10th MAY 2024 - Morning Daily News by Radio NUG


 ၂၀၂၄ မေလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကျင်းပပြုလုပ်"

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်လွှတ်တော်၏ LGBTIQ ရေး ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ်နှင့်တွေ့ဆုံ

📌 ၄။ နယူးဇီလန်အစိုးရအပါအ၀င်အခြားအစိုးရအဖွဲ့၀င်များ UN အာဆီယံတို့ အရေးပေါ် ဆွေးနွေးပြီး မြန်မာပြည်သူတွေကိုအထောက်အပံ့ပေးဖို့ အမြန်ဆုံး ဆောင်ရွက်မယ်

📌 ၅။ Newzealand Asia Foundation နှင့် Asia Fourm ပူးပေါင်းလုပ်ဆောင်သည့် မြန်မာ့အရေးနှင့် အာရှအရေး စိတ်ပါဝင်စားသူများနှင့် လူထုတွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက် ဆွေးနွေး

📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

📌 ၇။ နမ့်ခမ်းမြို့နယ်မှာ TLTA အဖွဲ့ကဦးဆောင်ပြီး တအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲကျင်းပ

📌 ၈။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ အိုးအိမ်စွန့်ခွာရသူ ,၅၀၀ လောက်ဟာ မတ်လလောက်ကတည်းကရေပြတ်လပ်မှုဒဏ်ကို ခံစားနေကြရ


၂၀၂၄ ခုနှစ် မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မံစီမြို့မှ စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို KIA ထပ်မံသိမ်းပိုက်၊ မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီးမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်

🚩 ၂။ မြိုင်တွင် PDF စခန်းကို စီးနင်းပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့

🚩 ၃။ စစ်ကောင်စီ၏ အမာခံ ဆုံ ပျူရွာအား စီးနင်းခြင်း

🚩 ၄။ လက်ပံတန်းမြို့နယ် ကွမ်းခြံစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ

🚩 ၅။ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်းအား စကစတပ်ကလေကြောင်းကဗုံးကြဲ၍ ဆရာတော်ပျံတော်လွန်မူကာ လူ၂၀နီးပါးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကျင်းပပြုလုပ်"


မေလ() ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကို မေလ ၉ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တာဝန်အဆင့်ဆင့်ထမ်းဆောင်နေကြတဲ့သူ အချင်းချင်းအကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ အမြဲရှိနေမယ်ဆိုရင် တချို့သော မကျေလည်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေ အများကြီး လျော့ကြသွားနိုင်ပါကြောင်း၊  မတူညီကြတဲ့ နောက်ခံအခြေအနေ အသီးသီးကနေ လာကြတဲ့သူတွေအနေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ယုံယုံကြည်ကြည်နဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ဆိုရင် Formal ရော Informal ရော တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်မှာဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းနဲ့ပတ်သက်ပြီး ပြောကြားလိုတာကတော့ 

အစိုးရ ဘဏ္ဍာငွေတွေကို သုံးတဲ့အခါမှာ မိမိကိုယ်ပိုင်ငွေကြေးကို ခြိုးခြိုးခြံခြံ သုံးစွဲသကဲ့သို့ သုံးစွဲကြရမှာ ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ်တာကြောင့် ကျစ်ကျစ်လစ်လစ် သုံးစွဲဖို့ လုပ်ကြရမှာဖြစ်ပါကြောင်း၊ စည်းလွတ်ဘောင်လွတ် သုံးစွဲမှုတွေ မလုပ်ကြဖို့ အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ရှိသူများကို အလေးအနက်မှာကြားလိုပါကြောင်း၊တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ ပြည်သူလက်ခံနိုင်မယ့်၊ ပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ အခွန်နှုန်းထားတွေကို သတ်မှတ်ပြီး အပြည့်အဝရရှိဖို့ စည်းမျဉ်း စည်းကမ်းများနဲ့အညီ ဆောင်ရွက်ပေးကြဖို့ လေးလေးနက်နက် တိုက်တွန်းပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၄/၂၀၂၄)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့်လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၄၅)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


မေလ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၉/၂၀၂၄)ကို ဧပြီလ ရက်နေ့ နေ့လယ်(:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊  အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(:၀၀) နာရီအချိန်တွင် ရပ်နားခဲ့သည်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်လွှတ်တော်၏ LGBTIQ ရေး ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ်နှင့်တွေ့ဆုံ


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် နယူးဇီလန် လွှတ်တော်၏ LGBTIQ (Rainbow)ရေးရာ ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ် Mr.Shanan Halbert နှင့် မေလ () ရက်နေ့တွင် လွှတ်တော်အတွင်းရှိ LGBTIQ ရေးရာ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ 

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင်LGBTIQ  ရေးရာများနှင့် စပ်လျဉ်း၍ နွေဦးတော်လှန်ရေးအတွင်း  LGBTIQ များပါဝင်မှု၊ အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ဖိနှိပ်မှုများကိုဆွေးနွေးခဲ့ပြီး နယူးဇီလန်နိုင်ငံ လွှတ်တော်အတွင်းတွင် မြန်မာနိုင်ငံ၏ LGBTIQ များသာမက ပြည်သူများအတွက် အကြမ်းဖက်စစ်အုပ်စုအား ဆထက်တပိုးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုက်တွန်းပြောကြားခဲ့သည်။ 

တွေ့ဆုံဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း LGBTIQ အရေးနှင့် ပတ်သက်၍ တက်တက်ကြွကြွ ဆောင်ရွက်မှုများအပြင် နယူးဇီလန်နိုင်ငံတွင် စဉ်ဆက်မပြတ် LGBTIQ များနှင့် စပ်လျဉ်း၍ ခွဲခြားဆက်ဆံသည့် ဥပဒေများအားပယ်ဖျက်နိုင်ရေး၊ LGBTIQ များနှင့် ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ LGBTIQ များ၏ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်ပြုပြင်ရေးဆိုင်ရာ ဥပဒေများအားလည်း ပြဌာန်းနိုင်စေရေး ဆောင်ရွက်ခဲ့သူများဖြစ်သည်။


========================


📌📌 ၄။ နယူးဇီလန်အစိုးရအပါအ၀င်အခြားအစိုးရအဖွဲ့၀င်များ UN အာဆီယံတို့ အရေးပေါ် ဆွေးနွေးပြီး မြန်မာပြည်သူတွေကိုအထောက်အပံ့ပေးဖို့ အမြန်ဆုံး ဆောင်ရွက်မယ်


မေလ ၉ရက်။

နယူးဇီလန်အစိုးရအပါအ၀င်အခြားအစိုးရအဖွဲ့၀င်များ UN အာဆီယံတို့ အရေးပေါ်ဆွေးနွေးပြီး မြန်မာပြည်သူတွေကိုအထောက်အပံ့ပေးဖို့ အမြန်ဆုံး ဆောင်ရွက်မယ်လို့သိရပါတယ်။


နယူးဇီလန်နိုင်ငံလွှတ်တော်အမတ်များရဲ့ မြန်မာ့အရေးလှုပ်ရှားမှုတွေကို ဂုဏ်ယူ၀မ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က မေလ ရက်မှာထုတ်ပြန်ပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးဇီလန်နိုင်ငံလေဘာပါတီတို့ တွေ့ဆုံပြီး မြန်မာ့အရေးကိစ္စများနဲ့ပတ်သက်ကာ သဘောတူညီမှုတွေလည်းရရှိခဲ့တယ်လို့သိရပါတယ်။


ထို့အပြင် မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးသွားမယ်လို့ နယူးဇီလန်အမတ်များကဆိုခဲ့ပါတယ်။


========================


📌📌 ၅။ Newzealand Asia Foundation နှင့် Asia Fourm ပူးပေါင်းလုပ်ဆောင်သည့် မြန်မာ့အရေးနှင့် အာရှအရေး စိတ်ပါဝင်စားသူများနှင့် လူထုတွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက် ဆွေးနွေး


မေလ ၉ရက်။


Newzealand Asia Foundation နှင့် Asia Fourm ပူးပေါင်းလုပ်ဆောင်သည့် မြန်မာ့အရေးနှင့် အာရှအရေး စိတ်ပါဝင်စားသူများနှင့် လူထုတွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက် ဆွေးနွေးခဲ့ပါတယ်။


မေလ၈ရက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာNewzealand Asia Foundation နှင့် Asia Fourm ပူးပေါင်းလုပ်ဆောင်သည့် မြန်မာ့အရေးနှင့် အာရှအရေး စိတ်ပါဝင်စားသူများနှင့် လူထုတွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ဒီမိုကရေစီအရေးနှင့် အသွင်ကူးပြောင်းရေးကာလ၊ အနာဂတ်ဖက်ဒရယ်နိုင်ငံ တည်ထောင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြား၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်သင့်သည့် အကြံဉာဏ်များကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအရေးကို စိတ်ပါဝင်စားသည့် နိုင်ငံရေး၊ ဥပဒေရေးရာ၊စီးပွားရေးရာ ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်


မေလ ရက်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၁၅/၂၀၂၄)ကို မေလ ၉ရက် ညနေ(၀၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးတို့မှ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ပြောကြားခဲ့ပြီး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၏ မြေပြင်ကြုံတွေ့နေရသည့် ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို အပြန်အလှန်ဆွေးနွေးဖြေကြားဆောင်ရွက်ခဲ့ပါသည်။


အဆိုပါအစည်းအဝေးသို့  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား ညနေ (:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။


========================


📌📌 ၇။ နမ့်ခမ်းမြို့နယ်မှာ TLTA အဖွဲ့ကဦးဆောင်ပြီး တအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲကျင်းပ


မေလ ၉ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့နယ်မှာ TLTA အဖွဲ့ကဦးဆောင်ပြီး တအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။တအာင်းပြည် တပ်မဟာ- စစ်ဒေသ မန်အောင်ခရိုင် နမ့်ခမ်းမြို့နယ် ဖဒဲန်အုပ်စုက ဖဒဲန်ကျေးရွာမှာ တအာင်းစာပေ သင်ကြားရေးအဖွဲ့-TLTA က ဦးဆောင်ပြီး မေလ ရက်နေ့ကျင်းပခဲ့တာလို့ ဆိုပါတယ်။

အဆိုပါအခမ်းအနားကို ဗိုလ်ဂါင်ဒိုင်းနဲ့ TLTA တာဝန်ခံ နေားဇာရ်တို့က ဦးဆောင်ပြီး နမ့်ခမ်းမြို့ တအာင်းစာပေယဥ်ကျေးမှု ကော်မတီအပါအဝင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ၊ ပြည်သူလူထု၊ ဆရာ၊ဆရာမများနဲ့ ကျောင်းသူကျောင်းသား စုစုပေါင်း လူဦးရေ ၁၃၀ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ တအာင်းရုံးသုံးစာ ခေါင်းစဉ် ၁၀ မျိုးကို ၄၅ ရက်ကြာ သင်ကြားပေးပြီး ဆုရ ကျောင်းသူ၊ကျောင်းသားတွေကို ဆရာ၊ ဆရာမတွေက ဆုချီးမြှင့်ကာ သင်တန်းဆင်းလက်မှတ်နဲ့ ဂုဏ်ပြုလွှာတွေ ချီးမြှင့်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးပါတယ်။

''တအာင်းလူမျိုးတိုင်း တအာင်း ယဉ်ကျေးမူကိုချစ်မြတ်နိုးဖို့၊ ရုံးသုံးစာတတ်မြောက်ဖို့၊ တအာင်းစာအုပ်၊ တအာင်းဘာသာ စကားများထုတ်နိုင်ဖို့၊ နောက်လာမယ့်လူငယ်များ ဖတ်လို့ရအောင် ရွာတိုင်းသင်တန်းပေးနိုင်အောင်နဲ့ သက်ကြီးရွယ်အိုမရွေး ဖတ်တတ်အောင် TLTA အဖွဲ့က ဦးဆောင်ပြီး တအာင်းရုံးသုံးစာကို သင်ကြားပေးမယ်လို့ TLTA တာ၀န်ခံ နေားဇာရ်က တအာင်းရုံးသုံးစာ ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။

တအာင်းစာပေသင်ကြားရေးအဖွဲ့-TLTAဟာ ၂၀၂၄ ခုနှစ်ထဲမှာ နမ့်ခမ်းမြို့နယ်အတွင်းက ကျေးရွာ မှာ တအာင်းရုံးစာ သင်ကြားပေးခဲ့ပြီးဖြစ်တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ အိုးအိမ်စွန့်ခွာရသူ ,၅၀၀ လောက်ဟာ မတ်လလောက်ကတည်းကရေပြတ်လပ်မှုဒဏ်ကို ခံစားနေကြရ


မေလ၉ရက်။


စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ အိုးအိမ်စွန့်ခွာရသူ ,၅၀၀ လောက်ဟာ မတ်လလောက်ကတည်းကရေပြတ်လပ်မှုဒဏ်ကို ခံစားနေကြရတယ်လို့ဆိုပါတယ်။


မေလ၉ရက်အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ အကျဉ်းချုပ်ကိုUN OCHA Myanmarကဖော်ပြပါတယ်။


"ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မေလ () ရက်နေ့က မိုးသက်လေပြင်းကျရောက်ခဲ့တဲ့အတွက် တန့်ယန်းနဲ့နမ္မတူမြို့နယ်တွေမှာ လူနေအိမ် ၈၀ ကျော်၊ စာသင်ကျောင်းတစ်ခုနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် အခြားအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ သောက်သုံးရေပြတ်လပ်နေတယ်လို့ သတင်းတွေရရှိပါတယ်။ သောက်သုံးရေရှားပါးမှုဟာ နှစ်စဉ် ဧပြီလလယ်ကနေ ဇွန်လအထိ အမြဲကြုံတွေ့ရတဲ့အဓိကပြသနာဖြစ်ပြီး၊ ရပ်ရွာလူထုတွေဟာ မသန့်ရှင်းတဲ့ရေကိုသုံးစွဲရတာမျိုး၊ ဒါမှမဟုတ် ချက်ပြုတ်ဖို့နဲ့သောက်သုံးရေရရှိဖို့အရေး အဝေးကြီးအထိခြေလျင်သွားပြီးသယ်ယူရတာမျိုးတွေ လုပ်ကြရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ အိုးအိမ်စွန့်ခွာရသူ ,၅၀၀ လောက်ဟာ မတ်လလောက်ကတည်းက နေအိမ်တွေမီးသင့်လို့ဘေးတွေ့နေကြရတဲ့အပြင် ပူပြင်းလှတဲ့ နွေခေါင်ခေါင်မှာ ရေပြတ်လပ်မှုဒဏ်ကို ခံစားနေကြရပါတယ်"လို့ဖော်ပြပါတယ်။


ရခိုင်ပြည်နယ်မှာလည်း ထောင်သောင်းချီတဲ့ နေရပ်စွန့်ခွာရသူတွေဟာ ရေရှားပါးမှုဒဏ်ခံရနိုင်ပြီး၊ ရောဂါဘယထူပြောနိုင်ခြေရှိတယ်လို့ ခန့်မှန်းရတယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ မံစီမြို့မှ စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို KIA ထပ်မံသိမ်းပိုက်၊ မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီးမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်


မေလ ၉ရက်။

ကချင်ပြည်နယ် မံစီမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ-၆၀၁ တပ်ရင်းရဲ့ ရှေ့တန်းစခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မေလ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မံစီမြို့ကနေ ဂျန်မိုင်ရာကိုသွားတဲ့လမ်းပေါ်က တပ်ရင်းမှူးထိုင်တဲ့ အဆိုပါရှေတန်းစခန်းကို မနက် နာရီခွဲခန့်မှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။KIA နဲ့ KPDFတို့ဟာ မေလ ရက်ကလည် မံစီမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

ထို့အပြင် မံစီမြို့က စစ်ကောင်စီရဲ့ အဓိကစခန်းဖြစ်တဲ့ ကိုက်ထိပ်တောင်ပေါ်မှစခန်းကို ဖေဖော်ဝါရီလက သိမ်းယူခဲ့ပြီးချိန်က စပြီး မံစီမြို့နယ်ထဲက စစ်စခန်းတွေကို ဆက်တိုက်တိုက်ခိုက်သိမ်းယူနေတာလို့လည်း သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့က ဗလမင်းထင်တံတားအနီးမှာ မေလ ရက်နေ့ မွန်းလွဲပိုင်းက KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ 

မေလ ရက်နေ့ မွန်းလွဲ နာရီကျော်အချိန်က မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီးမှာရှိတဲ့ စစ်တပ်ဂိတ်ကို KIA  ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ပြည်သူလူထုကို မတရားငွေညှစ်နေတဲ့ ဗလမင်းထင်စုပေါင်းဂိတ်ကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာလို့လည်း စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ယခုရက်ပိုင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ မိုးမောက်မြို့နဲ့မံစီမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ရက်နေ့က စတင်ခဲ့တဲ့ ထိုးစစ်အရှိန်မြှင့်ပြီး နောက်ပိုင်း ၂လအတွင်းမှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းများနဲ့ အထိုင်စခန်းကြီးများအပါအဝင် စစ်စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။


========================


🚩🚩 ၂။ မြိုင်တွင် PDF စခန်းကို စီးနင်းပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့


မေလ ရက်။


Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ်က PDF စခန်းတစ်ခုကို စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို  ကန်တော်ရွာနဲ့ ကံသစ်ရွာကြားမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင် .က. ထံက သိရပါတယ်။


မေလ ရက် နေ့လည် ၁၂ နာရီခန့်မှာ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းပွိုင့် သုံးပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀ ခန့်ချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိုင် .က. တာဝန်ရှိသူက ပြောပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး နင်းမိုင်း လုံး၊ G-3 ကျည်တောင့် ၃၀ နဲ့၊ ခွင်းဗုံးသီး လုံး၊ ဦးထုတ် လုံး၊ ဓါတ်မီး လက်၊ ဖုန်း လုံး၊ ၄၀ မမ ၁၄ လုံး၊ MA ကျည်ဘောက် ခုနဲ့ 5.56 ကျည်တောင့် ၅၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီတပ်ဟာ ကံသစ်ကျေးရွာက နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကာ အမျိုးသား ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ နွေဦးတော်လှန်ရေး မြိုင်အဖွဲ့ကပြောပြပါတယ်။


ယခု စစ်ဆင်ရေးကို မြိုင် ပကဖ၊ ကမ္မတပ်ပေါင်းစု (KGF) ကမ္မတပ်ပေါင်းစု တပ်ခွဲ () ပခုက္ကူခရိုင် တပ်ရင်း (၁၀) PDF ကမ္မတပ်ခွဲ ၁၊ ၂၊ ၃၊ တပ်ရင်း (၁၃) PKU ပကဖ၊ Pakokku People`s Defense Force The Red Revolperf PKU Red Giant ကမ္မတပ်ပေါင်းစု၊ PKU Thurain DMG (ဓားမင်းကြီး) Red Dragon Black Cobra Kamma Underground Kamma People Defense Force (KMDF) အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီ၏ အမာခံ ဆုံ ပျူရွာအား စီးနင်းခြင်း


မေလ ၉ရက်။

Radio NUG

မေလ ရက်နေ့တွင် ဓားပြမှု မုဒိမ်းမှုများ ဆက်တိုက်ကျုးလွန်နေသည့် ဆုံရွာမှပျူများနှင့် ထိတွေ့တိုက်ပွဲတရပ် ဖြစ်ပွားခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMက သတင်းထုတ်ပြန်ပါတယ်။

ပျူများ၏ မိုင်းများကြား ကျော်ဖြတ်၍ တိုက်ခိုက်ခဲ့သည့် အဆိုပါ ထိတွေ့မှုသည် နံနက် နာရီမှ နာရီအထိ နာရီကြာမြင့်ခဲ့ကာ ပျူ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရရဲဘော်များအား အချိန်မီဆေးဝါးကုသနိုင်ရေးနှင့် ထောက်ပို့ပိုင်းတို့အတွက် Youths for Community-YfC Myaung နှင့် ဒေါက်တာဖီးနစ်တို့မှ အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါစစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မန္တလေးခရိုင် တပ်ရင်း ၅၊ Black Tiger ဇာမနည်ပျောက်ကျားအဖွဲ့- ငါန်းဇွန်၊ အညာမြေ-ကျောက်ပန်းတောင်း၊ ဒေါင်းစစ်သည်၊ LACR - မြင်းခြံ၊ Wolf Brothers ဒေါင်းညီနောင်၊ မြင်းခြံခရိုင် ရင်း - ၁၊ T.G.Y.R G7 မြောင်၊ ပျောက်ကျားလင်းယုန်၊ ဆင်ရိုင်းစစ်ကြောင်း-မြောင် တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ လက်ပံတန်းမြို့နယ် ကွမ်းခြံစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ


မေလ ရက်။

Radio NUG


ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာမှ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင် ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် () တပ်ရင်း၊ Myanmar Defense Force က ထုတ်ပြန်ထားပါတယ်။


မေလ ရက် မနက်အစောပိုင်းမှာ အဆိုပါ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင်၊ အမှတ် () တပ်ရင်း၊ တပ်ခွဲ () () () သာယာဝတီခရိုင် အမှတ် () တပ်ရင်း - Myanmar Defense Force နှင့် မြေလတ်ဗမာ ကာကွယ်ရေးတပ်ဖွဲ့ (MBDF)တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး အဆိုပါ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ချိန်မှာ ပြည်သူတွေ မောင်းနှင်လာတဲ့ကားတွေ အဆက်မပြတ် သွားလာနေကြရာ ထိခိုက်မှာကို စိုးသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကွမ်းခြံဂိတ်ကို အင်အားတိုးထားပြီး စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ပြည်သူများအနေနဲ့ စစ်ကောင်စီ ဂိတ်၊ စခန်းများအနီး နေထိုင်ခြင်းများ မပြုရန်နှင့် မဖြစ်မနေ ဖြတ်သန်း သွားလာရပါက ပတ်ဝန်းကျင် အခြေအနေကို လေ့လာသတိပြု သွားလာကြဖို့ကို သာယာဝတီခရိုင်၊ အမှတ် () တပ်ရင်း - Myanmar Defense Force က သတိပေးထားပါတယ်။


========================


🚩🚩 ၅။ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်းအား စကစတပ်ကလေကြောင်းကဗုံးကြဲ၍ ဆရာတော်ပျံတော်လွန်မူကာ လူ၂၀နီးပါးသေဆုံး


မေလ ၉ရက်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းမလွန်းကျေးရွာ ဘုန်းကြီးကျောင်းအား စကစတပ်ကလေကြောင်းက ဗုံးကြဲ၍ ဆရာတော်ပျံတော်လွန်မူကာ လူ၂၀နီးပါးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ ၉ရက်နေ့ မနက် ၁၁နာရီ ဝန်ကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စကစတပ်က ပေါင်၅၀၀ဗုံးကို ဘုန်းကြီးကျောင်းပေါ် ကြဲချခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များက အတည်ပြုဆိုထားပါတယ်။ 


လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်ကြောင့် အရပ်သားပြည်သူ (၂၀) ဦးခန့်သေဆုံးကာ လူဦးရေ (၃၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။


ဗုံးထိ၍ သေဆုံးရုပ်အလောင်းများဟာ မည်သူမည်ဝါမှန်းခွဲမရအောင် မီးလောင်ကျွမ်းနေပြီး အဆောက်အဦးအပျက်အစီးကြားမှ ရုပ်အလောင်း ၁၆ လောင်းကို မီးလောင်ပြင်ထဲကနေပြန်ပြီးဆွဲထုတ်ရထားတယ်လို့ ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment