23rd MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG လူ့အခွင့်အရေးဝန်ကြီး ကနေဒါနိုင်ငံတွင် တိုရန်တိုတက္ကသိုလ် ဒုတိယဥက္ကဌ နှင့် သုတေသနအဖွဲ့အစည်းတို့အား သီးခြားစီ တွေ့ဆုံ

📌 ၂။ ကချင်လွတ်မြောက်ရေးတပ်တော်ကို စကစက တရုတ်အစိုးရနဲ့ လှည့်တိုက်ဖို့ ကြံစည်နေတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင် ဆို

📌 ၃။ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား ICC သို့ လွှဲပြောင်းတင်သွင်းရန် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌 ၄။ "ရန်သူ "အစစ်" ကို သိရှိပြီး ရန်သူကို မျက်ခြေမပြတ်ဖို့ NUG သြစတြေးလျကိုယ်စားလှယ် ပြောကြား

📌 ၅။ ယခုမျိုးဆက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပိုင်ခွင့်ရှိတဲ့ မျိုးဆက်တွေဖြစ်တယ်လို့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်ဆို

📌 ၆။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ပလက်ဝမြို့နယ်တို့မှာ လူဦးရေ တစ်သိန်း ရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရ

📌 ၇။ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးစီး၍ မူဆင့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ


၂၀၂၄ ခုနှစ် မေလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန္တလေးက စစ်တပ်ပိုင် မြ၀တီဘဏ်နဲ့ အမှတ် () ရဲစခန်းကို NMD ဗုံးခွဲတိုက်ခိုက် 

🚩 ၂။ သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ ရန်ကုန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်

🚩 ၃။ ဘီးလင်းမြို့နယ်မှာ စစ်တပ်သတင်းပေးတဦးကို ရှင်းလင်း

🚩 ၄။ ငါန်းဇွန်မှာ စစ်သားတွေပါတဲ့ ဒိုင်နာကားကို မိုင်းဆွဲခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG လူ့အခွင့်အရေးဝန်ကြီး ကနေဒါနိုင်ငံတွင် တိုရန်တိုတက္ကသိုလ် ဒုတိယဥက္ကဌ နှင့် သုတေသနအဖွဲ့အစည်းတို့အား သီးခြားစီ တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ် ဒုတိယဥက္ကဌ နှင့်တွေ့ဆုံ၍ မြန်မာကျောင်းသားများအရေးအပါအဝင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုနိုင်မည့်နည်လမ်းများကို ဆွေးနွေးခဲ့ကြတယ်လို့ မေလ (၂၃) ရက်မှာ ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဟာ မေလ (၂၂) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ တိုရန်တိုတက္ကသိုလ် (University of Toronto) (နိုင်ငံတကာရေးရာ) ဒုတိယဥက္ကဌဖြစ်သူ Mr. Joseph Wong နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် တိုရန်တိုတက္ကသိုလ်မှ မြန်မာ ကျောင်းသားများဆက်လက်ပညာသင်ကြားရေးနှင့်စပ်လျဉ်း၍ ကူညီနိုင်မည့် နည်းလမ်းများအပြင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို 

ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အလားတူ ပြည်ထောင်စုဝန်ကြီးဟာ မေလ (၂၁) ရက်နေ့ကလည်း Myanmar Policy and Community Knowledge Hub (MyPack) နှင့် ကနေဒါနိုင်ငံ၊ တိုရန်တိုတက္ကသိုလ် (University of Toronto ) Munk School of Global Affairs and Public Policy မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသေးတယ်လို့ သိရှိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် MyPack မှ သုတေသီများက ၎င်းတို့အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းစဉ်များနှင့် ကနေဒါနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ ဖြစ်ထွန်းတိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

အဲ့ဒီနောက် ဝန်ကြီးဌာနနှင့် MyPack အကြား စဉ်ဆက်မပြတ်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအပေါ် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ကချင်လွတ်မြောက်ရေးတပ်တော်ကို စကစက တရုတ်အစိုးရနဲ့ လှည့်တိုက်ဖို့ ကြံစည်နေတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင် ဆို


မေလအတွင်း စကစရဲ့ မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်စတင်ရန် ကြံစည်လုပ်ဆောင်မှုနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလိုသုံးသပ်ပြောကြားလိုက်ပါတယ်။

"ကချင်ပြည်နယ်မှာ KIA အားကောင်းလာတာနဲ့အမျှ စကစ ကတော့ တရုတ်အစိုးရ နဲ့ လှည့်တိုက်ဖို့ ကြံနေပြီ" လို့ ဝန်ကြီးက ဆိုပါတယ်။

ကချင်ပြည်နယ်မှာ စကစဟာ ၄င်းတို့ရဲ့တပ်စခန်းများကို တခုပြီးတခု စွန့်လွှတ်နေရချိန်လည်း ဖြစ်ပါတယ်။


========================


📌📌 ၃။ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား ICC သို့ လွှဲပြောင်းတင်သွင်းရန် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


မေလ (၂၂) ရက် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၁၂၆၅ (၁၉၉၉) (၂၅) နှစ်ပြည့် အထိမ်းအမှတ်အား ပဋိပက္ခတွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး ခေါင်းစဉ်အောက်မှ တံခါးဖွင့် အစည်းအဝေးကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

"လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိတ်မချမ်းမြေ့ဖွယ်အခြေအနေများသည် ပဋိပက္ခများ မြင့်တက်လာမှု၊ အရပ်သား ပြည်သူအပေါ် စစ်တပ်၏ အကြမ်းဖက်မှုနှင့် မဆင်မခြင် တိုက်ခိုက်မှုများကို ပြသနေကြောင်း၊ တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်များကို လစ်လျူရှုကာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ခံစား၍ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်နေသည်မှာ ထင်ရှားကြောင်း၊ ယင်းမှာ နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်ခံမှု ယန္တရား မရှိသောကြောင့်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား ICC သို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အဆိုပါ တာဝန်ခံမှု ကွာဟချက်ကို ဖြည့်တင်းနိုင်မည့် လမ်းစဉ်များချမှတ်ရန် လိုအပ်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို (၂၆၆၉)   နောက်ဆက်တွဲအဖြစ် အာဏာ သက်ရောက်မှုရှိသည့် ထိရောက်သော ဆုံးဖြတ်ချက်တခုအား ချမှတ်ရန်လိုအပ်ကြောင်း" သံအမတ်ကြီးက ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်း စစ်တပ်သည် ပြည်သူပေါင်း (,၁၀၀) ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ယခုအခါ () သန်း ကျော်သော လူဦးရေမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်နေကြပြီး ပြည်သူပေါင်း (၁၈.) သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိကြောင်း၊ ပုဂ္ဂလိကပိုင် အဆောက်အဦ (၉၀,၀၀၀) ခန့်မှာ မီးရှို့ဖျက်ဆီးခံရခြင်း (သို့) ဖျက်ဆီးခံရခြင်းရှိပြီး၊ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးကဏ္ဍကို အကြိမ်ပေါင်း (,၂၉၃) ကြိမ်မက ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး အဆောက်အအုံ (၃၄၃) ခု ပျက်စီးခဲ့ ပြီး ကျန်းမာရေးဝန်ထမ်း (၁၀၄) ဦး သတ်ဖြတ်ခံခဲ့ရကြောင်းဖြင့် သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ "ရန်သူ "အစစ်" ကို သိရှိပြီး ရန်သူကို မျက်ခြေမပြတ်ဖို့ NUG သြစတြေးလျကိုယ်စားလှယ် ပြောကြား


"ရန်သူ "အစစ်" ကို သိရှိပြီး ရန်သူကို မျက်ခြေမပြတ်ဖို့  သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက မေလ (၂၃) ရက်နေ့မှာ ဆိုရှယ်မီဒီယာကတဆင့် ပြောလိုက်ပါတယ်။

"ရန်သူ "အစစ်" ကို သိပါ၊ ရန်သူ "အစစ်" ကို မျက်ခြေမပြတ်ပါနဲ့၊ ရန်သူ "အစစ်" ကို ချေမှူန်းနိုင်အောင်သာ စက္ကန့်မပြတ် အားထုတ်၊ reactive ဖြစ်ရင် ရန်သူဆင်ထားတဲ့ "ခွင်" ထဲ ၀င်သွားပါလိမ့်မယ်။ "ရန်သူ" ကို လျော့မတွက်ပါနဲ့၊ ခင်ဗျားတို့ ကျနော်တို့ထက် အများကြီးပါးနပ်လို့ နှစ် (၇၀) ကျော် သွေးခွဲအုပ်ချုပ် ဗိုလ်ကျစိုးမိုးခဲ့တာ" လို့ ဆိုပါတယ်။

အကြမ်းဖက် စကစဟာ စစ်ရေးအရ အထိနာကျရှုံးနေပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို ဖန်တီးလျက်ရှိနေပါတယ်။


========================


📌📌 ၅။ ယခုမျိုးဆက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပိုင်ခွင့်ရှိတဲ့ မျိုးဆက်တွေဖြစ်တယ်လို့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်ဆို


ယခုမျိုးဆက်တွေဟာ ကမ္ဘာ့အလယ်မှာ အကောင်းဆုံး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပိုင်ခွင့်ရှိတဲ့မျိုးဆက်တွေဖြစ်တယ်လို့ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ် Steven Thian Nung Bia က မေလ (၂၃) ရက်မှာ ဆိုလိုက်ပါတယ်။

"ကျွန်တော်တို့ ဒီမျိုးဆက်ဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အရမ်းကံဆိုးတဲ့ မျိုးဆက်တွေဖြစ်သလို တစ်ဖက်မှာတော့ ကမ္ဘာ့အလယ်မှာ အကောင်းဆုံး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပိုင်ခွင့်ရှိတဲ့ အရမ်းကံကောင်းတဲ့ မျိုးဆက်တွေလည်းဖြစ်ပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများဟာ နယ်မြေအများစုကို စိုးမိုးထားနိင်နေပြီလို့ သိရပါတယ်။         


========================


📌📌 ၆။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ပလက်ဝမြို့နယ်တို့မှာ လူဦးရေ တစ်သိန်း ရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရ


တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ပလက်ဝမြို့နယ်တို့မှာ လူဦးရေ (၁၈၅,၀၀၀) ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ မေလ (၂၃) ရက်က အာရှနှင့် ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်တွင်  UN OCHA Myanmar က ဖော်ပြလိုက်ပါတယ်။

"ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ပလက်ဝမြို့နယ်တို့မှာ လူဦးရေ (၁၈၅,၀၀၀) ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျောက်က ကျေးရွာ (၁၀) ရွာက လူဦးရေ (၁၀,၀၀၀) ခန့်ဟာ နယ်မြေရှင်းစစ်ဆင်ရေးတွေကြောင့် မေလ (၁၄) ရက်နေ့ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်" လို့ ဖော်ပြထားတာပါ။

နိုင်ငံအရှေ့တောင်ပိုင်း မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်တွေမှာ လူဦးရေ ,၀၀၀ ကျော်ဟာ လက်နက်ကြီးပစ်ခတ်မှုတွေ ကြောင့် မေလ (၁၅) ရက်နေ့က ဘေးလွတ်ရာကို ပြေးခဲ့ကြရပါသေးတယ်။ 

အလားတူ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာလည်း ပြင်းထန်တဲ့တိုက်ပွဲ တွေဖြစ်နေတဲ့အတွက် ကျေးရွာ () ရွာက လူဦးရေ (၈၀၀) ကျော်ဟာ မေလ (၁၁) ရက်နေ့ကတည်းက နေရပ်စွန့်ခွာထွက်ပြေး နေကြရတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးစီး၍ မူဆင့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးစီး၍ မူဆင့် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းကို မေလ (၁၄)  ရက်မှ (၁၉) ရက်အထိ ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါသင်တန်းတွင် မြေပြင်စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများက မူလတန်းအဆင့် သင်ကြားရေးဆိုင်ရာ ဘာသာရပ်အားလုံးကို နည်းပြဆရာ၊ ဆရာမများနှင့်အတူ ဆွေးနွေး သင်ယူခဲ့ကြတယ်လို့ သိရှိရပါတယ်။

သင်တန်းကာလပြီးမြောက်သောအခါ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီး ဂုဏ်ပြုလွှာများကို ဆရာ၊ ဆရာမများအား ပေးအပ်ခဲ့ကြတယ်လို့မြို့နယ်ပညာရေးဘုတ်အဖွဲ့က အသိပေးဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မန္တလေးက စစ်တပ်ပိုင် မြ၀တီဘဏ်နဲ့ အမှတ် () ရဲစခန်းကို NMD ဗုံးခွဲတိုက်ခိုက် 


မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်ထဲမှာပါတဲ့ ချမ်းမြသာစည်မြိုနယ်ထဲက စစ်တပ်ပိုင် မြ၀တီဘဏ်နဲ့ မဟာအောင်မြေမြို့နယ်ထဲက အမှတ် () ရဲစခန်းကို ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defense Force – NMD က အသိပေးထုတ်ပြန်ပါတယ်။ 

ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက် အကွက်အမှတ် (၉၀၂) ရန်ကုန် - မန္တလေးကားလမ်း၊ မြနန္ဒာလမ်းနဲ့ စစ်ကိုင်း - မန္တလေးကားလမ်းကြားမှာရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ်ရှေ့က အစောင့်ကင်းတဲကို ပထမမစ်ရှင်အဖြစ် မေလ (၂၁) ရက်နေ့ မနက် (၁၁) နာရီခန့်မှာ လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အစောင့်စစ်သားတွေက လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့လည်း အသိပေးပါတယ်။ 

စစ်တပ်ပိုင် မြ၀တီဘဏ်ဟာ စစ်ကောင်စီရဲ့ လူသတ်ယန္တရားကို လည်ပတ်စေတဲ့ စီးပွားရေးထောက်တိုင်ဖြစ်တာကြောင့် တိုက်ခိုက်ရတာလို့ NMD က ပြောပါတယ်။

ဒုတိယမစ်ရှင်အနေနဲ့ မေလ (၂၁) ရက်နေ့ () နာရီခန့်အချိန်မှာ မဟာအောင်မြေမြို့နယ် (၃၅) လမ်းနဲ့ ကမ်းနားလမ်းအနီးက အမှတ် () ရဲစခန်းကို လက်ပစ်ဗုံး () လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ဗုံးတလုံးဟာ စခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ ပြီး တလုံးကတော့ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ 

တိုက်ခိုက်မှုအတွင်း ပစ္စည်း error ကြောင့် ရဲဘော်တဦး ဒဏ်ရာရခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် အခြားရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ပေမယ့် လက်ရှိမှာ ဘေးကင်းတဲ့နေရာကို ရောက်နေပြီလို့ အသိပေးပါ တယ်။ 

အခုလို တိုက်ခိုက်ရတာဟာ တော်လှန်ရေးပြောက်ကျား UG ရဲဘော်တွေအနေနဲ့ သွေးမအေးကြောင်း ပြည်သူလူထုကို အသိပေးလိုတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ တော်လှန်ရေးကာလတလျောက် ထိခိုက်ဆုံးရှုံးနဲ့ ဖမ်းဆီးခံရ မှု များစွာရှိပေမယ့် ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးအတွက် ခိုင်မာသောစိတ်ဓာတ်နဲ့ အဆုံးတိုင် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း No More Dictatorship People Defense Force – NMD က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ ရန်ကုန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ စစ်ရေး ပူးပေါင်းဆောင်ရွက်မည်


ပဲခူးတိုင်းထဲက သာယာဝတီခရိုင်အခြေစိုက် သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃၊ တပ်ခွဲ - တို့ ပူးပေါင်းပြီး စစ်ရေးအရှိန်ကို အရင်ထက်ပိုပြီး မြှင့်တင်သွားမယ်လို့ မေလ (၂၃) ရက်မှာ အသိပေး ကြေညာလိုက်ပါတယ်။  

မေလ (၂၁) ရက်နေ့ကတည်းက စစ်ရေးပူးပေါင်းဆောင်ရွက်နေတာဖြစ်ပေမယ့် ဒီနေ့ မေလ (၂၃) ရက်မှ တရားဝင် အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃၊ တပ်ခွဲ - တို့အနေနဲ့ မြို့ပြတိုက်ပွဲတွေနဲ့ ရိုးမတိုက်ပွဲတွေမှာ ပိုမိုထိရောက်အောင်မြင်စေဖို့ ရည်ရွယ်ထားပါတယ်။

စစ်ရေးအရှိန်ကို အရင်ထက် ပိုပြီးမြင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမယ်လို့လည်း အသိပေးထားပါတယ်။ 

ပဲခူးတိုင်း အနောက်ခြမ်းက သာယာဝတီခရိုင်အခြေစိုက် သာယာဝတီဂဠုန်တပ်ဖွဲ့ဟာ နန်းထိုက်အောင်စစ်ဆင်ရေးတွေ ဖော်ဆောင်နေသလို ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။

ထို့အတူ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - (မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့) ဟာလည်း ရန်ကုန်တိုင်းအတွင်း မြို့ပြစစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့ တပ်ဖွဲ့တခု ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ဘီးလင်းမြို့နယ်မှာ စစ်တပ်သတင်းပေးတဦးကို ရှင်းလင်း


မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်တပ်သတင်းပေးအဖြစ်လုပ်ကိုင်နေသူတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထီးရိုး တော်လှန်ရေးအင်အားစု - KRFက ပြောပါတယ်။ 

ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ရွာကြီးတောင်ပိုင်းမှာနေတဲ့ စစ်တပ်သတင်းပေး သက်လွင်ဦးဆိုသူကို ကျိုက်ထီးရိုး တော်လှန်ရေးအင်အားစု- KRF နဲ့ ကျိုက်ထိုပကဖတို့က ဒီနေ့ မေလ (၂၃) ရက် မနက် (၉း၁ဝ) မှာ ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

စစ်တပ်သတင်းပေး သက်လွင်ဦးဟာ ယခင်က ဒုစရိုက်နှိမ်နှင်ရေးရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်တာကြောင့် စစ်ရေးပစ်မှတ် အဖြစ်သတ်မှတ်ကာ ဇုတ်သုတ် ဆင်မင်းဘုရားနဲ့ တိုက်နယ်ဆေးရုံကြားမှာ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်သတင်းပေး သက်လွင်ဦးထံကနေ လက်ပစ်ဗုံး () လုံးနဲ့ ငွေကျပ် (၁၅ဝဝ) သိမ်းဆည်းရရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ကျိုက်ထီးရိုး တော်လှန်ရေးအင်အားစု - KRF အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ငါန်းဇွန်မှာ စစ်သားတွေပါတဲ့ ဒိုင်နာကားကို မိုင်းဆွဲခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်


မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်သား (၅၀) ခန့်ပါတဲ့ ဒိုင်နာကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက် သေဆုံးမှုရှိနိုင်တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ပြောပါတယ်။

ငါန်းဇွန်မြို့နယ် ကျင်းသာကျေးရွာဘက်မှာ အင်အား (၅၀) ခန့်နဲ့ စစ်ကြောင်းထိုးပြီး (၁၂) ပေ ဒိုင်နာကားနဲ့ မြို့သာမြို့ဘက် ပြန်လာချိန် မေလ (၂၁) ရက် မနက် (၁၁း၄၅) အချိိန်ခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပဒေသာမိုင်း () လုံး၊ ရှေ့ထွက်မိုင်းတလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိပြီး အော်ဟစ်ညည်းညူသံတွေနဲ့အတူ ဂွေးကုန်းအထိုင်စခန်းကို အမြန်မောင်းပြေးတဲ့အတွက် စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ပြောတာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်သားတွေ မောင်းပြေးသွားတဲ့ ဂွေးကုန်းကျေးရွာဟာ ငါန်းဇွန်မြို့နယ်ထဲက ကျေးရွာတရွာဖြစ်ပေမယ့် တံတားဦးမြို့နယ်အစပ်မှာရှိတယ်လို့ သိရပါတယ်။ 

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ရဲဘော်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား တွေဘက်က ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment