29th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံကို ဧပြီလ () () () ရက်များတွင် ကျင်းပသွားရန် NUCCရက် သတ်မှတ်

📌 ၂။ အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်တွေကို မလိုက်နာဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆောင်နေတဲ့ မြို့နယ်တွေကို  တော်လှန်ရေး ရှေးရှု ကြပ်မတ်ထိန်းကျောင်းကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်

📌 ၄။ တော်လှန်ရေးတနိုင်ငံလုံး ပြီးမြောက်ဖို့ထောက်ပို့နေရာကောင်းကောင်း  လုံလုံခြုံခြုံဖြစ်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား

📌 ၅။ စကစအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုထိရောက်မှုရှိစေရေး နှီးနှောဖလှယ်ပွဲ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အမ်ဒရူးနှင့် ဒုဝန်ကြီး ဦးမော်ထွန်းအောင်တို့ တက်ရောက်ဆွေးနွေး

📌 ၆။ ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု အပြည်ပြည်ဆိုင်ရာလူထုလှုပ်ရှားမှုအဖွဲ့ချုပ် ILPS ကလည်း ပူးပေါင်းပါဝင်ခဲ့

📌 ၇။ ဖက်ဆစ်စစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုများဆက်တိုက်လှုပ်ရှား


၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ယော်ယုံဗျူဟာစခန်းအပါအဝင် စစ်စခန်း ခု KIA သိမ်းပိုက်၊ ဟောင်ဝစ်ဇာအမြောက် လက်အပါအဝင် လက်နက်ခဲယမ်းများစွာရရှိ

🚩 ၂။ ပုလဲနယ် ကန်ဒေါင့်ရဲစခန်းမှ စစ်ကြောင်းမှူးဗိုလ်ကြီးဟိန်းရဲထက်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဖမ်းဆီး

🚩 ၃။ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ခိုက်

🚩 ၄။ မြိုင် ပကဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာတာကြောင့် ရဲဘော်တစ်ဦး ကျဆုံးပြီး လက်နက်ခဲယမ်း တချို့ ဆုံးရှုံး

🚩 ၅။ ညောင်ရွှေနှင့် ပင်လောင်းမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ မီးလောင်ဗုံးများအသုံးပြု တိုက်ခိုက်သဖြင့် နေအိမ်များပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

🚩 ၆။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ၊ လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီး ဓမ္မသကျေးရွာအား မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ်ခြေ ၃၀၀ ကျော် ပျက်ဆီးခဲ့ရပြီး ဒေသခံ ,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရ

🚩 ၇။ ထားဝယ် အကျဉ်းထောင်တွင် ထောင် နှစ် ကျခံနေရတဲ့ နိုင်ကျဉ်းတစ်ဦးကို စစ်ကောင်စီမှ ခေါ်ထုတ်သတ်ဖြတ်

🚩 ၈။ခေါင်းကို ကာမယ်အလုံးငါးဆယ်ကမ်ပိန်းကနေ 96 Soldiers တပ်ဖွဲ့ကို ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံကို ဧပြီလ () () () ရက်များတွင် ကျင်းပသွားရန် NUCCရက် သတ်မှတ်


မတ်လ၂၈ရက်။

ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံကို ဧပြီလ () () () ရက်များတွင် ကျင်းပသွားရန် မတ်လ (၂၈) ရက်မှာ NUCCကအသိပေးကြေညာပါတယ်။


အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ကျင်းပမည်ဟု နွေဦးတော်လှန်ရေး () နှစ်ပြည့် လူထုအစည်းအဝေး (Townhall Meeting) ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြခဲ့သော်လည်း ညှိနှိုင်းပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် အချိန်လုံလောက်မှု ရှိစေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ () () () ရက်များတွင် ကျင်းပသွားရန် ရက်သတ်မှတ်လိုက်တယ်လို့ဖော်ပြပါတယ်။


ဒုတိယအကြိမ် ပြည်သူ့ညီလာခံနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပြည်သူလူထု သိရှိနိုင်စေရန်အတွက် ဆက်လက်အသိပေးထုတ်ပြန်သွားမည် ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကဖော်ပြပါတယ်။


========================


📌📌 ၂။ အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်တွေကို မလိုက်နာဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆောင်နေတဲ့ မြို့နယ်တွေကို  တော်လှန်ရေး ရှေးရှု ကြပ်မတ်ထိန်းကျောင်းကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မတ်လ၂၈ရက်။

မတ်လ၂၈ရက်တွင် ကျင်းပပြုလုပ်သည့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄)မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောပါတယ်။


 "ကျွန်တော်တို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကနေ ဖွဲ့စည်းအတည်ပြုထားတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၁၇၄ မြို့နယ်ရှိပြီး စိုးမိုးထိန်းချုပ်စီမံဆောင်ရွက်နေတဲ့ မြို့နယ် ၃၈ မြို့နယ်ရှိပါကြောင်း၊ မူဝါဒလုပ်ငန်းစဉ် Update ရေးဆွဲမှုလုပ်ငန်း အပြီးသတ်ဆွေးနွေးနိုင်ရေးနှင့် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်တွေကို မလိုက်နာဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆောင်နေတဲ့ မြို့နယ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်သော်၎င်း၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းပြီးသော်၎င်း တော်လှန်ရေးကို ရှေးရှု သေချာကြပ်မတ်ထိန်းကျောင်းကြရန်၊ စစ်ရေးအရှိန်မြှင့်တာနဲ့ တပြိုင်နက် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေက နောက်က လိုက်ပြီး စီမံပေါင်းစပ်နိုင်ရန်"တို့ကိုပြောကြားခဲ့ပါတယ်။


ဒါ့အပြင် မဟာမိတ်တော်လှန်ရေး အင်အားစုတွေဘက်က စစ်ဒေသမှူးတွေအနေနဲ့  မူဝါဒတွေကို ကြေကြေညက်ညက် နားလည်သိရှိနေစေဖို့ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဆောင်ရွက်ပေးကြစေလိုကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၁/၂၀၂၄) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်


မတ်လ  ၂၈ ရက်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(/၂၀၂၄)ကို မတ်လ၂၈ရက်က ကျင်းပခဲ့ပါတယ်။ 


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးတနိုင်ငံလုံး ပြီးမြောက်ဖို့ထောက်ပို့နေရာကောင်းကောင်း  လုံလုံခြုံခြုံဖြစ်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြောကြား


မတ်လ၂၈ရက်။

တော်လှန်ရေးတနိုင်ငံလုံး ပြီးမြောက်ဖို့ထောက်ပို့နေရာကောင်းကောင်း  လုံလုံခြုံခြုံ ဖြစ်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က မတ်လ၂၈ရက်မှာ ဆိုရှယ်မီဒီယာမှာပြောပါတယ်။


"ထုထည်ကြီးမားတဲ့ ပစ္စည်း တခုခုရွှေ့ဖို့တွန်းကြတဲ့အခါခြေထောက်မဲ့နေရာကောင်းကောင်းလေးလိုသလိုတနိုင်ငံလုံး ပြီးမြောက်ဖို့ထောက်ပို့နေရာကောင်းကောင်းလေး  လုံလုံခြုံခြုံ ဖြစ်ဖို့လိုတယ်။ အဲ့ဒီအတွက် ဝိုင်းကြိုးစားနေကြတယ်။ ဝိုင်းတွန်းကြမယ်" လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူထောက်ပို့ငွေများကို PRFထောက်ပို့မိသားစုမှ စီးဆင်းမှုများရှိသလို NUG Payမှတဆင့်လည်း တော်လှန်ရေးအင်အားစုများထံ စီးဆင်းလျက်ရှိပါတယ်။


========================


📌📌 ၅။ စကစအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုထိရောက်မှုရှိစေရေး နှီးနှောဖလှယ်ပွဲ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အမ်ဒရူးနှင့် ဒုဝန်ကြီး ဦးမော်ထွန်းအောင်တို့ တက်ရောက်ဆွေးနွေး


မတ်လ၂၈ရက်။

မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုထိရောက်မှုရှိရမယ့်အရေး ဆွီဒင်နိုင်ငံသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်းSBK နှင့် HRW တို့က နှီးနှောဖလှယ်ပွဲတရပ်ကျင်းပခဲ့ပါတယ်။


အဆိုပါပွဲအခမ်းအနားကို ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အမ်ဒရူးနှင့် ဒုဝန်ကြီး ဦးမော်ထွန်းအောင်တို့တက်ရောက်ကာ သတင်းစကားပါးဆွေးနွေးခဲ့ကြပါတယ်။


"မြန်မာပြည်သူပြည်သားတွေအတွက် စိတ်ရော ကိုယ်ပါ လုပ်ပေးတဲ့သူတွေထဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အမ်ဒရူးက ထိပ်တန်းကပါပါတယ်။ အမြင်ရှင်းလှတယ်၊ ပြည်သူ့ လိုအင်ကို ပြည်သူတွေကိုယ်စား ကောင်းကောင်းပြောပေးနိုင်တယ်။ စိတ်ဓာတ်ရေးရာလည်း အင်မတန်ကြံ့ခိုင်သူတယောက်ပဲ။ ဘဝတူ တယောက်မို့ ကိုယ့်ကိုလည်း အားတွေပြန်ပေးသွားတယ်"လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကအသိပေးဆိုထားပါတယ်။


========================


📌📌 ၆။ ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု အပြည်ပြည်ဆိုင်ရာလူထုလှုပ်ရှားမှုအဖွဲ့ချုပ် ILPS ကလည်း ပူးပေါင်းပါဝင်ခဲ့


မတ်လ၂၈ရက်။

ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မတ်လ ၂၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဖက်ဒရယ်အဆောက်အအုံရှေ့မှာ ကျင်းပခဲ့ပါတယ်။ 


အဲဒီလှုပ်ရှားမှုမှာ အပြည်ပြည်ဆိုင်ရာလူထုလှုပ်ရှားမှုအဖွဲ့ချုပ် ILPS ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ဖြတ်တောက်ရေးနဲ့ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးတို့ကို ဟောပြောခဲ့ကြပါတယ်။ 


မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကိုအစဥ်တစိုက်လုပ်ဆောင်ခဲ့တဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ ဖက်ဆစ်စစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုများဆက်တိုက်လှုပ်ရှား


မတ်လ၂၈ရက်။

ဖက်ဆစ်စစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုများဆက်တိုက်လှုပ်ရှားခဲ့တယ်လို့မတ်လ၂၈ရက်မှာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုကဖော်ပြပါတယ်။


လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ဇိုမီးလူငယ်များမှ "ဖက်ဆစ်တပ်ကို လေယာဥ်ဆီရောင်းပေးနေတာ ချက်ချင်းရပ်" 

"USA, UK, EU - Ban Jet Fuel Sales and shipment insurance to Myanmar" 

"If the jets can't fly, they can't bomb."

"Ban Jet Fuel Exports to Myanmar Junta."

စသည့်စာသားများကို ကိုင်ဆောင်ကာ မြန်မာစစ်တပ်ကို လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။


လက်ရှိမှာ လေယာဥ်ဆီရောင်းချမှုရပ်တန့်ရေး လှုပ်ရှားမှုများကို လူထုကအင်တိုက်အားတိုက်ပါဝင်ဆင်နွှဲလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ယော်ယုံဗျူဟာစခန်းအပါအဝင် စစ်စခန်း ခု KIA သိမ်းပိုက်၊ ဟောင်ဝစ်ဇာအမြောက် လက်အပါအဝင် လက်နက်ခဲယမ်းများစွာရရှိ


မတ်လ ၂၈ရက်။

ကချင်ပြည်နယ် ဗန်းမော် - လွယ်ဂျယ်လမ်းပိုင်းက စစ်ကောင်စီရဲ့ ယော်ယုံဗျူဟာစခန်းအပါအဝင် စစ်စခန်း ခုကို သိမ်းပိုက်ခဲ့ရာမှာ ဟောင်ဝစ်ဇာအမြောက် လက်အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယောယုံတပ်စခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း ခုကို မတ်လ ၂၇ ရက် မနက် ၇နာရီကစ‌ပြီး ထိုးစစ်ဆင်ခဲ့ရာ နာရီပေါင်း ၃၀ မပြည့်မီ ယော်ယုံဗျူဟာအပါအဝင် တပ်စခန်း ခုကို KIA က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့က စစ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာ လွယ်ဂျယ်မြို့အထက်မှာရှိတဲ့ စေတီကုန်း စစ်စခန်း၊ မိုးမောက်အထက်က လော့ဒန် စစ်စခန်းနဲ့ ယော်ယုံ ဗျူဟာကုန်းစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ဗန်းမော် - လွယ်ဂျယ်လမ်းပိုင်းက စခန်း ၂ခုသာ ကျန်ရှိတော့ပြီး လက်နက်ခဲယမ်းတွေ မရေတွက်နိုင်အောင် သိမ်းဆည်းရရှိထားရာမှာ ၁၂၂ မမ အမြောက် ၂လက် ပါဝင်တယ်လို့လည်း အသိပေးပါတယ်။ 

ယခု တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ ယော်ယုံ ဗျူဟာတပ်စခန်းကြီးမှာ စစ်ကောင်စီတပ် ခမရ-၆၀၁၊ခလရ-၁၂၀ နဲ့ ခလရ-၁၃၀ တပ်တို့ ပူးပေါင်းတပ်စွဲထားတဲ့ တပ်စခန်းကြီးဖြစ်တယ်လို့လည်း သိရပါတယ်။

KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ စိန်လုံဘွမ် စစ်ကောင်စီတပ်ဗျူဟာတပ်စခန်းနဲ့ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ပုလဲနယ် ကန်ဒေါင့်ရဲစခန်းမှ စစ်ကြောင်းမှူးဗိုလ်ကြီးဟိန်းရဲထက်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဖမ်းဆီး


မတ်လ ၂၈ရက်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်နယ်မြေရဲစခန်းက စစ်ကြောင်းမှူး တာဝန်ယူထားတဲ့ ဗိုလ်ကြီးဟိန်းရဲထက် အရပ်ဝတ်နဲ့ အရက်သောက်ဖို့ထွက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်များက ဖမ်းဆီးရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၁၉ Pale Joker PDF ထံကနေ သိရပါတယ်။

ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲစခန်းက စစ်ကြောင်းမှူး သုံးပွင့်ဗိုလ်ကြီး ဟိန်းရဲထက် မတ်လ ၂၇ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်အချိန်မှာ စခန်းပြင်ပကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး ထွက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပိတ်ဆို့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ဟာ အရင်ရက်တွေကတည်းက စခန်းအပြင်ထွက်လေ့ရှိတယ်လို့ သတင်းရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်ပြီး ကန်ဒေါင့်စခန်းအနီးမှာတင် ဖမ်းခဲ့တာလို့လည်း သိရပါတယ်။ 

စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ကို ဖမ်းဆီးရမိချိန်မှာ လက်နက်ပါလာခြင်းမရှိဘဲ စကားပြောစက် အိုင်ကွန်တလုံး၊ ဖုန်းတလုံးနဲ့ ဆိုင်ကယ်တစီးသာ သိမ်းဆည်းရမိခဲ့ပြီး NUG MOD ရဲ့ စစ်သုံ့ပန်းဥပဒေမူဝါဒအတိုင်း Pale Joker PDF ထိန်းသိမ်းထားပါတယ်။


========================


🚩🚩 ၃။ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ခိုက်


မတ်လ ၂၈ရက်။

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်က စစ်ကောင်စီတပ်တွေ တပ်စွဲရာ ရဲစခန်းနဲ့ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်Black Leopard Army က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၇ ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာ ၇၉ နှစ်မြောက်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ပုလဲမြို့ပေါ်သို့ ဝင်ရောက်ကာ ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို စစ်ကြောင်း ကြောင်းဖြင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

မြို့ပေါ်နေရာအနှံ့ စိုးမိုးနိုင်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ဖို့အထိ အသာစီးရရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေမှာ အရန်ကျည်နည်းပါးခြင်းနဲ့ စစ်ရေးသဘောတရားအရ အကျိုးမြတ်ဖြစ်ထွန်းမှုကို သုံးသပ်ပြီး မွန်းလွဲ နာရီခွဲခန့်အချိန်မှာ ခွာစစ်ဆင်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က အသိပေးပါတယ်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်ကလည်း ပြန်လည်ခုခံပစ်ခတ်ခဲ့တာရှိခဲ့ပြီး တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အထိအခိုက်များခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော် ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ကျားသစ်နက်တပ်မတော် Black Leopard Armyမှ (ယင်းမာပင်ခရိုင်အမှတ်-၁၁ တပ်ရင်း၊ ပခုက္ကူ ခရိုင် တပ်ရင်း-၁၅ ကျားသစ်နက်တပ်မတော်- မြိုင်တပ်ခွဲ၊ တိုးနယားတပ်ဖွဲ့ ယင်းမာပင်ခရိုင်အမှတ်- ၁၂ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ်-၂၉ တပ်ရင်း၊ ဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့၊ တို့အညာပြောက်ကျားတပ်ဖွဲ့၊ 96 Soldiers Scarlet တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ မြိုင် ပကဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာတာကြောင့် ရဲဘော်တစ်ဦး ကျဆုံးပြီး လက်နက်ခဲယမ်း တချို့ ဆုံးရှုံး


မတ်လ ၂၈ ရက်။

Radio NUG 

မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်ရှိ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) စခန်းတစ်ခုကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတချို့ ဆုံးရှုံးသွားခဲ့တယ်လို့ မြေလတ်အသံ သတင်းဌာနမှ ဖော်ပြထား ပါတယ်။


မတ်လ ၂၇ ရက်နေ့ မနက် နာရီ အချိန်ခန့်မှာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ စစ်သားများနဲ့ ကန်နီရွာ ပျူစောထီးများ အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် တောင်ဘိုလမ်းခွဲမှ မြိုင် ပကဖ တပ်စခန်းငယ်တစ်ခုကို အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။


စခန်းဝင်စီးခံရချိန်မှာ ရဲဘော်အင်အား ၃၀ ဝန်းကျင်ရှိပြီး ကျန်ရဲဘော်များ ဆုတ်ခွာနိုင်ရန် ခံပစ်ပေးခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ရဲဘော်အရာတော် ကျည်ထိမှန် ကျဆုံးခဲ့ရပြီး ကျန်ရဲဘော်အချို့မှာ ကျည်ထိမှန်ခဲ့တာတွေရှိပေမယ့် လွတ်မြောက်ခဲ့ကြတယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း သေနတ် လက်နဲ့ ကျည်ဘောက် ခု၊ ကျည် ၁၇၀၊ စကားပြောစက် လုံး၊ အီကွတ်မန့် စုံနဲ့ မော်တော်ယာဉ် စီး ဆုံးရှုံးခဲ့ရပြီး ကျဆုံးခဲ့တဲ့ ရဲဘော် အရာတော်ကို အဲ့ဒီနေ့ (မတ်လ ၂၇ ရက်) ညနေ နာရီ အချိန်မှာ ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန် ထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီ စစ်ကြောင်းမှာ ကနီကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ညောင်ရွှေနှင့် ပင်လောင်းမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ မီးလောင်ဗုံးများအသုံးပြု တိုက်ခိုက်သဖြင့် နေအိမ်များပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ


မတ်လ ၂၈ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးပြီး ဒေသခံရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

မတ်လ ၂၇ ရက်နေ့က ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေပြီး အချို့မှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

ထို့ပြင် မွန်းလွဲ နာရီခန့်အချိန်မှာလည်း ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအနီးကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးကြဲချ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် စက်လှေဆိပ်မှာရပ်နားထားတဲ့ ပြည်သူပိုင်ကားတစီး ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ မတ်လ ၂၇ ရက်နေ့မှာပဲ အကြမ်းဖက်စစ်တပ်က ဆီဆိုင်မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ၊ လက်နက်ကြီးများနဲ့ ပစ်ခတ်ပြီး ဓမ္မသကျေးရွာအား မီးရှို့ဖျက်စီးခဲ့တာကြောင့် လူနေအိမ်ခြေ ၃၀၀ ကျော် ပျက်ဆီးခဲ့ရပြီး ဒေသခံ ,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရ


မတ်လ ၂၈ ရက်။

Radio NUG

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေနဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ ၃၀၀ ကျော် ပျက်ဆီးခဲ့ရပြီး ဒေသခံ ,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ သတင်းထုတ်ပြန်ထားပါတယ်။


မတ်လ ၂၇ ရက်နေ့မှာ မွန်လူမျိုးအများစုနေထိုင်တဲ့ ဓမ္မသကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျေးရွာအတွင်း မည်သည့်တော်လှန်ရေး အဖွဲ့အစည်းကမှ တပ်စွဲထားတာ မရှိဘဲ မွန်၊ ကရင်နဲ့ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများကို တိုက်ရိုက် ရင်မဆိုင်ရဲတာကြောင့် ဒေသခံ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ရန်ရှာပစ်ခတ်ခဲ့တာလို့ MSFC က ဆိုပါတယ်။


ထိုအပြင် မီးလောင်မှုကို လာရောက်ကူညီပေးကြတဲ့ မီးသတ်ကားများကိုလည်း စစ်ကောင်စီတပ်များက သွားခွင့်မပြုဘဲ တားမြစ်ထားခဲ့ပြီး ထိုသို့ လူသားမဆန်တဲ့ လုပ်ရပ်ကိုလည်း MSFC မှ ပြင်းထန်စွာ ရှုတ်ချထားပါတယ်။


အလားတူ လုပ်ရပ်မျိုးကို အကြမ်းဖက် စစ်ကောင်စီက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ် နေရာအများအပြားမှာ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်များ အပေါ် အပြစ်ကျူးလွန်ခဲ့ပြီး အခု မွန်ပြည်နယ်မှာ ထပ်မံကြူးလွန်တာ ဖြစ်တယ်လို့ MSFC က ဆိုပါတယ်။


 အခုလို လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်နိုင်စေဖို့ စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်ဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးမှ နည်းမျိုးစုံဖြင့် တွန်းအားပေး တိုက်ထုတ်သွားကြဖို့ကို MSFC က တိုက်တွန်းပါတယ်။


ထို့အပြင် စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်ကြောင့် အိုးအိမ်မဲ့ကာ ဒုက္ခရောက်နေကြတဲ့ ပြည်သူများအား မွန်ပြည်နယ်ထဲက မွန်ပြည်သူတွေ၊၊ ပြည်ပရောက် မွန်ပြည်သူတွေ၊ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း များမှ လူသားချင်းစာနာမှု အကူအညီ ပေးကြဖို့ကိုလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၇။ ထားဝယ် အကျဉ်းထောင်တွင် ထောင် နှစ် ကျခံနေရတဲ့ နိုင်ကျဉ်းတစ်ဦးကို စစ်ကောင်စီမှ ခေါ်ထုတ်သတ်ဖြတ်


မတ်လ ၂၈ ရက်။

Radio NUG 

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်တွင် ထောင် () နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံမှသိရပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ၅၀၅ (က) ၅၂ (က) နှင့် ၅၁ () တို့ဖြင့် ထောင်ဒဏ် () နှစ် ချမှတ်ခံထားရတဲ့ အသက် (၃၅) နှစ်အရွယ်ရှိ ကိုဝင်းသီဟကို သက်သေခံ ပစ္စည်းများ လိုက်ပြရန်ဆိုပြီး ခေါ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ကိုဝင်းသီဟ အနေနဲ့ အကျဉ်းထောင်ကို ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ကြောင်း ၎င်းကို သက်သေခံပြပစ္စည်း လိုက်ပြခိုင်းစဉ်မှာ ထွက်ပြေးရန် ကြံစည်သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ထားဝယ် အကျဉ်းဦးစီးဌာနမှ ပြောကြားကြောင်း PPNM မှ ထုတ်ပြန်ထားပါတယ်။


ကိုဝင်းသီဟ သေဆုံးမှုအပေါ် ဒီနေ့အချိန်အထိ မိသားစုထံ စာပို့အသိပေး အကြောင်းကြားတာ ဖုန်းဆက် အသိပေးတာတွေ မပြုလုပ်ခဲ့ဘဲ ဒီနေအချိန်ထိ သေဆုံးမှု သတင်းကို ဖုန်းကွယ်ထားခဲ့တယ်လို့ သိရပါတယ်။


အခုလို ဥပဒေမဲ့ သတ်ဖြတ်နေမှုများကို အကျဉ်းထောင် ပြင်ပရှိ ပြည်သူများထံကို မပေါက်ကြားစေရန် ထားဝယ်အကျဉ်းထောင်အတွင်း သတင်းအမှောင် ချထားတယ်လို့ PPNM တာဝန်ရှိသူက ပြောပါတယ်။


ထို့ကြောင့် အကျဉ်းထောင် ပြင်ပကို ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရား သတ်ဖြတ်ခံရတဲ့ ကိစ္စရပ်များအား နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်း (UN) လက်အောက်ရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများ အနေဖြင့် စောင့်ကြည့်လေ့လာ စစ်ဆေးဖော်ထုတ်ပြီး စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ အကျဉ်းဦးစီးဌာနကို ပြင်းထန်တဲ့ဖိအားပေးမှုများ အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်တယ်လို့ PPNM က ထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၈။ခေါင်းကို ကာမယ်အလုံးငါးဆယ်ကမ်ပိန်းကနေ 96 Soldiers တပ်ဖွဲ့ကို ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးခဲ့


မတ်လ ၂၈ ရက်။

Radio NUG 

အညာဒေသ တပ်ခွဲတစ်ခုဖြစ်တဲ့ 96 Soldiers - PDF တပ်ဖွဲ့ကို ပန်းဆိုင် - Pann Sine အဖွဲ့ကပြုလုပ်တဲ့ခေါင်းကို ကာမယ်အလုံးငါးဆယ်ကမ်ပိန်းကရတဲ့ အလှူငွေနဲ့ တိုက်ပွဲအတွင်း အရေးပါတဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ 96 Soldiers အဖွဲ့ထံက သိရပါတယ်။


96 Soldiers - PDF အတွက် ရည်ရွယ်တို့ အဆိုပါ ကမ်ပိန်းကို မတ်လ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ သတ်မှတ်ပြီး လုပ်ဆောင်ခဲ့ပေမယ့် ရက် ၂၀ နဲ့တင် ၁၀၄. ၃၄ ရာခိုင်နှုန်းဖြင့် ပရောဂျက် အောင်မြင်ခဲ့ပြီး အခုလို တပ်ဆင်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ကျည်ကာဦးထုတ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ အန္တရာယ်ကနေ အပြည့်အဝတော့ အကာကွယ် မပေးနိုင်ပေမယ့် တိုက်ပွဲအတွင်းမှာ အသက်သေဆုံးမှု အခြေအနေတွေကိုတော့ လျော့ပါးသွားနိုင်တယ်လို့ 96 Soldiers ရဲဘော်တစ်ဦးက ဆိုပါတယ်။


တပ်ဖွဲ့မှ ရဲဘော်များအတွက် ကျည်ကာဦးထုပ် အလုံး ၅၀ တပ်ဆင်ပေးမှာဖြစ်ပြီး လက်ရှိ ပထမအသုတ် အနေဖြင့် အလုံး ၃၀ ရရှိပြီဖြစ်ကာ ကျန်တဲ့ အရေအတွက်ကိုလဲ မှာယူထားဆဲ ဖြစ်တယ်လို့ အဆိုပါ ရဲဘော်က ဆက်ပြောပါတယ်။


96 Soldiers - PDF အညာဒေသ တပ်ခွဲဟာ စစ်ကိုင်းတိုင်းထဲမှာ အဓိက စစ်ရေးလှုပ်ရှားနေပြီး မတ်လ ၂၇ ရက် မနေ့ကလည်း ပုလဲမြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment