23rd APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGလူသားစာနာဝန်ကြီးဌာနကလစဥ် စစ်ရှောင်ဦးရေနှစ်သိန်းရှစ်သောင်းကျော်ကို အရေးပေါ်ထောက်ပံ့မှုများလုပ်ဆောင်ခဲ့

📌 ၂။ IDEAရဲ့ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်ခဲ့

📌 ၃။ မြန်မာငွေကျပ်သိန်း၁၅၀ ဟာဝန်ကြီးဌာနအသုံးစရိတ်ဖြစ်ပြီး ဝန်ထမ်းများနှင့်CDMဝန်ထမ်းများအတွက် ကျခံသုံးစွဲခြင်းသာဖြစ်

📌 ၄။ International IDEA အဖွဲ့မှ Marcus Brand နဲ့ NUG နော်ဝေကိုယ်စားလှယ်နှင့် CRPH Supporting Group မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


၂၀၂၄ ခုနှစ် ဧပြီလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ "ထိုးစစ်ဆင်နွှဲ အညာအောင်ပွဲ" ကမ်ပိန်းမှာ သိန်းနဲ့အထက်ကူတဲ့သူတိုင်းကို drop bomb ဗုံးသီးမှာ မိမိရေးထိုးချင်တဲ့ အမည် သို့ စာသားကို ရေးပြီး ကိုယ်တိုင်တိုက်ပွဲဝင်လို့ရကြောင်းသတင်းစကားပါး

🚩 ၂။ အကြမ်းဖက်စကစရဲ့စစ်အရာရှိတွေနဲ့ ရဲ အရာရှိ ရာထူး အဆင့်ဆင့် ကျဆုံးမှုမှာ ၂၀၂၄ ခုနစ် ပထမ () တာအတွင်း စုစုပေါင်း (၄၀၉) ဦး အထိရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================


📌📌 ၁။ NUGလူသားစာနာဝန်ကြီးဌာနကလစဥ် စစ်ရှောင်ဦးရေနှစ်သိန်းရှစ်သောင်းကျော်ကို အရေးပေါ်ထောက်ပံ့မှုများလုပ်ဆောင်ခဲ့


ဧပြီ၂၃ရက်


NUGလူသားစာနာဝန်ကြီးဌာနကလစဥ် စစ်ရှောင်ဦးရေနှစ်သိန်းရှစ်သောင်းကျော်ကို အရေးပေါ်ထောက်ပံ့မှုများလုပ်ဆောင်ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


ဧပြီလအတွင်းအမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း () နှစ်ပြည့် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်သူသို့ အစီရင်ခံရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါတယ်။


"အခုအခါမှာ စာရင်းဇယားတွေအရနေရပ်စွန့်ခွာရသူတွေဟာ၂.၈သန်းအထိရှိလာပြီဖြစ်ပါတယ်။ကျနော်တို့NUGလူသားစာနာဝန်ကြီးဌာနကပျမ်းမျှလစဥ် စစ်ရှောင်ဦးရေနှစ်သိန်းရှစ်သောင်းခြောက်ထောင့်တရာခန့်ကို ထောက်ပံ့ခဲ့ပါတယ်။တချို့လတွေမှာ လူဦးရေသုံးသိန်းခွဲလောက်အထိထောက်ပံ့ရတာရှိပါတယ်။ဒါကအရေးပေါ်ထောက်ပံ့ရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်စစ်ရှောင်ပြည်သူများပိုမိုများပြားလာ၍ ထောက်ပံ့မှုများလိုအပ်နေပြီး နိူင်ငံတကာအကူအညီများလည်းလိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


========================


📌📌 ၂။ IDEAရဲ့ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်ခဲ့


ဧပြီ၂၃ရက်


IDEAရဲ့ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဧပြီလအတွင်း အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကအသိပေးဆိုထားပါတယ်။


"IDEA မှ "မသန်စွမ်းသူများ ပေါင်းစည်းရေး မဟာဗျူဟာ" တွင် ပါဝင်ခဲ့တယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင်အမျိုးသမီးနှင့်ကလေးငယ်များကို ကူညီထောက်ပံ့မှုတို့အပြင် သက်မွေးပညာသင်တန်းများကိုပါဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ မြန်မာငွေကျပ်သိန်း၁၅၀ ဟာဝန်ကြီးဌာနအသုံးစရိတ်ဖြစ်ပြီး ဝန်ထမ်းများနှင့်CDMဝန်ထမ်းများအတွက် ကျခံသုံးစွဲခြင်းသာဖြစ်


ဧပြီ၂၃ရက်


မြန်မာငွေကျပ်သိန်း၁၅၀ ဟာဝန်ကြီးဌာနအသုံးစရိတ်ဖြစ်ပြီး ဝန်ထမ်းများနှင့်CDMဝန်ထမ်းများအတွက် ကျခံသုံးစွဲခြင်းသာဖြစ်တယ်လို့ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။


ဧပြီလအတွင်း နွေဦးမှန်ကူကွက်များအစီအစဥ်၁၈မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကထည့်သွင်းပြောပါတယ်။


"NUGရဲ့အခန်းကဏ္ဍာကိုတမင်သက်သက်မှေးမိန်အောင်လုပ်ချင်တဲ့လူအချို့လည်းရှိမှာပေါ့။ဒီလိုလူတွေကတော့ တမင်သက်သက်ကို ပြည်သူနဲ့NUGကိုခွဲမယ်။တိုင်းရင်းသားတွေနဲ့ NUGကိုခွဲမယ်။ကျပ်သိန်း၁၅၀ဆိုတဲ့စွပ်စွဲတဲ့ကိစ္စကလည်း ကျနော်နားလည်သလောက်ဘယ်ဝန်ကြီးကိုမှ လခပေးထားတာမရှိပါဘူး။သိန်း၁၅၀ဆိုတာဝန်ကြီးဌာနကိုပေးတာ ဒါကိုဝန်ကြီးဌာနကပြန်စီမံခန့်ခွဲတာ။ဒါက ဝန်ထမ်းတွေ၊CDMဝန်ထမ်းတွေကိုပြန်လည်အသုံးပြုတာဖြစ်တယ်။သေချာတာ ဝန်ကြီးတပါးကို သိန်း၁၅၀ဆိုပြီးလျှောက်ပြီးရေးနေ၊ပြောနေတာလုံးဝမဟုတ်ဘူး"လို့ဆိုပါတယ်။


လက်ရှိမှာ လူမှုကွန်ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအား သတင်းတု၊သတင်းယောင်များနှင့်တိုက်ခိုက်လျက်ရှိပြီးတော့ တရားဝင်သတင်းထုတ်ပြန်ချက်များကို ဘလူးမတ်အမှန်ခြစ်ပါသော အမျိုးသားညီညွတ်ရေးအစိုးရ လူမှုကွန်ရက်စာမျက်နှာကသာထုတ်ပြန်လေ့ရှိပါတယ်။


========================


📌📌 ၄။ International IDEA အဖွဲ့မှ Marcus Brand နဲ့ NUG နော်ဝေကိုယ်စားလှယ်နှင့် CRPH Supporting Group မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


ဧပြီ၂၃


International IDEA အဖွဲ့မှ Marcus Brand နဲ့ NUG နော်ဝေကိုယ်စားလှယ်နှင့် CRPH Supporting Group မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့ပါတယ်။


ဧပြီ၂၃ရက် NUG နော်ဝေကိုယ်စားလှယ်ရုံးကတရားဝင်သတင်းထုတ်ပြန်ပါတယ်။


နော်ဝေနိူင်ငံ မြို့တော်အော်စလိုမှာ Peace Research Institute Oslo (PRIO) က ကြီးမှူးကျင်းပတဲ့  "Myanmar Roundtable: Artistic Practices after the Coup"  ပွဲအပြီးမှာ International IDEA အဖွဲ့က Marcus Brand (Head of Programme, Myanmar ) နဲ့ နော်ဝေနိုင်ငံဆိုရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ CRPH Support Group, Norway ရဲ့ အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းတို့နဲ့အတူ မြန်မာပြည်အရေးကိစ္စတွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဖော်ပြပါတယ်။


(Marcus Brand) က  နော်ဝေ CRPH Group ရဲ့ လှုပ်ရှားမှုတွေကိုသိရှိစိတ်ဝင်စားကာစောင့်ကြည့်နေပြီးရှေ့လျောက် မြန်မာအရေးနှဲ့ပါတ်သက်လို့ တတ်နိူင်တဲ့ဖက်က ပူးပေါင်းဆောင်ရွက်ဖို့ပြောကြားခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ "ထိုးစစ်ဆင်နွှဲ အညာအောင်ပွဲ" ကမ်ပိန်းမှာ သိန်းနဲ့အထက်ကူတဲ့သူတိုင်းကို drop bomb ဗုံးသီးမှာ မိမိရေးထိုးချင်တဲ့ အမည် သို့ စာသားကို ရေးပြီး ကိုယ်တိုင်တိုက်ပွဲဝင်လို့ရကြောင်းသတင်းစကားပါး


ဧပြီ၂၃


"ထိုးစစ်ဆင်နွှဲ အညာအောင်ပွဲ" ကမ်ပိန်းမှာ သိန်းနဲ့အထက်ကူတဲ့သူတိုင်းကို drop bomb ဗုံးသီးမှာ မိမိရေးထိုးချင်တဲ့ အမည် သို့ စာသားကို ရေးပြီး ကိုယ်တိုင်တိုက်ပွဲဝင်လို့ရကြောင်းသတင်းစကားပါးလိုက်ပါတယ်။


ဧပြီ၂၃ရက်မှာ ရွှေဘိုခရိုင် အမှတ် () တပ်ရင်းကအသိပေးဖော်ပြပါတယ်။


"တော်လှန်နှစ်သစ်မှာ ထိုးစစ်တွေ စတင်နိုင်ဖို့၊ အောင်ပွဲတွေ အရယူနိုင်ဖို့ ရွှေဘိုခရိုင် အမှတ် () တပ်ရင်းက ကိုယ်ပိုင်ထုတ်လုပ်ရေးနှင့်အတူ Drone mission တွေအတွက် ပြင်ဆင်နေပါတယ်။Drop Bomb တွေဟာ လက်နက်ကြီးပစ်ကူအနေနဲ့ အရေးပါသလို တစ်ဖက်ရန်သူတွေရဲ့ စိတ်ဓာတ်ကိုပါ ပျက်ပြားစေတာမို့ မြို့ပြတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေအတွက် အထောက်အကူ အများကြီး ဖြစ်ရပါတယ်။"ထိုးစစ်ဆင်နွှဲ အညာအောင်ပွဲ" ကမ်ပိန်းမှာ သိန်းနဲ့အထက်ကူတဲ့သူတိုင်းကို drop bomb ဗုံးသီးမှာ မိမိရေးထိုးချင်တဲ့ အမည် သို့ စာသားကို ရေးပြီး ကိုယ်တိုင်တိုက်ပွဲဝင်လို့ရတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်"လို့ဖော်ပြပါတယ်။


ကမ်ပိန်းမှာပါဝင်တဲ့ပြည်သူတိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဖော်ပြပေးချင်ပေမယ့် ဗုံးသီးတစ်ခုတည်း မဟုတ်ပဲ ကျည်၊ ခဲ၊ယမ်း၊မီးကျောက် စတာတွေမှာ ဖြည့်တင်းနိုင်ဖို့အတွက် ဘက်ဂျက်ကို မျှဝေသုံးစွဲရမှာဖြစ်တာမို့ အရေအတွက်ကန့်သတ်ချက်ရှိတယ်လို့လည်းအသိပေးဆိုပါတယ်။


ပါဝင်ဖို့အတွက် ထိုးစစ်ဆင်နွှဲအညာအောင်ပွဲ page နဲ့ သက်ဆိုင်ရာ Fundraiser တွေဆီမှာ အညာအောင်ပွဲ အတွက်လို့ ပြောပြီး ပါဝင်လို့ရပြီဖြစ်ပါတယ်။


========================


🚩🚩 ၂။ အကြမ်းဖက်စကစရဲ့စစ်အရာရှိတွေနဲ့ ရဲ အရာရှိ ရာထူး အဆင့်ဆင့် ကျဆုံးမှုမှာ ၂၀၂၄ ခုနစ် ပထမ () တာအတွင်း စုစုပေါင်း (၄၀၉) ဦး အထိရှိလာ


ဧပြီ၂၃


အကြမ်းဖက်စကစရဲ့စစ်အရာရှိတွေနဲ့ ရဲ အရာရှိ ရာထူး အဆင့်ဆင့် ကျဆုံးမှုမှာ ၂၀၂၄ ခုနစ် ပထမ () တာအတွင်း စုစုပေါင်း (၄၀၉) ဦး အထိရှိလာပါတယ်။


ဧပြီလအတွင်းမှာ စစ်ရေးအခြေအနေကိုသုံးသပ်ဖော်ပြနေတဲ့ PDFInsightကဖော်ပြပါတယ်။


စစ်အရာရှိတွေနဲ့ ရဲ အရာရှိ ရာထူး အဆင့်ဆင့် ကျဆုံးမှုကို ကြည့်ရင် ၂၀၂၄ ခုနစ် ပထမ () တာမှာ စုစုပေါင်း (၄၀၉) ဦး ရှိပါတယ်။  မိုးမောက်မှာ တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး၊ ကျောက်တော်မှာ စကခ () မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (အရှင်ဖမ်းမိ)၊မြဝတီမှာ တပ်မ (၄၄) မှူး ဗိုလ်မှူးချုပ် အေးမင်းနောင် ရဟတ်ယာဉ်ပစ်ချခံရမှုမှာ သေဆုံး၊ပလက်ဝ မှာ စကခ (၁၉) မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ပျောက်ဆုံး၊လောက်ကိုင်မှာ စကခ (၁၆) မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး လက်နက်ချ၊ လောက်ကိုင်မှာ စကခ (၁၄) မှူး ဗိုလ်မှူးချုပ် အေးမင်းဦး လက်နက်ချ၊လောက်ကိုင်မှာ စကခ (၁၂) မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း လက်နက်ချ၊ 

- လောက်ကိုင်မှာ တပ်မ (၅၅) မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း လက်နက်ချ၊ လောက်ကိုင်မှာ ဗိုလ်မှူးချုပ် မိုးကျော်သူ လက်နက်ချ၊ 

- လောက်ကိုင်မှာ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် လက်နက်ချ တို့ ဖြစ်ပွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ရန်သူ အရာရှိ ပြုန်းတီးရာ ဒေသကို ကြည့်ပါကရှမ်း၊ ရခိုင် စစ်ကိုင်း တို့မှာ အများဆုံး ဖြစ်ပွားခဲ့ပြီး တောင်တန်း နဲ့ မြေပြန့် ဒေသ () ခု လုံးမှာ ပြုန်းတီးနေတာ သိသာထင်ရှားတယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment