28th JUN 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇွန်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြေပြင်မှာအမှုအခင်းနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ များပြားလွန်းတာကြောင့် ပလဖအဖွဲ့တွေ အားကောင်းဖို့ကိုလည်း လုပ်ဆောင်ပေးဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ မြန်မာနှင့် တီမောလက်စ်တီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေး

📌 ၃။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး

📌 ၄။ မေလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၈၆.)သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGကပံ့ပိုးပေးနိုင်ခဲ့

📌 ၅။ ဖက်ဆစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် သံဃာတော်အပါး ၁၀၀ကျော်နှင့် မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များသပိတ်မှောက်လှုပ်ရှားဆန္ဒပြ

📌 ၆။ ဇွန်လ ၅ရက်မှ ၁၈ရက်အထိ နှစ်ပတ်အတွင်း တိုက်ပွဲ ၇၂ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂၉၅ဦး သေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်သား ၁၀ဦး ကျဆုံး၊ အရပ်သားပြည်သူ ၂၀၀ဦး သေဆုံး

📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် နည်းမျိုးစုံဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှင့် သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ(၄၀)ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှာအများဆုံးဖြစ်


၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စစ်တပ်ကို ထောက်ခံနေတဲ့ PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီထံလာပြီး အကြံဉာဏ်တွေ လာတောင်းနေရတယ်လို့ သတင်းများကဆို

🚩 ၂။ မိုးကုတ်ရဲစခန်းနှင့် အုမ္မခါးရွာ စစ်ကောင်စီတပ်စခန်းကို TNLA သိမ်းပိုက်၊ နောင်ချိုရဲစခန်းမှ မူးယစ်ဆေးဝါး(ယာမဆေးပြား)များစွာ သိမ်းဆည်းရမိ

🚩 ၃။ ရှမ်းမန်း စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင်၊ အောင်ပွဲများ ဆက်တိုက်ရရှိ

🚩 ၄။ တနင်္သာရီ မြို့နယ်အတွင်း စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၅။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးနဲ့ လက်နက်ခဲယမ်းများကို ထောက်ပို့ယာဉ်နဲ့အတူ ဖမ်းဆီးရမိ

🚩 ၆။ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ()ဦး ထိခိုက်ပြီး ()ဦး သေဆုံး

🚩 ၇။ ကျောက်မဲမှာ တိုက်ပွဲကာလ သုံးရက်အတွင်း သေဆုံးသူ ၂၃ ယောက်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြေပြင်မှာအမှုအခင်းနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ များပြားလွန်းတာကြောင့် ပလဖအဖွဲ့တွေ အားကောင်းဖို့ကိုလည်း လုပ်ဆောင်ပေးဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇွန်လ၂၇ရက်။

မြေပြင်မှာ အမှုအခင်းနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ များပြားလွန်းတာကြောင့် ပလဖအဖွဲ့တွေ အားကောင်းဖို့ကိုလည်း လုပ်ဆောင်ပေးဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


ဇွန်လ(၂၇)ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၄)ကို ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။


"ကြားကာလ အတွင်းရေးမှူးအဖွဲ့အနေနဲ့လည်း မြို့နယ်တစ်မြို့နယ်ချင်းစီရဲ့ လိုအပ်ချက် စိန်ခေါ်မှုတွေကို အသေးစိတ်လေ့လာနေပြီး ကျွန်တော်တို့ ကော်မတီ၀င်များအနေနဲ့လည်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် တက်တက်ကြွကြွဆွေးနွေးကာ ဆုံးဖြတ်ချက်များ ချမှတ်ပေးကြရမဲ့ အချိန်ပဲဖြစ်ပါကြောင်း။ တရားစီရင်ရေးလုပ်ငန်းများ အကောင်အထည်ဖော် လည်ပတ်နိုင်ရေး ဥပဒေရေးရာတာဝန်ခံနဲ့ တရားသူကြီးအဖွဲ့တွေ ရှိနေဖို့ကို အထူးအရေးစိုက်ပြီး ဆောင်ရွက်စေလိုပါကြောင်း။ မြေပြင်မှာ အမှုအခင်းနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ များပြားလွန်းတာကြောင့် ပလဖ အဖွဲ့တွေ အားကောင်းဖို့ကိုလည်း လုပ်ဆောင်ပေးဖို့ မှာကြားလိုပါကြောင်း" ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၂/၂၀၂၄)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မြန်မာနှင့် တီမောလက်စ်တီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေး


ဇွန်လ၂၇ရက်။

မြန်မာနှင့် တီမောလက်စ်တီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးအသိပေးဆိုပါတယ်။


ဇွန်လ၂၇ရက် ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကဖော်ပြပါတယ်။


တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ရောက်ရှိခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့သည် ဇွန်လ (၂၀) (၂၁)နှင့် (၂၄)ရက်နေ့များတွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် Mariano Assanami Sabino နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Bendito dos Santos Freitas ပညာရေးဝန်ကြီး Dulce de Jesus Soares ကျန်းမာရေးဝန်ကြီး Elia A. A. dos Reis Amaral ဒုတိယကျန်းမာရေးဝန်ကြီး Dr. Flavio Brandao တို့နှင့် တွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါတွေ့ဆုံမှုတွင် မြန်မာနှင့် တီမောလက်စ်တီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေး ကိစ္စရပ်များအပါအဝင် မြန်မာ့အရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


ဇွန်လ ၂၇ ရက်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် NUG ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်သည် ပြင်သစ်နိုင်ငံတွင်ရောက်ရှိနေပြီး ဇွန်လ (၂၇)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်နှင့် တွေ့ဆုံခဲ့ပါတယ်။


မစ္စတာ တွမ်အင်ဒရူးစ်က ၎င်း၏ခရီးစဥ်တွင် မြန်မာ့အရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်းနှင့် လတ်တလောထုတ်ပြန်ထားသော အစီရင်ခံစာအကြောင်းလည်းရှင်းပြခဲ့တယ်လို့သတင်းရရှိပါတယ်။


ထို့အပြင်ပြင်သစ်ရှိ မြန်မာ့နွေဦးတော်လှန်ရေး အခြေအနေများကို မေးမြန်း၍ ကိုယ်စားလှယ်ဒေါ်နန်းဆုမွန်အောင်က ပြန်လည်းရှင်းပြခဲ့ပါတယ်။ 


မစ္စတာ တွမ်အင်ဒရူးစ်က မြန်မာပြည်သူများ၏ စိတ်ဓာတ်ကြံ့ကြံ့ခိုင်နေမှုကို လေးစားအသိအမှတ်ပြုကြောင်းနှင့် မြန်မာပြည်သူများအတွက်ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ မေလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၈၆.)သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGကပံ့ပိုးပေးနိုင်ခဲ့


ဇွန်လ၂၇ရက်။

မေလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၈၆.)သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ NUGကပံ့ပိုးပေးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မေလအတွင်း လူသားချင်းစာနာမှု အကူအညီငွေကျပ် (၄၈၆.)သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ဇွန်လ၂၇ရက်ထုတ်ပြန်ပါတယ်။


အဆိုပါ တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေဖြစ်သည့် ငွေကျပ် (၄၈၆.)သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၇၁,၃၀၂) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၃၄၅.)သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၂၃၈)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၃၅)ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၄၃.) သန်း၊CDM ဝန်ထမ်းများအတွက် 

အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ်(.)သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (.)သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (.) သန်း၊အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ်(၈၆.)သန်း၊ မီးရှို့ခံရသည့်နေအိမ်များထဲမှ လုံခြုံစိတ်ချရသည့်နေရာတွင် ဆောက်လုပ်နိုင်သည့် နေအိမ် (၁၃၂) လုံးကို ယာယီတဲဆောက်လုပ်ပေးခြင်းနှင့် မိုးတွင်းကာလဖြစ်၍ အမိုးအကာလိုအပ်နေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် တာပေါ်လင် မိုးကာစ(၄၁၉)ခု စသည်တို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ ဖက်ဆစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် သံဃာတော်အပါး ၁၀၀ကျော်နှင့် မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များသပိတ်မှောက်လှုပ်ရှားဆန္ဒပြ


ဇွန်လ၂၇ရက်။

ဖက်ဆစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် သံဃာတော်အပါး ၁၀၀ကျော်နှင့် မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များသပိတ်မှောက်လှုပ်ရှားဆန္ဒပြခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များသည် အကြမ်းဖက်စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ဇွန် ၂၇က်နေ့ နံနက်၈နာရီအချိန်တွင် သံဃာတော်အပါး ၁၀၀ကျော်နှင့် ဒါကာ၊ဒါကာမများဝန်းရံ၍ စတင်ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖကအသိပေးဆိုပါတယ်။


ပဲခူးမြို့ရှိ ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယက၊နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က ဇွန်၁၉ရက်မှာ ပစ်သတ်ခဲ့ပြီး ၈ရက်မြောက်မှာ သံဃာတော်တွေက အကြမ်းဖက်စစ်ကောင်စီကို ကံဆောင်သပိတ်စတင်ပြုလုပ်လာခဲ့ကြပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသော သတင်းအား MRTVမှတဆင့် လိမ်လည်သတင်းထုတ်ပြန်ခဲ့ပြီး PDFများပစ်ခတ်သည်ဟု ယုံမှားသံသယဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းအပေါ်  မျက်မြင်သက်သေ ကံသုံးဆင့်ဆရာတော်ကြီးက ထုတ်ပြန်ရှင်းလင်းမှတာ အတိအကျသိရှိခဲ့ရခြင်းဖြစ်ပါတယ်။


========================


📌📌 ၆။ ဇွန်လ ၅ရက်မှ ၁၈ရက်အထိ နှစ်ပတ်အတွင်း တိုက်ပွဲ ၇၂ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂၉၅ဦး သေဆုံး၊ ပြည်သူ့ကာကွယ်ရေးတပ်သား ၁၀ဦး ကျဆုံး၊ အရပ်သားပြည်သူ ၂၀၀ဦး သေဆုံး


ဇွန်လ ၂၇ရက်။

Radio NUG

ဇွန်လ ၅ရက်မှ ၁၈ရက်အထိ နှစ်ပတ်အတွင်း တိုက်ပွဲ ၇၂ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၉၅ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်သား ၁၀ဦး နှင့် အရပ်သားပြည်သူ ၂၀၀ဦး သေဆုံးခဲ့ကြောင်း BNI- Myanmar Peace Monitorက သတင်းထုတ်ပြန်ပါတယ်။


နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး ၂၄ ကြိမ်အထိ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ကြိမ်သာ ဖြစ်ပွားခဲ့ပါတယ်။


နှစ်ပတ်အတွင်း စစ်ကောင်စီတပ်သားသေဆုံးမှု အများဆုံးမှာ ရခိုင်ပြည်နယ် ဖြစ်ပြီး ၂၀၂ဦး သေဆုံးခဲ့ပါတယ်။ အရပ်သားသေဆုံးမှု အများဆုံးမှာလည်း ရခိုင်ပြည်နယ်ဖြစ်ပြီး ၁၄၇ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားကျဆုံးမှု အများဆုံးမှာ ချင်းပြည်နယ် ဖြစ်ပြီး ၅ဦး ကျဆုံးခဲ့ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ရက်အထိ တိုက်ပွဲပေါင်း ၄၇၄၇ကြိမ် ဖြစ်ပွားကာ မြို့နယ်အလိုက် တစ်ရက်ကို ဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းတင်တဲ့အတွက် မြေပြင်မှာ အကြိမ်အရေအတွက် ပိုများနိုင်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် နည်းမျိုးစုံဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှင့် သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ(၄၀)ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှာအများဆုံးဖြစ်


ဇွန်လ၂၇ရက်။

နိုင်ငံတဝန်းအကြမ်းဖက် စစ်အုပ်စုကြောင့် နည်းမျိုးစုံဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှင့် သတ်ဖြတ်ခံရပြီးနောက်ရုပ်အလောင်း မီးရှို့ခံရသူ (၄၀)ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းမှာအများဆုံးဖြစ်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဇွန်လ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် နည်းမျိုးစုံဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှင့် သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ အမျိုးသမီး (၁၁)ဦးနှင့် အမျိုးသား (၂၉)ဦး စုစုပေါင်း (၄၀)ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ(၄၀)ဦးအနက် စစ်ကိုင်းတိုင်းမှာ(၁၆)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၁၀)ဦးဖြင့် မန္တလေးတိုင်းမှာ ဒုတိယ သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။


ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အကြမ်းဖက်စစ်အုပ်စုက မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာကို စီးနင်းဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာအတွင်းရှိ ဦးဘိုဌေး ()ဘိုမွှေးနှင့် ဒေါ်ရွှေကြည်တို့မှာ ထွက်ပြေးနိုင်ခြင်းမရှိသည့်အတွက် နေအိမ်အတွင်း ကျန်နေခဲ့ပြီး မီးလောင်သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ အကြမ်းဖက်စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က စစ်တပ်ကို ထောက်ခံနေတဲ့ PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီထံလာပြီး အကြံဉာဏ်တွေ လာတောင်းနေရတယ်လို့ သတင်းများကဆို


ဇွန်လ ၂၇ရက်။ 

Radio NUG

ဇွန်လ (၂၆)ရက်နေ့တွင် စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တပ်ကိုထောက်ခံတဲ့ PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီ နေထိုင်ရာ ကျောက်တလုံးကြီးမြို့ နေအိမ်သို့ လာရောက်၍ ပြည်တွင်းကိစ္စများနှင့် ပတ်သက်၍ အကြံဉာဏ်တောင်းခံကြောင်း PNOက ပအိုဝ်းဘာသာဖြင့် သတင်းထုတ်ပြန်ထားပါတယ်။


လာရောက်တွေ့ဆုံရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် အဖွဲ့တို့လည်း ပါဝင်ခဲ့သည်ဟု သိရပါတယ်။


တိုင်းပြည်၏ အထွေထွေအကြပ်အတည်များနဲ့ ပြည်တွင်းစစ်မီး၏ လက်သည်တရားခံ အာဏာသိမ်းစစ်တပ်ဟာ မြန်မာပြည်သူတွေကို ၎င်းတို့စစ်တပ်များ၊ ၎င်းလက်အောက်ခံပြူများ၊ ပြည်သူ့စစ်များ၊ လက်ဝေခံများနဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်လုယူ အဓမ္မကျင့်လျက် ရှိနေပါတယ်။ အဆိုပါ PNO တိုင်းရင်းသားပြည်သူ့စစ်အဖွဲ့ကလည်း ဒေသခံ တိုင်းရင်းသားများကို ဖိနှိပ်သတ်ဖြတ်နေပြီး စစ်တပ်နဲ့အတူ ပြည်သူတွေထောက်ခံတဲ့ နွေဦးတော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေပါတယ်။


========================


🚩🚩 ၂။ မိုးကုတ်ရဲစခန်းနှင့် အုမ္မခါးရွာ စစ်ကောင်စီတပ်စခန်းကို TNLA သိမ်းပိုက်၊ နောင်ချိုရဲစခန်းမှ မူးယစ်ဆေးဝါး(ယာမဆေးပြား)များစွာ သိမ်းဆည်းရမိ


ဇွန်လ ၂၇ရက်။

Radio NUG

ဇွန်လ (၂၇)ရက်နေ့ နံနက် (:၃၀)အချိန်တွင် တအာင်းပြည် တပ်မဟာ()စစ်ဒေသ မိုးကုတ်မြို့နယ် အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ (၈၈) လက်အောက်ခံ လပခ၊ ခလရ- ၁၄၈တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မိုးကုတ် ရဲစခန်းကိုတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ၂၇ ရက်နေ့ နံနက်(:၄၀)အချိန်တွင် ကျောက်မဲမြို့မှာ တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကောင်စီတပ် စကခ() ခမရ(၅၀၁) (၅၀၂)တပ်၊ စည်ပင်၊ ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ် စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါတယ်။


နံနက်(:၀၆)အချိန်တွင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ - ၁၁၄ တပ်စခန်းအား တအာင်းတပ် TNLA စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် (၁၀)နာရီအချိန်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ နောင်ချို ရဲစခန်းကို သိမ်းပိုက်ချိန်တွင် မူးယစ်ဆေးဝါး (ယာမဆေးပြား)များစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


ဇွန်လ ၂၇ရက် နံနက် (၁၁:၁၄)အချိန်တွင် စစ်ကောင်စီတပ်ရင်း(၁၁၄)တပ်စခန်းကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး (၁၁:၃၀) အချိန်တွင် ဂျတ်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။


တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းကို နံနက်(၁၁)နာရီအချိန်တွင်တိုက်ခိုက်ခဲ့ပြီး Y-12 လေယာဉ်ဖြင့် ()ကြိမ်၊ Jet Fighter ဖြင့် (၁၈)ကြိမ် လာရောက်ဗုံးကြဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နေ့လယ် (၁၂:၄၀)အချိန်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရွာ အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရှမ်းမန်း စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင်၊ အောင်ပွဲများ ဆက်တိုက်ရရှိ


ဇွန်လ ၂၇ရက်။ 

Radio NUG

ရှမ်းမြောက်ဒေသတွင် ဇွန်လ (၂၅)ရက်နေ့က ပြန်လည်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ()နှင့်အတူ ဟန်ချက်ညီစစ်ဆင်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ ဆင်နွဲလျက်ရှိပြီး ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းတွင် အောင်ပွဲများ ဆက်တိုက် ရရှိလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်း စစ်ဆင်ရေးနယ်မြေများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄) အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖတို့ ပါဝင်ကာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ စစ်မျက်နှာများတွင် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နှင့်အတူ တိုက်ပွဲဝင်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။


နောင်ချိုမြို့နှင့် ခမရ (၁၁၅) မတ္တရာ မြို့နယ်တွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်း၊ ရေစိုတောင် စခန်း၊ (၆၀၆) ဒုံးတပ်ရင်းများကို သိမ်းပိုက်ရရှိထားပြီး ခမရ (၁၁၄) (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တို့ကို အပြီးသတ် သိမ်းပိုက်ရေး ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရပါတယ်။


မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကိုလည်း မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်လျက်ရှိပြီး ရန်သူ့စစ်စခန်းအများစုကို သိမ်းပိုက်ထားနိုင်ကာ အောင်ပွဲများ ဆက်တိုက်ရရှိလျက်ရှိပါတယ်။


ရှမ်းမန်း စစ်ဆင်ရေး၏ ထူးခြားချက်မှာ ရှမ်းမြောက်ဒေသနှင့် ဆက်စပ်လျက် မန္တလေးတိုင်းထဲသို့ပါ ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများ ထိုးဖောက်ဝင်ရောက်စစ်ဆင်နေခြင်း ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ တနင်္သာရီ မြို့နယ်အတွင်း စစ်ကောင်စီက Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်


ဇွန်လ ၂၇ ရက်။

NUG Radio 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျွဲထိန်းကုန်း ကျေးရွာကို စစ်ကောင်စီက ဂျက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ()က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၇ ရက် နေ့လည် ၁၂ နာရီမှာ ကျွဲထိန်းကုန်း ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက K-8W Jet Fighter တိုက်လေယာဉ်ဖြင့် ဗုံးသီး အလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေ့အိမ်တချို့ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာကြောင့် ကျေးရွာနေ ပြည်သူများအနေနဲ့ အထူးသတိရှိကြဖို့ကိုလည်း အသိပေးထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးနဲ့ လက်နက်ခဲယမ်းများကို ထောက်ပို့ယာဉ်နဲ့အတူ ဖမ်းဆီးရမိ


ဇွန်လ ၂၇ ရက်။ 

NUG Radio 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးနဲ့ လက်နက်ခဲယမ်းများကို ထောက်ပို့ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ ၂၇ ရက်နေ့မှာ ပြည်ဦးလွင်ခရိုင် ပကဖနဲ့ မတ္တရာမြို့နယ် ပကဖတို့က စစ်ကောင်စီတပ်သား ဦးကို သေနတ် လက်၊ ခဲယမ်းများနှင့် ထောက်ပို့ယာဉ်များနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ တပ်သား ဦးထဲက ဦးမှာ လက်ရုံးတပ် ဖြစ်တဲ့ က.. တပ်မှ စစ်သားများဖြစ်ပြီး ကျန် ဦး မှာလည်း လက်ရုံးတပ်သားများ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ()ဦး ထိခိုက်ပြီး ()ဦး သေဆုံး


ဇွန်လ ၂၇ရက်။

Radio NUG

တအာင်းပြည် () စစ်ဒေသ နောင်ချိုမြို့၊ မိုးကုတ်မြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော်(PSLF/TNLA)တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစ က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ()ဦး ထိခိုက်ပြီး ()ဦး သေဆုံးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ၂၇ ရက်နေ့တွင် ကျောက်မဲမြို့ ရပ်ကွက် ()ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အလားတူ နောင်ချိုမြို့မှာ ညနေပိုင်းအချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ ရပ်ကွက် ()ရှိ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ထိမှန် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် နောင်ချိုမြို့ ရပ်ကွက် ()တွင်နေထိုင်သည့် အသက် (၂၃)နှစ်နှင့် အသက် (၁၆) နှစ်အရွယ် အမျိုးသမီးနှစ်ဦး ဆိုင်ကယ်မောင်းနေစဥ် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။


မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်မှာလည်း နေ့လယ်ပ်ုင်းအချိန်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။


မိုးမိတ် ဖဒန်ရွာမှာလည်း နေ့လယ် ၂နာရီအချိန်တွင် စစ်ကောင်စီမှ ဒရုန်း()လုံးဖြင့် တိုက်ခိုက်ရာ အရပ်သားနေအိမ် ()လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ကျောက်မဲမှာ တိုက်ပွဲကာလ သုံးရက်အတွင်း သေဆုံးသူ ၂၃ ယောက်ရှိ


ဇွန်လ ၂၇ရက်။ 

Radio NUG

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒဏ်ရာရ သေဆုံးနေတဲ့ အလောင်း ၂၃ လောင်းကို လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး သုသာန်ပို့ သဂြိုဟ်ပေးခဲ့တယ်လို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲနှင့် နာရေးကူညီမှုအသင်း - ကျောက်မဲတို့ကနေ သိရပါတယ်။


နှစ်ဖက်ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်ကာ လမ်းမများပေါ်တွင် သေဆုံးနေသူ အများစုမှာ အမျိုးသားများဖြစ်ပြီး ပုံပျက်နေပြီမို့ ဘယ်သူဘယ်ဝါမှန်း မသိရဘဲ တစ်ခါတည်း သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment