23rd APR 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဧပြီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တရားရေးဝန်ကြီးဌာနလက်အောက်တွင် ဆောင်ရွက်လုပ်ကိုင်နေကြသော ဝန်ထမ်းများအနေဖြင့် ညီညွတ်စွာလက်တွဲဆောင်ရွက်နိုင်ရန် အလွန် အရေးကြီးတယ်လို့ တရားရေးဝန်ကြီးပြော

📌 ၂။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို  လူသားဒိုင်းသဖွယ် လုပ်ဆောင်နေတာကို သတိချပ်ဖို့ လူအခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတိုက်တွန်းပြောကြား

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၄။ ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာ တော်လှန်သင်္ကြန်ပွဲတော်မှ ရရှိသော အလှူငွေများထဲမှ စစ်ဘေးရှောင်များကိုလှူဒါန်း

📌 ၅။ စစ်ကောင်စီအား တရားဝင်မှုပေးတဲ့ စကားရပ်များ သုံးနှုန်းခဲ့တဲ့ ထိုင်းအစိုးရကို အရပ်ဖက်အဖွဲ့အစည်း ၃၁၂ ဖွဲ့မှ အိတ်ဖွင့်စာ ပေးပို့

📌 ၆။ စကစရဲ့အကြမ်းဖက်စစ်တပ်များကုန်းကြောင်း၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် စစ်ဘေးရှောင်သူများပိုမိုများပြားလာ


၂၀၂၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြဝတီမြို့ အမှတ် () တံတား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ထက်မနည်း သေဆုံးပြီး တပ်မ (၄၄) တပ်မမှူး အပါအဝင် ၃၀ ထက်မနည်း ဒဏ်ရာရဟု KNU ထုတ်ပြန်

🚩 ၂။ ကောလင်းမြို့ အရှေ့ခြမ်းက တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး သေဆုံး

🚩 ၃။ ကရင်ပြည်နယ် ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ  အဆိပ်ငွေ့ပါဝင်သည့် drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ့ရဲဘော်များ မူးဝေ၊အော့အန်မှုတို့ဖြစ်ပေါ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားရေးဝန်ကြီးဌာနလက်အောက်တွင် ဆောင်ရွက်လုပ်ကိုင်နေကြသော ဝန်ထမ်းများအနေဖြင့် ညီညွတ်စွာလက်တွဲဆောင်ရွက်နိုင်ရန် အလွန် အရေးကြီးတယ်လို့ တရားရေးဝန်ကြီးပြော


ဧပြီလ ၂၂ရက်။

တရားရေးဝန်ကြီးဌာနလက်အောက်တွင် ဆောင်ရွက်လုပ်ကိုင်နေကြသော ဝန်ထမ်းများအနေဖြင့် ညီညွတ်စွာလက်တွဲဆောင်ရွက်နိုင်ရန် အလွန် အရေးကြီးတယ်လို့ တရားရေးဝန်ကြီးဦးသိန်းဦးကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (/၂၀၂၄) အခမ်းအနားကို ဧပြီလ၁၂ရက်မှာ ကျင်းပရာ တရားရေးဝန်ကြီးဦးသိန်းဦးတက်ရောက်ခဲ့ပါတယ်။


"ယခုဆိုလျှင် မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှာ နယ်မြေများစွာ စိုးမိုးအနိုင်ယူထားပြီး အသာစီးရနေပြီဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်အနေဖြင့် မိမိတို့အားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်သောကြောင့် ရည်မှန်းချက်ပန်းတိုင်  ရောက်ရှိရေးအတွက် ဘုံလုပ်ငန်းစဉ်များဆောင်ရွက်ကြရာတွင် မတူကွဲပြားခြားနားသော အကောင်အထည်ဖော်မှုများကို ကြုံတွေ့နေရကြောင်း၊  လွတ်လပ်သော တရားစီရင်ရေးစနစ်တည်ထောင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒီမိုကရေစီစနစ်၏ ဒေါက်တိုင်ဖြစ်သော ဌာနများကိုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်နိုင်ရေးအတွက် မိမိတို့တရားရေးဝန်ကြီးဌာနသည် အဓိကနေရာတွင် ပါဝင်နေသောကြောင့် မိမိတို့တရားရေးဝန်ကြီးဌာနလက်အောက်တွင် ဆောင်ရွက်လုပ်ကိုင်နေကြသော ဝန်ထမ်းများအနေဖြင့် တိုင်တိုင်ပင်ပင်နှင့် ညီညွတ်စွာလက်တွဲဆောင်ရွက်နိုင်ရန် အလွန် အရေးကြီးသောကြောင့် ဝန်ကြီးဌာနအတွင်းရှိ ဌာနများအားလုံးစည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း"ဝန်ကြီးကပြောပါတယ်။


ဆက်လက်၍  ဥပဒေတာဝန်ခံများမှ မြို့နယ်များအတွက် လိုအပ်သော ဥပဒေတာဝန်ခံများ ခန့်အပ်ပေးနိုင်ရေးကိစ္စ၊ အကျဉ်းသားများကိစ္စ၊ သင်တန်းရေးရာကိစ္စ၊ Non-CDMကိစ္စများနှင့် အယူခံ/ပြင်ဆင်ကိစ္စရပ်များ ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်ဦးအားမာန်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြေပြင် ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၉)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂)ဦး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီက ရိုဟင်ဂျာတွေကို  လူသားဒိုင်းသဖွယ် လုပ်ဆောင်နေတာကို သတိချပ်ဖို့ လူအခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတိုက်တွန်းပြောကြား


ဧပြီလ ၂၂ရက်။

စစ်ကောင်စီက ရိုဟင်ဂျာတွေကို  လူသားဒိုင်းသဖွယ် လုပ်ဆောင်နေတာကို သတိချပ်ဖို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက တိုက်တွန်းပြောပါတယ်။


ဧပြီလအတွင်းမှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကအသိပေးပြောပါတယ်။


"စကစက ဒီလိုအတင်းအကျပ်လုပ်ရပ်တို့ကို တုန့်ပြန်နိုင်တဲ့ အခြေအနေက ရိုဟင်ဂျာတွေဆီမှာ ရှိမနေဘူး။ ရိုဟင်ဂျာတွေအနေနဲ့ ဒီလိုစိန်ခေါ်မှု၊အကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာ အကောင်းဆုံးကြိုးစားပြီး ဓမ္မဘက်က ရပ်တည်ဖို့လိုပါတယ်။စစ်ကောင်စီက ရိုဟင်ဂျာတွေကို နှစ်ပေါင်း ၇၀ ကျော်အသွင်သန္ဍာန်မျိုးစုံနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို အဓိကဦး

ဆောင်ကျုးလွန်ခဲ့ကြသူတွေဖြစ်ပြီး အခုစစ်ရှုံးပြေးစရာမရှိတော့မှ စာနာသလို လူသားဒိုင်းသဖွယ် လုပ်ဆောင်နေတာကို သတိချပ်ပါ"လို့ ဒုဝန်ကြီးကဆိုပါတယ်။


ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများကို ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မစုဆောင်းမှုများရှိနေပြီး အရပ်သားများကို ညှင်းပန်းဖမ်းဆီးမှုများလည်းရှိနေပါတယ်။ 


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


 ဧပြီလ  ၂၂  ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၅/၂၀၂၄)ကို ဧပြီလ၂၂ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာ တော်လှန်သင်္ကြန်ပွဲတော်မှ ရရှိသော အလှူငွေများထဲမှ စစ်ဘေးရှောင်များကိုလှူဒါန်း


ဧပြီလ ၂၂ရက်။

ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာ တော်လှန်သင်္ကြန် ပွဲတော်မှ ရရှိသော အလှူငွေများထဲမှ စစ်ဘေးရှောင်များကိုလှူဒါန်းခဲ့တယ်လို့ ဧပြီလ ၂၂ရက်မှာ ချက်နိုင်ငံNUGကိုယ်စားလှယ်ရုံးကအသိပေးဖော်ပြပါတယ်။


ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာ တော်လှန်သင်္ကြန် စစ်ဘေးရှောင် ရံပုံငွေ စျေးရောင်းပွဲတော်မှ ရရှိသော အလှူငွေ ကျပ် သိန်း ,၂၉၁,၇၁၆ ကျပ်ထဲမှ စစ်ကိုင်းတိုင်းဒေသတွင်း ယင်းမာပင်မြို့နယ်တွင်းက စစ်ဘေးရှောင်များအတွက် ကျပ် ၄၁ သိန်းတန်ဘိုးရှိ ဆန် ရိက္ခာများအား မြေပြင်မှာလှူဒါန်းနိုင်တယ်လို့ဖော်ပြပါတယ်။


ရံပုံငွေ စျေးရောင်းပွဲတော်မှာ ပါ၀င် အားဖြည့်ခဲ့ကြတဲ့ ချက်-မြန်မာ-နိုင်ငံတကာမိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ အဖက်ဖက်က ပါ၀င်ခဲ့ကြသူများအားလုံးကို ဦးဆောင်ကျင်းပသူများက အထူးပဲ ကျေးဇူးတင်ကြောင်းလည်း ပြောဆိုထားပါတယ်။ 


ချက်သမ္မတ နိုင်ငံမြို့တော် ပရာဟာတွင် ချက်နိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာမိသားစုများစုစည်းကျင်းပခဲ့ကြတဲ့ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာ သင်္ကြန်ပွဲကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီအား တရားဝင်မှုပေးတဲ့ စကားရပ်များ သုံးနှုန်းခဲ့တဲ့ ထိုင်းအစိုးရကို အရပ်ဖက်အဖွဲ့အစည်း ၃၁၂ ဖွဲ့မှ အိတ်ဖွင့်စာ ပေးပို့


ဧပြီလ ၂၂ ရက်။


Radio NUG


ထိုင်း အစိုးရရဲ့ ထုတ်ပြန်ချက် တစ်ခုမှာ စစ်ကောင်စီအား တရားဝင်မှုပေးတဲ့ စကားရပ်များကို သုံနှုန်း ထုတ်ပြန်ခဲ့တဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း မြန်မာ၊ ထိုင်းနဲ့ နိုင်ငံတကာမှ အရပ်ဖက်အဖွဲ့အစည်း ၃၁၂ ဖွဲ့တို့က ထိုင်း နိုင်ငံခြားရေး ဝန်ကြီးထံ ဧပြီလ ၂၁ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ယခင် နိုင်ငံတော် အတိုင်ပင်ခံ ဟောင်းနှင့် ယခင် သမ္မတဟောင်း အဖြစ် သတ်မှတ် ညွန်းဆိုထားတဲ့ စာတစ်စောင်ကို ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။


အဲ့ဒီ ထုတ်ပြန်ချက်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ တရားမဝင် လုပ်ရပ်ကို ထိုင်းအစိုးရက တရားဝင်ဖြစ်အောင် ထောက်ခံအားပေးမှုဖြစ်ကြောင်း၊ စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိ အမှတ်ပြုတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ရပ်တန့်ပေးဖို့ ထိုင်းဘုရင့်အစိုးရကို တိုက်တွန်းကြောင်း အဆိုပါ အိတ်ဖွင့် ပေးစာမှာ ဖော်ပြထားပါတယ်။


ဒါဟာ အာဆီယံရဲ့ ရပ်တည်ချက်၊ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ၂၆၆၉ တို့နဲ့ ဆန့်ကျင်နေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံညှိနှိုင်းရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ဆက်ပြီး စာရင်းသွင်းထားတဲ့အပြင် ဘယ်နေရာမှာမှယခင် နိုင်ငံတော် အတိုင်ပင်ခံဟောင်းလို့ ရည်ညွန်းသုံးနှုန်းထားတာ မရှိဘူးလို့ ထောက်ပြထားပါတယ်။


ထို့ကြောင့်ယခင်ဆိုတဲ့ အသုံးအနှုန်းကို ပယ်ချကြောင်းနဲ့ အခုလို သုံးနှုန်းတာက ဒီမိုကရေစီမူတွေနဲ့ ဆန့်ကျင်နေသလို မြန်မာစစ်တပ်ရဲ့ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှုကို ငြင်းပယ်တဲ့ မြန်မာလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ရာလည်း ရောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 


ထို့အပြင် ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ၎င်းတို့ရဲ့ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ထားကြောင်း ဖော်ပြပြောဆိုထားမှုမှာလည်း မှားယွင်းနေကြောင်း ထိုင်းအစိုးရကို အသိပေးထားပါတယ်။


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သမ္မတတို့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပေမယ့် ဘယ်ကိုပြောင်းရွှေ့ခဲ့လည်း ဆိုတာကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်းလည်း မရှိသေးပါဘူး။

ထိုကိစ္စနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူကို တော်လှန်ရေး အင်အားစုများရဲ့ တိုက်ခိုက်မှုအတွက် လူသားဒိုင်း အဖြစ် စစ်ကောင်စီက အသုံးပြုမှာကို စိုးရိမ်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ်က  ဗြိတိန်အခြေစိုက် Independent သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၆။ စကစရဲ့အကြမ်းဖက်စစ်တပ်များကုန်းကြောင်း၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် စစ်ဘေးရှောင်သူများပိုမိုများပြားလာ


ဧပြီလ ၂၂ရက်။

စကစရဲ့အကြမ်းဖက်စစ်တပ်များကုန်းကြောင်း၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် စစ်ဘေးရှောင်သူများပိုမိုများပြားလာတယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ် () တံတားအနီး ဧပြီလ ၁၉ ရက်နေ့ ညပိုင်းအချိန်မှ စတင်ခဲ့သည့် အကြမ်းဖက်စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေပြီး အဆိုပါတိုက်ပွဲများကြား တိမ်းရှောင်ကြသော အရပ်သားပြည်သူများမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


၎င်းပြင် စစ်အုပ်စုက မြဝတီမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာ၍ ထိုင်း-မြန်မာနယ်စပ်သို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြပြီး နယ်စပ်တလျှောက် စစ်ဘေးရှောင် အရေအတွက်မှာ တိုးမြင့်လာတယ်လို့ဆိုပါတယ်။ 


အလားတူ ရခိုင်ပြည်နယ်၌ စစ်အုပ်စုက လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေသည့်အပြင် မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့နှင့် ကျောက်တော်မြို့နယ်ကို ဧပြီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် စစ်အုပ်စုက ရေကြောင်းအပြင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားများမှာ ထွက်ပြေးနေရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထို့ပြင် အရပ်သားများ နေထိုင်ရာ ဒေသများကို စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး၍ အရပ်သားပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ ဧပြီလ ၂၀ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စိန်ကျောင်းကျေးရွာကို အင်အား ၂၀၀ ခန့် ပါဝင်သော စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များကို မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ နီးပါး မီးလောင် ပျက်စီးခဲ့သည့်အပြင် အဆိုပါစစ်ကြောင်းသည် တစ်ရွာဝင် တစ်ရွာထွက် စီးနင်းနေသောကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ၂၀၀၀ နီးပါးမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြဝတီမြို့ အမှတ် () တံတား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ထက်မနည်း သေဆုံးပြီး တပ်မ (၄၄) တပ်မမှူး အပါအဝင် ၃၀ ထက်မနည်း ဒဏ်ရာရဟု KNU ထုတ်ပြန်


ဧပြီလ ၂၂ ရက်။

Radio NUG


ကရင်ပြည်နယ်၊ မြဝတီမြို အမှတ်() ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတား တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးပြီး တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက် အပါအဝင် ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အသိပေးထုတ်ပြန်ပါတယ်။


မြဝတီ မြို့စောင့်တပ် ခလရ (၂၇၅) မှ စခန်း စွန့်ခွာပြီး အဆိုပါ အမှတ် () တံတား အောက်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဧပြီလ ၁၉ ရက် နာရီ ခန့်က စတင်ပြီး KNLA  ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


နာရီပေါင်း ၃၆ နာရီအကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ ၂၁ ရက်နေ့ မနက် နာရီခန့်မှာ ပစ်ခတ်မှု ရပ်ခဲ့ပြီး မနက် နာရီခန့်မှာ ယာယီဆုတ်ခွာခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ၊ စစ်သည် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက် အပါအဝင် တပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထို့အပြင် မြဝတီမြို့ကို စစ်ကူပေးဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုလည်း KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ယာဉ် စီး၊ စစ်သုံးကား စီး၊ ပွိုင့်ဖိုက် တစ်လက်နဲ့ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီး တစ်ဦးနဲ့ ဗိုလ်လေး တစ်ဦး အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ KNU က ထပ်မံထုတ်ပြန် ထားပါတယ်။


စစ်ကောင်စီ တပ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာ ခရိုင်၊ ကော့ကရိတ် မြို့နယ်၊ မြဝတီမြို့ကို ပြန်လည်ရရှိစေရန်အောင်ဇေယျအမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတရပ် ဖော်ဆောင်ပြီး လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ များဖြင့်လည်း နေ့ည မပြတ် ဗုံးကြဲတိုက်ခိုက် နေတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ကောလင်းမြို့ အရှေ့ခြမ်းက တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး သေဆုံး


ဧပြီလ ၂၂ ရက်။

Radio NUG

ကောလင်းမြို့နယ် အရှေ့ခြမ်းက တံဇူးရွာ ဘုရားကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တယ်လို့ ကောလင်းခရိုင် အမှတ် တပ်ရင်း က သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ၂၁ ရက် မနက် နာရီမှ စတင်ပြီး တံဇူးရွာ ဘုရားကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲစတင် ပြင်းထန်ခဲ့ကာ အထိနာသွားတဲ့ စစ်ကောင်စီတပ်က နေ့လည် ၁၂ နာရီခန့်မှာ ကောလင်း မြို့တွင်းမှ စစ်ကူအင်အား ၈၀ ခန့် ထပ်ရောက်လာခဲ့ပြီး ဝန်းသိုရှိ တပ်မှလည်း ဟောင်ဝစ်ဇာ၊ ဒရုန်း ပစ်ကူများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် ညနေ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဒဏ်ရာရ စစ်သားများကို ထမ်းပိုးပြီး ကောလင်းမြို့ အတွင်းကို ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ဆုတ်ခွာသွားပြီးနောက် တော်လှန်‌ရေး ပူးပေါင်းတပ်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ စစ်ကောင်စီ အလောင်း လောင်းနဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း ကောလင်းခရိုင် အမှတ် () တပ်ရင်းမှ ရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရန်သူ့ထံမှ ၆၀ မမ ပြောင်းတို () လက်၊ ၆၀ မမ ဗုံးသီး () လုံး၊ RPG () လုံး၊ အီနာဂါ () လုံး၊ လက်ပစ်ဗုံး () လုံး၊ ကျည်မျိုးစုံ (၂၄၀၀) ကျော်၊ ကျည်အိမ် () ခု၊ စစ်ဦးထုပ် () လုံး၊ စစ်ရေဗူး () လုံး၊ ကျည်ကာ Equipment () ခု သိမ်းဆည်းရမိခဲ့ပါတယ်။


========================


🚩🚩 ၃။ ကရင်ပြည်နယ် ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ  အဆိပ်ငွေ့ပါဝင်သည့် drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ့ရဲဘော်များ မူးဝေ၊အော့အန်မှုတို့ဖြစ်ပေါ်ခဲ့


ဧပြီလ ၂၂ရက်။

ကရင်ပြည်နယ် ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ  အဆိပ်ငွေ့ပါဝင်သည့် drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍  ပြည်သူ့ရဲဘော်များ မူးဝေ၊အော့အန်မှုတို့ဖြစ်ပေါ်ခဲ့တယ်လို့ ဧပြီလ ၂၂ရက်မှာ ကျားဖြူစစ်ကြောင်းက တရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။


"ဧပြီလ ၂၀ရက် အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့် ထိတွေ့တိုက်ပွဲများတွင် အဆိပ်ငွေ့ပါဝင်သည့် drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဖော်ပြပါတယ်။

ယင်းသို့ drop bomb များဖြင့် ကြဲချခြင်းခံရသော ရဲဘော်များသည် အသက်ရှူကြပ်ခြင်း မူးဝေ အော့အန် ခြင်း၊ သွေးပေါင်ချိန်ကျခြင်းနှင့် အမြင်အာရုံဝေဝါးလာပြီး ရုတ်တရက် အင်အားချိနဲ့လာကာ အသက်အန္တရာယ် ထိခိုက်လာနိုင်အထိဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါစကစတပ်ရဲ့ လူမဆန်သော ဥပဒေမဲ့ လုပ်ရပ်များကို အကြမ်းဖက် စစ်ကောင်စီဘက်မှ ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းနှင့်တကွ ကျားဖြူစစ်ကြောင်းကဖော်ပြခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment