28th MAR 2024 - Evening Daily News by Radio NUG

၂၀၂၄ မတ်လ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျာမနီနှင့် ဒိန်းမတ်ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီးမြန်မာအရေးဆွေးနွေး

📌 ၂။ နိုင်ငံသစ်ကိုချီတက်ဖို့ အရေးအကြီးဆုံး ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဦးစားပေးပါဝင်ပံ့ပိုးကြဖို့ ဒုဝန်ကြီးဂျာထွယ်ပန်တိုက်တွန်း

📌 ၃။ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့နောက်လိုက်အပေါင်းအပါများဟာ အရူးအားပေးမလုပ်သင့်တော့ဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီး အသိပေးပြောကြား

📌 ၄။ အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ စနစ်တကျဖြန့်ဝေခဲ့

📌 ၅။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင်  မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသူ(၁၁၉) ဦးအထိရှိလာ


၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု () နှစ်ပြည့် သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန  မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့

🚩 ၂။ ကချင်ဒေသစစ်ဆင်ရေးအတွက်လုပ်ဆောင်သည့် ရန်ပုံငွေရှာဖွေမှုမှာ ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် PSLF/TNLA ဥက္ကဋ္ဌ တိုက်တွန်း

🚩 ၃။ ကရင်နီပြည် 1111 စစ်ဆင်ရေးတွင်ပါဝင်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်()မှ ခဲယမ်း၊ရိက္ခာ၊ဆေးဝါးများ ပိုမို လိုအပ်လျက်ရှိ

🚩 ၄။ နမ့်ဆန်မြို့ အပါအဝင် တအာင်းဒေသတခုလုံးကို ပြည်သူလူထုနှင့် တအာင်းတပ်တို့ ပူးပေါင်းကာကွယ် စောင့်ရှောက်ရမည် ဟု TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြောကြား

🚩 ၅။ အုတ်ဖိုနယ် ဗိုလ်ရုံ စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ဝ ဦးသေဆုံး

🚩 ၆။ ဗန်းမော်-လွယ်ဂျယ်လမ်းတလျောက်ရှိ စစ်ကောင်စီစခန်း ခုကို KIA ထပ်မံသိမ်းပိုက် 

🚩 ၇။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆု နှင့် ဇွဲဆု တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျာမနီနှင့် ဒိန်းမတ်ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီးမြန်မာအရေးဆွေးနွေး


မတ်လ၂၈


နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဂျာမနီနှင့် ဒိန်းမတ်ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီးမြန်မာအရေးဆွေးနွေးခဲ့ကြောင်းကို မတ်လနောက်ဆုံးပတ်မှာ CRPH Twitterစာမျက်နှာမှာ အသိပေးဖော်ပြပါတယ်။


"IPU148 တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂၅ ရက်က ဂျာမနီနှင့် ဒိန်းမတ်ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ သတင်းအချက် အလတ်ဖလှယ်ကာ အနာဂတ်ပါလီမန်၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မတ်၂၄ရက်နှင့် ၂၅ရက်တို့တွင် တီမောလက်တေ့နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေ ပြောင်းလဲမှုများ၊ အကြမ်းဖက်စစ်တပ်က တိုးမြှင့်လုပ်ဆောင်လျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော အကြမ်းဖက်မှုများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် ပူးပေါင်းကူညီပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ပါသေးတယ်။


========================


📌📌 ၂။ နိုင်ငံသစ်ကိုချီတက်ဖို့ အရေးအကြီးဆုံး ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဦးစားပေးပါဝင်ပံ့ပိုးကြဖို့ ဒုဝန်ကြီးဂျာထွယ်ပန်တိုက်တွန်း


မတ်လ၂၈ရက်


နိုင်ငံသစ်ကိုချီတက်ဖို့ အရေးအကြီးဆုံး ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဦးစားပေးပါဝင်ပံ့ပိုးကြဖို့ မတ်လနောက်ဆုံးပတ်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပညာရေးဒုတိယဝန်ကြီး ဂျာထွယ်ပန်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။


"ဘယ်ဘာသာမဆို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပြီးအပြန်အလှန်လေးစားတန်ဖိုးထားကြမှုတွေနဲ့အတူ၊ အခြေခံအခွင််အရေးတွေအပြည့်အဝရှိတဲ့ ယဉ်ကျေးမှု ကိုကျင့်သုံးမဲ့ နိုင်ငံသစ်ကိုချီတက်ဖို့ အရေးအကြီးဆုံး ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဦးစားပေးပါဝင်ပံ့ပိုးကြရအောင်"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ လူအင်အားချိနှဲ့နေပြီး မြို့ကြီးများပေါ်တွင်သာ တပ်စွဲနိူက်တော့တဲ့အနေအထားရောက်ရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့နောက်လိုက်အပေါင်းအပါများဟာ အရူးအားပေးမလုပ်သင့်တော့ဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီး အသိပေးပြောကြား


မတ်လ၂၈ရက်


အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့နောက်လိုက်အပေါင်းအပါများဟာ အရူးအားပေးမလုပ်သင့်တော့ဘူးလို့ လူ့အခွင့်ရေးဒုတိယဝန်ကြီးခွန်ဗဟန်းထန်က မတ်လ၂၈ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးပြောကြားလိုက်ပါတယ်။


"မင်းအောင်လှိုင်အနေနဲ့ စကားပြောတာအရှေ့အနောက်မညီသလို သူပြောတဲ့ စကားတိုင်းဟာလည်း လက်ရှိမြေပြင်ရဲ့ ပကတိအခြေအနေနဲ့ အလွန်ကွာဟလွန်းပါတယ်။သူ့အနေနဲ့ သွက်သွက်ခါအောင်ရူးသွားတာ သူတစ်ဦးထဲဆိုရင် အကြောင်းမဟုတ်ပေမဲ့ နှစ်အတွင်းတိုင်းပြည်တစ်ခုလုံး ဖွတ်ဖွတ်ကျေ ပျက်စီးပြီး ကုန်းကောက်စရာမရှိလောက်အောင် လုပ်ထားတာကိုတော့ သူ့အဝန်းဝိုင်းမှာ ရှိနေတဲ့သူများ သူ့ကိုထောက်ခံသူများ လိုက်ပြီး မျက်နှာလို မျက်နှာရ အရူးအားပေးမလုပ်သင့်တော့ဘူး။တိုင်းပြည်နဲ့ ပြည်သူမျက်နှာကိုထောက်ပြီး ပြည်သူဘက်ကပြတ်ပြတ်သားသားရပ်ဖို့ တိုက်တွန်းချင်ပါတယ်"လို့ဆိုပါတယ်။


မတ်လ၂၇ရက်နေ့ အကြမ်းဖက်စစ်တပ် အခမ်းအနားနေ့ကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ညပိုင်းကျင်းပခဲ့ပြီး မြေပြင်မှာ စစ်အနိူင်တိုက်ရေးမိန့်ခွန်းများကို ကယောင်ကတမ်းပြောကြားခဲ့ပါသေးတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ စနစ်တကျဖြန့်ဝေခဲ့


မတ်လ၂၈ရက်


အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ စနစ်တကျဖြန့်ဝေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကအသိပေးထုတ်ပြန်ခဲ့ပါတယ်။


မတ်လ၂၇ရက်မှာ အစီရင်ခံစာကိုထုတ်ပြန်ရခြင်းအကြောင်းအရာကို ယန္တရားအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။


ယန္တရားဟာ ပွင့်လင်းမြင်သာမှုရှိခြင်းကိုယုံကြည်ပြီး အစီရင်ခံစာနှစ်စောင်ကိုအများပြည်သူသိရှိအောင်ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ 

ယန္တရားအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကပြောကြားခဲ့ပါတယ်။


အမုန်းစကားဆိုင်ရာအစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ဖေ့စ်ဘုတ်စာမျက်နှာပေါင်း ၄၃ ခုတွင် ရေးသားထားသောအကြောင်းအရာများကို အထူးပြု စိစစ်သုံးသပ်ထားပါတယ်။ 


ဤစာမျက်နှာအားလုံးကို ၂၀၁၈ ခုနှစ်တွင် ဖေ့စ်ဘုတ်က ဖြုတ်ချပြီးဖြစ်ကာ ယင်းစာမျက်နှာများအနက် ခုမှာ လူ့အခွင့်အရေး ချိုးဖောက်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ဟု နိုင်ငံတကာကျွမ်းကျင်သူများက အထောက်အထားရှာဖွေတွေ့ရှိထားသောကြောင့် ဖြုတ်ချခဲ့ပြီး ကျန် ၃၇ ခုမှာ ဖေ့စ်ဘုတ်ကုမ္ပဏီ၏ မှားယွင်းစွာတင်ပြခြင်းမူဝါဒကို ချိုးဖောက်သည့်ပူးပေါင်းအယောင်ဆောင်အပြုအမူများ” (coordinated inauthentic behaviour) ကြောင့် ဖြုတ်ချခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာများသည် တစ်ခုနှင့်တစ်ခု မသက်ဆိုင်သည့်အသွင်ဆောင်ကာ အချို့စာမျက်နှာ များတွင် ကျော်ကြားသူတို့၏သတင်းများ၊ လူကြိုက်များသည့်အကြောင်းအရာများ ဟန်ပြရေးသားနေသော်လည်း နောက်ကွယ်တွင်မူ ယင်းဖေ့စ်ဘုတ်စာမျက်နှာများသည် မြန်မာစစ်တပ်နှင့် တိတိပပချိတ်ဆက်နေသည့် ကွန်ရက်တစ်ခု၏ တစိတ်တပိုင်းသာဖြစ်ကြောင်း ယန္တရားက သုံးသပ်ခဲ့ပါတယ်။


 များသောအားဖြင့် ထိုဖေ့စ်ဘုတ်စာမျက်နှာများကို တူညီသော ဖန်တီးသူများ၊ စီမံခန့်ခွဲသူများနှင့် အယ်ဒီတာများက ဆောင်ရွက်နေပြီး၊ မြန်မာစစ်တပ်သုံးသည့် အင်တာနက် IP လိပ်စာများဖြင့် ပို့စ်များ ပုံမှန်တင်လေ့ရှိတယ်လို့ဖော်ပြပါတယ်။


ထိုစာမျက်နှာများစွာတွင် တူညီသောအကြောင်းအရာများကို မိနစ်ပိုင်းမျှသာခြားပြီး ပို့စ်တင်သည်ကိုလည်း တွေ့ရတတ်ပြီးဤစာမျက်နှာများတွင် ယန္တရားက အမုန်းစကားဟု သတ်မှတ်သည့် ပို့စ်ပေါင်း ၁၀၀၀၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။


ယင်းတို့အနက် ပို့စ်တစ်ခုတွင်မူ ရိုဟင်ဂျာများကို ပစ်ခတ်ရန်၊ သတ်ဖြတ်ရန် သို့မဟုတ် မြန်မာနိုင်ငံမှ အပြီးတိုင် ဖယ်ရှားရန် တောင်းဆိုသည့် ကွန်မန့် (comment) ပေါင်း ၂၀၀ ကျော် တွေ့ရှိခဲ့ရပါတယ်။


ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် အချိန်မှာပင် မြန်မာစစ်တပ်က အမုန်းစကားဖြန့်ဝေသည့်လှုပ်ရှားမှုများကို အချိန်ကိုက်ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း ဤအစီရင်ခံစာတွင် ကောက်ချက်ချထားပါတယ်။


========================


📌📌 ၅။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင်  မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသူ(၁၁၉) ဦးအထိရှိလာ


မတ်လ၂၈


မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။


 မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်ပါတယ်။ 


ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၄၅၂) ဦးရှိပြီး ထိုအထဲမှ (၂၀၂၈၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၈၇၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု () နှစ်ပြည့် သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန  မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့


မတ်လ၂၈


မတ်လ၂၈ရက်မှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးက အခုလိုအသိပေးဖော်ပြပါတယ်။


သဝဏ်လွှာအရလူထုတော်လှန်ရေးမဟာမိတ်အင်အားစု ()နှစ် ပြည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ၃နှစ်တာကာလအတွင်းအသက်၊ဘဝ၊ခန္ဓာ ပေးဆပ်သွားသည့်ပြည်သူ့သူရဲကောင်းများကိုလေးစားဦးညွတ်ကြောင်းဖော်ပြထားပါတယ်။


ဒါ့အပြင် နိူင်ငံရေးရပ်တည်ချက်နှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုအသိအမှတ်ပြုတယ်လို့ သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်ပြည်သူ့ တော်လှန်ရေးအောင်မြင်သည့်အထိ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနှင့်လက်တွဲ ညီညွတ်စွာအားထုတ်ကြိုးပမ်းသွားမယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၂။ ကချင်ဒေသစစ်ဆင်ရေးအတွက်လုပ်ဆောင်သည့် ရန်ပုံငွေရှာဖွေမှုမှာ ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် PSLF/TNLA ဥက္ကဋ္ဌ တိုက်တွန်း


ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ဦးဆောင်ဆင်နွှဲနေတဲ့ စစ်ဆင်ရေးအတွက် လိုအပ်တာ တွေ ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေတဲ့ ချစ်ခြင်းတည်စေ မနောမြေ ရန်ပုံငွေရှာဖွေရေးကမ်ပိန်းမှာ ပြည်သူလူထု အနေနဲ့ ပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့ ပလောင်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။


ကချင်ဒေသအတွက်ရည်ရွယ်ပြီး ပထမဆုံးလုပ်ဆောင်တဲ့ ချစ်ခြင်းတည်စေ မနောမြေ အမည်ရှိတဲ့ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုကို မတ်လ ၂၇ ရက်ကစပြီး နွေဦးတော် လှန်ရေး နှစ်အတွင်း ပထမဆုံးလုပ်ဆောင်တဲ့ ကမ်ပိန်းဖြစ်တယ်လို့ အသိပေးထားပါတယ်။


စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ ဒေသအလိုက် ခုခံတော်လှန်လျက်ရှိရာ လူထုထိခိုက်နစ်နာမှု အနည်းဆုံး ဖြင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး၊ ပြည်တွင်းစစ် အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည် ပေါ်ပေါက်ရေးအတွက် လူထုရဲ့ ထောက်ပံ့ဝန်းရံအားဟာ မဖြစ်မနေလိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီး တာအိုက်ဘုန်း က ကမ်ပိန်းအတွက်ပေးပို့တဲ့ အမှာစကားမှာ ထည့်သွင်းပြောကြားထားပါတယ်။


စစ်အာဏာရှင်တို့ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုကနေ လွတ်မြောက်ဖို့အတွက်နဲ့ မိမိတို့ တိုင်းရင်းသား လူမျိုးတို့ရဲ့ အမျိုးသား တန်းတူမျှတရေးအတွက် လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဟာ တရားတဲ့ တော်လှန်ရေးဖြစ်တယ်ဆိုတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ မူဝါဒနဲ့အညီ ကချင်ပြည်အတွက်ပြုလုပ်တဲ့ ကန်ပိန်းမှာ ပြည်သူများအနေနဲ့ တဖက်တလမ်းကနေ ပါဝင်ပေးကြဖို့ ကျနော့်အနေနဲ့ တောင်းဆိုလိုပါတယ်လို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။


လက်ရှိအချိန် ကချင်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ KIA ရခိုင့်တပ်တော်နဲ့ အခြားအဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုတွေ နေ့စဉ် ကြားသိနေရတဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်းလည်း ၎င်းက ပြောထားပါတယ်။


စစ်ကောင်စီက ကျူးလွန်နေတဲ့ လူ

မဆန်သော အကြမ်းဖက်သတ်ဖြတ်မှုများကို ကျော်လွားနိုင်ဖို့ တော်လှန်ရေးအင်အားစု တွေဟာ အခက်အခဲပေါင်းစုံကြားက မဖြစ်ဖြစ်အောင်လုပ်နေရတာဖြစ်တဲ့အတွက် အခုလိုကမ်ပိန်းတွေမှာ စေတနာရှင် အလှူရှင်များအနေနဲ့ ပါဝင်ကူညီအားဖြည့်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ 


========================


🚩🚩 ၃။ ကရင်နီပြည် 1111 စစ်ဆင်ရေးတွင်ပါဝင်တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်()မှ ခဲယမ်း၊ရိက္ခာ၊ဆေးဝါးများ ပိုမို လိုအပ်လျက်ရှိ


မတ်လ၂၈ရက်


ကရင်နီပြည် 1111 စစ်ဆင်ရေးတွင်ပါဝင်တိုက်ခိုက်နေသည့်ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်()မှ ခဲယမ်း၊ရိက္ခာ၊ဆေးဝါးများ ပိုမို လိုအပ်လျက်ရှိတယ်လို့ မတ်လ၂၈ရက်မှာကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်()ကအသိပေးဖော်ပြပါတယ်။


"ကရင်နီပြည် 1111 စစ်ဆင်ရေး စတင်ချိန်မှစ၍မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်() အနေဖြင့် လွိုင်ကော်မြို့နယ်၊ဖားဆောင်းမြို့နယ်တိုက်ပွဲများတွင် ပါ၀င်တိုက်ခိုက်လျက်ရှိပါတယ်။ ထို့တိုက်ပွဲများတွင် မိမိတို့ တပ်ရင်းအမှတ်()အနေဖြင့် အခြားမဟာမိတ်ပူးပေါင်းတပ်များနှင့်ပါ၀င်တိုက်ခိုက်ရင်း အောင်မြင်မှုများစွာ ရှိခဲ့သလို့ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့တယ်"လို့ဖော်ပြပါတယ်။


တိုက်ပွဲများအရှိန်အဟုန်ဖြင့်ဆက်လက်ပြင်းထန်နေလျက်ရှိရာ တိုက်ပွဲကာလရှည်ကြာလာသည်နှင့်အမျှ တပ်ရင်းမှ ခဲယမ်း၊ရိက္ခာ၊ဆေးဝါးများ ပိုမို လိုအပ်လာလျက်ရှိ၍ တော်လှန်ပြည်သူများအနေဖြင့် တပ်ရင်းအား ဆက်လက်ပါ၀င်ထောက်ပို့ပေးကြဖို့မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ နမ့်ဆန်မြို့ အပါအဝင် တအာင်းဒေသတခုလုံးကို ပြည်သူလူထုနှင့် တအာင်းတပ်တို့ ပူးပေါင်းကာကွယ် စောင့်ရှောက်ရမည် ဟု TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြောကြား


ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နမ့်ဆန်မြို့ အပါအဝင် တအာင်းဒေသတခုလုံးကို ပြည်သူလူထုနှင့် တအာင်းတပ်တို့ ပူးပေါင်းကာကွယ်စောင့်ရှောက်ရမယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားလိုက်ပါတယ်။ 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ခေါင်းဆောင်တွေ မတ်လ ၂၆ ရက်နေ့က နမ့်ဆန်မြို့နယ် မှာရှိ ဒေသခံတွေနဲ့ လူထုတွေ့ဆုံပွဲတရပ်လုပ်ခဲ့ရာမှာ ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက "အသက်သွေးချွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးများ၏ ဒေသတခုလုံးကို တအာင်းတပ်မတော်နဲ့ ထိုဒေသအတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုများ စုပေါင်းကာ အတူတကွကာကွယ်စောင့်ရှောက်ရမယ်"လို့ ပြောပါတယ်။

PSLF/TNLA အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့ကလည်း နမ့်ဆန်မြို့အပြင် မိမိတို့တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်း ပိုမိုအဆင့်မြှင်တင် သွားမှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေ အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံသွား မယ်လို့ ပြောဆိုထားပါတယ်။ 

ထို့အပြင် မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ မိမိတို့လူမျိုးအပေါ် နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့ အမြစ်ဆိုးကို ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်တာကြောင့် မိမိတို့အနေနဲ့ စည်းစည်းလုံးလုံးနေထိုင်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

အဆိုပါလူထုတွေ့ဆုံပွဲကို PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နဲ့ နမ့်ဆန်မြိုနယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၂၃ စုက ဒေသခံပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။  


========================


🚩🚩 ၅။ အုတ်ဖိုနယ် ဗိုလ်ရုံ စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ဝ ဦးသေဆုံး


ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာနဲ့ ကြယ်နီကုန်းကျေးရွာကြားရှိ ဗိုလ်ရုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၁ဝ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ သွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံကနေ သိရပါတယ်။ 

 စစ်သားအင်အား ၃၀ ကျော်နဲ့ အခိုင်အမာတပ်ဆွဲထားတဲ့ ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို မတ်လ ၂၇ နေ့ မနက် နာရီ ၄၇ မိနစ်ခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ဘီလူးစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုကပစ်ခတ်တဲ့ လက်နက်ကြီးတွေထဲက 79 ဗုံးသီး လုံးနဲ့ လက်လုပ် ၄၀ မမ ဗုံးသီး လုံး ဂိတ်စခန်း ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို ကင်း တာဝန်ကျ စစ်သား ဦးကိုလည်း အနီးကပ်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲဟာ ၃၂မိနစ် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က အထိနာနေချိန်မှာ ခမရ - တိမ်မြုပ်တပ်ကနေ လက်နက်ကြီး ပစ်ကူပေးပြီး စစ်ကူတွေရောက်ရှိလာတာကြောင့် ဘီလူးစစ်ကြောင်းက ရဲဘော်တွေ ဘေးကင်းစေရေး ဆုတ်ခွာခဲ့ ရတယ်လို့လည်း အသိပေးထားပါတယ်။

ဗိုလ်ရုံစုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

ထို့အပြင် ခမရ - တိမ်မြုပ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထန်းပင်ကုန်းကျေးရွာအနောက်ကုန်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သိမ်နဲ့ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဗန်းမော်-လွယ်ဂျယ်လမ်းတလျောက်ရှိ စစ်ကောင်စီစခန်း ခုကို KIA ထပ်မံသိမ်းပိုက် 


ကချင်ပြည်နယ်ထဲက KIA တပ်မဟာ- ဒေသမှာရှိတဲ့ ဗန်းမော်-လွယ်ဂျယ် လမ်းတလျှောက် စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်း ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ် လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။။ 

ဗန်းမော်မြို့ နဲ့မိုင်ဂျာယာန်မြို့ ကြား ဗန်းမော် - လွယ်ဂျယ်လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တွေကိ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခိုက်ရာမှာ စစ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့က လော့မွန်၊ ဆန်တိုင်းဘွမ်၊ ဘန်ယောင်း၊ လော့ဒန် စတဲ့ စစ်တပ်စခန်းတွေကို KIA ဦးဆောင်တဲ့တပ်တွေ က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ယောယုံ၊ငါ့ဂယာန်၊ဘန်ဝိုင်၊မဒါဘွမ်၊စိန်လုံ၊ ခရန်မူ စတဲ့ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး KIA နဲ့ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန်နေပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

KIA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ယော်ယုံတပ်စခန်းနဲ့ စိန်လုံတပ်စခန်းတို့ဟာ မိုင်ဂျားယန်နဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့တို့ကို စိုးမိုးထားတာကြောင့် စစ်ကောင်စီအတွက်အရေးပါတဲ့ ဗျူဟာ တပ်စခန်းကြီးတွေဖြစ်တယ်လို့လည်း သိရပါတယ်။  

KIA တပ်မဟာ- ဒေသအတွင်းမှာရှိပြီး KIA ထိန်းချုပ်ထားတဲ့ မိုင်ဂျာယာန်မြို့ကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၂၇ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည် လုံး တရုတ်နိုင်ငံဘက်အခြမ်းမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF နဲ့ပူးပေါင်းတပ်တွေ မတ်လ နေ့ကစပြီး စစ်ရေးအရှိန်မြင့်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးဟာ ပတ်တာကာလအတွင်း ကချင်ဒေသမှာရှိတဲ့ ဗျူဟာ တပ်စခန်းများနဲ့ တပ်ရင်းဌာနချုပ် များအပါအဝင် စစ်ကောင်စီတပ်စခန်း ကြီး၊ငယ် စုစုပေါင်း တပ်စခန်း ၆၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ The Kachin Sub State Media -KSSM မှာ ဖော်ပြထားပါတယ်။ 


========================


🚩🚩 ၇။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆု နှင့် ဇွဲဆု တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့


မတ်လ၂၈ 


CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆု နှင့် ဇွဲဆု တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့တယ်လို့ မတ်လ၂၈ရက်မှာ Chinland Defense Force - Kalay Kabawကအသိပေးဖော်ပြပါတယ်။


CDF - KKG တပ်ရင်း ( ) မှ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ) သင်တန်းဆင်းပွဲအခမ်းအနားကို လွန်ခဲ့သောရက်ပိုင်းတွင် အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ထုတ်ပြန်ပါတယ်။


 သင်တန်းဆင်းပွဲသို့ CDF - KKG မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ စစ်ရေးပြအလှဆုံးဆု လက်ဖြောင့်ဆု နှင့် ဇွဲဆု  အစရှိသည့် တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment