8th JUN 2024 - Evening Daily News by Radio NUG

၂၀၂၄ ဇွန်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အင်တာနက်ဖြတ်ခံရမှု ဒုတိယအများဆုံးနိုင်ဖြစ်လာတယ်လို့ NUG ထုတ်ပြန်

📌 ၂။ တတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီအစည်းအဝေး ကျင်းပခဲ့ပြီး ကောင်စီအဖွဲ့အဝင်သစ်များ လက်ခံအတည်ပြု

📌 ၃။ ပြည်သူလူထုကို သားရေပေါ်အိပ် သားရေနားစားသူများဟု စစ်ခေါင်းဆောင်ပြောဆို၊ မြဝတီသတင်းမှာ ပြင်ဆင်ဖော်ပြ

📌 ၄။ စစ်ကောင်စီရဲ့ ရေးယူကန့်သတ်မှုတွေကြောင့်ထိုင်းနိုင်ငံ၏ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု စျေးကွက်ကိုရိုက်ခတ်မှုတွေရှိလာ


၂၀၂၄ ခုနှစ် ဇွန်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ခန္တီးနဲ့ မော်လိုက် တိုက်ပွဲတွေမှာ  စစ်တပ်ဘက်က ၁၀၀ ခန့်သေဆုံးပြီး စစ်စခန်း ၂၅ ခုထက်မနည်း သိမ်းပိုက်ရရှိ  

🚩 ၂။ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အရပ်သားပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်ကို ရခိုင်နဲ့ မဟာမိတ်အဖွဲ့  ၂ဝဝ ကျော် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

🚩 ၃။ ရေနံချောင်းမြို့နယ်မှာ ရက်ဆက်တိုက်ပွဲဖြစ်ပြီး PDF ရှေ့ကင်းပွိုင့်စခန်းတခု မီးရှို့ဖျက်ဆီးခံရ

🚩 ၄။ မောင်တောက စစ်ကောင်စီစခန်း ခုကို AA သိမ်းပိုက်၊ မောင်တော၊အမ်းနဲ့သံတွဲ တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ဝဝ ထက် မနည်း သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အင်တာနက်ဖြတ်ခံရမှု ဒုတိယအများဆုံးနိုင်ဖြစ်လာတယ်လို့ NUG ထုတ်ပြန်


အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးစားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက်ဖြတ်တောက်ပိတ်ဆိုခံရမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၃ ခုမှာ အင်တာနက် ဖြတ်တောက်ခံရမှုနဲ့ရင်ဆိုင်နေရပြီး မြို့နယ်ပေါင်း ၈၀ ကျော်ဟာ အင်တာနက် ပိတ်ဆိုခံရမှုနဲ့ ဆက်လက်ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆိုခြင်းတို့နဲ့စပ်လျဥ်းတဲ့ ထုတ်ပြန်ကြေညာချက်ကို NUG က ထုတ်ပြန်ရာမှာ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထု ကြုံတွေ့နေရတဲ့ အထွေထွေစီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနဲ့ ၎င်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ဖို့ အတွက် သတင်းသိပိုင်ခွင့်ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ ခြင်းနဲ့ ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်အုပ်စုဟာ ပြည်သူအများသုံးစွဲနေတဲ့ ကမ္ဘာသုံး လူမှုကွန်ယက်စာမျက်နှာ Facebook ကို ပိတ်ပင်ကာ သုံးစွဲသူရဲ့ တည်နေရာနဲ့ ဖုန်းနံပါတ်များ၊ ဖုန်းအတွင်းရှိ ဆက်သွယ်ရန်နံပါတ်များ၊ စာတို (SMS message) များကို ဝင်ရောက် ဖတ်ရှုသိရှိနိုင်သော၊ သုံးစွဲသူ၏ ကင်မရာကို ဝင်ရောက်အသုံးပြုနိုင်သော၊ Application ကို မသုံးတဲ့အချိန်မှာတောင် သုံးစွဲသူရဲ့ ဒေတာအချက်အလက်များကို သိရှိနိုင်ဖို့ ရည်ရွယ်ထားတဲ့ လူမှုကွန်ယက်စာမျက်နှာတခုကိုတီထွင်ပြီး ပြည်သူလူထုရဲ့ ပုဂ္ဂလိကဆိုင်ရာလုံခြုံမှုကို အတိအလင်းချိုးဖောက်ရန် ကြိုးစားလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပိတ်ဆိုဖို့ ကြိုးစား နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချထားပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်တဲ့ နေရာတွေမှာ လွတ်လပ်သော အင်တာနက် ကွန်ယက်တခု အစားထိုးတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့် စတာ တွေကို ပြန်လည်ရယူထိန်းသိမ်းနိုင်ဖို့ဆိုရင် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ရေးက အဓိကကျတဲ့ အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးကို ယခုထက် ပိုမိုထောက်ခံ အားပေးပံ့ပိုးကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ တတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီအစည်းအဝေး ကျင်းပခဲ့ပြီး ကောင်စီအဖွဲ့အဝင်သစ်များ လက်ခံအတည်ပြု


ဇွန် Radio NUG


ချင်းပြည် (Chinland) ကောင်စီညီလာခံ ပထမသက်တမ်း၊ တတိယအကြိမ် ချင်းပြည် (Chinland) ကောင်စီအစည်းအဝေးကို ဇွန်လ (၀၅) ရက်မှ (၀၆) ရက်နေ့အထိ ချင်းလုံမြို့တွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


အစည်းအဝေးတွင် ချင်းပြည် (Chinland) ကောင်စီအပါအဝင် မဏ္ဍိုင် () ရပ်ဖြစ်သည့် အစိုးရ၊ လွှတ်တော် နှင့် တရားလွှတ်တော်ချုပ်တို့၏ လုပ်ငန်းအစီရင်ခံစာများအပေါ်ဆွေးနွေး အကြံပြုခြင်း၊ စစ်ရေးနှင့် နိုင်ငံရေး သုံးသပ်ခြင်းများနှင့် အတူ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


တတိယအကြိမ် ကောင်စီအစည်းအဝေးတွင် Zanniatram People's Organization, Kanpetlet Council, Thado Council, Mindat Councilစတဲ့ အုပ်ချုပ်ရေးအဖွဲ့များအား ချင်းပြည်( Chinland ) ကောင်စီ အဖွဲ့ဝင်သစ်များအဖြစ် လက်ခံအတည်ပြုခဲ့ကြောင်း သိရပါတယ်။


ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၉၉) ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


ထုတ်ပြန်ချက်တွင် တွန်းဇံမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲ နှင့် တီးတိန်မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ဘုရားကျောင်းနှင့် လူနေအိမ်ခြေပေါင်း ၇၀ ကျော်ကို မီးရှို့ခြင်း၊ ဗုံးကြဲ တိုက်ခိုက်ခြင်းပြုလုပ် သည့် အပေါ် ရှုတ်ချထားပြီး စေတနာရှင်များအနေဖြင့် ပံ့ပိုးကူညီပေးကြပါရန် မေတ္တာရပ်ခံ ထားပါတယ်။


ချင်းပြည် (Chinland) ကောင်စီသည် အာဏာရှင် စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံ ချက်ရှိသည့် ချင်းပြည်(Chinland)ကို မဏ္ဍိုင် () ရပ် ဖြင့် ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ပြည်သူလူထုကို သားရေပေါ်အိပ် သားရေနားစားသူများဟု စစ်ခေါင်းဆောင်ပြောဆို၊ မြဝတီသတင်းမှာ ပြင်ဆင်ဖော်ပြ


ဇွန် Radio NUG


ပြည်သူလူထုကို သားရေပေါ်အိပ် သားရေနားစားသူများဟုဆိုကာ နိုင်ငံကိုပျက်စီးအောင် နိုင်ငံသားများက ပြုလုပ်နေသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ ()ရက်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စွပ်စွဲပြောဆိုသည်။


ဒေသတစ်ခု ပျက်စီးစေရန်အတွက် လုပ်ဆောင်သူများမှာ အဆိုပါ ဒေသတွင် နေထိုင်သည့် ဒေသခံ အဖျက်သမား အကြမ်းဖက်များ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြစ်ပေါ်နေသည့် အကြမ်းဖက် လုပ်ရပ်များကို အဆိုပါ ဒေသတွင် နေထိုင်သည့် ဒေသခံ အကြမ်းဖက်များက လုပ်ဆောင်နေကြောင်း၊ အခြားဒေသတွင်နေထိုင်သူများ လာရောက် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း တစ်နိုင်ငံလုံးတွင် စစ်ကြောင်းထိုး၊ လူသတ်၊ ရွာကိုမီးရှို့ခိုင်းနေသည့် စစ်ခေါင်းဆောင်က ဆိုထားပါတယ်။


ဥပမာ ခပ်ကြမ်းကြမ်း ပေးရလျှင် "သားရေပေါ်အိပ် သားရေပေါ်စား" များဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ရိုင်းစိုင်း ယုတ်မာသည့် အကြမ်းဖက်သမားများကို လူထုအားဖြင့် ကာကွယ်ရမည်ဟု ပြောဆိုထားပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရိုင်းစိုင်းစွာ ပြောဆိုမှုအား စစ်တပ်ပိုင် မြဝတီရုပ်သံက သတင်းကြေညာရာတွင် ထည့်သွင်း ကြေညာခဲ့သော်လည်း အင်တာနက် စာမျက်နှာတွင် ပြန်လည် ဖော်ပြရာတွင် "ဥပမာပေးရမည်ဆိုပါကအရိပ် နေနေ၊ အခက်ချိုးချိုးပြုလုပ်နေသူများဖြစ်ကြောင်း" ဟု အစားထိုး ဖော်ပြထားသည်ကို တွေ့ရပါတယ်။


စစ်ကောင်စီဝင်များကိုလည်း ၎င်းတို့လုပ်ရပ်များအား ဖုံးကွယ်ရန် ရောက်ရာဒေသတွင် ၎င်း‌ပြောဆိုခဲ့သည့်အချက်ကို ပြည်သူလူထုသဘောပေါက်နားလည်ရန် ပြောဆိုပေးကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းသွားပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ ရေးယူကန့်သတ်မှုတွေကြောင့်ထိုင်းနိုင်ငံ၏ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု စျေးကွက်ကိုရိုက်ခတ်မှုတွေရှိလာ


မြန်မာနိုင်ငံသားတွေ ထိုင်းမှာ ကွန်ဒို အရောင်းအဝယ် လုပ်တဲ့ကိစ္စကို စစ်ကောင်စီရဲ့ ရေးယူကန့်သတ်မှုတွေကြောင့် ထိုင်းကွန်ဒို စျေးကွက်အပေါ် သိသာတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ်သတင်းစာကရေးသားထားပါတယ်


ထိုင်းကွန်ဒိုတွေကို ဝယ်လိုအား အများဆုံးအဖြစ် ရပ်တည်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အဝယ်လိုက်မှုတွေ နှေးကွေးလာတဲ့ အချိန်မှာ ထိုင်းကွန်ဒို လုပ်ငန်းရှင်တွေဟာ မြန်မာတွေအပေါ် ပိုပြီး မျှော်လင့်ချက် ထားလာပေမယ့် အခုတော့ စစ်ကောင်စီရဲ့ အရေးယူ တုံ့ပြန်မှုတွေကြောင့် အကျပ်ရိုက်လာတော့မယ့် သဘောပါပဲ။


အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ရောင်းချသူ ဦးနှင့် ကွန်ဒိုဝယ်ယူသူ ဦးတို့ကို ဖမ်းဆီးအရေးယူ၊ ၀ရမ်းထုတ်မှုများ လုပ်ဆောင်ကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းတွေရှိနေပါတယ်။ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများကို မြန်မာစစ်ကောင်စီက ဖြိုခွင်းအရေး ယူနေခြင်းနေခြင်းကြောင့် ယခုနှစ် ဒုတိယနှင့် တတိယသုံးလပတ်အတွင်း ကွန်ဒိုလွှဲပြောင်းမှု သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းက ဆိုသည်။ 


ဒီဖြိုခွဲမှုဟာ နိုင်ငံခြားဝယ်လက်တွေကြား ထွန်းသစ်စဈေးကွက်ဖြစ်တဲ့ ထိုင်းကွန်ဒိုတွေကို ဝယ်ယူတဲ့ မြန်မာဖောက်သည်တွေအတွက် အခက်အခဲဖြစ်စေနိုင်တာကြောင့် Developer တွေရဲ့ ကွန်ဒိုအရောင်းအဝယ်တွေကို ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ထိခိုက်မှာ သေချာပါတယ်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Prasert Taedulayasatit က ပြောဆိုထားပါတယ်။


၂၀၂၂ ခုနှစ်တုန်းက မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာ ကွန်ဒိုခန်းတွေ ဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေ စာရင်းရဲ့ နံပါတ် နေရာမှာသာ ရှိခဲ့ပေမယ့် အခုနှစ် ပထမ လပတ်မှာတော့ ဒုတိယ နေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ပထမ လပတ်အတွင်းမှာတင် မြန်မာနိုင်ငံသားတွေဟာ ကွန်ဒို ၃၉၂ ခန်းကို ဘတ် . ဘီလီယံနဲ့ ဝယ်ယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ခန္တီးနဲ့ မော်လိုက် တိုက်ပွဲတွေမှာ  စစ်တပ်ဘက်က ၁၀၀ ခန့်သေဆုံးပြီး စစ်စခန်း ၂၅ ခုထက်မနည်း သိမ်းပိုက်ရရှိ  


စစ်ကိုင်းတိုင်းထဲက ခန္တီးနဲ့မော်လိုက်ခရိုင်တို့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၁၀၀ ဦးခန့်သေဆုံးပြီး စစ်စခန်း ၂၅ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG  ကာကွယ်ရေးဝန်ကြီးဌာန အမှတ် စစ်ဒေသက သတင်းထုတ်ပြန်လိုက်ပါတယ်။

အမှတ် စစ်ဒေသကွပ်ကဲမှုနဲ့အတူ မေလ ၂၃ ရက်ကစပြီး စစ်ဆင်ရေးလုပ်ခဲ့ရာမှာ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်း၊ ပုရစ်၊ ဖာနိုင်း၊ မုက္ကလိ၊ သာဂေါင်းငေါ၊ မြင်သာ-ငိုးပင်း၊ ဇီးပင်သာ၊ မယ်ဇလီ၊ ရေလဲရွာနဲ့ တီလောင်လမ်းဆုံ၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်ထဲက ရောင်းဟီး၊ အရှေ့ခမိုင်း၊ သက္ကယ်ကျင်း၊ ဆည်ချောင်း၊ ပုဂံတောင်၊ ဟာပါ၊ ညောင်ကုန်း၊ ချောင်းခွ၊ မယ်ဇလီ၊ ခုံသာ၊ နန်းပန်၊ အင်းဝိုင်း၊ မော်လိုက်ကုန်း၊ ရွှေထီးကုန်း၊ ဆိတ်စားရွာအနီးမှာရှိတဲ့  အကြမ်းဖက်စစ်ကောင်စီစခန်း စတဲ့ စစ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးခဲ့ခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အလောင်း ၃၂ လောင်း၊ လက်နက်ငယ် ၃၉ လက်၊ ကျည်မျိုးစုံ ၇၅၇၂ တောင့်၊ ဗုံးမျိုးစုံ အလုံး ၃၀ ကျော်နဲ့ စစ်သုံးပစ္စည်း အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီစစ်ဆင်ရေးကို အမှတ် စစ်ဒေသကွပ်ကဲမှုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ခန္တီးခရိုင်တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်၊မြို့နယ်၊ကျေးရွာ ပကဖ နဲ့ ဒေသခံ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုတွေကြောင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တိုက်ပွဲဖြစ်ချိန်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာတင်မဟုတ်ဘဲ တိုက်ပွဲဖြစ်တာမရှိတဲ့ နေရာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ တာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၉ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အရပ်သားပြည်သူ ၇၆ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်ကို ရခိုင်နဲ့ မဟာမိတ်အဖွဲ့  ၂ဝဝ ကျော် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ


ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့အရပ်သား အမျိုးသမီး၊ အမျိုးသား ၇၆ ဦးကို မေလ ၂၉ ရက်ကနေ  ဇွန်လ ရက်နေ့အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်ကို ရခိုင်အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ညီနောင်မဟာမိတ်လူမျိုး အဖွဲ့အစည်း ၂ဝဝ ကျော်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဇွန်လ ရက်နေ့ က ထုတ်ပြန်လိုက်ပါတယ်။ 

စစ်တပ်စစ်ကြောင်းက ဗျိုင်းဖြူရွာသားတွေအပေါ် ရက်ရက်စက်စက် လူမဆန်စွာ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခြင်း၊ အလောင်းများအားဖျောက်ဖျက်ခြင်း အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း စတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်တဲ့ ပြစ်မှုကျူးလွန်ခြင်း လူမျိုးတုံးသတ်ဖြတ်ခြင်းတွေကို ဗြောင်ကျကျ ကျူးလွန်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

အခုလို လူ့အသိတရားကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ လူသတ်မှုကြီးကိုကျူးလွန်ခဲ့ကြသူတွေကို နိုင်ငံတကာမှာရှိ တဲ့ ရခိုင်အဖွဲ့အစည်းတွေနဲ့ ညီနောင်မဟာမိတ်လူမျိုးအဖွဲ့တွေက ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး ပြစ်မှုကျူးလွန်တဲ့ အကြမ်းဖက်သမားများကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

ဒီအကြမ်းဖက်လူသတ်မှုမှာ အပြစ်မဲ့အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲ ရပြီး နိုင်ငံတကာရောက် ရခိုင်အဖွဲ့အစည်းများက အရေးပေါ်လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့ဆိုပါတယ်။ 

စစ်ရာဇဝတ်မှု၊ လူသားမဆန်စွာ သတ်ဖြတ်သည့်ပြစ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ဗြောင်ကျကျကျူးလွန်ပြီး နေ့စဉ် ရက်ဆက် ကြည်း၊ ရေ၊ လေ တို့က ရခိုင်ပြည်အတွင်း မြို့ရွာအနှံ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေကို အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ -ASEAN နှင့် ကုလသမဂ္ဂအဖွဲ့ချုပ် -UNITED NATION တို့ကို ရခိုင်နဲ့ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း ၂၀၃ ခုက အလေးအနက် တိုက်တွန်းတောင်းဆိုထားပါတယ်။


========================


🚩🚩 ၃။ ရေနံချောင်းမြို့နယ်မှာ ရက်ဆက်တိုက်ပွဲဖြစ်ပြီး PDF ရှေ့ကင်းပွိုင့်စခန်းတခု မီးရှို့ဖျက်ဆီးခံရ


မကွေးတိုင်း ရေနံချောင်းမြို့နယ်ထဲက ရွှေတုတ်ကန်နဲ့ မကျည်းရိုးကျေးရွာတို့မှာ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရှေ့တန်း ကင်းပွိုင့် စခန်းတခု မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ရေနံချာင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ရေနံချောင်းမြို့နယ် မိုးပေါက်ကန်- ညောင်ဇောက်ချောင်းလမ်းကနေ မကျည်းကိုင်းအုပ်စု ရွှေတုတ်ကန်ကျေးရွာဘက်ကို ဇွန်လ ရက်နေ့ မနက် နာရီခန့် အချိန်မှာ အင်အား ၅၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ရာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပွိုင့်စခန်းငယ်တခု မီးရှို့ဖျက်ဆီးခံ လိုက်ရတာလို့ သိရပါတယ်။

အခုလို မီးရှို့ဖျက်ဆီးခံလိုက်ရပေမယ့် ကင်းတဲသာ ပျက်စီးခဲ့ပြီး အခြားလက်နက်ခဲယမ်းပစ္စည်းတွေ ဆုံးရှုံးခဲ့တာမရှိဘူးလို့ ဆိုပါတယ်။  

ထို့အတူ ဇွန်လ ရက်နေ့ မနက် နာရီခန့်အချိန်မှာလည်း ရေနံချောင်းမြို့နဲ့ထိစပ်နေတဲ့ ကျောက်ပန်းတောင်းမြို့ နယ်က စည်ပင်၊ ရှားတောစု စတဲ့ ပျူစောထီးကျေးရွာတွေကနေ အင်အား ၃၀ ခန့်နဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး တွေကို မကျည်းရိုး -ကုက္ကိုခွ အုပ်စုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ် တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေဟာ မကျည်းတိုင်းအုပ်စုမှာရှိတဲ့ ကျေးရွာအချို့က စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေရဲ့ အိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ ပဲ၊ နှမ်းနဲ့ ဆီ အပါအဝင် တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ရေနံချာင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုတွေကို ရေနံချောင်း-ပကဖ၊ မကွေးခရိုင်အမှတ် တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် တပ်ရင်း၊ မကွေးတိုင်း -ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Brother Wing) မကွေးခရိုင် တိုက်ခိုက်ရေးတပ်ဖွဲ့ နဲ့ Yenanthar Youth Force -YYF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၄။ မောင်တောက စစ်ကောင်စီစခန်း ခုကို AA သိမ်းပိုက်၊ မောင်တော၊အမ်းနဲ့သံတွဲ တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ဝဝ ထက် မနည်း သေဆုံး


ရခိုင်ပြည် မောင်တောမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ခုကို ရခိုင့်တပ်တော် AA က သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တော၊အမ်းနဲ့သံတွဲ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅ဝဝ ဦးထက်မနည်း သေဆုံးသွားတယ်လို့ AA က ဇွန်လ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ 

ရခိုင်ပြည်ထဲက ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် AA ဟာ မောင်တောမြို့ကို ဇွန်လ ရက်ကစပြီး ထိုးစစ်ဆင် ခဲ့ရာ တပတ်အတွင်း စစ်စခန်း ခု သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇွန်လပထမပတ်ထဲမှာ မောင်တော၊ သံတွဲနဲ့ အမ်း စတဲ့မြို့နယ်တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောမြို့က လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ရာ ဇွန်လ ရက်မှာ တာဝါတိုင်စခန်း၊ ဇွန်လ ရက်မှာ ကျောက်ပန္ဒူစခန်း၊  ဇွန်လ ရက်မှာ ခွဆုံပြင်စခန်းနဲ့မြင်းလွှတ်စခန်း၊ ဇွန်လ ရက် အင်းဒင်စခန်းလို့ ခေါ်တဲ့ နခခ - စခန်း၊ ဇွန်လ ရက်မှာ နခခ- စခန်းတို့ကို သိမ်းနိုင်ခဲ့တာလို့ အသိပေးထားပါတယ်။

လက်ရှိအချိန်မှာ ဘူးသီးတောင်နဲ့ မောင်တောမှာရှိတဲ့စခန်းတေါကနေ လက်နက်နဲ့တကွ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေပြီး အခြားသော လက်ကျန်စခန်းတွေဖြစ်တဲ့ နခခ-၄၊ မောရဝတီ အလယ်သံကျော်၊ နားခေါင်းတိုစခန်းတို့အပါအဝင် အခြားလက်ကျန်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် သွားမယ်လို့ ရခိုင့်တပ်တော်က ပြောပါတယ်။

ဒါကြောင့် လက်ကျန်စစ်စခန်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စောစီးစွာလက်နက်ချအညံ့ခံမယ်ဆိုရင် အသက်အန္တရာယ်ကနေ ကင်းဝေးမှာဖြစ်တယ်လို့လည်း AA က သတိပေးထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဘူးသီးတောင်မြို့ အသိမ်းမခံရချိန်ကတည်းက မောင်တောမြို့ကို ဝင်ရောက်နိုင်တဲ့ ကုန်းလမ်း တွေကိုပိတ်ဆို့ကာ အချို့သော တံတားတွေကို ဖျက်ဆီးထားခဲ့ရာမှာ လဘော်ဇားတံတား ၊ကံကျမြောက်ရွာတံတား ၊၃ မိုင် တံတား၊ သံတံတားနဲ့ ရွာသစ်ကေတံတားတို့ကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ် သာယာကုန်းရွာဝန်းကျင်က ရွာသား ဦးကို စစ်တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားခဲ့ ရာ တဦးသာ လွတ်မြောက်လာတယ်လို့ AA ဘက်က ပြောပါတယ်။

သံတွဲမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ရာ ဒေါ်ပွဲခုံကျေးရွာ အနောက်မြောက်ဘက်နေရာနဲ့ ဂေါ့တ် တောင်တန်းအနီး မှာ ဇွန်လ ၂ရက်နဲ့ ၃ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

စစ်ကောင်စီဘက်က ပင်လယ်ပြင်ကနေ စစ်သင်္ဘော စင်း၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား အပါအဝင် Navy Seal တပ်ဖွဲ့ဝင်တွေနဲ့ အသည်းအသန်ခုခံခဲ့ပေမယ့် ထိခိုက်ကျဆုံးမှုများခဲ့ပြီး သံတွဲ ဂေါ့ ပတ်ဝန်းကျင် တိုက်ပွဲမှာ စစ်တပ် Speed Boat တစင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။


တိုက်ပွဲအတွင်းမှာ ရန်သူအလောင်းအမြောက်အမြားနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး   ထွက်ပြေးလွတ်မြောက်နေတဲ့ ရန်သူတွေကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေရာတွေဟာ သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း အနောက်မြောက်ဘက်မှာဖြစ်ပြီး လေယာဉ်ကွင်းနဲ့ မိုင်အနည်းငယ်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

ထို့အပြင် အမ်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ တောဟိန်းတောင်စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး AA က ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ဇွန်လပထမပတ်ထိုးစစ်အတွင်းမှာ မျက်မြင်နဲ့ ဖမ်းဆီးရမိထားသော သုံ့ပန်းများအဆိုအရ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် ၄၀၀ အထက်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။  

သေဆုံးသူတွေထဲမှာ တိုက်ပွဲအတွင်းမှာ ထွက်ပြေးခဲ့တာကြောင့် ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူလည်း ပါဝင်တယ်လို့ သိရပါတယ်။

အမ်းနဲ့ သံတွဲဘက်က တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်ချက် အရ သိရပါတယ်။

ထို့အပြင် လက်နက်ခဲယမ်းအမြောက်အမြားနဲ့အတူ စစ်သုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း အသိပေး ထားပါတယ်။

ရခိုင့်တပ်တော်ရဲ့ တပတ်တာထိုးစစ်အတွင်းမှာ AA ဘက်က တပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ အသိပေးထားပေမယ့် အရေအတွက်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။

ရခိုင်ဒေသအတွင်းမှာ စစ်စခန်းတွေ များစွာမကျန်တော့တာကြောင့် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ အဓိက ပြုလုပ်နေသလို ရခိုင် - မွတ်ဆလင်လူမျိုးရေးပဋိပက္ခ ဖြစ်စေရေးတို့ကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတဲ့အပြင် အရပ်သား ပြည်သူတွေကို လေကြောင်းက တိုက်ခိုက်တာ၊ ပြည်သူလူထု သွားလာရာလမ်းတွေမှာ မိုင်းထောင်တာတွေ အရင်ကထက် ပိုလုပ်လာတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment