9th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကျောက်ထု လေယာဉ်ကွင်း၊ အမြောက်တပ်နဲ့ ရဲစခန်းတို့ကိုတိုက်ခိုက်ရာမှာ လေယာဉ်ပြေးလမ်းအပါအဝင် ထိခိုက်ပျက်စီး မှုများအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကို ကို NUG ကာကွယ်ရေးဝန်ကြီးဌာ ဂုဏ်ပြု 

📌 ၂။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ လက်ရှိအတိုက်အခံ Labour Party လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံရှိ Council of Trade Union မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

📌 ၄။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alison Peters နှင့် NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတို့တွေ့ဆုံ

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရဟာ အဝေးရောက်အစိုးရမဟုတ်ဘဲ ယာယီသမ္မတနှင့်ဝန်ကြီးချုပ်အပါအဝင် အရေးပါတဲ့ပြည်ထောင်စုဝန်ကြီးများ မြေပြင်မှာရှိနေတယ်လို့ဆို

📌 ၆။ စကစတပ်ရဲ့ဒရုန်းဗုံးသီးများ PVCပိုက်တွေနဲ့ထုတ်လုပ်ရတဲ့အဆင့်ကိုရောက်နေပြီလို့ Federal Wingsဒရုန်းတပ်ဖွဲ့ထုတ်ဖော်ဆိုလိုက်

📌 ၇။ Freedom Tattoo Campaign ရဲ့ သောက်သုံးရေ ရရှိနိုင်ရေး project မှ ကရင်ပြည်နယ်အတွင်းစစ်ဘေးရှောင်များအတွက် သောက်သုံးရေရှိနိုင်ရေး နေရာ ခု အတွက် စီစဉ်နေလျှက်ရှိရာ ပထမဦးဆုံး တစ်ခုအားအောင်မြင်စွာတပ်ဆင်

📌 ၈။ ယင်းမာပင် ခရိုင်(ပကဖ)ကကျေးရွာ(၁၄)ရွာ မှပြည်သူများနဲ့တွေ့ဆုံ


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မွတ်ဆလင်လူငယ်တွေကို စစ်ကောင်စီနဲ့ ARSA ARA RSO တို့က တပ်သားသစ်အဖြစ် လိမ်လည်စုဆောင်းနေတယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ထုတ်ပြန်ပြောဆို

🚩 ၂။ မောင်တောက ရွာ ရွာကို စစ်တပ်နဲ့ မွတ်ဆလင်အကြမ်းဖက်အချို့ မီးရှို့ဖျက်ဆီးတာကြောင့် အမျိုးသမီးတဦး သေဆုံးကာ အိမ်ခြေ ၇ဝ ကျော် ပျက်စီး

🚩 ၃။ ကျောက်ဖြူမြို့နယ်ထဲက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

🚩 ၄။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာဘောလုံးကစားနေကြသည့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး ပွဲချင်းပြီး သေဆုံး

🚩 ၅။ မုံရွာနယ် တောပုရွာက အမျိုးသမီးပျူခေါင်းဆောင်အပါအဝင် ပျူအမျိုးသမီး ၃ဦး လက်ရဖမ်းမိ 

🚩 ၆။ ဝိုင်းမော်မြို့နယ်ထဲက မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှာရှိတဲ့ တဘတ်ချောင်းကူးတံတားကို စစ်တပ်က ဖောက်ခွဲဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကျောက်ထု လေယာဉ်ကွင်း၊ အမြောက်တပ်နဲ့ ရဲစခန်းတို့ကိုတိုက်ခိုက်ရာမှာ လေယာဉ်ပြေးလမ်းအပါအဝင် ထိခိုက်ပျက်စီး မှုများအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကို ကို NUG ကာကွယ်ရေးဝန်ကြီးဌာ ဂုဏ်ပြု 


မကွေးတိုင်း ဆောမြို့နယ်ထဲက ကျောက်ထုမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ် လေယာဉ်ကွင်း၊ အမှတ် ၃၆၈ အမြောက်တပ်နဲ့ ကျောက်ထုရဲစခန်းတို့ကို ရှော့တိုက်ဒုံး အလုံး ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လေယာဉ်ပြေးလမ်းအပါအဝင် များစွာပျက်စီး အောင်တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာပေးပို့ခဲ့တယ်လို့ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး - BHSRF ထံကနေ သိရပါတယ်။


မေလ ရက် မနက် နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ကျောက်ထုလေယာဉ်ကွင်း၊ အမှတ် ၃၆၈ အမြောက်တပ်၊ ကျောက်ထု ရဲ စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၄၆ ဦးက အဖွဲ့ ဖွဲ့ခွဲပြီး Short Range Missile အလုံး ၅၀ အသုံးပြုကာ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီအတွက် အဓိကကျတဲ့ ကျောက်ထုလေယာဥ်ကွင်းက လေယာဥ်ပြေးလမ်း၊ တပ်တွင်းစျေးဆိုင်၊ ခန်းမဆောင်နဲ့  ဗဟိုကင်း (နေပြည်တော်ရဲတပ်ဖွဲ့) အဆောင်၊ ကျောက်ထုနယ်မြေရဲစခန်းတို့ ထိခိုက်ပျက် စီးမှု များစွာရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (.က.) ရဲ့ ညွှန်ကြားမှုအတိုင်း မကွေးတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (.က.) Drone လက်ရုံးတပ်ဖွဲ့ရဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေး တပ်ဦး၊ ဂန့်ဂေါခရိုင် အမှတ် ၈၊၉ တပ်ရင်း၊ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျောက်ထုတိုက်နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။


အခုလို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၄၆ ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာပေးပို့ခဲ့တာဖြစ်ပါတယ်။


အဆိုပါဂုဏ်ပြုလွှာကို မေလ ရက်နေ့စွဲနဲ့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က လက်မှတ်ရေးထိုး ထုတ်ပြန်ပေးအပ်တာဖြစ်ပြီး Rocket အလုံး ၅၀ ပစ်ခတ်ပြီး ရန်သူကို များစွာထိခိုက်ပျက်စီးအောင် ပစ်ခက်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အထူးဝမ်းသာမိပါကြောင်း ဂုဏ်ပြုလွှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ လက်ရှိအတိုက်အခံ Labour Party လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ


မေလ၉


ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံ လက်ရှိ အတိုက်အခံပါတီဖြစ်သော Labour Party မှ လွှတ်တော်ကိုယ်စားလှယ်များနှင့်မေလ ရက်နေ့တွင် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ 


တွေ့ဆုံဆွေးနွေးမှုတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ နယူးဇီလန်အစိုးရ၏ နိုင်ငံခြားရေးပေါ်လစီတွင် ထိရောက်ကောင်းမွန်စေရေး အကြံပြုပေးပါရန်ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးအား ယခုထက်ပိုမို ထောက်ခံ ပံ့ပိုးဆောင်ရွက်ပေးပါရန် စသည့်အချက်အများအားဝန်ကြီးမှ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံရှိ Council of Trade Union မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး


မေလ၉ရက်


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံ၏ Council of Trade Unions President Mr. Richard Wagstaff ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မေလ() ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင်  အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မလုပ်အားစေခိုင်းမှုများ၊ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်အပေါ် ပိတ်ပင်တားဆီး၍ အသင်းအဖွဲ့ဆိုင်ရာလွတ်လပ်ခွင့်ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကမ္ဘာ့အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ILO) အရေးယူဆောင်ရွက်မှုများ ယခုထက်ပိုမို ထိရောက်သည့် လုပ်ဆောင်ချက်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် အလုပ်သမား သမဂ္ဂများအနေဖြင့် ပါဝင်လုပ်ဆောင်နိုင်မည့် နည်းလမ်းများ အား အပြန်အလှန် အကြံပြု ဆွေးနွေးခဲ့ပါတယ်။


ထို့ပြင် မြန်မာနိုင်ငံတွင်းမှာရှိသည့် အလုပ်သမားသမဂ္ဂများအား နည်းပညာ၊ အတတ်ပညာဆိုင်ရာ ကူညီပံ့ပိုးမှုများပေးအပ်နိုင်ရေးအတွက်လည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alison Peters နှင့် NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတို့တွေ့ဆုံ


မေလ၉ရက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alison Peters နှင့် NUGလူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးတို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့တယ်လို့ မေလ၉ရက်မှာ NUGလူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက အသိပေးဆိုထားပါတယ်။


"အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alison Peters နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် လူ့အခွင့်အရေး ဒီမိုကရေစီ ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ရခိုင်ပြည်နယ်ကို စကစဟာ လက်လွှတ်ဆုံးရှုံးရမယ့်စစ်ရေးရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရဟာ အဝေးရောက်အစိုးရမဟုတ်ဘဲ ယာယီသမ္မတနှင့်ဝန်ကြီးချုပ်အပါအဝင် အရေးပါတဲ့ပြည်ထောင်စုဝန်ကြီးများ မြေပြင်မှာရှိနေတယ်လို့ဆို


မေလ၉


အမျိုးသားညီညွတ်ရေးအစိုးရဟာ အဝေးရောက်အစိုးရမဟုတ်ဘဲယာယီသမ္မတနှင့်ဝန်ကြီးချုပ်အပါအဝင် အရေးပါတဲ့ပြည်ထောင်စုဝန်ကြီးများ မြေပြင်မှာရှိနေတယ်လို့ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောပါတယ်။


မေလအတွင်း နွေဦးမှန်ကူကွက်များအစီအစဥ်၁၉မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောပါတယ်။


"တချို့မီဒီယာတွေက ကျနော်တို့ကို အဝေးရောက်အစိုးရလို့သုံးတယ်။အဲဒါကိုလုံးဝလက်မခံဘူး။ငြင်းတယ်။ကျနော်တို့ကအဝေးရောက်အစိုးရမဟုတ်ဘူး။အဝေးကလှမ်းပြောနေတာမဟုတ်ဘူး။ကျနော်တို့ရဲ့နိူင်ငံတော်သမ္မတ၊နိူင်ငံတော်ဝန်ကြီးချုပ်၊ပြီးတော့အရေးပါတဲ့ပြည်ထောင်စုဝန်ကြီးတွေဟာ ပြည်တွင်းထဲမှာပဲရှိနေတယ်။အခုတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းပြီးတိုက်နေတဲ့PDFတေွကအဝေးကနေလှမ်းတိုက်နေတာမဟုတ်ဘူး။မြို့တွေကိုလည်း မြေပြင်မှာ တကယ်သိမ်းနေတာဖြစ်တယ်"လို့ဆိုပါတယ်။


နိူင်ငံတကာဆက်ဆံရေးနှင့်သံတမာန်ရေးရာအရ ဝန်ကြီးအချို့သာ အလုပ်သဘောနှင့်ပြည်ပမှာရှိကြောင်းလည်း သုံးသပ်ပြောကြားသွားပါတယ်။


========================


📌📌 ၆။ စကစတပ်ရဲ့ဒရုန်းဗုံးသီးများ PVCပိုက်တွေနဲ့ထုတ်လုပ်ရတဲ့အဆင့်ကိုရောက်နေပြီလို့ Federal Wingsဒရုန်းတပ်ဖွဲ့ထုတ်ဖော်ဆိုလိုက်


"စကစ စခန်းတွေဆီက သိမ်းလို့ရတဲ့အသီးအနှံတွေ ဆေးကွာတော့မှပဲ သူတို့ပါ PVC တွေနဲ့ဖြစ်နေမှန်း သိရတော့တယ်။အသီးအနှံကို PVC နဲ့လုပ်တာက တို့ဖက်မှာပဲရှိတယ်လို့ သိထားတာလေကွဒါတွေလည်း စခန်းအရောက် ပြန်ပို့ပေးလိုက်ပါပြီ"လိုမေလအတွင်းမှာ Federal Wingsဒရုန်းတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။


အကြမ်းဖက်စကစတပ်များဟာ တော်လှန်ရေးအင်အားစုများနည်းတူ တန်ပြန်ဒရုန်းစစ်ဆင်ရေးများကို လုပ်ဆောင်သော်လည်း နည်းပညာပိုင်းအားနည်းချက်များစွာရှိနေတယ်လို့သိရပါတယ်။


========================


📌📌 ၇။ Freedom Tattoo Campaign ရဲ့ သောက်သုံးရေ ရရှိနိုင်ရေး project မှ ကရင်ပြည်နယ်အတွင်းစစ်ဘေးရှောင်များအတွက် သောက်သုံးရေရှိနိုင်ရေး နေရာ ခု အတွက် စီစဉ်နေလျှက်ရှိရာ ပထမဦးဆုံး တစ်ခုအားအောင်မြင်စွာတပ်ဆင်


မေလ၉ရက်


Freedom Tattoo Campaign ရဲ့ သောက်သုံးရေ ရရှိနိုင်ရေး project မှ ကရင်ပြည်နယ်အတွင်းစစ်ဘေးရှောင်များအတွက် သောက်သုံးရေရှိနိုင်ရေး နေရာ ခု အတွက် စီစဉ်နေလျှက်ရှိရာ ပထမဦးဆုံး တစ်ခုအားအောင်မြင်စွာတပ်ဆင်ခဲ့တယ်လို့ မေလအတွင်းမှာ  Freedom Tattoo Campaignကအသိပေးဖော်ပြပါတယ်။


Freedom Tattoo Campaign ရဲ့ သောက်သုံးရေ ရရှိနိုင်ရေး project မှနေပြီး ကရင်ပြည်နယ်အတွင်းစစ်ဘေးရှောင်များအတွက် သောက်သုံးရေရှိနိုင်ရေး နေရာ ခု အတွက် စီစဉ်နေလျှက်ရှိရာ ယနေ့မှာတော့ပထမဦးဆုံး တစ်ခုအားအောင်မြင်စွာတပ်ဆင်နိုင်ခဲ့ပါပြီလို့ဖော်ပြပါတယ်။


Freedom Tattoo Campaign အလှူရှင်များနှင့် အဖက်ဖက်မှပါဝင်ကူညီပေးကြသူများအား ကျေးဇူးအထူးတင်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ယင်းမာပင် ခရိုင်(ပကဖ)ကကျေးရွာ(၁၄)ရွာ မှပြည်သူများနဲ့တွေ့ဆုံ


မေလ၉ရက်


"ယင်းမာပင် ခရိုင်(ပကဖ)ပြည်သူများ လွတ်လပ်လုံခြုံပြီး အကြောက်တရားကင်းတဲ့ဘဝကိုရရှိဖို့ ကျေးရွာ(၁၄)ရွာ ပြည်သူနဲ့တွေ့ဆုံခဲ့တယ်"လို့မေလ၉ရက်မှာ ယင်းမာပင် ခရိုင်(ပကဖ)ကတရားဝင်အသိပေးဖော်ပြပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့များကို ကျင့်ဝတ်စည်းမျဥ်းများအတိုင်း ပြည်သူ့အပေါ်လိုက်နာကျင့်ကြံရန် ပြုပြောင်းလဲ ပြင်ဆင်မှုများ၊အရေးယူဆောင်ရွက်မှုများ အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မွတ်ဆလင်လူငယ်တွေကို စစ်ကောင်စီနဲ့ ARSA ARA RSO တို့က တပ်သားသစ်အဖြစ် လိမ်လည်စုဆောင်းနေတယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ထုတ်ပြန်ပြောဆို


စစ်ကောင်စီနဲ့ မွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ယုတ်မာပြီး အောက်တန်းကျတဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက မေလ ရက်နေ့ ရက်စွဲနဲ့ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။


မွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA, RSO စတဲ့ အဖွဲ့အစည်းတွေဟာ ရခိုင့်တပ်တော် AA နဲ့ ပူးပေါင်းဆောင်ရွက်နေသယောင်၊ တိုက်ပွဲတွေမှာ အတူတကွတိုက်ခိုက်နေသယောင် လိမ်လည်လှည့်ဖြားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက IDPs လို့ခေါ်တဲ့ ဒုက္ခသည်စခန်းတွေက မွတ်ဆလင် အမျိုးသားလူငယ်တွေကို စည်းရုံးကာ အကြမ်းဖက် စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေတာလို့ ဆိုပါတယ်။  


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းမှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေကနေ မွတ်ဆလင်လူငယ် ၅၀၀ ထက်မနည်းကို ARSA ARA RSO တို့က စစ်ကောင်စီအတွက် စည်းရုံးသွားတာရှိတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

မွတ်စလင်လူငယ်များ အထူးသဖြင့် အရွယ်မရောက်သေးတဲ့လူငယ်တွေကို အကြမ်းဖက်စစ်ကောင်စီနဲ့ မွတ်ဆလင် အကြမ်းဖက်အဖွဲ့အစည်းတွေက ၎င်းတို့အကျိုးစီးပွားအတွက်ဖြစ်တယ်လို့ ULA/AA ဘက်က အသိပေးထားပါတယ်။


အခုလို လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် ခုတုံးလုပ်ပြီး လိမ်လည်လှည့်ဖြားကာ လူသစ်စုဆောင်းနေခြင်း ဟာ လွန်စွာယုတ်မာအောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ULA/AA အနေဖြင့် ဒီလုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


ULA/AA အနေနဲ့ အကြမ်းဖက်လုပ်ရပ်မှန်သမျှကိုဆန်ကျင်ပြီး ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ ဘယ်သောအခါမှ ပူးပေါင်း လုပ်ဆောင်မှုမရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ မောင်တောက ရွာ ရွာကို စစ်တပ်နဲ့ မွတ်ဆလင်အကြမ်းဖက်အချို့ မီးရှို့ဖျက်ဆီးတာကြောင့် အမျိုးသမီးတဦး သေဆုံးကာ အိမ်ခြေ ၇ဝ ကျော် ပျက်စီး


ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက ကျေးရွာ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက် မွတ်ဆလင်အချို့ ဝင်ရောက်မီးရှို့ဖျက်ဆီးတာကြောင့် အမျိုးသမီးတဦးသေဆုံးကာ အိမ်ခြေ ၇ဝ ကျော် မီးလောင် ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


 မောင်တောမြို့နယ်ထဲက ဝေသာလီရွာနဲ့ ရွှေရင်အေးကျေးရွာကို ဒီနေ့ မေလ ရက်မနက် နာရီခန့်အချိန်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက် မွတ်ဆလင်အချို့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Western News က ဖော်ပြပါတယ်။ 


မြို့သူကြီးရပ်ကွက်မှာရှိတဲ့ နခခ- က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ညောင်ချောင်းကျေးရွာက အကြမ်းဖက် မွတ်ဆလင်တွေ က မီးရှို့ဖျက်ဆီးတာလို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။ 

ဝေသာလီရွာဟာ ပထမတာကြိမ် မီးရှို့ခံခဲ့ရချိန်က အိမ်ခြေ ၁၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး အခုတကြိမ်မှာလည်း အိမ် ၁၅ လုံး ထပ်မံဆုံးရှုံးခဲ့ရကာ ရွှေရွင်အေးရွာကိုပါ တပြိုင်တည်းမှာပဲ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၅ဝ ကျော် မီးလောင် သွားတယ်လို့ သိရပါတယ်။


ဝေသာလီရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က သေတန်တွေပစ်ဖောက်ပြီး ဝင်ရောက်လာတာဖြစ်တဲ့အတွက် အမျိုးသမီးတဦးလည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။


မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရခိုင့်တပ်တော် AA က တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်မွတ်ဆလင်တွေ တပ်ပြန်ဆုတ်သွားကြတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ်ထဲက အကြီးဆုံးတပ်စခန်းတခုဖြစ်တဲ့ ကျီးကန်းပြင်စစ်ဌာနချုပ်အပါအဝင် တပ်စခန်း ခုထက်မနည်း လက်လွှတ်ဆုံးရှုံးရပြီးနောက် မြို့အဝင်က မိုင်တံတားနဲ့ လှဖိုးခေါင်စခန်းအနီးက လှဘော်ဇား တံတားကိုလည်း မနေ့ မေလ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာရှိပါတယ်။ 


ရခိုင့်တပ်တော် ‌AA က မောင်တောမြို့ကို သိမ်းပိုက်နိုင်ဖို့ မြို့အနီးထိ ထိုးစစ်ဆင်နေရာ မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့ဝင်တွေဟာ မြို့အဝင် လမ်းတွေကို ဖျက်ဆီးခြင်း၊ အနီးအနားကျေးရွာ အထူးသဖြင့် ရခိုင်ကျေးရွာတွေကို မီးရှို့ဖျက်ဆီး ခြင်းနဲ့ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်နေတယ်လို့ မောင်တောမြို့ခ့တွေကလည်း ပြောပါတယ်။

ရခိုင့်တပ်တော်ရဲ့ ထိုးစစ်ဟာ မောင်တောမြို့နဲ့ နီးကပ်လာပြီဖြစ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဟာ မောင်တောမြို့ မြန်မာ့ စီးပွားရေးဘဏ်က ငွေတွေကို စစ်တွေမြို့နဲ့ အခြားနေရာတွေကို ရွှေ့ပြောင်းနေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၃။ ကျောက်ဖြူမြို့နယ်ထဲက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်


ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲက အရပ်သားနေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်ကောင်စီက မေ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ကျောက်ဖြူမြို့နယ်ထဲက စနဲမြို့ကို မေလ ရက် မနက် နာရီခန့်အချိန်မှာ ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Western News က ဖော်ပြပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ စနဲမြို့ တောင်ငုစုရပ်ကွက်က လူစည်ကားရာနေရာဖြစ်တဲ့ ကားဂိတ်နဲ့စျေးတန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။ 

ရခိုင်ဒေသစစ်မျက်နှာမှာ အရှုံးကြီးရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင့်တပ်တော်ထိန်းချုပ်ထားရာဒေသတွေနဲ့ အရပ်သားပြည်သူ တွေ နေထိုင်ရာနေရာတွေကို လေယာဉ်နဲ့ဗုံးကြဲတာ၊ ဒရုန်းအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေကလည်း ပြောဆိုနေတာရှိပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာဘောလုံးကစားနေကြသည့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး ပွဲချင်းပြီး သေဆုံး


မေလ ရက်


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာနှင့် အနီးအနားကျေးရွာတွေကို စစ်ကောင်စီတပ်က မေလ ရက်နေ့၊ ညနေ နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် ကနက်သီရိရွာ ဘောလုံးကွင်းတွင် ဘောလုံးကစားနေကြသည့် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး ပွဲချင်ပြီး သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။


ထို့အပြင် ကနက်သီရိရွာအနီးရှိ ရငဲရွာတွင်လည်း ယာယီပိတ်ထားသည့် တိုက်နယ်ဆေးရုံတရုံ ဗုံးထိမှန်မှုကြောင့် လုံးဝပျက်စီးသွားခဲ့ရပါတယ်။


ယခုလို ဗုံးကြဲတိုက်ခိုက်ခံရသည် ကနက်သီရိရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တော်လှန်ရေးတပ်တွေ အခြေစိုက်လှုပ်ရှားတာမျိုးလည်း မရှိဘူးလို့သိရပါတယ်။


========================


🚩🚩 ၅။ မုံရွာနယ် တောပုရွာက အမျိုးသမီးပျူခေါင်းဆောင်အပါအဝင် ပျူအမျိုးသမီး ၃ဦး လက်ရဖမ်းမိ 


စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တောပုပျူစောထီးရွာက အမျိုးသမီးပျူခေါင်းဆောင် အပါအဝင် ပျူအမျိုးသမီး ယောက်ကို လက်ရဖမ်းမိထားတယ်လို့ Area 71 PDF Monywa အဖွဲ့က ဒီနေ့ မေလ ရက် မနက်ပိုင်းမှာ ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။ 

Area 71 PDF Monywa အဖွဲ့နဲ့ မုံရွာမြို့နယ် တိုက်နယ်- ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့က တောပုပျူစောထီးရွာက အမျိုးသမီးပျူခေါင်းဆောင်နဲ့ ပျူစောထီးအမျိုးသမီး ဦး စုစုပေါင်း ဦးကို မေလ ရက်နေ့မှာ လက်ရဖမ်းစီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေဟာ အမျိုးသမီးပျူစောထီးခေါင်းဆောင် ခိုင်ခင်ဦး၊ လက်နက်ကိုင်ပျူစောထီး ချစ်ရဲနိုင်ရဲ့ဇနီး မိသီးနဲ့ လက်နက်ကိုင် ပျူစောထီး ဌေးညွန့်ရဲ့ဇနီး အေးမြတ်မွန်တို့ဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့ကိုဖမ်းဆီးရမိချိန်မှာ ပျူအမျိုးသမီး အေးမြတ်မွန်ဟာ ကိုယ်ဝန်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ 

 Area 71 PDF Monywa နဲ့ပူးပေါင်းအဖွဲ့ဟာ ဒီ လက်နက်ကိုင် အမျိုးသမီးပျူစောထီးတွေရဲ့ ပြည်သူလူထုအပေါ် ယုတ်ယုတ်မာမာ လုပ်ဆောင်တာတွေကိုလည်း ထုတ်ဖော်စစ်မေးနေတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ 

ဖမ်းဆီးရမိတဲ့သူတွေဟာ ပျူစောထီးအစစ်တွေဖြစ်ပေမယ့် သတ်ဖြတ်မှာမဟုတ်ဘဲ NUG MOD တို့ရဲ့ ဥပဒေ၊ တရား စီရင်ရေးအတိုင်း ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။  

အမျိုးသမီးပျူစောထီးခေါင်းဆောင် ခိုင်ခင်ဦးဟာ အကြမ်းဖက်စစ်ကြောင်းနဲ့အတူလိုက်ပါပြီး ထနောင်းတောကျေးရွာနဲ့ ကျပိုင်ကျေးရွာတို့က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးရာမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူငင်ခဲ့တာကိုလည်း ဝန်ခံထွက်ဆို ထားပါတယ်။


========================


🚩🚩 ၆။ ဝိုင်းမော်မြို့နယ်ထဲက မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်မှာရှိတဲ့ တဘတ်ချောင်းကူးတံတားကို စစ်တပ်က ဖောက်ခွဲဖျက်ဆီး


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မြစ်ကြီးနား -ဗန်းမော်လမ်းပေါ်မှာရှိတဲ့ တဘတ်ချောင်းကူးတံတားကို စစ်ကောင်စီ တပ်က မေလ ရက်နေ့ ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် တဘတ်ချောင်းကူး ကွန်ကရစ်တံတားကို စစ်တပ်က ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

တဘက်ချောင်းတဖက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ဖြစ်တာကြောင့် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းတဖက်မှာရှိတဲ့ စစ်စခန်းတွေကို သွားရောက်ပူးပေါင်း ချိန်မှာ တံတားကိုပါ ဖျက်ဆီးခဲ့တာလို့လည်း သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်တဲ့အခါတိုင်း ဒေသမှာရှိတဲ့တံတားတွေကို မိုင်းခွဲ ဖျက်ဆီးတာ၊ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးတာတွေ မကြာခဏလုပ်လေ့ရှိပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီး ဒေသများ၊ ဖားကန့်မြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းပေါင်းများစွာကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment