20th APR 2024 - Morning Daily News by Radio NUG


၂၀၂၄ ဧပြီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUGက တလကို သိန်း၁၅၀ ထောက်ပံ့ထားတဲ့ အထဲကနေ CDM တွေအတွက် MOCITက လစဥ်ထောက်ပံ့မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို

📌 ၂။ မည့်သည့်လူမျိုး၊ မည့်သည့်ဘာသာဖြစ်ပါစေ လူ့အခွင့်အရေးနှင့်ဂုဏ်သိက္ခာခြင်းက အတူတူပဲဖြစ်သလို လူ့အသက်တွေရဲ့ တန်ဖိုးလည်းအတူတူဘဲဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆို

📌 ၃။ မြို့နယ်တရားရုံး၂၈ရုံးကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သလို ဥပဒေတာဝန်ခံပေါင်း၃၀ ကျော်နဲ့လည်းပဲ ဥပဒေရုံးတွေရဲ့လုပ်ငန်းတာဝန်ကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့

📌 ၄။ မြစ်ကြီးနားအကျဉ်းထောင်တွင်း အချက်ရေ (၁၀၀)ထက်မနည်း ရှိခဲ့သည့် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အကျဉ်းသား အနည်းဆုံး()ဦးခန့်သေဆုံးခဲ့ပြီး အကျဉ်းသား ()ဦး ခန့်တို့သည် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရင်ဆိုင်ရ


၂၀၂၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်ပြည်နယ်၊မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီလက်အောက်ခံ အောင်ဇေယျစစ်ကြောင်းကို ဒရုန်းတပ်ဖွဲ့မှ ကြိမ် drop ဗုံးကျဲတိုက်ခိုက်ခဲ့

🚩၂။ ပခုက္ကူ မြို့နယ်ညောင်ဂျစ်ပင်နှင့် ကန်တော်ရွာကြားသို့ မိုင်းရှင်းလင်းရေး ထွက်ခွာလာသော စကစများအား မိုင်းပွိုင့် ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်

🚩၃။ တောင်ငူ-လိပ်သို-သံတောင်လမ်းပိုင်းက စစ်စခန်း ခုကိုစနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ဦးသေဆုံး 

🚩၄။ ထိုင်းလေတပ်က F-16 တိုက်လေယာဉ်၂စင်း မဲဆောက်-မြဝတီနယ်စပ်တလျှောက် ကင်းလှည့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGက တလကို သိန်း၁၅၀ ထောက်ပံ့ထားတဲ့ အထဲကနေ CDM တွေအတွက် MOCITက လစဥ်ထောက်ပံ့မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို


ဧပြီလ ၁၉ရက်။

NUGကတလကို သိန်း၁၅၀ ထောက်ပံ့ထားတဲ့အထဲကနေ CDM တွေအတွက် MOCITက လစဥ်ထောက်ပံ့မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆိုပါတယ်။


ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း () နှစ်ပြည့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပြည်သူသို့ အစီရင်ခံရာမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကထည့်သွင်းပြောကြားခဲ့ပါတယ်။


"ဘယ်လိုမှကျနော်တို့မေ့ထားလို့မရတဲ့ CDMသူရဲကောင်းတွေကိုလည်း လစဥ်ထောက်ပံ့တာမျိုးတွေ ကျနော်တို့ ထောက်ပံ့ပါတယ်။ အကုန်လုံးမဟုတ်သည့်တိုင်အောင် နိုင်သလောက်ထောက်ပံ့တာမျိုးတွေရှိပါတယ်။ ဝန်ကြီးဌာနကို NUGက တလကိုသိန်း၁၅၀ ထောက်ပံ့ထားတဲ့အထဲကနေ CDM တွေအတွက်ကို လစဥ်ထောက်ပံ့မှုတွေလုပ်နိုင်ခဲ့တယ်။


ထို့အပြင် CDMဝန်ထမ်းများကို စိတ်ခွန်အားပေးခြင်းအစီအစဥ်တို့အပြင် ဝန်ကြီးဌာနတွင်အလုပ်များခန့်အပ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ မည့်သည့်လူမျိုး၊ မည့်သည့်ဘာသာဖြစ်ပါစေ လူ့အခွင့်အရေးနှင့်ဂုဏ်သိက္ခာခြင်းက အတူတူပဲဖြစ်သလို လူ့အသက်တွေရဲ့ တန်ဖိုးလည်းအတူတူဘဲဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးဆို


ဧပြီလ ၁၉ရက်။


မည့်သည့်လူမျိုး၊ မည့်သည့်ဘာသာဖြစ်ပါစေ လူ့အခွင့်အရေးနှင့်ဂုဏ်သိက္ခာခြင်းက အတူတူပဲဖြစ်သလို လူ့အသက်တွေရဲ့ တန်ဖိုးလည်းအတူတူဘဲဖြစ်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုပါတယ်။


ဧပြီလအတွင်း လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုရှယ်မီဒီယာမှာပြောပါတယ်။


"ကိစ္စရပ်တစ်ခုမှာ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်တိုင်းပြောရဲတဲ့ သတ္တိက လူတစ်ယောက်ရဲ့ သီလပိုင်းနဲ့ ဆိုင်တဲ့ အရာဖြစ်တယ်။ အထူးသဖြင့်နိုင်ငံရေးမှာ Politcal Courage နိုင်ငံရေးသတ္တိရှိဖို့အင်မတန်အရေးကြီးသလို စံတန်ဖိုးစဉ်ဆက်မပြတ်ဆက် တိုင်းတာရတယ်။ စည်းလုံးမှုအားနည်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ (လူပိန်းကြိုက်) နိုင်ငံရေးက သိပ်ကို အန္တရာယ်ကြီးပါတယ်။ ရခိုင်ကိစ္စမှာ အမှန်တရားက အမြဲတမ်းစိန်ခေါ်ခံရပြီး လူအများစုက ခါးသီးတဲ့အမှန်တရားတွေကို မျိုသိပ်နိုင်စွမ်းမရှိဘူး။ မည့်သည့်လူမျိုး၊ မည့်သည့်ဘာသာဖြစ်ပါစေ လူ့အခွင့်အရေးနှင့်ဂုဏ်သိက္ခာခြင်းက အတူတူပဲဖြစ်ပါတယ်။ လူ့အသက်တွေရဲ့ တန်ဖိုးလည်းအတူတူဘဲဖြစ်ပါတယ်။ ဘယ်သူပဲဖြစ် လူ့အခွင့်အရေးချိုးဖေါက်ရင် ချိုးဖေါက်မှုကလည်း အတူတူပင်ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများကို နိုင်ငံရေး၊ စစ်ရေးတွင် အတင်းအဓမ္မဖိအားပေး၍ တဖက်လှည့်ခိုင်းစေမှုများရှိနေပါတယ်။


========================


📌📌 ၃။ မြို့နယ်တရားရုံး၂၈ရုံးကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သလို ဥပဒေတာဝန်ခံပေါင်း၃၀ ကျော်နဲ့လည်းပဲ ဥပဒေရုံးတွေရဲ့လုပ်ငန်းတာဝန်ကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့


ဧပြီလ ၁၉ရက်။

မြို့နယ်တရားရုံး၂၈ရုံးကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သလို ဥပဒေတာဝန်ခံပေါင်း၃၀ ကျော်နဲ့လည်းပဲ ဥပဒေရုံးတွေရဲ့လုပ်ငန်းတာဝန်ကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။


ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း () နှစ်ပြည့် တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများ ပြည်သူသို့အစီရင်ခံရာမှာ တရားရေးဝန်ကြီး ဦးသိန်းဦးကပြောကြားခဲ့ပါတယ်။


"တရားစီရင်ရေးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ မြို့နယ်တရားရုံး၂၈ရုံးကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သလို ဥပဒေတာဝန်ခံပေါင်း၃၀ ကျော်နဲ့လည်းပဲ ဥပဒေရုံးတွေရဲ့လုပ်ငန်းတာဝန်ကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


တရားရေးဝန်ကြီးဌာနအနေဖြင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်များအပြင် တရားစီရင်ရေးတွင်တရားမျှတမှုရှိဖို့၊ ပြည်သူများအတွက် တရားစီရင်ရေးဝန်ဆောင်မှုများပေးအပ်ဖို့ကို အဓိကထားဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၄။ မြစ်ကြီးနားအကျဉ်းထောင်တွင်း အချက်ရေ (၁၀၀)ထက်မနည်း ရှိခဲ့သည့် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အကျဉ်းသား အနည်းဆုံး()ဦးခန့်သေဆုံးခဲ့ပြီး အကျဉ်းသား ()ဦး ခန့်တို့သည် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရင်ဆိုင်ရ


ဧပြီလ ၁၉ရက်။

မြစ်ကြီးနားအကျဉ်းထောင်တွင်း အချက်ရေ (၁၀၀)ထက်မနည်း ရှိခဲ့သည့် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အကျဉ်းသား အနည်းဆုံး()ဦးခန့်သေဆုံးခဲ့ပြီး အကျဉ်းသား ()ဦး ခန့်တို့သည် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။


ဧပြီလ ၁၉ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတရားဝင်အသိပေးဖော်ပြပါတယ်။

ဧပြီလ ၁၈ရက်နေ့ နေ့လယ် နာရီဝန်းကျင်အချိန်မှစ၍ အာဏာသိမ်းစစ်ကောင်စီပေးသည့် လျော့ရက်ခံစားခွင့် ပုံ ပုံတွင် အကျုံးဝင်သော်လည်း လွတ်မြောက်သည့်အထဲတွင် မပါဝင်သည့်အတွက် အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများအချင်းများရာမှ ထောင်တွင်းဆန္ဒပြပွဲဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ ဆန္ဒပြမှုအား ဖြိုခွင်းရန်အတွက် ရဲနှင့်စစ်သားအင်အား(၇၀)ပါ ယာဉ်တန်း()စီးသည် မြစ်ကြီးနားအကျဉ်းထောင်ထဲကို ညနေ၄နာရီ ၁၅အချိန်တွင် ဝင်ရောက်သွားပြီးနောက် ပစ်ခတ်မှုများ စတင်ကြားခဲ့ရခြင်းဖြစ်ပါတယ်။


အဆိုပါပစ်ခတ်မှုအတွင်း ပစ်ခတ်သံ အချက်ရေ (၁၀၀)ထက်မနည်း ရှိခဲ့သည့်အပြင် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အကျဉ်းသားအနည်းဆုံး()ဦးခန့်သေဆုံးခဲ့ပြီး အကျဉ်းသား ()ဦး ခန့်တို့သည် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေဖြင့် ရင်ဆိုင်ရလျက်ရှိပြီး ဒဏ်ရာရ အကျဉ်းသား(၁၀)ဦးကျော်သည်လည်း ဆေးဝါးကုသရန် အရေးပေါ်လိုအပ်လျှက်ရှိတယ်လို့ဖော်ပြပါတယ်။


ဧပြီလ ၁၉ ရက်နေ့ ညနေ၃နာရီအချိန်ထိတိုင်အောင် အကျဉ်းထောင်အတွင်းမှ လူနာတင်ယာဉ်များဖြင့် အကျဉ်းသားများကို ခေါ်ထုတ်နေဆဲဖြစ်ကာ လက်ရှိ ဒဏ်ရာရသူ(သို့) သေဆုံးသူများကို နယ်မြေခံ မီးသတ်ကားများဖြင့် သယ်ထုတ်နေပြီး မြစ်ကြီးနားအကျဉ်းထောင်အတွင်းက ခေါ်ထုတ်သွားသူများကို ဆေးရုံသို့ ပို့ဆောင်ခြင်းမရှိပဲ စစ်တပ်ဝန်းအတွင်းရှိစစ်ဆေးရုံ သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရှိရတယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကရင်ပြည်နယ်၊မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီလက်အောက်ခံ အောင်ဇေယျစစ်ကြောင်းကို ဒရုန်းတပ်ဖွဲ့မှ ကြိမ် drop ဗုံးကျဲတိုက်ခိုက်ခဲ့


ဧပြီလ ၁၉ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီလက်အောက်ခံ အောင်ဇေယျစစ်ကြောင်းကို ဒရုန်းတပ်ဖွဲ့မှ ကြိမ် drop ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။


ဧပြီလ ၁၉ရက် စစ်ရေးသတင်းကို ကျားဖြူစစ်ကြောင်းကအတည်ပြုဖော်ပြပါတယ်။


"ဧပြီ၁၆ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီလက်အောက်ခံ အောင်ဇေယျစစ်ကြောင်း တည်ရှိရာ အာရှလမ်းမပေါ်ရှိ တံတားကူးနေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)လက်အောက်ခံ 

ကျားဖြူစစ်ကြောင်း ဒရုန်းတပ်ဖွဲ့မှ ကြိမ် drop ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက် အကျအဆုံးများပြီး ၁၅ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းသိရပါတယ်။


========================


🚩🚩၂။ ပခုက္ကူ မြို့နယ်ညောင်ဂျစ်ပင်နှင့် ကန်တော်ရွာကြားသို့ မိုင်းရှင်းလင်းရေး ထွက်ခွာလာသော စကစများအား မိုင်းပွိုင့် ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်


ဧပြီလ ၁၉ရက်။

ပခုက္ကူ မြို့နယ်ညောင်ဂျစ်ပင်နှင့် ကန်တော်ရွာကြားသို့ မိုင်းရှင်းလင်းရေး ထွက်ခွာလာသော စကစများအား မိုင်းပွိုင့် ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။


ဧပြီလ ၁၉ရက် မွန်းလွဲ နာရီအချိန်တွင် ညောင်ဂျစ်ပင်နှင့် ကန်တော်ရွာကြားသို့ မိုင်းရှင်းလင်းရေး ထွက်ခွာလာသော စကစတပ်များအား မိုင်းပွိုင့် ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်က ဦး နေရာတွင် လဲကျသွားပြီး ကျန်စကစတပ်များမှာလည်း ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။


တိုက်ခိုက်မှုတွင် မြိုင်ပကဖ Black Cobra PKU Thurein DMG ဓါးမင်းကြီး အဖွဲ့/ ပခုက္ကူခရိုင် တပ်ခွဲ-၁၀ နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ( ၁၉ ရက်) တို့ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


အလားတူ ဧပြီလ ၁၈ရက်ညနေပိုင်းကလည်း မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်မှ ထွက်ခွာလာသော စကစယာဥ်တန်း အစီးရေ ၇၀ ခန့်ပါ  ယာဥ်များအား ဒရုန်းဗုံးသီးများ ၁၀ လုံးခန့်ဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့ပါတယ်။

ကာကွယ်ရေးအဖွဲ့များမှ ၆၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စကစနဲ့ပျူ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။


========================


🚩🚩၃။ တောင်ငူ-လိပ်သို-သံတောင်လမ်းပိုင်းက စစ်စခန်း ခုကိုစနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ စစ်သား ဦးသေဆုံး 


ဧပြီလ ၁၉ရက်။

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ တောင်ငူ-လိပ်သို-သံတောင်လမ်းပိုင်းမှာ တပ်စွဲနေတဲ့ စစ်စခန်း ခုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ People Defence Force - Thandaung က ပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ နာရီ ၅၀ မိနစ်ခန့်အချိန်က တောင်ငူ-လိပ်သိုလမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကျောက်လုံးကြီးစခန်းကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သားတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ထို့အတူ ဧပြီလ ၁၇ ရက်နေ့ မနက် နာရီ ၂၅ မိနစ်ခန့်မှာလည်း တောင်ငူ-သံတောင်လမ်းပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ မိုင်စခန်းကုန်းကို စနိုက်ပါနဲ့ ထပ်မံပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က တပ်ကြပ်ကြီး ဦးအပါအဝင် ဦး သေဆုံးပြီး တပ်ခွဲမှူး တဦး ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။

People Defence Force – Thandaung အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုက်ခိုက်ထားတာရှိပြီး ထိခိုက် သေဆုံးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို People Defence Force Thandaung (တောင်ငူခရိုင်တပ်မဟာ ၊တပ်ရင်း၅ လက်အောက်ခံ) အဖွဲ့ ရဲ့ စနိုက်ပါတပ်သားတွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၄။ ထိုင်းလေတပ်က F-16 တိုက်လေယာဉ်၂စင်း မဲဆောက်-မြဝတီနယ်စပ်တလျှောက် ကင်းလှည့်


ဧပြီလ ၁၉ရက်။

မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ မြဝတီ-မဲဆောက် နယ်စပ်တလျောက်မှာ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းနဲ့ ကင်းလှည့်ပျံသန်းမှုတွေလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ထိုင်းတော်ဝင်လေတပ်ဟာ ၎င်းတို့ပိုင်နက်ကိုကာကွယ်ဖို့ တိုက်ခိုက်ရေးကင်းထောက်အဖြစ် F-16 တိုက်လေယာဉ် ၂စင်းနဲ့ ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းမှာ တာ့ခ်ခရိုင်အတွင်းက ထိုင်း-မြန်မာနယ်စပ်တလျှောက် စေလွှတ်ပျံသန်းစေခဲ့တာလို့  Maesot News Agency ကလည်း ဖော်ပြထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ ၎င်းတို့ရပ်တည်ချက်ကို ပြသဖို့နဲ့ အချုပ်အခြာပိုင်နက်ကိုကာကွယ်ဖို့ F-16 တိုက်လေယာဉ် ၂စင်းအသုံး ပြုပြီး ပျံသန်းစေခဲ့တာလို့လည်း သိရပါတယ်။  

မြဝတီမြို့ရဲ့ စစ်ရေးအခြေအနေဟာ လက်ရှိအချိန်မှာတည်ငြိမ်နေပေမယ့် စစ်ရှုံးထားတဲ့ စစ်ကောင်စီက မြဝတီမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကူတွေ ဆက်တိုက်ပေးပို့လျက်ရှိပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခံရမှုခံနေရပြီး သံချပ်ကာယာဉ် အနည်းဆုံး ၂စီး ပျက်စီးဆုံးရှုံးထားတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တာကြောင့် ကော့ကရိတ်မြို့အနီးက ဒေါနတောင်ခြေမှာရပ်တန့်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment