10th MAY 2024 - Evening Daily News by Radio NUG

 


၂၀၂၄ မေလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နယူးဇီလန်နိုင်ငံတွင် ကမ္ဘာလွှမ်းခြုံတရားစီရင်မှု အနေဖြင့် မြန်မာအကြမ်းဖက်စစ်အုပ်စုအား စွဲဆိုနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဥပဒေပညာရှင်များနှင့် တွေ့ဆုံ

📌 ၂။ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် Non-CDM ဝန်ထမ်း ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

📌 ၃။ ပူတာအိုခရိုင်မှာ စက်သုံးဆီတွေ အဆမတန်စျေးတင်ရောင်းရင် အရေးယူမယ်လို့ တော်လှန်ရေးပူးပေါင်းတပ် ထုတ်ပြန်

📌 ၄။ ဆင်တူယိုးမှား NUG Payအကောင့်များနဲ့ PDF အဖွဲ့အမည်များ အသုံးချပြီး လိမ်ညာအလှူခံနေသော ဖေ့စ်ဘုတ်အကောင့်များကို အထူးသတိထားရန် နွေဦးလက်ဖက်ရည်ဝိုင်း ထောက်ပို့အဖွဲ့က သတိပေး


၂၀၂၄ ခုနှစ် မေလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မွတ်ဆလင်လူငယ်တွေကို စစ်ကောင်စီနဲ့ ARSA ARA RSO တို့က တပ်သားသစ်အဖြစ် လိမ်လည်စုဆောင်းနေတယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ထုတ်ပြန်ပြောဆို

🚩 ၂။ မောင်တောက ရွာ ရွာကို စစ်တပ်နဲ့ မွတ်ဆလင်အကြမ်းဖက်အချို့ မီးရှို့ဖျက်ဆီးတာကြောင့် အမျိုးသမီးတဦး သေဆုံးကာ အိမ်ခြေ ၇ဝ ကျော် ပျက်စီး

🚩 ၃။ ကျောက်ဖြူမြို့နယ်ထဲက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

🚩 ၄။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာဘောလုံးကစားနေကြသည့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး ပွဲချင်းပြီး သေဆုံး

🚩 ၅။ မုံရွာနယ် တောပုရွာက အမျိုးသမီးပျူခေါင်းဆောင်အပါအဝင် ပျူအမျိုးသမီး ၃ဦး လက်ရဖမ်းမိ 

🚩 ၆။ ဝိုင်းမော်မြို့နယ်ထဲက မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှာရှိတဲ့ တဘတ်ချောင်းကူးတံတားကို စစ်တပ်က ဖောက်ခွဲဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နယူးဇီလန်နိုင်ငံတွင် ကမ္ဘာလွှမ်းခြုံတရားစီရင်မှု အနေဖြင့် မြန်မာအကြမ်းဖက်စစ်အုပ်စုအား စွဲဆိုနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဥပဒေပညာရှင်များနှင့် တွေ့ဆုံ


မေ ၁၀၊ ၂၀၂၄

ရေဒီယို NUG


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ၉ရက်နေ့တွင် နယူးဇီလန်နိုင်ငံရှိ ကမ္ဘာလွှမ်းခြုံတရားစီရင်မှု (UJ) နှင့် စပ်လျဉ်း၍ ကျွမ်းကျင် ဥပဒေပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ၀န်ကြီးဌာန စာမျက်နှာမှာ ရေးသားထားပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံတွင် တရားရင်ဆိုင်နေရသည့် ICJနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ICC သို့အမှုလွှဲပြောင်း စွဲဆိုနိုင်ရေးအတွက်လည်းကောင်း ဆွေးနွေးမှုများ၊ နယူးဇီလန်နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုကျုးလွန်မှုများအား Universal Jurisdiction အရ အရေးယူဆောင်ရွက်နိုင်ရေးအခြေအနေများ နှင့် ပတ်သက်၍ အဆိုပါ ဥပဒေပညာရှင်များထံမှ အကြံပြုချက်ရယူ၍ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။


ထို့ပြင် UJ တရားစီရင်ရေးစနစ်ဖြင့် နယူးဇီလန်နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအား တရားဆွဲဆိုနိုင်ရေးအတွက် အမှုများကို မည်ကဲ့သို့သော ပုံစံမျိုးဖြင့် ဆောင်ရွက်သင့်သည့်နည်းလမ်းများနှင့် ပြင်ဆင်ထားသင့်သည့် အချက်အလက်များ နှင့် စပ်လျဉ်း၍ အကြံပြုချက်များ တောင်းခံခဲ့ရာ၎င်းတို့အနေဖြင့် လိုအပ်သည့် အကြံပြုချက်များ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။


တွေ့ဆုံဆွေးနွေးခဲ့သည့် ဥပဒေပညာရှင်များတွင် နယူးဇီလန်ဝန်ကြီးချုပ်(ဟောင်း) ဖြစ်သူ Sir Geoffrey Palmer နှင့် ICJ တွင် တာဝန်ထမ်းဆောင်ခဲ့သည် တရားသူကြီးချုပ်(ဟောင်း) ဖြစ်သူ Sir Kenneth Keith တို့်လည်း ပါဝင်ခဲ့သည်။


========================


📌📌 ၂။ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် Non-CDM ဝန်ထမ်း ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု


လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် Non CDM ဝန်ထမ်း ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က မေလ ၉ရက် နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ တင်ပြမှုနဲ့ လူသားချင်းစာနာထောက်ထားမှုကို ဦးတည်တဲ့အနေနဲ့ ပြစ်ဒဏ် ကျခံနေတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒုပါမောက္ခချုပ် ဒေါ်သီတာ၊ ဌာနမှူး ဒေါ်ယဉ်ယဉ်နိုင်၊ စီမံဌာနမှူး-ဒေါ်လှလေးမြင့် ပါမောက္ခ ဒေါ်မို့မို့ထွန်းတို့ကို မေလ ရက်ကစပြီး ကရင်နီပြည်နယ် ကြားကာလတရားစီရင် ရေး ဥပဒေပုဒ်မ-၃၂ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ အသိပေးထားပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိက တာဝန်ရှိတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါ အဝင် ဦးကို အမှုဖွင့်တရားစွဲဆို အရေးယူမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ နိုဝင်ဘာမှာ အသိပေးထုတ်ပြန်ခဲ့ပေမယ့် ဒီနှစ် မေလမှာတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာလဲဖြစ်ပါတယ်။

ဒီလူတွေဟာ ကရင်နီ ပူးပေါင်းတပ်တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးဖော်ဆောင်ချိန်မှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်က Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၂၀၀ ကျော်ကို ကရင်နီတပ်များက ကယ်ထုတ်ခဲ့ရာမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။

လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်လာတဲ့ Non CDM ဝန်ထမ်းတွေနဲ့ ၎င်းတို့မိသားစုဝင်တွေကို စုံစမ်းစစ်ဆေးပြီး  စစ်ကောင်စီနဲ့ပတ်သက်မှုမရှိတဲ့သူ ၁၉ဝ ကျော်ကို IEC က ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ ခံဝန်ကတိတွေနဲ့အတူ နယ်နှင် ဒဏ်ပေးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ ပူတာအိုခရိုင်မှာ စက်သုံးဆီတွေ အဆမတန်စျေးတင်ရောင်းရင် အရေးယူမယ်လို့ တော်လှန်ရေးပူးပေါင်းတပ် ထုတ်ပြန်


ကချင်ပြည်နယ်ထဲက ပူတာအိုခရိုင်အတွင်းမှာ စက်သုံးဆီတွေ အဆမတန်စျေးတင်ရောင်းနေတဲ့သူတွေကို အရေးယူမယ်လို့ ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက မေလ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

လုံခြုံရေးအခြေအနေအရ ပူတာအို-မြစ်ကြီးနားလမ်း ယာယီပိတ်ထားတာကို အခွင့်ကောင်းယူပြီး ပူတာအိုခရိုင်အတွင်းမှာ ရှိတဲ့ စက်သုံးဆီလုပ်ငန်းရှင်အချို့ဟာ စက်သုံးဆီတွေကို အဆမတန် စျေးတင်ရောင်းချနေတယ်လို့ ခါကာဘို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ KPF နဲ့ ပူတာအို PDF တို့က ပြောပါတယ်။ 

လက်ရှိအချန်ဟာ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ဖို့ ကျရာတာဝန် ထမ်းဆောင်နေကြတဲ့အချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလို ခက်ခဲကြပ်တည်းနေတဲ့ကာလမှာ ပြည်သူလူထုအပေါ် စီးပွားရေးခေါင်းပုံဖြတ်တာ၊ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး စီးပွားရှာတာတွေမလုပ်ဖို့ ပူတာအိုဒေသက လုပ်ငန်းရှင်တွေကို အသိပေးထားပါတယ်။

အခုလို တော်လှန်ရေးအဖွဲ့တွေရဲ့ အသိပေးမေတ္တာရပ်ခံထားတာကို လိုက်နာမှုမရှိဘဲ ပြည်သူလူထုအပေါ် စီးပွားရေး ခေါင်းပုံ ဖြတ်တာတွေ ဆက်လုပ်နေမယ်ဆိုရင် စက်သုံးဆီလုပ်ငန်းရှင်တွေကို လုပ်ငန်းပတ်ပင်သိမ်းဆည်းတဲ့အထိ အရေးယူမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဒေသခံပြည်သူတွေ လယ်ယာလုပ်ငန်းစတင်ရတော့မယ့်အချိန်မှာ စက်သုံဆီပြတ်လပ်နေတာ ကုန်စျေးနှုန်း ကြီးမြင့်နေတာ တွေကြောင့် လုပ်ငန်းရပ်နားထားရတာတွေရှိနေတယ်လို့ သိရပါတယ်။ 

ဆွမ်ပရာဘွမ်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲစဖြစ်တဲ့ မတ်လ ရက်ကစပြီး မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းကို ပိတ်ထားတာဖြစ်ပါတယ်။


========================


📌📌 ၄။ ဆင်တူယိုးမှား NUG Payအကောင့်များနဲ့ PDF အဖွဲ့အမည်များ အသုံးချပြီး လိမ်ညာအလှူခံနေသော ဖေ့စ်ဘုတ်အကောင့်များကို အထူးသတိထားရန် နွေဦးလက်ဖက်ရည်ဝိုင်း ထောက်ပို့အဖွဲ့က သတိပေး


Radio NUG - မေ၁၀ရက်


ဆင်တူယိုးမှား NUG Payအကောင့်များနဲ့ PDF အဖွဲ့အမည်များ အသုံးချပြီး လိမ်ညာအလှူခံနေသော ဖေ့စ်ဘုတ်အကောင့်များကို အထူးသတိထားရန် ဆန်ဖရန်အခြေစိုက် နွေဦးလက်ဖက်ရည်ဝိုင်း ထောက်ပို့အဖွဲ့က သတိပေးပေးဆိုလိုက်ပါတယ်။


မေလအတွင်းမှာ သူတို့ထောက်ပို့အဖွဲ့ထံသို့ ချည်းကပ်ပြီး လိမ်ညာရန် ကြိုးစားလာမှုများအကြောင်းကို အခြားထောက်ပို့များ အလှူရှင်များ သတိပြုမိစေရန် အမေရိကန် ဆန်ဖရန်အခြေစိုက် နွေဦးလက်ဖက်ရည်ဝိုင်း ထောက်ပို့အဖွဲ့က အသိပေးလိုက်ပါတယ်။


အခု တွေ့ရှိတဲ့ လိမ်ညာနေတဲ့ NUG Pay အကောင့်ကို NUG Pay အဖွဲ့အစည်း၏ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ပြီး စိစစ်အရေးယူမှုများ စတင်နေပြီလုပ်နေပြီလို့ ကြားသိရပါတယ်။


တိုင်ကြားခံထားရတဲ့ လိမ်လည်မှုတခုကတော့ ရဲဘော်သော်သော် () အငယ်လေး၊ ကိုယ်ပိုင်အမှတ် P1 3914004 အမည်ကို သုံးစွဲပြီး လိမ်လည်အလှူခံနေကြောင်း၊ PDF (၅၁၂) တပ်ရင်း အတွက်ဆိုပြီး လိမ်လည် အလှူခံပြီး မှတ်တမ်းလွှာ အတုများပါထုတ်ပေးနေကြောင်း သိရတယ်လို့ ဆိုပါတယ်။  ဂုဏ်ပြုမှုတ်တမ်းလွှာတွင် QR Code ထည့်ထားကာ အလှူရှင်များအနေနဲ့ တပ်ရင်းအမည်သုံးကာ အလှူလာခံပါက PDF ၅၁၂ တပ်ရင်း page messenger တွင် လာရောက် မေးမြန်းပေးဖို့ ကြေညာထားပါတယ်။


အလှူရှင်များအနေနဲ့ အလှူခံများက NUG Pay အသုံးပြု၍ လိမ်လည်နေကြောင်းသံသယရှိပါက NUG Pay ဝက်ဘ်ဆိုဒ်နှင့်အီးမေးလ်ထံ တိုက်ရိုက် အကြောင်းကြားပြီး အတည်ပြုချက် တောင်းနိုင်တယ်လို့ ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို AA အပြည့်အဝထိန်းချုပ်နိုင်ဖို့ နီးစပ်ပြီလို့ သတင်းများတွင်ဖေါ်ပြ


Radio NUG မေ ၁၀၊ ၂၀၂၄


မြန်မာနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ အာရက္ခတပ် AA ဟာ အဓိကျတဲ့ စစ်စခန်းတွေကို သိမ်းပိုက်ပြီးတဲ့နောက်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ပိုမိုနီးစပ်လာပြီ ဖြစ်ကြောင်း Myanmar NOW သတင်းဌာနက ရေးသားထားပါတယ်။


ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ဘူးသီးတောင်တို့ဟာ ကီလိုမီတာ ၂၇၀ ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးအနီးက ဗျူဟာမြောက်မြို့တွေ ဖြစ်ကြပါတယ်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်အထိ စီးဆင်းတဲ့ ကုလားတန်ကြောင်းတစ်လျှောက် တည်ရှိတဲ့ ပလက်ဝမြို.ဟာ အခုနှစ်ဆန်းကတည်းက AA ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်ခဲ့ပါတယ်။ မကြာခင်က မောင်တောနဲ့ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်တပ်စခန်းကြီးတွေကို AA က သိမ်းပိုက်ထားခဲ့ပြီး လက်ကျန် စစ်ကောင်စီ စခန်းတွေကိုလည်း မကြာခင် ရက်သတ္တပတ်အတွင်းမှာ သိမ်းနိုင်မယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။ လက်ကျန်စခန်းတွေကို AA ကရသွားပြီဆိုရင် AA ဟာ ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်တစ်လျှောက်ကို နှစ်နိုင်ငံနယ်နိမိတ်ကို အပြည့်အဝထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်လို့ သတင်းမှာ ခန့်မှန်းရေးသားထားပါတယ်။


အကျိုးဆက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ကုန်စည်တွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်မှာဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားမှုတွေကို ဖြေလျော့နိုင်လိမ့်မယ်လို့ AA ရဲ့ နိုင်ငံရေးမူဝါဒပိုင်းနဲ့ ဆက်စပ်မှုရှိသူ၊ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက Myanmar NOW ကို ပြောထားပါတယ်။


========================


🚩🚩 ၂။ စစ်အာဏာရှင်အောက်ကနေ ရုန်းထွက်ဖို့ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ -ZRA ကို ချင်းအမျိုးသားတပ်ဦး CNF တိုက်တွန်း


ဇိုမီးတော်လှန်ရေးတပ်ဖွဲ့-ZRA အနေနဲ့ စစ်အာဏာရှင်အောက်ကနေ ရုန်းထွက်ဖို့ ချင်းအမျိုးသားတပ်ဦး-CNF/CAN က တိုက်တွန်းလိုက်ပြီး စစ်အာဏာရှင်ချေမှုန်းရေးတိုက်ပွဲမှာ နှောက်ယှက်နေမယ်ဆိုရင် တုံ့ပြန်သွားမယ်လို့ သတိပေးလိုက်ပါ တယ်။


ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့  ZPCC/ ZRA (Eastern Command)ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး CNF နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ CNF က ရှင်းလင်းချက်ထုတ်ပြန်ရာမှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတွေကို သက်သေနဲ့တကွ ရှင်းလင်း ဖော်ပြထားပါတယ်။

ဒါကြောင့် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် ရတဲ့နည်းနဲ့ ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတိပေးထားပါတယ်။ 

ချင်းအမျိုးသားတပ်ဦးရဲ့ ထုတ်ပြန်ချက်ထဲမှာ ZRA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့မှု၊ ကာကွယ်ရေးတပ်ဖွဲ့အချို့ကို တိုက်ခိုက်မှုအခြေအနေတွေကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။

ထို့အပြင် ZRA တပ်ဖွဲ့များအနေနဲ့ စစ်အာဏာရှင် လောင်းရိပ်အောက်ကနေ အချိန်မီရုန်းထွက်ပြီး ချင်းအမျိုးသား တပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင်ချေမှုန်းရေး တိုက်ပွဲဖော်ဆောင်ရာမှာ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုတွေ မပြုလုပ်ကြဖို့နဲ့ စစ်အာဏာရှင်စနစ် အပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲဝင်နေ တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ခြမ်းခြောက်ပစ်ခတ်တိုက်ခိုက်တာတွေရှောင်ရှားဖို့ CNF က အလေးအနက် တိုက်တွန်း ထားပြီး တစုံတရာကျူးလွန်မှုတွေရှိလာရင် မလွှဲမရှောင်သာ တုံ့ပြန်သွားမယ်လို့ အသိပေးထားပါတယ်။

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိူးသားတပ်မတော်အနေနဲ့ ချင်းအမျိုးသား နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရာမှာ ချင်းလူမျိုးတို့ရဲ့ ပကတိဖြစ်တည်မှု ဖြစ်တဲ့ မျိုးနွယ်၊ဒေသ၊ဘာသာစကားကွဲပြားမှုများကိုအသုံးချပြီး စစ်အာဏာရှင် အဆက်ဆက် သွေးခွဲသပ်လျှိုမှုတွေကို အထူးသတိထားကာ ဦးတည်ချက်၊ ခံယူချက်နဲ့ ယုံကြည်ချက်တူညီတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အစိုးရများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မုံရွာ-ချောင်းဦးလမ်းပိုင်းက စစ်တပ်ဂိတ်စခန်းကိုတိုက်ခိုက်ရာ ပွင့်ဗိုလ်အပါအဝင် ဦးသေဆုံး


စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက မုံရွာ -ချောင်းဦးလမ်းမပေါ် မှာရှိတဲ့ တောင်ပုံရွာအနီးက အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို  တိုက်ခိုက်ခဲ့ရာ ပွင့်ဗိုလ်တဦးအပါအဝင် အကြမ်းဖက်စစ်သား ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း လျှပ်စီးတပ်ခွဲထံကနေ သိရပါတယ်။

မနေ့ မေလ ရက် မနက် ၁၁ နာရီခွဲခန့်အချိန်က မုံရွာ-ချောင်းဦးလမ်းမပေါ် က အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို အလစ် အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခုလို တော်လှန်ရေးအဖွဲ့တွေရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ၂ပွင့်ဗိုလ်တဦးနဲ့ စစ်သား ဦး သေဆုံးပြီး တောပုပျူစောထီးကျေးရွာမှ ပျူစောထီးတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၁၅ မိနစ်ခန့်ကြာတဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ဦး ထပ်မံသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးပါတယ်။

ဒီအကြမ်းဖက်စစ်တပ်ဂိတ်မှာရှိတဲ့ အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ဟာ မုံရွာ-ချောင်းဦးလမ်းမ တောင်ပုံရွာအနီးက ကွမ်းယာ ဆိုင်ကို ဂိတ်စခန်းအဖြစ် အသုံးပြုပြီး ခရီးသွားပြည်သူတွေနဲ့ ခရီးသွားကားတွေကို အဓမ္မ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေကရဲဘော်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်သား ဦးသေဆုံးသွားခဲ့ပေမယ့် ကျန်တဲ့ စစ်သား ဦးက လက်ပစ်ဗုံးတွေနဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ရ တယ်လို့လည်း ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ လျှပ်စီးတပ်ခွဲ၊ Anyathian Revolutionary Syndicate -ARS နဲ့ နယ်မြေဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိ အခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ၄။ မုံရွာနယ်မှာ ရိက္ခာနဲ့စစ်သုံးပစ္စည်းတွေတင်ဆောင်လာတဲ့ စစ်တပ်ယာဉ်တိုင်းကို မိုင်းဆွဲတိုက်ခိုက်


စစ်ကိုင်းမြို့ကနေ မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခ ကို ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ ၁၂ ဘီး တွဲကားတန်းနဲ့ ဂျန်မာတပ်ဆင်ထားတဲ့စစ်ကားကို ချောင်းဦး-မုံရွာလမ်းပိုင်း တနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာ PDF- AREA 71 Monywa က ပြောပါတယ်။ 

မနေ့ မေလ ရက် မနက် ၁၁ နာရီခန့်အချိန်က စစ်ကိုင်းဘက်ကနေ မုံရွာ-နမခဘက်ကို ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေ လာပို့တဲ့ ယာဉ်တန်းကို လုံးတွဲ မိုင်းပွိုင့်တွေနဲ့ ၂ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ရာမှာ ၁၂ ဘီးကားတန်းက စစ်လက်နက်ပစ္စည်းတွေတင်ဆောင်လာတယ်လို့ ယူဆရတဲ့ကားကို ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီကားဟာ ဂျန်မာတပ်ဆင်ထားတဲ့ စစ်ကားရှေ့မှာရှိပြီး ယာဉ်တန်းရဲ့ စတုတ္ထမြောက်ကားဖြစ်တယ်လို့လည်း အသိပေးပါ တယ်။ 

မိုင်းထိသွားတဲ့ကားပေါ်က ယာဉ်မောင်း သေဆုံးသွားတယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအခြေအနေကို အသေးစိတ်သိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

အဆိုပါယာဉ်တန်း မိုင်းထိသွားတာကြောင့် ဂျန်မာတပ်စင်ထားတဲ့ကားပေါ်က အကြမ်းဖက်စစ်သားတွေနဲ့ ယာဉ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ ကင်းပုန်းဝပ်စစ်သားတွေက လမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အပြင် မိုင်းထိသွားတာကြောင့် ထိုးရပ်သွားတဲ့ကားအနီးက ပြည်သူပိုင်နေအိမ်တွေကို မီးလောင်ဗုံးတွေနဲ့ပစ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း အသိပေးထား ပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးရဲဘော်တွေဘက်က လက်နက်အင်အား၊လူအင်အားမမျှတာကြောင့် ပြန်လည်ပစ်ခတ် နိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရတယ်လို့ မုံရွာ PDF- AREA 71 Monywa က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ မြစ်ခြေ မြို့အဝင် ဂိတ်နဲ့ ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲ ဦးသေဆုံး


မေ ရက်။

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့အဝင်က စစ်ကောင်စီ ဂိတ်စခန်းနဲ့ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့  Joker ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


မေလ ရက် မနက် နာရီ ဝန်းကျင်ခန့်မှာ အဆိုပါ ဂိတ်နဲ့ ရဲစခန်းကို ဒရုန်း စီးဖြင့် သုံးခေါက်ပျံခဲ့ကာ 3.5 kg ဖူး၊ 1.5 kg ဖူး၊ 2 kg ဖူး၊ အီနာဂါဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုမှာ ဂိတ်စခန်းအတွင်း ဗုံးသီးထိမှန်တာကြောင့် ရဲ ဦး သေဆုံးခဲ့ရပြီး ဦး ဒဏ်ရာရ ရှိကာ အိမ်စီးကားဖြင့် ပခုက္ကူဆေးရုံကို ဆေးကုဖို့ သယ်သွားခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဖြစ်သူကိ ပြောပြပါတယ်။


မြို့အဝင် ဂိတ်စခန်းဟာ ရဲစခန်းအပြင်ဘက်မှာ အင်အား ၃၀ ဝန်းကျင်နဲ့  အထိုင်ချထားပြီး လမ်းသွားလာ ပြည်သူတွေကို စစ်ဆေးမေးမြန်း ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို JOKER ပြောက်ကျားတပ်ဖွဲ့ (M.Y.G) ကင်ဒို ပြောက်ကျားတပ်ဖွဲ့ U GYI (.က.) မြိုင် (ပကဖ) PDF kamma (ကမ္မတပ်ပါင်းစု) ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း () B.L.Y (.က.) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် အဲ့ဒီနေ့ (မေ ) ညနေပိုင်းမှာပဲ ကမ္မမြို့နယ်၊ ကျပ်ထိုးစခန်းမှာ တပ်စွဲနေတဲ့  စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်မြို့နယ်) အဖွဲ့က ဒရုန်းဖြင့် 2.5 kg လုံး၊ 3.5 kg လုံး၊ 1 kg လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရှေ့ဆက်တိုးလာရင် တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ TNLA ပြော


မေ ရက်။

Radio NUG


ဟိုင်ဂင် အပစ်ရပ် သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အချက်အလက်တွေကို မလိုက်နာဘဲ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တွေ ရှိနေတဲ့ ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ် တာတွေ ပိုမိုလုပ်ဆောင်လာပါက တုံပြန်ဖို့ ပြင်ဆင်ထားတယ်လို့ TNLA က ပြောဆိုလိုက်ပါတယ်။


မေလ ရက် မနက်ပိုင်းမှာ RFA သတင်းဌာနရဲ့ မေးမြန်းချက်ကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မှတ်တမ်း တင်ထားပြီး ဒီထက်ပိုပြင်းထန်လာရင် တုံပြန်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။


ပြီးခဲ့တဲ့ မေလ ရက်နေ့မှာ မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ - ၁၄၈ နဲ့ ခလရ - ၇၁ တပ်ဖွဲ့တွေက ညောင်ကုန်းကျေးရွာမှာ ရှိတဲ့ TNLA တပ်စခန်းဘက်ကို လက်နက်ကြီး လုံး အပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA က အသိပေးထားပါတယ်။


ထို့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နဲ့ ၂၈ ရက်ကလည်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် သုံးဆယ်ရွာက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က မေလ ရက်နေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။


၁၀၂၇စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က မြို့ပေါင်း ၁၆ မြို့ကို မြောက်ပိုင်းညီနောင် ဖွဲ့က သိမ်းပိုက် ထားချိန်မှာ တရုတ်ရဲ့ ကြားဝင်မှုဖြင့် ၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဟိုင်ဂင် စာချုပ်ချုပ်ဆိုပြီး အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်။


အပစ်ရပ်သဘောတူ စာချုပ်အရ မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်ဖို့ ပါဝင်ပြီး စစ်ကောင်စီ ဘက်ကလည်း ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေကို လက်နက်ကြီး၊ လေကြောင်း အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့  ပါရှိပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်း‌နွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment