2nd MAR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချ

📌 ၂။ ပလက်ဝတွင် လမ်းဖောက်လုပ်ရေး အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ်ဦးဆောင်သောအဖွဲ့ AA နှင့် တွေ့ဆုံဆွေးနွေး

📌 ၃။ မြန်မာကျောင်းသား (၁၀၀၀) ကျော် ကို () နှစ် စီမံကိန်းနဲ့ Scholarship ပေးမယ်

📌 ၄။ ပဲခူးရိုးမအတွင်း သစ်ထုတ်ခြင်းကို ခွင့်မပြုကြောင်း နတ်တလင်းမြို့နယ် PDF ကြေညာ

📌 ၅။ မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) မှ ချက်ချင်း အရေးယူဆောင်ရွက်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့တို့မှ  တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့


၂၀၂၄ ခုနှစ် မတ်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပုဏ္ဏားကျွန်းတိုက်ပွဲသို့ စစ်ကူလာသော စစ်တပ် သံချပ်ကာကား စီးကို AA တိုက်ခိုက်ဖျက်ဆီး

🚩 ၂။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

🚩 ၃။ တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးစကစနှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀)အား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ () ဦး သေဆုံး

🚩 ၄။ ကောလင်းမြို့ ကျောက်တန်းရွာအား စကစတပ်များ မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချ


မတ်     ရက်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ဖွင့်လှစ်ပို့ချခဲ့ပါတယ်။


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ  ဦးဆောင်ကာ ရန်ကုန်တိုင်းရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ကို မတ်လ၁ရက်နေ့ မနက်(၁၀:၀၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါသင်တန်းအား(--၂၀၂၄)ရက်နေ့မှ (--၂၀၂၄)ရက်နေ့ထိ သင်တန်းကာလ ()ရက်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကာ  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအား သင်တန်း ဆရာ/ဆရာမများမှ  စာရင်းပြုစုထိန်းသိမ်းမှုများ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ‌ ဘာသာရပ်များကို သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ ပလက်ဝတွင် လမ်းဖောက်လုပ်ရေး အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ်ဦးဆောင်သောအဖွဲ့ AA နှင့် တွေ့ဆုံဆွေးနွေး


မတ်လ ၁ရက်။

ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်မှာ လမ်းဖောက်လုပ်ရေးအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်က လွှတ်တော်အမတ် Pu Valalvena ဦးဆောင်တဲ့အဖွဲ့ဟာ AA နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ The Lairam Times သတင်းဌာနက မတ်လ ရက်မှာ ဖော်ပြထားပါတယ်။ 

မီဇိုရမ်ပြည်နယ် ဇိုရင်ပူ Zorinpui ဒေသကို မီဇိုရမ်အမတ် Pu Valalvena အဖွဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရောက်ရှိလာပြီး ရခိုင့်တပ်တော် AA က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာလို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ မီဇိုရမ်ပြည်နယ် အရှေ့လိုင်ရမ်ကနေ ပလက်ဝမြို့သို့ ဖောက်လုပ်မယ့်လမ်းပိုင်းအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ 

အဆိုပါလမ်းပိုင်းဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ရေးလမ်းမဖြစ်ပြီး မီဇိုရမ်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်အကြား ဆက်သွယ်မယ့် ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း KMMTTP ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့လည်း သိရပါတယ်။

KMMTTP စီမံကိန်းဟာ အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့ကြား ပလက်ဝဒေသတွင်း လမ်းဖောက်လုပ်ရေး ဆွေးနွေးထားတာဖြစ်ပေမယ့် လက်ရှိမှာ ပလက်ဝမြို့ဟာ AA လက်အောက်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် အဆိုပါလမ်း ဖောက်လုပ်ရေးလုပ်ငန်းကို AA နဲ့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း KMMTTP ဟာ ကာလကတ္တားဆိပ်ကမ်းကို စစ်တွေဆိပ်ကမ်းနဲ့ ချိတ်ဆက်ထားပြီး ကုလားတန်မြစ်ကြောင်းတလျှောက် ကုန်းတွင်းရေလမ်းမှတဆင့် မြန်မာနိုင်ငံအနောက်ဘက် ပလက်ဝမြို့ကို ဆက်သွယ်ထားတဲ့ စီမံကိန်းဖြစ်တယ်လို့ The Lairam Times ဖော်ပြထားပါတယ်။

ထိုမှတဆင့် ပလက်ဝမြို့နဲ့ မီဇိုရိမ်ပြည်နယ်ကို ကုန်သွယ်သွားကြမှာဖြစ်ပြီး ကာလကတ္တား-စစ်တွေ-ပလက်ဝ-မီဇိုရမ် ကုလားတန်မြစ်ကြောင်းတလျှောက် အပြန်အလှန် ကုန်သွယ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလားတန်မြစ်ကြောင်းကို ရခိုင့်တပ်တော် AA က သိမ်းယူထားပြီဖြစ်ပေမယ့် လက်ရှိမှာ AA အနေနဲ့ အိန္ဒိယအစိုးရနဲ့ ပလက်ဝဒေသအတွင်း လမ်းဖောက်လုပ်ရေးကိစ္စတခုကိုသာ တွေ့ဆုံဆွေးနွေးကာ စစ်တွေရေနက်ဆိပ်ကမ်းအပါအဝင် ကုလားတန်မြစ်ကြောင်းတလျှောက် လမ်းဖောက်လုပ်ရေးကိစ္စတွေကိုတော့ အသေးစိတ် ဆွေးနွေးခဲ့တာ မရှိသေးဘူးလို့ သိရပါတယ်။


========================


📌📌 ၃။ မြန်မာကျောင်းသား (၁၀၀၀) ကျော် ကို () နှစ် စီမံကိန်းနဲ့ Scholarship ပေးမယ်


မတ်လ ၁ရက်။

မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများအတွက် ပေးအပ်သော အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာသင်ဆုအစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။


နိုင်ငံ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ ယင်းလူငယ်တွေ မျိုးဆက်ပျောက်ဆုံးမည့် (အနာဂတ်မဲ့) အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုစိုးရိမ်ဖွယ် အခြေအနေမျိုးကို မြန်မာနိုင်ငံကရင်ဆိုင်နေရတာကြောင့် ယခုပညာသင်ဆုအစီအစဉ်ဟာ  ယင်းအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်(Susan Stevenson) က ပြောပါတယ်။


ဤပညာသင်ဆုသည် မြန်မာနိုင်ငံတွင်းရှိ အခွင့်အရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရသော လူငယ်များအား ဦးစားပေးကူညီထောက်ပံ့ပေးသွားပြီး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအား အကျိုးပြုမည့် မျိုးဆက်သစ်လူငယ်ခေါင်းဆောင်များအား အဆင့်မြင့်ပညာရေးဖြင့် စွမ်းအားမြှင့်တင်သွားရန် ရည်ရွယ်သည့် ပညာရေးအစီအစဉ် ဖြစ်ပါတယ်။

ဤပညာသင်ဆုအစီအစဉ်သည် မြန်မာနိုင်ငံသားများအတွက်အမေရိကန်ပြည်ထောင်စု၏ ရေရှည် ရင်းနှီးမြုပ်နှံမှု တစိတ်တပိုင်းဖြစ်ကာ ပညာသင်ဆုအကြောင်း အသေးစိတ်အချက်အလက်များကို www.usaiddip.com အင်တာနက်စာမျက်နှာတွင် လေ့လာနိုင်ပါတယ်။


========================


📌📌 ၄။ ပဲခူးရိုးမအတွင်း သစ်ထုတ်ခြင်းကို ခွင့်မပြုကြောင်း နတ်တလင်းမြို့နယ် PDF ကြေညာ


မတ်လ ၁ရက်။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲက ပဲခူးရိုးမအတွင်းမှာ သစ်ထုတ်လုပ်တာကို ခွင့်မပြုဘူးလို့ နတ်တလင်းမြို့နယ် မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့် လုပ်ငန်းတွေကို ၁ဝ နှစ် ပိတ်ပင်ထားခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ကစပြီး စည်းကမ်းတွေကို ဖောက်ဖျက်ကာ အလွန်အကျွံ သစ်ခိုးထုတ်နေတာကြောင့် အခုလို တားမြစ်လိုက်တာဖြစ်ပါတယ်။ 

အခုလို သစ်တွေအလွန်အကျွံ ခိုးထုတ်နေတာဟာ ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့ ဖြူးမြို့နယ်ကနေ ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်းမြို့နယ်ပိုင်နက်အထိ ရောက်ရှိလာပြီလို့ ဆိုပါတယ်။

ကုန်သည်တွေဟာ စက်ယန္တယားတွေ သုံးပြီး တရားမဝင် သစ်ခိုးထုတ်နေကြတာဖြစ်တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

အခုလိုတားမြစ်ရတာဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပြဿနာပေါ်ပေါက်မလာစေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တားမြစ်ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သစ်တောပြုန်းတီးမှုများ အလွန်အကျွံ မဖြစ်စေရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့၊ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့် ၁ဝ နှစ် ပိတ်ပင်ထားတဲ့ စည်းကမ်းချက်ကို ဆက်လက်ကျင့်သုံးနိုင်စေဖို့လည်း ပါဝင်တယ်လို့ နတ်တလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) မှ ချက်ချင်း အရေးယူဆောင်ရွက်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့တို့မှ  တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့


မတ်လ ၁ရက်။

မြန်မာစစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင်း၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်သောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) မှ ချက်ချင်း အရေးယူဆောင်ရွက်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့တို့မှ  တောင်းဆိုလိုက်တယ်လို့ အိတ်ဖွင့်ပေးစာအား ဖော်ပြပါတယ်။


ထို့အပြင်၂၀၂၄ ခုနှစ် မတ်လတွင် UNSC ဥက္ကဋ္ဌ ဖြစ်လာမည့် ဂျပန်နိုင်ငံ အနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုများနှင့် လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်သွားရန်၊  မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရန် သို့မဟုတ် အရေးပေါ် ခုံရုံးတစ်ခု တည်ထောင်ရန်၊ စစ်အုပ်စု၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ရာဇဝတ်မှုများကြောင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများအတွက် တရားဝင် ကာကွယ်စောင့်ရှောက်မှုများ အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရန်စတဲ့ တောင်းဆိုချက်များပါဝင်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ပုဏ္ဏားကျွန်းတိုက်ပွဲသို့ စစ်ကူလာသော စစ်တပ် သံချပ်ကာကား စီးကို AA တိုက်ခိုက်ဖျက်ဆီး


မတ်လ ၁ရက်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၂စီးကို ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA က မတ်လ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂နာရီခွဲခန့်အချိန်က စစ်တွေမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အမြင့်ကျွန်းတံတားထိပ်မှာ AA က ကြားဖြတ်တိုက်ခိုက် ဟန့်တားခဲ့တာလို့ သိရပါတယ်။

အခုလိုဟန့်တားတိုက်ခိုက်ရာမှာ သံချပ်ကာယာဉ် ၂စီးကိုလည်း အမြင့်ကျွန်းတံတားထိပ်မှာ ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့တာကို AA က မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လက်ရှိမှာလည်း ရခိုင့်တပ်တော် AA ဟာ ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ ခမရ ၅၅၀ တပ်ရင်းကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြင့်ပြီး တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ၎င်းတို့စခန်းမကျရေး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံး ပြီး အသည်းအသန်ခုခံကာကွယ်နေပေမယ့် ပုဏ္ဏားကျွန်းမြို့က တခုတည်းသာကျန်ရှိတော့တဲ့ ခမရ ၅၅၀ တပ်ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေ‌ပြီလို့ ရခိုင့် တပ်တော် AA မတ်လ ရက်မှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ


မတ်လ ၁ရက်။

CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ မတ်လ၁ရက်နေ့မှာ Chinland Defense Force - Kalay Kabaw Gangawက အတည်ပြုဖော်ပြပါတယ်။


CDF - KKG တပ်ရင်း () မှ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံစစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ၁ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ဖော်ပြပါတယ်။


သင်တန်းဆင်းပွဲသို့ CDF - KKG မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ စစ်ရေးပြအလှဆုံးဆု လက်ဖြောင့်ဆု နှင့် ဇွဲဆု အစရှိသည့် တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးစကစနှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀)အား ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ () ဦး သေဆုံး


မတ်လ ရက်။

တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးစကစနှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀)အာ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ () ဦး သေဆုံးခဲ့တယ်လို့ မတ်လ၁ရက်နေ့မှာ စစ်ရေးသတင်းကို အမှတ် () စစ်ဒေသကအတည်ပြုပါတယ်။


တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး၌ ဇီးပေါက်ရွာမှ ထွက်လာသော ခမရ (၁၁၊ ၃၆၁၊ ၇၀၈)နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀) ခန့်အား အမှတ် () ရွှေဘိုခရိုင် ကွပ်ကဲရေးနှင့် ရွှေဘိုခရိုင် တပ်ရင်းတို့မှ ဖေဖော်ဝါရီ (၂၉) ရက်တွင် ပစ်ခတ် တိုက်ခိုက်တယ်လို့ဖော်ပြပါတယ်။


ရန်သူ့ဘက်မှစကစ () ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၄။ ကောလင်းမြို့ ကျောက်တန်းရွာအား စကစတပ်များ မီးရှို့ဖျက်ဆီး


မတ်လ ၁ရက်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ ကျောက်တန်းရွာအား စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့တယ်လို့မတ်လ၁ရက်နေ့မှာ ကောလင်းKR Teamက အတည်ပြုထားပါတယ်။


"မတ်လ၁ရက်နေ့ သစ်ဖုလှမှ စကစများမှာ စစ်ကြောင်းသုံးကြောင်းခွဲကာ ကျောက်တန်းရွာအား မီးရှို့နေကြောင်း သတင်းရရှိပါတယ်"လို့ဆိုပါတယ်။


ဖေဖော်ဝါရီ၂၉ရက်ကလည်း မွန်းတည့်၁၂နာရီကျောက်တန်းကျေးရွာ သစ်ဖုလှဘုရားကုန်းမှ စကစ အင်အားနှစ်ရာခန့်သည် ငါးကြီးအိုင်ကျေးရွာအားမီးစတင်ရှို့ခဲ့ကြောင်း သိရပါတယ်။ 


တစ်ရွာလုံးနီးပါးလောင်ကျွမ်းခဲ့သည်ဟု ကနဦးသိရပြီး ၎င်းစစ်ကြောင်းတွင် တပ်မ 11 / 77 တို့မှမီးရှို့ခဲ့ကြောင်း မြေပြင်သတင်းရရှိခဲ့ပါတယ်။


၎င်းစစ်ကြောင်းမှ ငါးကြီးအိုင်မှ ပြည်သူသုံးဦးအား သတ်ဖြတ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment