23rd MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရှိအင်အားကြီး အလုပ်သမားသမဂ္ဂများတွေ့ဆုံဆွေးနွေး

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ TLEC ဆရာ/မများ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

📌 ၄။ မိုင်းလုံမြို့၌ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ(၄၀)ဦးအား ဖမ်းဆီးအရေးယူ 

📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၄)ဦး သေဆုံးခဲ့ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပါအဝင်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ အများဆုံးဖြစ်

📌 ၆။ ရန်ကုန်တွင် သပိတ်အဖွဲ့များစုပေါင်း၍ လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်သည့်စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့


၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကိုင်းမြို့ပေါ် Non-CDM အခွန်ဝန်ထမ်းနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်က ဝင်ရောက် ဖမ်းဆီးစဉ် စစ်တပ်နှင့်ပစ်ခတ်မှုဖြစ်ပွား

🚩 ၂။ ကြေးနီသယ်ကားတွေအား လမ်းကင်းယူ၍ မိုင်းရှင်းပေးရန် ထွက်လာသော စကစတပ်သား ၃ဦးကို ပစ်ခတ်၊ စကစတပ်သား ၂ဦး သေ

🚩 ၃။ စလင်းမြို့နယ် လင်းဇင်းရဲစခန်းနဲ့ စစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၁၇ ဦး သေဆုံး

🚩 ၄။ ပုသိမ်ခရိုင်ကွန်မန်ဒိုအဖွဲ့နှင့် ပုသိမ်ပကဖအဖွဲ့တို့ ပူးပေါင်း၍ဧရာဘီလူးစစ်ဆင်ရေးအဖြစ် သာပေါင်းမြို့နယ်မှ စကစသတင်းပေးတဦးအား စတင် ပစ်ခတ်ရှင်းလင်း

🚩 ၅။ ကြို့ပင်ကောက်မြို့နယ်၊ အေးမကွင်းကျေးရွာက ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးနှင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ဦးသေဆုံး

🚩 ၆။ ပခုက္ကူခရိုင်အမှတ်၁၁တပ်ရင်းမှရဲဘော်များအတွက်မိုးတွင်း လစာ ဆန်ဝယ်ယူဖို့ သိန်း၄၀လိုအပ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရှိအင်အားကြီး အလုပ်သမားသမဂ္ဂများတွေ့ဆုံဆွေးနွေး


မေလ ၂၂ရက်။

အမျိုးသားရေးညီညွတ်ရေးအစိုးရ၊ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဂျပန်နိုင်ငံရှိအင်အားကြီး အလုပ်သမားသမဂ္ဂများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မေလ၂၂ရက် အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရှိ အင်အားကြီး အလုပ်သမားသမဂ္ဂများဖြစ်သော ဂျပန်တနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(Rengo)နှင့် အသေးစား၊ အလတ်စား စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်သမားသမဂ္ဂ(JAM)တို့မှ ဦးဆောင်သူများတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အစဉ်တစိုက် အားပေးကူညီပေးနေသည့် အလုပ်သမားသမဂ္ဂတာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် အလုပ်သမားရေးရာကဏ္ဍရပ်များတွင် ချိတ်ဆက်ဆောင်ရွက်ကာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အခွင့်အရေးရပိုင်ခွင့်များအား ကူညီကာကွယ်ပေးနိုင်ရန်အတွက် အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မေလ ၂၂ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ  ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၁/၂၀၂၄)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှတက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက်ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ TLEC ဆရာ/မများ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


မေလ ၂၂ရက်။ 

Radio NUG

မေလ ၂၂ ရက်နေ့တွင် တအာင်းပြည်၊ တပ်မဟာ () စစ်ဒေသ၊ နမ့်ဆန်မြို့ Ta'ang Land Education Council (TLEC) တစ်လကြာ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားတွင် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် အာရက္ခတပ်တော် (AA) ၏ဒုတိယစစ်ဦးစီချုပ် ဒုဥက္ကဋ္ဌ()ဒေါက်တာညိုထွန်းအောင်တို့အသီးသီး တတ်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


စာသင်ကျောင်းတစ်ခုတွင် သင်ရိုးညွှန်းတမ်းထက် ကျောင်းသူကျောင်းသားများအား ပညာသင်ကြားပေးမည့် ဆရာ/ များက အလွန်အရေးကြီးပြီး ပုံစံခွက်ဖြင့်သင်ကြားခြင်းထက် ကျောင်းသူ/သားများ စဥ်းစားတွေးခေါ်နိုင်အောင်၊ အရည်အချင်းပြည့်မီအောင် သင်ကြားပေးရမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော်က မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ အပတ်စဥ်()သင်တန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မေလ ၂၂ ရက်နေ့အထိ တစ်လကြာ သင်တန်းပို့ချပေးကာ ဆရာ/ လူဦးရေ (၄၀၀) တတ်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မိုင်းလုံမြို့၌ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ(၄၀)ဦးအား ဖမ်းဆီးအရေးယူ 


မေလ ၂၂ရက်။

Radio NUG

တအာင်းပြည်၊ တပ်မဟာ()စစ်ဒေသ၊ မိုင်းလုံမြို့၌ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဒေသခံပြည်သူများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် မြို့တွင်း တရားဥပဒေစိုးမိုးနိုင်ရေးအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများအား လိုက်လံ ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


မိုင်းလုံမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ(၄၀)ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံရသူများအား မြို့နယ်တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က  PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ()လကြာ ထိန်းသိမ်း၍ အကျင့်စာရိတ္တပြန်လည်ကောင်းမွန်လာပါက မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း သိရပါတယ်။


မိုင်းလုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် PSLF/TNLA မြို့နယ်တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က တင်းကြပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ရာ ကျန်ရှိနေသေးသည့် မူးယစ်ဆေးဝါး သုံးစွဲသူများအနေဖြင့် မိမိဆန္ဒသဘောထားအလျောက် PSLF/TNLA အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် လာရောက်ကာ အကျင့်စာရိတ္တပြုပြင်နိုင်ကြောင်း ဖော်ပြထားပါတယ်။


မိုင်းလုံမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲ၊ လက်ဝယ်ထားရှိ ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေသူ မည်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်း၍ ထိရောက်သော အရေးယူမှုများလည်း ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၄)ဦး သေဆုံးခဲ့ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပါအဝင်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ အများဆုံးဖြစ်


မေလ ၂၂ရက်။


နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၄)ဦး သေဆုံးခဲ့ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပါအဝင်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ အများဆုံး ဖြစ်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မေလ ရက်နေ့မှ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၄)ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦး နှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၁၂) ဦး ပါဝင်တယ်လို့သိရပါတယ်။


အဆိုပါ (၅၄)ဦးအနက် (၂၁)ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ (၁၉) ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ပါတယ်။


၎င်းပြင် (၅၄) ဦးအနက် ရခိုင်ပြည်နယ်မှာ (၁၅)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်တယ်လို့ဖော်ပြပါတယ်။


မေလ ၂၁ ရက်နေ့၊ နံနက် နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဗဟိုရ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မောင်တောမြို့ပေါ်မှ စစ်ဘေးတိမ်းရှောင်လာသူ မပန်းအိဖြူမှာ ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်။


အကြမ်းဖက်စစ်တပ်က  ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ လတာကာလအတွင်း လေကြောင်းနှင့် တိုက်ခိုက်မှုဖြစ်စဉ် ၈၁၉ ခု အကြိမ်ရေ ၂၅၆၇ ကြိမ်အထိလုပ်ဆောင်ခဲ့ပြီး တစ်ရက်လျှင် ပျှမ်းမျှ အနည်းဆုံး ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၅၉ ဦး သေဆုံးကာ ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကလည်း ပြောဆိုထားပါတယ်။

 

ဇန်နဝါရီလမှ ဧပြီလအတွင်း လေကြောင်းအသုံးပြု တိုက်ခိုက်မှုကို ရခိုင်ပြည်နယ်တွင် ၁၈၇ ခုဖြင့် အများဆုံး လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၉ ခု၊ ကချင်ပြည်နယ်တွင် ၉၂ ခု၊ ကရင်ပြည်နယ်တွင် ၉၁ ခု၊ ရှမ်းပြည်မြောက်ပိုင်းတွင် ၈၀ ခုခန့် ရှမ်းပြည်တောင်ပိုင်းတွင်လည်း လေကြောင်း တိုက်ခိုက်မှု ၆၉ ခု၊ ချင်းပြည်နယ်တွင် ၅၉ ခု၊ ပဲခူးတိုင်းတွင် ၂၉ ခု၊ ကရင်နီတွင် ၂၆ ခု၊ တနင်္သာရီတိုင်းတွင်  ၂၄ ခု၊ မကွေးတိုင်းတွင် ၁၇ ခုနှင့် မန္တလေးတိုင်းတွင် ခုခန့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


========================


📌📌 ၆။ ရန်ကုန်တွင် သပိတ်အဖွဲ့များစုပေါင်း၍ လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်သည့်စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့


မေလ ၂၂ရက်။


ရန်ကုန်တွင် သပိတ်အဖွဲ့များစုပေါင်း၍ လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်သည့်စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ၂၂ရက်မှာ စစ်ကောင်စီမှ အမျိုးမျိုး ဖိနှိပ်တင်းကြပ်နေသော ရန်ကုန်မြို့တွင် သပိတ်အင်အားစုများ စုပေါင်း၍ ကဆုန်လပြည့်နေ လူထုသပိတ်လှုပ်ရှားမှုတခုကိုဖော်ဆောင်ခဲ့ပါတယ်။


နေ့စဥ်နှင့်အမျှ မခံမရပ်နိုင်အောင် ကျပ်တည်းလာနေသည့် လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင့်သည့်အနေဖြင့် လှုပ်ရှားဖော်ဆောင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချ ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့ပါတယ်။


အဆိုပါ လူထုလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ( AJAY )တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ကိုင်းမြို့ပေါ် Non-CDM အခွန်ဝန်ထမ်းနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်က ဝင်ရောက် ဖမ်းဆီးစဉ် စစ်တပ်နှင့်ပစ်ခတ်မှုဖြစ်ပွား


မေလ ၂၂ရက်။ 

Radio NUG

မေလ ၂၁ ရက်နေ့ ညနေ နာရီကျော်ဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ပါရမီရပ်ကွက်ရှိ အခွန်ဦးစီးရုံးမှ Non-CDM ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်တစ်ခုက ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး အခွန်ဒုဦးစီးမှူး၊ လ၀ကဝန်ထမ်းများ၊ PDF အပါအဝင် စုစုပေါင်း ဦးသေဆုံးကြောင်း သိရပါတယ်။


Non-CDM အခွန်ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တောတွင်း တွတ်ပီ (LPDF) တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးပြီး ပြန်အထွက်တွင် စစ်တပ်နှင့် တိုးပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် Non-CDM အခွန်ဒုဦးစီးမှူး လ၀က ဝန်ထမ်းများ၊ PDF အမျိုးသား ၃ဦး အမျိုးသမီး ၂ဦး စုစုပေါင်း ဦးသေဆုံးခဲ့ပါတယ်။


စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာတွင် စစ်ကိုင်းမြို့ပါရမီရပ်ကွက်အတွင်း လဝကရုံးနှင့် မြို့နယ်အခွန်ဦးစီးရုံးကို တိုက်ခိုက်ရန် အမျိုးသား ဦး ရောက်လာကြောင်း၊ သတင်းပေးချက်အရ ပိတ်ဆို့ရှင်းလင်းရာ ၃၅ နှစ်ဝန်းကျင် အမျိုးသား လောင်းနှင့် အမျိုးသမီး လောင်း၊ MA-13 (R-48567) တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ခဲယမ်းများ၊ အိမ်စီးကားတစ်စီး၊ ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ကြေးနီသယ်ကားတွေအား လမ်းကင်းယူ၍ မိုင်းရှင်းပေးရန် ထွက်လာသော စကစတပ်သား ၃ဦးကို ပစ်ခတ်၊ စကစတပ်သား ၂ဦး သေ


မေလ ၂၂ရက်။

Radio NUG

မေလ ၂၁ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ မီးသတ်ရုံးတွင် တပ်စွဲနေထိုင်တဲ့ စကစတပ်သား ၃ဦး ကြေးနီသယ်ကားတွေအား လမ်းကင်းယူ၍ မိုင်းရှင်းပေးရန် ထွက်လာချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း BRAVE HEART ARMY -BHA က သတင်းထုတ်ပြန်ပါတယ်။


BRAVE HEART ARMY-BHA ရဲဘော်များမှ စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ ၂ဦးပွဲချင်းပြီး သေဆုံးပြီး ၁ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။


တိုက်ပွဲအတွင်း MA11GUM 2လတ် ကျည်ဘောက် 3ဘောက်နှင့် လက်ပစ်ဗုံး 1လုံး၊ 5.56ကျည်40တောင့်၊ ဦးထုပ်2လုံးတို့အားသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ missionဖော်ဆောင်ရာတွင် လက်နက်အရေအတွက် နည်းတာာကြောင့် သေနတ်ကူညီငှားရမ်းပေးသော MONYWA SPECIALဒိတ်ဒိတ်ကြဲနှင့်Yourth Revolution Attack Forceတို့အားကျေးဇူးတင်ရှိပါကြောင်းလည်းBHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ စလင်းမြို့နယ် လင်းဇင်းရဲစခန်းနဲ့ စစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၁၇ ဦး သေဆုံး


မေလ ၂၂ရက်။

မကွေးတိုင်း စလင်းမြို့နယ်ထဲက လင်းဇင်းရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၇ ဦး သေဆုံးသွားတယ်လို့ မြေလတ်ပိုင်းစစ်ကြောင်း-Midland Dolphins Column က ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်က လင်းဇင်းရဲစခန်းကို မေလ ၁၈ ရက် မနက် နာရီခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက RPG တွေအပါအဝင် လက်နက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ  နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးပြီး ရဲစခန်းအတွင်းက ဘန်ကာ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စခန်းအတွင်းထိ ဝင်နိုင်ခဲ့ပေမယ့် ကျည်မလုံလောက်တာနဲ့ စစ်ကူအင်အား အဆမတန်ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ အသိပေးပါတယ်။ 

လင်းဇင်းရဲစခန်း တိုက်ခိုက်ခံရချိန်မှာ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီက ဦး ထပ်မံသေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Midland Dolphins Column-MLDC (မြေလတ်လင်းပိုင်စစ်ကြောင်း) SLN-LPDF Generation-Z Army ဒေါင်းစစ်အောင် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ စလင်း ပကဖ မင်းဘူးခရိုင်တပ်ရင်း တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပုသိမ်ခရိုင်ကွန်မန်ဒိုအဖွဲ့နှင့် ပုသိမ်ပကဖအဖွဲ့တို့ ပူးပေါင်း၍ဧရာဘီလူးစစ်ဆင်ရေးအဖြစ် သာပေါင်းမြို့နယ်မှ စကစသတင်းပေးတဦးအား စတင် ပစ်ခတ်ရှင်းလင်း


မေလ ၂၂ရက်။

Radio NUG

မေလ (၁၉) ရက်နေ့ () နာရီခန့်တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ကွန်မန်ဒိုအဖွဲ့နှင့် ပုသိမ်ခရိုင်ပကဖအဖွဲ့တို့ ပူးပေါင်း၍ဧရာဘီလူးစစ်ဆင်ရေးအဖြစ် သာပေါင်းမြို့နယ်၏ စစ်ကောင်စီသတင်းပေးတဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။


ပစ်ခတ်ရှင်းလင်းခံရသူမှာ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ အကြီးစားထောက်တိုင် မြင့်သိန်းဆိုသူဖြစ်ပြီး ပုသိမ်ခရိုင်ကွန်မန်ဒိုအဖွဲ့ PDC/P25501 ပထမဆုံး ဧရာဘီလူး 

မစ်ရှင်ဖြစ်ကြောင်း သိရပါတယ်။


ရဲလူထွက်မြင့်သိန်းထံက စစ်တပ်ကို နေ့စဉ်သတင်းပေးနေတဲ့ ဖုန်း လုံးကိုပါ သက်သေခံအနေနဲ့ သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေဆီကို သတင်းပေးသက်သေအဖြစ် ပေးပို့ခဲ့ပါတယ်။


သေဆုံးသူ မြင့်သိန်းက ရဲထွက်တယောက်ဖြစ်ပြီး တောင်ကလေးကျေးရွာအုပ်စု၊ ဆင်သေမြောင်ရှိ တောတွင်းလုပ်ကိုင်စားသောက်နေကြသော ကျေးရွာသူရွာသားများအား မတရားငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီမှ စစ်ကြောင်းထိုးရာတွင် လမ်းပြ၊ ရိက္ခာထောက်ပံ့ပေးခြင်း၊ မတရားစစ်မှုထမ်းဥပဒေဖြင့် ရွာသားများအပေါ်  အတင်းအားဓမ္မ ငွေကြေးကောက်ခံခြင်းများ ဆောင်ရွက်နေသူဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေသော ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှုးများ၊ ပျူစောထီးများအား စကစအလိုကျ ဆက်လုပ်နေမည်ဆိုပါက ယခု ဧရာဘီလူး စစ်ဆင်ရေး၏ သတ်မှတ်ပစ်မှတ်များအဖြစ် ထိရောက်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


========================


🚩🚩 ၅။ ကြို့ပင်ကောက်မြို့နယ်၊ အေးမကွင်းကျေးရွာက ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးနှင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ဦးသေဆုံး


မေလ ၂၂ရက်။ 

Radio NUG

၂၁..၂၀၂၄ရက် မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာက လူငယ်များအား စစ်မှုထမ်းဖို့ လူစုဆောင်းရန်အတွက် ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး 'ခင်မောင်ဝင်း' ဦးဆောင်ကာ ပျူစောထီးများနှင့် အစည်းအဝေးလုပ်နေကြောင်း သတင်းရရှိ၍  ၄င်း၏နေအိမ်အား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး 'ခင်မောင်ဝင်း'နှင့် ၄င်းဇနီးဖြစ်သူ သန်းသန်းနွယ်မှ စကစများ ထုတ်ပေးထားသည့် သေနတ်ဖြင့် ပြန်လည်ခုခံသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အပြန်အလှန်ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး 'ခင်မောင်ဝင်း' ပြင်းထန်ဒဏ်ရာ (သေဆုံးနိုင်)ဖြင့် ထွက်ပြေးသွားပြီး ၄င်း၏ ဇနီးဖြစ်သူ သန်းသန်းနွယ်နှင့် အတူထိုင်နေသည့် အမျိုးသား၂ဦး သေဆုံးကာ နေအိမ်အတွင်းမှ သေနတ်အတို၁လက်၊ ကျည်၁၈တောင့်၊ လက်ပစ်ဗုံး၁လုံး၊ မိုလ်ဘိုင်းဖုန်း၂လုံး၊ ငွေသား ၃၁၀၀၀၀ကျပ်၊ တံဆိပ်တုံး၂ခု၊ မှတ်ပုံတင်၁ခုနှင့် စာရွက်စာတန်းတချို့အား သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့ထောက်တိုင်များအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများအား အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် အုပ်ချုပ်ရေးမှူး 'ခင်မောင်ဝင်း'နှင့် အတူထိုင်နေသောကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ၂ဦးမှာ ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်းများဟု သိရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားပါတယ်။


ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး 'ခင်မောင်ဝင်း'သည် စကစအလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စကစများထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ စကစများ အားကိုးဖြင့် ပြည်သူများအား အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် အရေးယူရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ပခုက္ကူခရိုင်အမှတ်၁၁တပ်ရင်းမှရဲဘော်များအတွက်မိုးတွင်း လစာ ဆန်ဝယ်ယူဖို့ သိန်း၄၀လိုအပ်နေ


မေလ ၂၂ရက်။

ပခုက္ကူခရိုင်အမှတ်၁၁တပ်ရင်းမှ ရဲဘော်များအတွက် မိုးတွင်း လစာ ဆန်ဝယ်ယူဖို့ သိန်း၄၀လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။


မေလ၂၂ရက် ပခုက္ကူခရိုင် အမှတ်၁၁တပ်ရင်းက အသိပေးဆိုပါတယ်။


"ကျွန်တော်တို့ တစ်နေ့ကို ထမင်း ၂နပ်ပဲစားပါတယ်။ ကျည်ဆံမရှိရင် မိုင်းဆွဲတိုက်ခိုက်လို့ရသေးတယ်။ ဆန်မရှိရင် ခွန်အားမရှိလို့ ရဲဘော်တွေရှေ့ဆက်အလုပ်လုပ်ဖို့ မလွယ်ပါဘူး။ မိုးတွင်း လစာ ဆန်ဝယ်ယူဖို့ သိန်း၄၀လောက်လိုပါသေးတယ်"လို့ဆိုပါတယ်။


ဒေသကလည်း စစ်ဘေးဒဏ်သင့်နေတဲ့ဒေသမို့ ပြည်သူ့အထောက်အပံ့ကလည်းမရှိတဲ့ အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment