4th MAY 2024 - Morning Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မေလ ရက်နေ့  ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်က အဆိုးဝါးဆုံးမှာ ရှိနေကြောင်း သတင်းဌာများက ထောက်ပြ

📌 ၂။ ထိုင်းမှာ အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၄ ဦး ဖမ်းဆီးခံရ

📌 ၃။ နမ္မတူမြို့မှာ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် အိမ်အလုံး ၈၀ ကျော်ပျက်စီး


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးပြောကြား

🚩 ၂။ တောင်စွန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ မင်းတပ်မြို့နယ်မှာ လအတွင်း လေကြောင်းတိုက်ခိုက်မှု့ကြောင့် ()ဦးသေဆုံးပြီး (၃၁)ဦးထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မေလ ရက်နေ့  ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်က အဆိုးဝါးဆုံးမှာ ရှိနေကြောင်း သတင်းဌာများက ထောက်ပြ


မတ်လ ၃ရက်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အဆိုးဝါးဆုံး အခြေအနေမှာ ဆက်ရှိနေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ မြန်မာသတင်းသမားတွေက ပြောပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၁၈ဝ ရဲ့ သတင်းမီဒီယာလွတ်လပ်မှု အခြေအနေ ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အဆင့် ၁၇၁ မှာရှိပြီး အဆိုးဝါးဆုံးစာရင်းထဲ ဆက်ရှိနေပါတယ်။မြန်မာနိုင်ငံရဲ့ အောက်မှာတော့ တရုတ်၊ ဗီယက်နမ်၊ အီရန်၊ မြောက်ကိုးရီးယား၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားအပါအဝင် နိုင်ငံပေါင်း နိုင်ငံ ရှိနေပါတယ်။


နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ စာရင်းတွေအရတော့ အမျိုးသမီး သတင်းထောက် ဦးအပါအဝင် စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မြန်မာသတင်းထောက် ၅၇ ဦးအထိရှိပြီး တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေ ဖမ်းဆီးခံရမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူပဲ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ သတင်းထောက်လည်း ဦးထက်မနည်း ရှိပြီလို့ သတင်းတွေအရ သိရပါတယ်။ စစ်ကောင်စီကနေ အခုအချိန်ထိဆို ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခုရှိပြီလို့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။ တားဆီးပိတ်ပင်ခံရတဲ့ သတင်းဌာနတွေကတော့ ပြည်ပ ဒါမှမဟုတ် ပြည်တွင်းက တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေမှာ အခြေစိုက်ပြီး သတင်းအလုပ်တွေ ဆက်လက်လုပ်ကိုင်နေကြရပါတယ်။ သတင်းသမားတချို့က လုံခြုံရေးအရ ပြည်ပနဲ့ လွတ်မြောက်နယ်မြေတွေကို ထွက်ခွာသွားကြရတာတွေရှိပြီး တချို့သတင်းသမားတွေကတော့ ပြည်တွင်းမှာပဲ လျှို့ဝှက်လုပ်ကိုင်နေကြတာတွေလည်း ရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်နဲ့ စဥ်းစားဆင်ခြင်တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အရေးပါတာကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်တယ်လို့လည်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဖြစ်တဲ့ ဒီကနေ့ မေလ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။


လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီမှ ကြီးမှူးကျင်းပသော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အထိမ်းအမှတ် အခမ်းအနားတွင် အမှုဆောင်ကော်မတီမှ ပြုစုရေးဆွဲထားသော သတင်းမီဒီယာကျင့်ဝတ် Code of Conduct  ကို ကိုးကားအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ထုတ်ပြန်လိုက်ပါတယ်။


အခုသတင်းတင်ပြချက်က အချက်အလက်များကို Delta သတင်းဌာနကနေ ကောက်နုတ်တာ ဖြစ်ပါတယ်။


========================


📌📌 ၂။ ထိုင်းမှာ အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၄ ဦး ဖမ်းဆီးခံရ


 မေလ ၃ရက်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ မြဝတီခရိုင်ဘက်ကနေ တာ့က်ခရိုင်ဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၄ ဦးကို မေလ၂ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


ဖိုးဖမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာ့က်ခရိုင် ဖိုးဖမြို့နယ် ဖိုးဖအလယ်ကျေးရွာဘက်မှာ တရားမဝင် မြန်မာလုပ်သားများဝင်ရောက်လာကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာလို့ မြဝတီ-မဲဆောက်မီဒီယာက မေလ ရက်မှာ အသိပေးထားပါတယ်။


ဖမ်းဆီးရမိတဲ့သူတွေထဲမှာ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၂၂ ဦးတို့ပါဝင်ပြီး ၎င်းတို့ကို ခေါ်ဆောင်လာတဲ့ ပွဲစားတွေကတော့ ဖိုးဖရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီးချိန်မှာ အဖမ်းမခံဘဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။


အခု ဖမ်းဆီးခံရသူတွေထဲက အချို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ဖူးကစ်မြို့တို့မှာ အလုပ်လုပ်ကိုင်ဖူးသူတွေဖြစ်ပြီး မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးနေတာကြောင့် ထိုင်းမှာ အလုပ်လုပ်ဖို့ ပွဲစားခအနေနဲ့ နေရာအနီးအဝေးပေါ်မူတည်ပြီး တဦးကို ဘတ်၂သောင်းခွဲ (ကျပ် ၂၅ သိန်းခန့်) ကနေ ဘတ် သောင်း (သိန်း ၃ဝ) အထိ ပေးဆောင်ခဲ့ရတယ်လို့ ရဲစခန်းမှာ ဝန်ခံထွက်ဆိုခဲ့ကြတယ်လည်း ဆိုပါတယ်။


အလားတူ မေလ ရက်မှာပဲ တာ့က်ခရိုင် ဘန့်တာ့က်မြို့ နယ် စမိုခွန်ကျေးရွာအုပ်စု ဟွန်အုန်ခလပ်ကျေးရွာဘက်မှာလည်း အထောက်အထားမဲ့ မြန်မာလုပ်သား ၁၉ ဦးနဲ့အတူ ၎င်းတို့ကိုခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားပွဲစား ဦးကို ဘန့်တာ့က် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။


လက်ရှိမှာ ဖမ်းဆီးရမိထားသူတွေကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးနေတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားလိုတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပေါ်တာဆွဲခံရမှာကိုစိုးရိမ်နေတဲ့ မြန်မာပြည်သူတွေဟာ အလုပ်အကိုင်ရှာဖွေဖို့ အိမ်နီးချင်း ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က တရားမဝင်လာရောက်ရင်း အခုလို အဖမ်းခံရတာဖြစ်ပါတယ်။


========================


📌📌 ၃။ နမ္မတူမြို့မှာ လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် အိမ်အလုံး ၈၀ ကျော်ပျက်စီး


မေလ ၃ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၈၀ ကျော် ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

တအာင်းပြည် တပ်မဟာ စစ်ဒေသဖြစ်တဲ့ နမ္မတူမြို့မှာ မေ ရက်နေ့ မနက်ပိုင်းက မိုးရွာသွန်းပြီး လေဆင်နှာမောင်း ၁၅ မိနစ်ခန့်ကြာ တိုက်ခတ်ခဲ့တာကြောင့် နမ္မတူရပ်ကွက်အတွင်းက နေအိမ်များ၊ ဘုန်းကြီးကျောင်းနဲ့ ဘာသာရေး အဆောက် အအုံများ စုစုပေါင်း ၈၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

"အများဆုံး ပျက်စီးတာက ပန်ဟိုက်ရပ်ကွက်နဲ့ သတ္တုတွင်းရပ်ကွက်မှာပေါ့၊ အိမ်ခေါင်မိုးလန်တာ၊ သစ်ပင်ကျိုးတာရှိတယ်။ များများပျက်တာနဲ့ နည်းနည်းပျက်တာပဲကွာတယ် အားလုံး အလုံး ၈၀ လောက်ရှိမယ်၊ လူထိခိုက်တာတော့ မရှိဘူး"လို့ သတ္တုတွင်းရပ်ကွက်မှာ နေထိုင်သူတဦးက ဆိုပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် နမ္မတူမြို့ ပန်ဟိုက်ဘက်ခြမ်း ရပ်ကွက်-၂၊ ၃၊ ၄၊ ၉၊ ၁၀နဲ့ သတ္တုတွင်းဘက်ခြမ်း ရပ်ကွက် ၅၊ တို့မှာ အများဆုံး ပျက်စီးခဲ့ပြီး အခြားရပ်ကွက်တွေမှာလည်း အိမ်ခေါင်မိုးတာတွေလည်းရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နမ္မတူမြို့ ပေါ်ရပ်ကွက်ထဲကနေအိမ်တွေကို နမ္မတူမြို့ PSLF/TNLA  စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်မိရပ်ဖတွေက လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သီပေါမြို့နယ် နောင်အန်ကျေးရွာက နေအိမ် ၂၀ ကျော် ပျက်စီးခဲ့သေးတယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းနွေဦးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရလိမ့်မည်ဟု SSPP/SSA ဒုဗိုလ်ချုပ်ကြီးပြောကြား


မေလ ၃ရက်။

Radio NUG

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း မရှိတော့ခြင်းကြောင့် တိုက်ပွဲ ဖြစ်ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA  မှ ဒုတိယ ဉက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်


စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှု့ ပစ်ပယ်ကာ တပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုထားပါတယ်


နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကတည်းကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံ စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။

 အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့ အဆုံး လက်နက်ကိုင် တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်ဟု ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားပါတယ်


စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ဉီးဆောင်မှု အောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပါအဝင် ပြည်သူလူထု အားလုံး ကြိုးစားတိုက်ပွဲဝင်ကြရန် ဆက်လက် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရပါတယ်။


ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ကတွေဝေနေလို့ မဖြစ်တော့ပါဘူး အခု ကျွန်တော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖြန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်ပြောကြားထားပါတယ်


SSPP/SSA သည် ဉီးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်တပ်နှင့် တိုက်ပွဲများ တခါတရံ ဖြစ်ပွားခဲ့ပါတယ်။။ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များ အတွင်း ဌာနချုပ် ရှိရာ ဝမ်ဟိုင်းကို ဗမာ စစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၂။ တောင်စွန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်


မေလ ရက်။

ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းအား မေလ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် KNLA အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) lion battalion commando စစ်ကြောင်း၊ federal wings Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။


တောင်စွန်းစခန်းအား ပြီ () ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီလ (၁၇) ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ () ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် အပြီးသတ် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့ကာ လက်နက်ကြီး လက်နက်ငယ်  (၄၀) ကျော် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆) ဦးသေဆုံးကာ တပ်ရင်းမှုးအပါ (၁၃) ဦးထွက်ပြေးသွားတယ်လို့ သိရပါတယ်။


တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် () ကြိမ်၊ MI35 () ကြိမ် Y12 ဗုံးကျဲလေယဥ်ဖြင့် (၂၃) ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ (၅၀) ကျော် ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFမှ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မင်းတပ်မြို့နယ်မှာ လအတွင်း လေကြောင်းတိုက်ခိုက်မှု့ကြောင့် ()ဦးသေဆုံးပြီး (၃၁)ဦးထိခိုက်ဒဏ်ရာရ


မေလ ရက်၊ 

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဧပြီတစ်လအတွင်း လေကြောင်းတိုက်ခိုက်ခိုက်မှု ( ၃၆) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သား ()ဦးအပါဝင် ရဲဘော် () ဦးသေဆုံးခဲ့ရတယ်လို့ ချင်းဒေသကာကွယ်ရေး (မင်းတပ်)အဖွဲ့က မေလ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီလကနေ မေလ () ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့သလို လက်နက်ကြီး () ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အရပ်သား() ဦးအပါဝင် ရဲဘော်() ဦး သေဆုံးပြီး (၃၁) ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ကာ၊  ဧပြီလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်တိုက်နယ်() က ဝမ္မသူးဆေးရုံအပါဝင် ခရစ်ယာန်ဘုရားကျောင်း ()လုံး၊ စာသင်ကျောင်း ()လုံး နဲ့ လူနေအိမ် (၂၄) လုံးအထိ ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဟာ မင်းတပ်မြို့နယ်အတွင်း လေကြောင်းကနေ ဆေးရုံအပါအဝင် နေရာတချို့ကို လေကြောင်းကနေ အလွန်အကျွံတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းနွေဦးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment