27th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တော်လှန်ရေးအင်အားစုအားလုံး လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ ယာယီသမ္မတတိုက်တွန်း

📌 ၂။ ၆လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ မြန်မာပြည်သူများ အကူအညီလိုအပ်နေကြောင်း(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေး

📌 ၅။ ထိုင်း-ကရင်နီ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည်အမှတ် ()စခန်းတွင် ဖွင့်လှစ်ထားသော ကရင်နီလူမှု ဖွံ့ဖြိုးရေး (KSDC )ကျောင်း၏ ကျောင်းဆင်းပွဲကျင်းပ

📌 ၆။ ဥရောပသမဂ္ဂအနေနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီနိုင်ငံအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများနဲ့အတူ ဆက်လက်ရပ်တည်လျက်ရှိတယ်လို့ ကိုဖြိုးဇေယျာသော်မွေးနေ့မှာ ထုတ်ပြန်

📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ကလေးသူငယ် စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့ပြီး (၁၇) ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့

📌 ၈။ "မတရားစစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းဆန့်ကျင်ကြ"ဘန်နာကိုင်စွဲကာ မြိုင်မြို့နယ်မှာ လူထုသပိတ်လှုပ်ရှား


၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လူမှုကွန်ယက်မျိုးစုံ (Social Media platform) ကို အသုံးပြု၍ အကြမ်းဖက်စစ်တပ်က တော်လှန်ရေး အင်အားစုတွေကို စောင့်ကြည့်မှုများရှိနေ

🚩 ၂။ မိုးမောက်မြို့နယ်မှာ ခြေမြန်တပ်ရင်း နှစ်ခု အပါအဝင် စစ်ကောင်စီ တပ်စခန်း လေးခုကို KIA သိမ်းပိုက်ရရှိ

🚩 ၃။ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကုန်ကြမ်း စက်ရုံကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်

🚩 ၄။ ပခုက္ကူ -ကမ္မ - ပေါက် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၁၂)ရပ်ကွက်ကို စကစတပ်များက မီးရှို့ဖျက်ဆီး

🚩 ၅။ ဟားခါးမြို့တွင် ရဲအရာရှိ တစ်ဦးအား CDF Hakha ဖမ်းဆီးရမိ

🚩 ၆။ ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင်ဆောင်ထားတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ပျူစောထီး အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအင်အားစုအားလုံး လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ ယာယီသမ္မတတိုက်တွန်း


မတ်လ၂၆ရက်။

တော်လှန်ရေးအင်အားစုအားလုံး လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ ယာယီသမ္မတဒူဝါလရှီးလတိုက်တွန်းပြောကြားလိုက်ပါတယ်။


မတ်လ၂၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကပြောပါတယ်။


"လက်ရှိ ပစ္စုပ္ပန်မှာ ကျွန်တော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်း ပြိုလဲမှုကိုမျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့လူထုဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လူထုအတွက် တော်လှန်ရေး၊ လူထု၏ တော်လှန်ရေး၊ လူထုက ဆင်းသက်တဲ့ တော်လှန်ရေးဖြစ်ဖို့ အမြဲ ရှေ့ရှုဆောင်ရွက်ရမှာ ဖြစ်ကြောင်းယာယီသမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ၆လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မတ်လ၂၆ရက်။

၆လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၄) တွင်ပြောကြားခဲ့ပါတယ်။


"ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး ၆လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီး စစ်တပ်အတွင်း တခါမှ မကြုံဘူးခဲ့တဲ့ လက်နက်ချသူတွေ၊ ထွက်ပြေးသူတွေ များသထက် များ လာတဲ့အတွက် အတင်းအကျပ် စစ်သားစုဆောင်းခြင်း ကိစ္စတွေကိုတောင်လုပ်ဆောင်နေကြရတာပဲ ဖြစ်ပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်းမှုကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်သောကရောက်ရသလို စီးပွားရေးကဏ္ဍဘက်ကို ထိခိုက်လာတဲ့ အခြေအနေတွေလည်း ဖြစ်လာနေပါပြီ။ ရန်ကုန်တိုင်းစက်မှုဇုံတွေမှာ လုပ်သားပြတ်လပ်မှုတွေ ကြုံနေရတဲ့ အခြေအနေကိုလည်း ကြားသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေ အသီးသီးကတော့ ဒီအဓမ္မ စစ်သားစုဆောင်းမှုအပေါ်ကို နည်းမျိုးစုံနဲ့ တုန့်ပြန်နိုင်အောင် ကြိုးစားနေပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် ဆိုးဝါးလွန်းတဲ့ အကြမ်းဖက်စစ်အုပ်စုကို အားလုံး အတူလက်တွဲပြီး အပြီးတိုင် ချေမှုန်းဖို့ဆိုတဲ့ နည်းလမ်းကလွဲပြီး မရှိတာမို့ ဆက်လက်ပြီး ညီညီညာညာ အတူကြိုးစားသွားကြဖို့ကိုလည်း ဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာပြည်သူများ အကူအညီလိုအပ်နေကြောင်း(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးပြောကြား


မတ်လ ၂၆ရက်။

မြန်မာပြည်သူများ အကူအညီလိုအပ်နေကြောင်း(၁၄၈) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးတက်ရောက်မိန့်ခွန်းပြောကြားပါတယ်။


မတ်လ၂၆ရက်နေ့တွင် “Parliamentary Diplomacy: Building bridges for peace and understanding” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ညီလာခံ၏ General Debate အစီအစဉ်တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ မိန့်ခွန်းပြောခဲ့ပါတယ်။


"ပဋိပက္ခခံစားနေရသည့် အခြားနိုင်ငံများမှ ပြည်သူများကဲ့သို့ မြန်မာပြည်သူများသည် အကြမ်းဖက်စစ်တပ်က ကျူးလွန်လုပ်ဆောင်နေခြင်းကြောင့် နာကျင်မှုများကို လျော့နည်းသွားစေရန် လူကြီးမင်းတို့ထံမှ အကူအညီ တောင်းခံနေပါကြောင်း၊ မြန်မာပြည်သူများသည် တရားမဝင်စစ်အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်ပြီး နိုင်ငံတကာလူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာသည့် ငြိမ်းချမ်းသည့် အသိုက်အဝန်းတစ်ရပ်ကို တည်ထောင်နိုင်ရန် အကူအညီလိုအပ်နေပါကြောင်း၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက် . သန်းကျော်သည် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် မီးရှို့ တိုက်ခိုက်ခြင်း၊ ကွပ်မျက်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်း၊ လက်စလက်နဖျောက်ဖျက်ခြင်းနှင့် ဖိနှိပ်ခြင်းများကြောင့် နေအိမ်များမှ ထွက်ပြေးနေရပါကြောင်း၊ ကလေးသူငယ် သန်းအပါအဝင် မြန်မာပြည်သူ ၁၉ သန်းကျော်သည် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေပါကြောင်း" ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ပြည်ပခြိမ်းခြောက်မှုမရှိဘဲ အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ထုတ်ပြန်ခြင်းသည် နေရပ်စွန့်ခွာမှုကို တိုးပွားလာနိုင်ပါကြောင်း၊ CRPH နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာပြည်သူများနှင့်အတူ အာဏာသိမ်းစစ်တပ်၏ တရားမဝင်အုပ်ချုပ်ရေးစနစ်နှင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိစေရန်နှင့် နိုင်ငံ၏ သက်ဆိုင်သူများနှင့်အတူ လက်ရှိနိုင်ငံရေးအခြေအနေများကို ဖြေရှင်းနိုင်ရန် လက်တွဲလုပ်ဆောင်နေပါကြောင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးကထပ်လောင်းပြောကြားခဲ့ပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မတ်၂၄ရက်နှင့် ၂၅ရက်တို့တွင် တီမောလက်တေ့နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျာမနီနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေ ပြောင်းလဲမှုများ၊ အကြမ်းဖက်စစ်တပ်က တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော အကြမ်းဖက်မှုများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် ပူးပေါင်းကူညီပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေး


မတ်လ၂၆ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်( /၂၀၂၄)ကို မတ်လ ၂၃ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့   ကြားကာလတရားစီရင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ကြားကာလတရားစီရင်ရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနမှ  ရုံးအဖွဲ့မှူး ညွှန်ကြားရေးမှူးများ၊   တာဝန်ရှိဝန်ထမ်းများ၊ မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရန်ကြီးအောင်က" မိမိတို့အနေဖြင့် ကြားကာလဖြစ်သည်နှင့်အညီ တရားစီရင်ရေး ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ ယခုလက်ရှိကာလတွင် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များနှင့်အညီ အလေးထား ဆောင်ရွက်သွားမည်ဆိုလျှင် စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်း၊ အချို့သောကျင့်ထုံး ဥပဒေများ၊ နည်းဥပဒေများနှင့် တရားရုံး လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရာတွင် သတ်မှတ်စံနှုန်းများရှိကြောင်း၊ သတ်မှတ်စံနှုန်းများကို လိုက်နာဆောင်ရွက်သွားပါက အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း၊ ထိုသို့လိုက်နာဆောင်ရွက်ရာတွင်  တရားသဖြင့် ဖြစ်မည်၊ မျှတမှုရှိမည်၊ ကျိုးကြောင်းဆီလျော်မှုရှိမည်၊ ဒေသအခြေအနေနှင့်လည်း ကိုက်ညီမှုရှိမည်၊ သက်ဆိုင်ရာဒေသတွင် ကျင့်သုံးနေသည့် ထုံးတမ်းများနှင့် ကိုက်ညီမှုရှိမည်ဆိုလျှင် မိမိတို့ ဆင်ခြင်တုံတရားနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဆိုလျှင် မှုခင်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ကြောင်း"ပြောကြားခဲ့ပါတယ်။


ထို့နောက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင်မှ အကျဉ်းထောင်နှင့် ပတ်သက်သည့် ကိစ္စရပ်များအား မြေပြင်တရားသူကြီးများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။


ဆက်လက်၍ မြေပြင်တရားသူကြီးများမှ မေးမြန်းလာသော လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ မေးမြန်းချက်များကို    သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေး ဆွေးနွေးချက်များအရ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှုးချုပ်မှ အတည်ပြုချမှတ်ခဲ့ပါတယ်။


========================


📌📌 ၅။ ထိုင်း-ကရင်နီ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည်အမှတ် ()စခန်းတွင် ဖွင့်လှစ်ထားသော ကရင်နီလူမှု ဖွံ့ဖြိုးရေး (KSDC )ကျောင်း၏ ကျောင်းဆင်းပွဲကျင်းပ


မတ်လ၂၆ရက်။

ထိုင်း-ကရင်နီ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည်အမှတ် ()စခန်းတွင် ဖွင့်လှစ်ထားသော ကရင်နီလူမှု ဖွံ့ဖြိုးရေး (KSDC )ကျောင်း၏ကျောင်းဆင်းပွဲကျင်းပခဲ့ပါတယ်။


မတ်လ၂၆ရက်မှာ ကရင်နီKNICကအသိပေးဖော်ပြပါတယ်။


ထိုင်း-ကရင်နီ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည်အမှတ် ()စခန်းတွင် ဖွင့်လှစ်ထားသော ကရင်နီလူမှု ဖွံ့ဖြိုးရေး (KSDC )ကျောင်း အပတ်စဉ် (၂၂) အခြေခံနှင့် အပတ်စဉ်(၁၄) အဆင့်မြင့် ကျောင်းဆင်းပွဲကို မတ်လ (၂၆)ရက်နေ့တွင် ကျင်းပခဲ့တယ်လို့အသိပေးဖော်ပြပါတယ်။

ကရင်နီဒေသအတွင်း ပညာသင်ကြားရေးအစီအစဥ်များကိုစဥ်ဆက်မပြတ်ဆက်လက်သင်ကြားလျက်ရှိပါတယ်။


========================


📌📌 ၆။ ဥရောပသမဂ္ဂအနေနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီနိုင်ငံအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများနဲ့အတူ ဆက်လက်ရပ်တည်လျက်ရှိတယ်လို့ ကိုဖြိုးဇေယျာသော်မွေးနေ့မှာ ထုတ်ပြန်


မတ်လ၂၆ရက်။

ဥရောပသမဂ္ဂအနေနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီနိုင်ငံအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများနဲ့အတူ ဆက်လက်ရပ်တည်လျက်ရှိတယ်လို့ ကိုဖြိုးဇေယျာသော်မွေးနေ့မှာ ထုတ်ပြန်ပါတယ်။


မတ်လ၂၆ရက်မှာ European Parliament in ESEAN လူမှုကွန်ရက်စာမျက်နှာက မြန်မာ အင်္ဂလိပ်နှစ်ဘာသာနဲ့ဖော်ပြပါတယ်။


"ဒီနေ့ ကိုဖြိုးဇေယျာသော်ရဲ့ မွေးနေ့မှာ မြန်မာနိုင်ငံက တရားမဝင်စစ်အာဏာရှင်ရဲ့ လက်ထဲ အသက်ပေးသွားကြတဲ့ သူ့လို အလားတူ ပုဂ္ဂိုလ်တွေကို အမှတ်ရလျက်ရှိပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီနိုင်ငံအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူများနဲ့အတူ ဆက်လက်ရပ်တည်လျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


ကိုဖြိုးဇေယျာသော် ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို အကြမ်းဖက် စစ်ကောင်စီ က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က မတရားသဖြင့် ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ကလေးသူငယ် စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့ပြီး (၁၇) ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့


မတ်လ၂၆ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မတ်လ ရက်နေ့မှ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး (၁၆) ဦးနှင့် ယောကျ်ားလေး (၁၆) ဦး စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့ပြီး (၁၇) ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၃၂) ဦးအနက် ရခိုင်ပြည်နယ်မှာ (၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်ပါတယ်။


မတ်လ ၂၁ ရက်နေ့၊ နံနက် နာရီခွဲခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများ ဖြစ်ကြသည့် အသက် နှစ်အရွယ် မောင်သားထူး၊ အသက် နှစ်အရွယ် မောင်လင်းမြတ်ကို၊ အသက် နှစ် အရွယ် မအိခိုင်မွန်၊ အသက် ၁၃ နှစ်အရွယ် မခင်သန္တာနှင့် အသက် ၃၅ နှစ်အရွယ် မသိန်းယဉ်တို့ကို ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၈။ "မတရားစစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းဆန့်ကျင်ကြ"ဘန်နာကိုင်စွဲကာ မြိုင်မြို့နယ်မှာ လူထုသပိတ်လှုပ်ရှား


မတ်လ၂၆ရက်။

"မတရားစစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းဆန့်ကျင်ကြ"ဘန်နာကိုင်စွဲကာ မြိုင်မြို့နယ်မှာ လူထုသပိတ်လှုပ်ရှားခဲ့ပါတယ်။


မတ်လ၂၆ရက်နေ့မှာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီကအသိပေးဖော်ပြပါတယ်။


မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရန်ကုန်သပိတ်တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် ဒေသခံပြည်သူလူထုပူးပေါင်းကာအာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်ကြေညာသည့် မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ''မတရားစစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းဆန့်ကျင်ကြ'' ''မတရားစစ်မှုထမ်းဥပဒေ အလိုမရှိ" စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်တော်လှန်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါလူထုသပိတ်မှာ လူငယ်များနဲ့ ဒေသခံများဝန်းရံခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ လူမှုကွန်ယက်မျိုးစုံ (Social Media platform) ကို အသုံးပြု၍ အကြမ်းဖက်စစ်တပ်က တော်လှန်ရေး အင်အားစုတွေကို စောင့်ကြည့်မှုများရှိနေ


မတ်လ၂၆ရက်။

လူမှုကွန်ယက်မျိုးစုံ (Social Media platform) ကို အသုံးပြု၍ အကြမ်းဖက်စစ်တပ်က တော်လှန်ရေး အင်အားစုတွေကို စောင့်ကြည့်မှုများရှိနေတယ်လို့ မတ်လ၂၆ရက်မှာ PDFInsightကအသေးစိတ်အသိပေးဖော်ပြခဲ့ပါတယ်။


အကြမ်းဖက် စစ်တပ်အနေနဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲကို နည်းမျိုးစုံ ထိုးဖောက်ဝင်ရောက်ပြီး သတင်းရယူနေကာ ဒီထဲမှာ မြေပြင်ကနေ လူကိုယ်တိုင် သတင်းရယူတာ နဲ့ အွန်လိုင်းကနေတဆင့် တော်လှန်ရေး အင်အားစုတွေကို စောင့်ကြည့်ပြီး သတင်းရယူ တည်ဆောက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


ဒီလို စောင့်ကြည့်ရာမှာ လူမှုကွန်ယက်မျိုးစုံ (Social Media platform) ကို အသုံးပြုလျက်ရှိပြီး အဓိကအားဖြင့် မြန်မာနိုင်ငံသားတွေ၊ တော်လှန်ရေးသမားတွေ၊ PDFတွေ အသုံးများတဲ့ ဖေ့ဘုတ်ကို အများဆုံး စောင့်ကြည့်လျက်ရှိတယ်လို့ PDFInsightကရေးသားထားပါတယ်။


ဒီအတွက်ကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေနဲ့ တော်လှန်ရေးသမားတွေအနေနဲ့ ဖေ့စ်ဘုတ်ကို သတိနဲ့ အသုံးပြုသင့်တယ်လို့အကြံပြုဆိုထားပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ စရဖ(အထူးတပ်ဖွဲ့) ဟာ အကြမ်းဖက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဌာနတို့နဲ့အတူ ပူးပေါင်းကာ တော်လှန်ရေးသမားတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားမှုတွေကို စောင့်ကြည့် မှတ်တမ်းတင်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ မိုးမောက်မြို့နယ်မှာ ခြေမြန်တပ်ရင်း နှစ်ခု အပါအဝင် စစ်ကောင်စီ တပ်စခန်း လေးခုကို KIA သိမ်းပိုက်ရရှိ


မတ်လ ၂၆ ရက်။

Radio NUG

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း၊ ခမရ - ၃၈၇ နဲ့ ခမရ - ၃၂၀ အပါအဝင် တပ်စခန်းလေးခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ RFA သတင်းဌာနက ဖော်ပြပါတယ်။


ကုန်းလောရွာ အခြေစိုက် ခမရ - ၃၈၇ နဲ့ မြို့သစ်အခြေစိုက် ခမရ - ၃၂၀ တပ်ရင်းတွေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၅ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၆ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ကူပေးခဲ့တာရှိသလို လေယာဉ်နဲ့လည်း နှစ်ခါလောက် လာရောက်ပစ်ကူ ပေးသွားခဲ့တယ်လို့ ဆိုပါတယ်။


KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက လိုင်ဇာကနေ မိုးမောက်မြို့အနီး မိုင်ခန့် အကွာအထိ ကားလမ်းမ တလျောက်က တပ်စခန်း အားလုံးနီးပါးကို သိမ်းယူထားနိုင်ပြီလို့ RFA ကို အတည်ပြု ပြောကြားထားပါတယ်။


KIA ဌာနချုပ် လိုင်ဇာအနီးနဲ့ မြစ်ကြီးနား - ဗန်းမော် ကားလမ်း တစ်လျောက်က စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကုန်ကြမ်း စက်ရုံကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်


မတ်လ ၂၆ ရက်။

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်ခြေရှိ စစ်ကောင်စီ လက်နက်ကုန်ကြမ်း စက်ရုံမှ စစ်ကောင်စီ တပ်သားများကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် () တပ်ရင်းထံမှ သိရပါတယ်။


မတ်လ ၂၅ ရက်နေ့က အဆိုပါ စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၇၀ ဝန်းကျင်ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုနဲ့ လက်နက်စက်ရုံ ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


၎င်း တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် () တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ နွားထိုးကြီး မြိုနယ် ပကဖ၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲနှင့် Security & Special Task Force (SSTF MDY) တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း အဆိုပါ တပ်ဖွဲ့များက အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဆူးဖြူကုန်း ကျေးရွာမှာ တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက် တွင်လည်း နဘူးအိုင်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖောက်ချဉ်းကျေးရွာ အနီးမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၄။ ပခုက္ကူ -ကမ္မ - ပေါက် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၁၂)ရပ်ကွက်ကို စကစတပ်များက မီးရှို့ဖျက်ဆီး


မတ်လ၂၆ရက်။

ပခုက္ကူ -ကမ္မ - ပေါက် လမ်းမကြီး ပေါ်တွင်တည်ရှိသည့် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၁၂)ရပ်ကွက်ကို စကစတပ်များက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မတ်လ၂၆ရက်ညနေပိုင်းမှာ စကစတပ်များက မီးရှို့မှုကျူးလွန်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဖော်ပြပါတယ်။


"ပခုက္ကူ -ကမ္မ - ပေါက် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၁၂)ရပ်ကွက် (ယခင်အမည်ဂျိုးပျံကျေးရွာ)အား  မတ်လ ၂၆ရက် ညနေ ()နာရီခွဲ အချိန်ခန့်မှစတင်၍ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးနေတယ်"လို့ဖော်ပြပါတယ်။


စစ်ကောင်စီအနေဖြင့် ပခုက္ကူမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်တစ်ခုအား ပထမဆုံးမီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး တာ၀န်ရှိသူအဆင့်ဆင့်အနေဖြင့် ၎င်းတို့ လုပ်ရပ်များအား တာ၀န်ယူရမည်ဖြစ်ကြောင်း ပခုက္ကူပအဖကဆိုပါတယ်။


========================


🚩🚩 ၅။ ဟားခါးမြို့တွင် ရဲအရာရှိ တစ်ဦးအား CDF Hakha ဖမ်းဆီးရမိ


မတ်လ ၂၆ ရက်။

Radio NUG


ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်ဝေခံ ရဲတပ်ဖွဲ့မှ ရဲအုပ် အဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ မတ်လ ၂၆ ရက်မှာ Chinland Defense Force – Hakha က သတင်းထုတ်ပြန် ထားပါတယ်။


မတ်လ ၂၄ ရက်နေ့မှာ ရဲအုပ် ကျော်လင်းဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၎င်းအား စစ်ဆေးမေးမြန်းခဲ့ရာ ဟားခါးမြို့ပေါ် စစ်ကောင်စီ တပ်ဖွဲ့များ သွားလာလှုပ်ရှားမှုနဲ့ သတင်းအချက်အလက်များကို ရရှိခဲ့တယ်လို့ CDF ဟားခါးက ဆိုပါတယ်။


အဆိုပါ ရဲအုပ် ကျော်လင်းဦးဟာ စစ်တပ်အာဏာသိမ်းစက ဆန္ဒထုတ်ဖော်သူများကို ထောက်လှမ်းခြင်းနဲ့ ဆန္ဒပြသူများကို မိုင်းခွဲမယ်လို့ ချိန်းခြောက်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ် နတလ ရုံးမှာ လုံခြုံရေး ယူထားတဲ့ ရဲ ဦးကို CDF က ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။


========================


🚩🚩 ၆။ ကျိုက်ထိုမြို့နယ်တွင် လက်နက်ကိုင်ဆောင်ထားတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ပျူစောထီး အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရ


မတ်လ ၂၆ ရက်။

Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်း ကျေးရွာမှာ လက်နက် ကိုင်ဆောင်ထားတဲ့ ဘုန်းကြီး တစ်ပါးနဲ့ ပျူစောထီး အဖွဲ့ဝင်တစ်ဦးကို တော်လှန်ရေး တပ်ဖွဲ့တွေက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ သံလွင်းတိုမ်းက ဖော်ပြထားပါတယ်။


မတ်လ ၂၅ ရက် နေ့လည် နာရီက ကင်မွန်းချောင်း ကျေးရွာ စင်တော် ကဖီးဆိုင်ထဲကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ကျောက်ဖြူတောင် ကျောင်းနေ ဘုန်းကြီး ဦးစန္ဒိမာနဲ့ ကဖီးဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းတို့ကို ကျိုက်ထို တော်လှန်ရေး အင်အားစု (KRF) နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့တို့က အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။


ထိုသို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် ဘုန်းကြီး ဦးစန္ဒိမာဟာ နောက်ကျောနဲ့ ရင်ဘတ်တွေမှာ ကျည်ထိမှန် ဒဏ်ရာနဲ့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားပြီး ပျူစောထီး အဖွဲ့ဝင် ဦးတင်ငြိမ်းဟာ ဆီးခုံနဲ့ ယာပေါင်တွေမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။


ဒေသခံတွေရဲ့ ပြောကြားချက်အရ ဘုန်းကြီး ဦးစန္ဒိမာဟာ ပစ္စတို သေနတ်တစ်လက်ကို အမြဲကိုင်ဆောင် သွားလာနေသူဖြစ်ပြီး ဘုန်းကြီးကျောင်းမှာထက် စင်တော်ကဖီးဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမြဲလာရောက်ကာ ပျူအဖွဲ့ဝင် ဦးတင်ငြိမ်းနဲ့ ပူးတွဲလုပ်ဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။


၎င်းတို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို လိုက်လံစုံစမ်းကာ စစ်ကောင်စီကို လိုက်လံပြသတာအပြင် စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ဒေသခံတွေကို ခြိမ်းခြောက်အနိုင်ကျင့်နေသူ ဖြစ်တယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။


ကျိုက်ထိုမြို့နယ်မှာ လေးရက်တာ အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးထားတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment