9th MAY 2024 - Morning Daily News by Radio NUG

 


၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စတော့ဟုမ်းဖိုရမ်မှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာဆွေးနွေးခြင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒုဝန်ကြီး ဦးမော်ထွန်းအောင်တို့တက်ရောက်

📌 ၂။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၏ လက်ရှိအာဏာရပါတီ National Party နှင့် တွေ့ဆုံ၍ အကြမ်းဖက်စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်တောင်းဆိုခဲ့

📌 ၃။ ပြည်သူတွေရဲ့ အလှူငွေတွေကို ကိုင်တွယ်ခြင်းမပြုဘဲဝန်ကြီးဌာန ငွေစာရင်းအဖွဲ့ကနေသာ ပြည်သူအလှူငွေကိုကိုင်တွယ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ရှင်းလင်းပြောကြား

📌 ၄။ ကရင်နီ ပြည်နယ်မှာ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၈၈) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်

📌 ၅။ ကနီမြို့နယ်မှာ လေပြင်းတိုက်ခတ်၍ နေအိမ်အလုံး၇၀ပျက်စီး

📌 ၆။ စာရေးဆရာမ မသီတာ (စမ်းချောင်း) ရဲ့ "PEN Australia Tour 2024" စာပေဟောပြောပွဲမှာ ရှောင်တာနယ်(Prof Sean Turnell)နဲ့ စာရေးဆရာ မင်းဒင်တို့မှလည်း အတူတကွ ပါဝင်မယ်

📌 ၇။ ကနေဒါနိူင်ငံ တိုရွန်တို မြန်မာ့ နှစ်သစ်ကူးပွဲတော်ကိုမေလ၂၅ရက်ကျင်းပမယ်


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် မိုးမောက်မြို့ကို KIA စတင်ထိန်းချုပ်

🚩 ၂။ ကြည်း၊ ရေ၊ လေ ပူးပေါင်ပြီး ခုခံနေတဲ့ကြားက ပဲဒက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် အရှင်ဖမ်းမိ

🚩 ၃။ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီမှ ဓာတုအဆိပ်သင့်ဗုံးများကို  တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းမှတစ်ဆင့် ကြဲချတိုက်ခိုက်ခဲ့၍ PDFတပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့်အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရ

🚩 ၄။ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကာင်စီတပ်မှ ပြည်သူနှစ်ဦးအား သတ်ဖြတ် ပြည်သူ့ကာကွယ်ရေး စခန်းနှင့်ပြည်သူပိုင်နေအိမ် (၁၃)လုံးအား မီးရှို့ဖျက်ဆီးသွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စတော့ဟုမ်းဖိုရမ်မှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာဆွေးနွေးခြင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒုဝန်ကြီး ဦးမော်ထွန်းအောင်တို့တက်ရောက်


မေလ ၈ရက်။


စတော့ဟုမ်းဖိုရမ်မှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာဆွေးနွေးခြင်းအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့်ဒုဝန်ကြီး ဦးမော်ထွန်းအောင်တို့တက်ရောက်ခဲ့ပါတယ်။


မေလ၈ရက် German Solidarity Myanmarကအသိပေးဖော်ပြပါတယ်။


ဆွေးနွေးပွဲတွင် မြန်မာ-ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ထိုးထွင်း သိမြင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


အဆိုပါအခမ်းအနားကို International IDEA မြန်မာနိုင်ငံအကြီးအကဲ Marcus Brand မှ အကဲဖြတ်ခဲ့ပါတယ်။


အခမ်းအနားကို International IDEA Folke Bernadotte Academy (FBA) နှင့် Berghof Foundation တို့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေတည်ဆောက်ရေး၊ အုပ်ချုပ်ရေးနှင့် 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကြားဆုံရပ်နှင့် အကြမ်းဖက်မှု ပဋိပက္ခများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် ဒီမိုကရေစီ တည်ဆောက်ရန်အတွက်တို့ကို အလေးပေးဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၏ လက်ရှိအာဏာရပါတီ National Party နှင့် တွေ့ဆုံ၍ အကြမ်းဖက်စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်တောင်းဆိုခဲ့


မေလ ၈ရက်။


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၏ လက်ရှိအာဏာရပါတီ National Partyနှင့်တွေ့ဆုံ၍အကြမ်းဖက်စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်တောင်းဆိုခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် မေလ ()ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သော National Party မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်နွေဦးတော်လှန်ရေးကာလအတွင်း ဆောင်ရွက်ချက်များ တင်ပြခဲ့ပြီး အာဏာရပါတီနှင့် လွှတ်တော်အတွင်းတွင် မြန်မာနိုင််ံအရေးနှင့် စပ်လျဉ်း၍ သံတမန်ရေးရာတောင်းဆိုမှုများ၊ အကြမ်းဖက်စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူလုပ်ဆောင်မှုများ ပြုလုပ်ပေးပါရန် ကိစ္စရပ်များအား တောင်းဆိုခဲ့တယ်လို့သိရပါတယ်။


ထို့ပြင် ဒီမိုကရေစီအင်အားစုများ နှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူညီများ၊ ဖွံ့ဖြိုးတိုးတက်ရေး အကူညီများ ထိရောက်စွာ ပံ့ပိုးပေးနိုင်ရေးအတွက်လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်သူတွေရဲ့ အလှူငွေတွေကို ကိုင်တွယ်ခြင်းမပြုဘဲဝန်ကြီးဌာန ငွေစာရင်းအဖွဲ့ကနေသာ ပြည်သူအလှူငွေကိုကိုင်တွယ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ရှင်းလင်းပြောကြား


မေလ၈ရက်


ပြည်သူတွေရဲ့ အလှူငွေတွေကို ကိုင်တွယ်ခြင်းမပြုဘဲဝန်ကြီးဌာန ငွေစာရင်းအဖွဲ့ကနေသာ ပြည်သူအလှူငွေကိုကိုင်တွယ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ရှင်းလင်းပြောကြားလိုက်ပါတယ်။


မေလ၈ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အသိပေးရှင်းလင်းပြောပါတယ်။


"CRPH နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ်အနေနဲ့ တာဝန်ယူခဲ့စဉ်ကရော NUG ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးအဖြစ် တာဝန်ယူစဉ်မှာရောကျနော် မည်သည့်လုပ်ခလစာ တပြားတချပ်မှ မယူခဲ့ဖူးပါ။ မြန်မာပြည်အရေးအတွက် ကျနော့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ရိုးသားစွာ လုပ်ဆောင်ခဲ့ပါတယ်။ အခု ပင်ဆယ်ဗေးနီးယား အိမ်ကိစ္စကိုရှင်းပါမယ်။ ပင်ဆယ်ဗေးနီးယား မှာ ကျနော် အိမ်ဝယ်ထားတာဟုတ်ပါတယ်။ ကျနော့် လုပ်ငန်းတခုဖြစ်တဲ့ အိမ်ဝယ်ရောင်းပြင်ဆင်ခြင်း လုပ်ငန်းကနေ ဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူပြီး လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အလှူငွေတွေကို ကျနော်မကိုင်တွယ်ပါဘူး။ ဝန်ကြီးဌာန ငွေစာရင်းအဖွဲ့ကနေသာ ပြည်သူအလှူငွေကိုကိုင်တွယ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် Global Fund For Burma အဖွဲ့ဟာ အမေရိကန်နိုင်ငံသားတွေပါ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီးအမေရိကားမှာ တရားဝင် registered လုပ်ထားတဲ့ အဖွဲ့ဖြစ်ကာ ၄င်းငွေများကိုလည်း ကိုင်တွယ်ခြင်းမရှိဘူးလို့ဝန်ကြီးကဆိုပါတယ်။


"နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျနော်ပါဝင်ခဲ့မှုက ရှင်းလင်းပါတယ်။ မြန်မာပြည်သားတွေစစ်အာဏာရှင် အောက်ကလွတ်မြောက်ရေးဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေခွင့်ရစေချင်တာကြောင့်ပဲ နိုင်ရာဝန်ကိုဝင်ထမ်းခဲ့ခြင်းပါပဲ။ ကျနော့်အလုပ်အကိုင်ကိုစွန့်ခဲ့တယ် Side Job ဖြစ်တဲ့ အိမ်ဝယ်ပြင်ဆင်ပြန်ရောင်းတဲ့အလုပ်ကိုသာ ပေးနိုင်တဲ့အချိန်ထဲကဖဲ့ပေးပြီး ကျနော်တို့မိသားစု စားဝတ်နေရေးအတွက်ရိုးသားစွာ အသက်မွေးတယ်။ ကျနော် ပြည်သူငွေ အလှူငွေတွေအပေါ် အလွဲသုံးစားမူတွေလုပ်ခဲ့တဲ့ တိကျတဲ့သက်သေခိုင်မာရင် ကျနော် ခံယူဖို့အသင့်ရှိပါတယ်။ ဒီလိုပဲ လူတယောက်ကို မခိုင်မာတဲ့အချက်အလက်တွေနဲ့စွပ်စွဲအသရေဖျက်မှု အတွက် တာဝန်ခံမှု တာဝန်ယူမှုတော့ ရှိစေချင်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။


========================


📌📌 ၄။ ကရင်နီ ပြည်နယ်မှာ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၈၈) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်


မေလ ရက်။


Radio NUG


ကရင်နီပြည်နယ် တစ်နေရာမှာ မေလ ရက်နေ့မှာ ကျရောက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် (ဗကသ) ဖွဲ့စည်းတည်ထောင်ခြင်း (၈၈)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ကရင်နီပြည်နယ်ရောက် ဗကသ ကျောင်းသားများမှ ဦးဆောင်ပြီး ဒေသခံ ကျောင်သားသမဂ္ဂများနဲ့အတူ အဆိုပါ ဗကသ ဖွဲ့စည်းခြင်း (၈၈) နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


အခမ်းအနားမှာ ကျောင်သားသမဂ္ဂ ခွတ်ဒေါင်း အောင်လံတော်အား အလေးပြုခြင်း၊ ကျောင်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်းနဲ့ ဗကသများအဖွဲ့ချုပ် သမိုင်းအကျဉ်း ပြောကြားခြင်း အစီအစဉ်များအပြင် ဗကသများ အဖွဲ့ချုပ် ပေါ်ပေါက်လာပုံနှင့် လှုပ်ရှားမှု သမိုင်းအကျဉ်း လက်ကမ်းစာစောင်များ ဝှေငှခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


၁၉၃၆ ခုနှစ် မေလ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကို ကျင်းပခဲ့ပြီး ၎င်း ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) - All Burma Students Union (ABSU) ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့တွင် (၈၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ ကနီမြို့နယ်မှာ လေပြင်းတိုက်ခတ်၍ နေအိမ်အလုံး၇၀ပျက်စီး


မေလ ၈ရက်။


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ လေပြင်းတိုက်ခတ်၍ နေအိမ်အလုံး၇၀ပျက်စီးခဲ့တယ်လို့သိရပါတယ်။


မေလ၈ရက်မှာ ကနီတော်လှန်ရေးအင်အားစုက ပြည့်အောင်နိုင်ကနီကအသိပေးဖော်ပြထားပါတယ်။


"ကနီမြို့နယ် တွင် မေလ၁ရက်နေ့နဲ့ ၂ရက်နေ့က လေနှင့်မိုး တိုက်ခတ်ရွာသွန်းမှု့ကြောင့် ဇီးပင်တွင်းရွာတွင် လူနေအိမ် (၄၆)လုံး၊ကံတောရွာတွင် လူနေအိမ် (၁၅)လုံး စက်တဲကြီး တစ်တဲ အမိုးလန်ပျက်စီးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ထို့အပြင်ကျွန်းဖျားရွာတွင် လူနေအိမ် ()လုံး အမိုးလန်ပျက်စီးကာ ထူးပေါက်ရွာတွင် လူနေအိမ် ()လုံး ကြက်ခြံတစ်ခြံ အမိုးလန်ပျက်စီးပြီးလက်ပံစုရွာတွင် လူနေအိမ် ()လုံး၊ နွားတဲကြီး တစ်တဲ၊ မီးဖိုး ()

ဆောင်၊စျေးဆိုင်()ဆိုင် ဇရပ် တစ်ဆောင်၊ ဆိုင်ကယ်()စီး၊ ညောင်ပင်ကျိုးကြပိသဖြင့် အသက် (၄၃)နှစ်အရွယ် အမျိုးသားစိုးရိမ်ရဒဏ်ရာရ၊ အသက်(၄၈)နှစ်၊အသက် (၃၁)နှစ် အသက် (၃၂)နှစ်အရွယ် 

အမျိုးသားများ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။


ဆက်သွယ်ရေးအခြေအနေအရ မြေပြင်တွင် ယခုထက် ပျက်စီးမှုများနိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ စာရေးဆရာမ မသီတာ (စမ်းချောင်း) ရဲ့ "PEN Australia Tour 2024" စာပေဟောပြောပွဲမှာ ရှောင်တာနယ်(Prof Sean Turnell)နဲ့ စာရေးဆရာ မင်းဒင်တို့မှလည်း အတူတကွ ပါဝင်မယ်


မေလ ၈ရက်။


စာရေးဆရာမ မသီတာ (စမ်းချောင်း)ရဲ့ "PEN Australia Tour 2024" စာပေဟောပြောပွဲမှာ Prof Sean Turnell နဲ့ စာရေးဆရာ မင်းဒင်တို့မှလည်း အတူတကွ ပါဝင်မယ်လို့သိရပါတယ်။


စာရေးဆရာမ မသီတာ (စမ်းချောင်း) ရဲ့ "PEN Australia Tour 2024" စာပေဟောပြောပွဲ အစီအစဉ်များကို မေလ၁၈ရက်မှ စတင်ကာ၃၀ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။


အစီအစဥ်တွေကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ဘရစ္စဘိန်းမြို့၊ မဲလ်ဘန်းမြို့နဲ့ ပါ့သ်မြို့တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။


စာရေးဆရာမ မသီတာ(စမ်းချောင်း)ရဲ့ "PEN Australia Tour 2024" စာပေဟောပြောပွဲမှာ Prof Sean Turnell နဲ့ စာရေးဆရာ မင်းဒင်တို့မှလည်း အတူတကွ ပါဝင်မှာဖြစ်ပြီး စာပေဗဟုသုတတင်သာမက 

နိုင်ငံရေးအတွေ့အကြုံတွေပါ သိနိုင်မယ့် စာပေဟောပြောပွဲဖြစ်တယ်လို့သိရပါတယ်


========================


📌📌 ၇။ ကနေဒါနိူင်ငံ တိုရွန်တို မြန်မာ့ နှစ်သစ်ကူးပွဲတော်ကိုမေလ၂၅ရက်ကျင်းပမယ်


မေလ၈


ကနေဒါနိူင်ငံ တိုရွန်တို မြန်မာ့နှစ်သစ်ကူးပွဲတော်ကိုမေလ၂၅ရက်ကျင်းပမယ်လို့သတင်းရရှိပါတယ်။


မေလ၈ရက်မှာ Canada Myanmarကအသိပေးဖော်ပြပါတယ်။


"မြန်မာကနေဒီယန် အသင်းကြီး , BCAO ( Burma Canadian Association of Ontario ) က နှစ်စဉ်ဦးစီး ကျင်းပနေမြဲဖြစ်တဲ့ တိုရွန်တို မြန်မာ့နှစ်သစ်ကူးပွဲတော်ကို မြန်မာအနွယ်ဖွါး တိုင်းရင်းသားညီအကိုမောင်နှမတွေ မိသားစုတွေအားလုံး နှစ်သစ်ကူး ကာလမှာ လာရောက် စတုဒီသာ သုံးဆောင်ကြပါ။တေးဂီတ အကတွေလဲ လာရောက် နား ထောင်ခံ စား ကြပါ"လို့ဖိတ်ခေါ်ထားပါတယ်။


ပြည်ပရောက်တော်လှန်ရေးအင်အားစုများက နှစ်သစ်ကူးပွဲတော်ကို နိူင်ငံအသီးသီးမှာကျင်းပ၍ နွေဦးတော်လှန်ရေးအတွက်ရန်ပုံငွေ ပြန်လည်စီးဆင်းထောက်ပံ့လျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် မိုးမောက်မြို့ကို KIA စတင်ထိန်းချုပ်


မေလ ရက်။


Radio NUG


ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။


မေလ ရက်နေ့မှာ မိုးမောက် ရဲစခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ဆက်လက် ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားကြပြီး မေလ ရက်နေ့မှာ မြို့ကို ထိန်းချုပ်နိုင်လိုက်တာ ဖြစ်ပါတယ်။


People Spring သတင်းဌာနရဲ့ ဖော်ပြချက်အရ မိုးမောက်မြို့တွင်းကို လိုက်လံချေမှုန်းရာ စစ်ကောင်စီ တပ်သားများ ကြံခင်းရွာဘက် ဆုတ်ခွာထွက်ပြေးသွားတာကြောင့် မေလ ရက် ညနေ နာရီတွင် မြို့ကို KIA က ထိန်းချုပ်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားတာ တွေ့ရပါတယ်။


မိုးမောက်မြို့ အနီးမှာ မြို့အပြင်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၃၇) တပ်စခန်း တစ်ခုသာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။


မတ်လ ရက်နေ့က ထိုးစစ်အရှိန် မြှင့်ခဲ့ပြီးနောက်ဒေါ့ဖုန်းယန်၊ ကုန်းလော၊ မြို့သစ်၊ နွမ့်လန်း အပါအဝင် မိုးမောက်မြို့နယ် အတွင်းရှိ တပ်ရင်းဌာနချုပ် အများအပြားအပြင် တပ်စခန်းများကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။၊


မေလ ရက်မှာ မိုးမောက်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို သိမ်းပိုက်နိုင်ခဲ့ကာ မြို့ကိုပါ ထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်ပြီး ကျန်တပ်စခန်း တချို့ကို သိမ်းပိုက်ပြီးပါက မြို့နယ်တစ်ခုလုံး အလုံးစုံ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ကြည်း၊ ရေ၊ လေ ပူးပေါင်ပြီး ခုခံနေတဲ့ကြားက ပဲဒက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် အရှင်ဖမ်းမိ


မေလ ရက်။


Radio NUG


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ စစ်ကောင်စီရဲ့ ပဲဒက်စခန်း လက်အောက်ခံ စခန်းသုံးခုစလုံးကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်ထံက သိရပါတယ်။


သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပေါ်က စစ်ကောင်စီလက်ဝေခံ ကျောက်ဆည် ပျူစခန်း၊ ပဲဒက် တပ်စခန်းနှင့်စစ်တပ်တပ်စွဲထားတဲ့ ဝင်းဝ ရဲစခန်းတို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်များက မေ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။


မေလ ရက်နေ့ မနက်ပိုင်းမှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အဆိုပါစခန်းများကို သုံးရက်အကြာ မေလ ရက်နေ့ မနက်ပိုင်းမှာ အလုံးစုံ သိမ်းယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ပဲဒက်စခန်းဟာ သရက်ချောင်းမြို့ရဲ့ အဓိက စခန်းဖြစ်တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ လေးရက် ဆက်တိုက် ဗုံးအလုံး ၁၀၀ ကျော်အထိ ကြဲချခဲ့သလို ရေတပ်စစ်သင်္ဘောနဲ့ အခြေစိုက် တပ်စခန်းများကနေလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် ခုခံခဲ့တယ်လို့ PDF ရဲဘော်တစ်ဦးက ဆိုပါတယ်။


အဆိုပါ စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ အကျအဆုံးများခဲ့သလို တပ်သား ၂၀ ကျော် အထိ အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပြီး အဲ့ဒီ စစ်သားများကို ကားပေါ်တင်ပြီး ခေါ်ဆောင်သွားတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။


အဆိုပါ တိုက်ပွဲအတွင်းမှ စစ်သုံပန်းများ ဖမ်းမိခြင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အသေးစိတ်ကို တောင်ပိုင်းတိုင်း စစ်ဒေသမှ မကြာခင်မှာ အသိပေး ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီမှ ဓာတုအဆိပ်သင့်ဗုံးများကို  တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းမှတစ်ဆင့် ကြဲချတိုက်ခိုက်ခဲ့၍ PDFတပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့်အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရ


မေလ ()ရက်


နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီမှ ဓာတုအဆိပ်သင့်ဗုံးများကို  တိုက်ပွဲဖြစ်ပွါးရာနေရာသို့ လေကြောင်းမှတစ်ဆင့် ကြဲချတိုက်ခိုက်ခဲ့၍ PDFတပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့်အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ  မေလ()ရက်နေ့ ညနေ (:၃၀) ခန့်တွင် စစ်ကောင်စီမှ ဓာတုအဆိပ်သင့်ဗုံးများကို တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းမှတစ်ဆင့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။


အဆိုပါ ဓာတုအဆိပ်သင့်ဗုံးများကြောင့် မန္တလေး PDF တပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့်အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရတယ်လို့ဆိုပါတယ်။


စစ်ကောင်စီအနေဖြင့် သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှု (၄၃)ကြိမ် အထိ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။


နောင်ချိုမြို့နယ် သရက်ကုန်းစခန်းအား ပြန်လည်ရရှိရန် စစ်ကောင်စီဘက်မှ မြေပြင်အင်အား အလုံးအရင်းနှင့်သာမက လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများဖြင့်ပါ နေ့စဉ်အပြင်းအထန်ထိုးစစ်ဆင်နေသော်လည်း အဆိုပါစခန်းအား  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့အတည်ပြုဖော်ပြပါတယ်။


========================


🚩🚩 ၄။ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကာင်စီတပ်မှ ပြည်သူနှစ်ဦးအား သတ်ဖြတ် ပြည်သူ့ကာကွယ်ရေး စခန်းနှင့်ပြည်သူပိုင်နေအိမ် (၁၃)လုံးအား မီးရှို့ဖျက်ဆီးသွား


မေလ ရက်။

Radio NUG


မေလ ၈ရက်နေ့ မနက် :၂၀ ခန့်တွင် ပခုက္ကူတပ်မ (၁၀၁) မှ ထွက်လာသော အင်အား (၈၀)ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာ အနီးရှိ ပြည်သူ့ကာကွယ်ရေးစခန်းအား ရုတ်တရက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီး၍ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် (၁၃)လုံးအားလည်း မီးရှို့ဖျက်ဆီးသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့မှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်များသည် ကံသစ်ကျေးရွာအတွင်းသို့ ပိတ်ဆို့ဝင်ရောက်ချိန် ဖမ်းဆီးခံရသော ပြည်သူများထဲမှ အသက် (၄၀) ဝန်းကျင်ရှိဦးနန်းအောင်နှင့် ဦးအောင်ဇော်ဦးတို့အား ရက်စက်စွာ နှိပ်စက်ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရပါသည်။

စစ်ကောင်စီတပ်များသည် ကံသစ်ကျေးရွာအတွင်းရှိ ဆိုင်ကယ် ()စီးခန့် နှင့် ကား ()စီးအား ယူဆောင်သွားပြီးပြည်သူ(၂၀)ဦးခန့်လည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့ကာကွယ်ရေးစခန်းရှိ ခဲယမ်းကျည်များစွာနှင့်ငွေသား သိန်း (၈၀၀) ကျော် ဆုံးရှုံးသွားကြောင်း သိရပါသည်။

ယူဆောင်သွားသာ ကား () စီးအား ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်လမ်းပိုင်းတစ်နေရာတွင် ထားခဲ့ကြောင်းဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment