအိမ်မှာမရှိပါက မိသားစုမှ ၁၀ရက်အတွင်း ပြန်ခေါ်ရမယ်ဆိုပြီးတော့လည်း လက်မှတ်ထိုးရတယ်လို့သိရပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းငါးထောင်နီးပါးရှိလာ


မတ်လ၂၃ရက်


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းငါးထောင်နီးပါးရှိလာတယ်လို့သတင်းရရှိပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၇၁) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၃၃) ဦးရှိပြီး ထိုအထဲမှ (၂၀၂၆၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၆၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နှင့်မင်း‌နွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ စစ်ကောင်စီက ဆီဆိုင်မြို့ကို ဗုံးအလုံးပေါင်း ၁၀၀ ထက်မနည်းကျဲချတိုက်ခိုက်၊မူးယစ်းဆေးဝါးကင်းစင်ရေးလုပ်ငန်းများ တွင် တက်ကြွစွာလှုပ်ရှားနေသူတဦးကို ဖမ်းဆီးသတ်ဖြတ်


အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ မတ် ၂၀ ရက်နေ့ညက လေယာဉ်ဖြင့် ဗုံးအလုံးပေါင်း ၁ဝဝ ထက်မနည်းကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် မူးယစ်းဆေးဝါးကင်းစင်ရေး လုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်လုပ်ကိုင်နေတဲ့ အမျိုးသားတဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ မတ်လ  ၂၀ ရက်နေ့က ၁၀ နာရီကနေ ၁၂ နာရီအတွင်း ဆီဆိုင်မြို့ကို အကြောင်းမဲ့ Y12 လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးအလုံးပေါင်း ၁၀၀ ထက်မနည်းကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်မှာလည်း စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ဆီဆိုင်မြို့တွင်းသို့လည်း လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ်ပေါင်း များစွာ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသများ ကို ပိုမိုတိုက်ခိုက်ဖျက်ဆီးနေတဲ့အပြင် မတ်လ ၁၈ ရက်နေ့ကလည်း မဲနယ်တောင်ဒေသ ဗန်းကွန်ရွာက ရပ်ရွာလူကြီးတဦး ဖြစ်တဲ့ ဦးခွန်ထွက်ထီးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

ဦးခွန်ထွက်ထီးဟာ ကျေးရွာတိုးတက်ရေး မူးယစ်းဆေးဝါးကင်းစင်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်တဲ့ အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို အားပေးထောက်ခံသူတဦးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်စွာကျဆုံးသွားသော ဗကသရဲဘော် အောင်ခန့်ဇော် () ကိုဂျပန်ကြီးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဂုဏ်ပြု‌သဝဏ်လွှာထုတ်ပြန် 


စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်စွာကျဆုံးသွားတဲ့ ဗကသရဲဘော် အောင်ခန့်ဇော် () ကိုဂျပန်ကြီး အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဂုဏ်ပြု‌သဝဏ်လွှာထုတ်ပြန်ထားပါတယ်။ 

ဗကသရဲဘော် အောင်ခန့်ဇော် () ကိုဂျပန်ကြီးဟာ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတခုမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်စွာကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

ရဲဘော်အောင်ခန့်ဇော် () ကိုဂျပန်ကြီးဟာ ၂၀၁၂ - ၂၀၁၅ ဗကသမျိုးဆက်၊ ပုသိမ်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နဲ့ ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး  စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း မတ်လ ၂၂ ရက်မှာ ကျဆုံးသွား တာလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာနဲ့ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့တဲ့ ဗကသရဲဘော် အောင်ခန့်ဇော် () ကိုဂျပန်ကြီးကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က အစဉ် အောက်မေ့ သတိရနေမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရဲဘော်အောင်ခန့်ဇော်ကျဆုံးချိန်မှာ အသက် ၃၀ အရွယ်သာရှိသေးပြီး Pen Myanmar ကလုပ်တဲ့ ငြိမ်းချမ်းရေးကဗျာပြိုင်ပွဲ မှာ ပထမဆုရရှိဖူးသူတဦးဖြစ်တယ်လို့လည်း သိရပါတယ်။

"ဧရာ၀တီတိုင်းအတွက် မကြာခင် အနာဂါတ်မှာ အလွန်အလေးထားရမယ့် လူငယ်ခေါင်းဆောင် တဦးရယ်လို့ ယုံကြည် မျှော်လင့်ထားရသူ တော်လှန်ရေးသမား ကဗျာသမား အောင်ခန့်ဇော်ဟာ မတ်လ ၂၂ ရက်မှာ နွေဦးတော်လှန်ရေးတာ၀န် ထမ်းဆောင်ရင်း ရဲရင့်မြင့်မြတ်စွာ ကျဆုံးသွားခဲ့ရတယ်။ဦးညွှတ်အလေးပြုလိုက်ပါတယ်"ဟု ချက်နိုင်ငံဆိုင်ရာ NUG သံအမတ်ကြီး ဦးလင်းသန့်က ၎င်းရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ဗကသရဲဘော် အောင်ခန့်ဇော် () ကိုဂျပန်ကြီး အစဉ်အမြဲသတိရနေမှာဖြစ်ပြီး ရဲဘော်ရဲ့ မပြီးပြတ်သေးတဲ့  စစ်အာဏာရှင် စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးတာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးတာဝန်များကို အလုံးစုံကျေပွန်တဲ့ အထိ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ကတိပြုထားပါတယ်။


========================


🚩🚩 ၃။ မိုးမောက်ရှိ အမှတ် ၃၇၀ အမြောက်တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက်


ကချင်ပြည်နယ် မိုးမောက်မြို့နယ် နောင်ကွန်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ယနေ့ မတ်လ ၂၃ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"အမှတ်-၃၇၀ အမြောက်တပ်ရင်း ဌာနချုပ် နောင်ကွန်ကို ဒီနေ့မနက် နာရီခွဲမှာ သိမ်းပိုက်ပြီးစီးပါတယ်"လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က မိုးမောက်မြို့နယ် နောင်ကွန်မှာအခြေစိုက်တဲ့ အမတ-၃၇၀ တပ်ရင်း၊ နွမ်လန့်အခြေစိုက် ခမရ-၄၃၈ တပ်ရင်းနဲ့ အမှတ်- ၆၁၆ ဒုံးတပ်ရင်းတို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က မတ်လ ၂၁ ရက်ကစပြီး ထိုးစစ် အရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ အဲဒီနေ့မှာပဲ ဒုံးတပ်ရင်းနဲ့ ခမရ-၄၃၈ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့မှာ အမတ-၃၇၀ ကို အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ စခန်းသိမ်းတိုက်ပွဲအတွင်း အမှတ် - ၃၇၀ အမြောက်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်လို့  စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးမောက်မြို့နယ်မှာ စစ်ကောင်စီရဲ့ အဓိက တပ်စခန်းတွေ ကျန်ရှိနေသေးတာကြောင့် စစ်ဆင်ရေး ဆက်ရှိနေဦးမှာဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်ရှိနေဦးမယ်လို့လည်း သိရပါတယ်။

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ရက်ကစပြီး စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထိုးစစ်ကာလ ၂ပတ်ကျော်အတွင်း မိုးမောက်၊ ဝိုင်းမော်၊ လိုင်ဇာ၊ ဆွမ်ပရာဘွမ်၊ တနိုင်းနဲ့ ဖားကန့်ဒေသမှာရှိ တဲ့ စစ်ကောင်စီတပ်စခန်း ၄၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပင်လောင်းမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အိမ် လုံးနှင့်ဆေးခန်းပျက်စီး


ရှမ်းပြည်နယ်တောင်ပိုင်းက ပင်လောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အိမ် လုံးနဲ့ ဆေးခန်းတခု ထိခိုက်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA က မတ်လ ၂၃ မှာ ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီ မနေ့ည ၁၂ နာရီခန့်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်လောင်းမြို့နယ်ထဲက နန်းတုတ်ရွာကို ဂျက်ဖိုက်တာနဲ့ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နန်းတုတ်ကျေးရွာက နေအိမ် လုံးနဲ့ ဆေးခန်းတခု ထိခိုက်ပျက်စီးခဲ့တာကို ဓာတ်ပုံ မှတ်တမ်းနဲ့တကွ PNLA က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ မြို့များကို လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေတာလို့လည်း PNLA က အသိပေးထားပါတယ်။  

အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ပအိုဝ်းတိုင်းရင်းသားတွေနေထိုင်ရာဒေသနဲ့ အများပြည်သူနေထိုင်ရာ နေရာတွေကို လက်နက်ကြီးများ တိုက်လေယာဉ်များဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးနေတာကြောင့် ပြည်သူလူထု အနေနဲ့ သတိဝီရိယကြီးစွာထားပြီး သွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲစသောမြို့()မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့


မတ်လ၂၃ရက်


(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲစသောမြို့()မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့တယ်လို့ မတ်လ၂၃ရက် မှာ (၁၁၁၁) စစ်ဆင်ရေး နောက်ဆက်တွဲ ကရင်နီပြည်စစ်ရေးအခြေအနေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။


(၁၁၁၁) စစ်ဆင်ရေး နောက်ပိုင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ စိုမိုးနယ်မြေများမှာ  ပိုမိုကျယ်ပြန့်လာပြီး ကရင်နီပြည်တဝှမ်းလုံးတွင် စိုးမိုးတပ်ဖြန့်နိုင်သဖြင့် စစ်ကောင်စီတပ် များသည် ၄င်းတို့တပ်များတည်ရှိသော နေရာ အနည်းငယ်တွင်သာ နယ်မြေစိုးမိုးနိုင်ပါတော့တယ်လို့ဖော်ပြပါတယ်။


(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲစသောမြို့()မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး  (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ပါတယ်။ 


ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများမှာ  လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ဖားဆောင်မြို့နယ်တွင် စခန်း () ခု၊ ဘောလခဲမြို့နယ်တွင် စခန်း() ခု၊ ရှားတောမြို့နယ်တွင် စခန်း () ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇)ခု နှင့် မယ်စဲ့မြို့နယ်တွင် ( )ခု၊ ဖရူဆိုမြို့နယ်တွင် () ခု စုစုပေါင်း တပ်စခန်း (၆၅) ခုရှိပြီဖြစ်တယ်လို့သိရပါတယ်။


ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွှတ်မှုနှင့် ပြည်သူများ၏ ကူညီ ထောက်ပံ့မှု၊ အားပေး ထောက်ခံမှုတို့ကြောင့် မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများအောင်မြင်မှုရရှိခြင်းဖြစ်တယ်လို့လည်းအသိပေးထုတ်ပြန်ပါတယ်။


========================


🚩🚩 ၆။ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီးအပါအဝင် ၂၀ ဦး သေဆုံးဟု ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့ ) ပြော 


ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် စုစုပေါင်း ၂၀ ဦး သေဆုံး သွားတယ်လို့ ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့) က တာဝန်ရှိသူတဦးက ပြောပါတယ်။ 

မတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း စစ်ကောင်စီအရာရှိကြီးများ ဂေါက်သီးရိုက်ကစားနေတဲ့ ဂေါက်ကွင်းနေရာကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဂေါက်ကွင်းကို ကစထ- မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံအပါအဝင် စစ်အရာရှိကြီးတွေလာမယ်လို့ သတင်းရတဲ့ အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီးတဦး၊ ဗိုလ်မှူး ၃ဦး၊ ဗိုလ်ကြီး၃ဦး၊ တပ်ကြပ်ကြီး ၄ဦး၊ ရဲဘော် ဦးနဲ့ စည်ပင်ဝန်ထမ်း ဦး စုစုပေါင်း ၂၀ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရတယ်လို့ ရန်ကုန် ပကဖ (အထူးတပ်ဖွဲ့) တာဝန် ရှိသူက ဆိုပါတယ်။

ထို့အပြင် ဗိုလ်မှူးကြီး ၂ဦး၊ ဒုဗိုလ်မှူးကြီးတဦး၊ ဗိုလ်မှူးတဦးတို့ ထိခိုက်ဒဏ်ရာရရှိပြီး ပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေးအဆောက်အအုံတခုမီးလောင်ပျက်စီးသွားကာ နားနေဆောင် ကင်းတဲအတွင်း ချန်ထားခဲ့တဲ့ လက်နက်နှင့်ကျည်တွေပါမိုင်းပေါက်ကွဲမှုကြောင့် မီးလောင်သွားကြောင်းနဲ့ ဂျန်နရေတာတလုံးလည်းမီးလောင်ပြီး ရန်ကုန်တိုင်းခန်းမဆောင် အမိုး ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

အဆိုပါဖောက်ခွဲတိုက်ခိုက်ခံရမှုသတင်းကို စစ်တပ်တာဝန်ရှိသူတွေက သတင်းဖုံးထားပြီး ဂျန်နရေတာ အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်တာလို့ သတင်းလွှင့်ထားပါတယ်။ 

အထူးထောက်လှမ်းရေးအဖွဲ့အသွင်ယူထားတဲ့ ရန်ကုန်ပကဖ ရဲဘော်တွေဆီကနေ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံအပါအဝင်  စစ်ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူး၊ မြို့တော်ဝန်နဲ့ စစ်ဘက် အရပ်ဘက်အရာရှိကြီးတွေလာဖို့ရှိတဲ့အ ကြောင်း သတင်းပေးပို့လာတဲ့အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ရဲဘော်တွေဟာ တိုင်းစစ်ဌာနချုပ်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဖြစ် အသွင်ယူဝင်ရောက်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၇။ မင်းတုန်းတွင် စစ်တပ်ရှို့မီးအပြင် တောမီးကြောင့် အိမ်ထောင်စု ၁၆၀ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အသက် ၈၀ အရွယ်အဘွားအို မီးလောင်သေဆုံး


မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ စစ်တပ်ရဲ့ ရှို့မီးကြောင့် ဒေသခံပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေချိန်မှာ တောမီးကြောင့် မှန်ရွာမနဲ့ ကျွန်းတောရွာတို့ ရွာလုံးကျွတ် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အသက် ၈ဝ အရွယ်အဘွားအို မီးလောင်သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ် မှန်ရွာမနဲ့ ကျွန်းတောရွာမှာ မတ်လ ၂၂ ရက်နေ့ မွန်းလွဲ နာရီ ၂၀ မိနစ်ကနေ နာရီခွဲအထိ တောမီးက တဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းသွားတာကြောင့် လူဦးရေ ၁၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။  

လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ မှန်ရွာမနဲ့ ကျွန်းတောရွာမှာ အိမ်ခြေ ၁၈၀ ရှိပြီး အိမ်ခြေ ၁၆၀ ကျော်  မီးကူးစက်လောင်ကျွမ်း ခံခဲ့ရတယ်လို့ သိရပါတယ်။

ထို့အပြင် တောမီးကတဆင့် ကူးစက်လာတဲ့ မီးလောင်မှုကြောင့် အသက် ၈၀ အရွယ်အဘွားတဦး မီးထဲပါသွားပြီး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

လက်ရှိမှာ အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ မီးဘေးသင့် ဒေသခံရွာသားတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ မြိုင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ဦး သေဆုံး


မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ် လို့ မြိုင်ပကဖ ထံကနေ သိရပါတယ်။ 

မြိုင်မြို့နယ် တွင်းမပျူစောထီးစခန်းကနေ တွင်းမရွာ မြောက်ဘက်ထွက်လာတဲ့ စစ်ကြောင်းကို မတ်လ ၂၂ ရက် မွန်းလွဲ နာရီခန့်အချိန်က တွင်းမပျူရွာမြောက်ဘက်မှာ မိုင်းပွိင့် ပွိုင့်နဲ့ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံးပြီး ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ခံလိုက်ရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ ရှေ့ဆက်မတက်ရဲတော့ဘဲ သေဆုံးဒဏ်ရာရသွားသူတွေကို ထမ်းစင်တွေနဲ့ထမ်းကာ တွင်းမပျူစောထီးကျေးရွာထဲသို့ ပြန်ဝင်သွားတယ်လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း တပ်ခွဲ တပ်ခွဲ -ဂဠုန်အဖွဲ့ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ Myaing Warriors တပ်ဖွဲ့၊ MRDF တပ်ဖွဲ့   KMDF(ကမ္မတပ်ပေါင်းစု) PDF Kamma( ကမ္မတပ်ပေါင်းစု) နှင့် ပေါက် ပကဖတို့ ပူပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အလားတူ မတ်လ ၂၁ ရက်နေ့ ညနေ နာရီခွဲခန့်အချိန်ကလည်း ပခုက္ကူတပ်မ ၁၀၁ ကနေ ကမ္မဘက်ထွက်လာတဲ့ ကား စီးပါစစ်ယာဉ်တန်းကို မြိုင်ပကဖ တပ်ရင်း လက်ရုံး တပ်ဖွဲ့တို့ကဦးဆောင်ပြီး ပခုက္ကူ ကမ္မကားလမ်းပိုင်းတနေရာမှာ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး များစွာ ဒဏ်ရာရသွားတယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မြိုင်ပကဖနဲ့အတူ Black cobra force Pku Thurain ကမ္မ တပ်ပေါင်းစုတို့ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment