18th JUL 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြောင်မြို့နယ် ရွာပေါင်းစုံက ရေဘေးသင့်ပြည်သူတွေအတွက် လူ့အခွင့်အရေးဝန်ကြီးမွေးနေ့အမှတ်တရ လှူဒါန်းကျွေးမွေး

📌 ၂။ မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု အရေအတွက်များ ပိုတိုးနေသည်ကို တွေ့ရပြီး အထောက်အထားအရေအတွက်လည်း တိုးနေတယ်လို့ IIMM အသိပေး

📌 ၃။ ထိခိုက်နစ်နာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် THE PROMISE (ကတိကဝတ်) Campaign Target ပမာဏရောက်ဖို့ လိုအပ်နေသေး

📌 ၄။ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်နေရတဲ့ အသက် (၂၀) အရွယ် လူငယ် ထွက်ပြေးလို့ ပစ်သတ်ခံရ

📌 ၅။ ဇူလိုင်လ () ရက်နေ့မှ (၁၇) ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း၌ လူ (၂၀) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရကြောင်း AAPP ထုတ်ပြန်


၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ NUG က အသိပေးထုတ်ပြန်

🚩 ၂။ အေလာလေတပ် တိုက်ခိုက်မှု နောက်ဆက်တွဲ ထိခိုက်မှုများနဲ့ BWM ရဲဘော်များ ဖမ်းဆီးခံရမှု မရှိကြောင်း ထုတ်ပြန်အသိပေး

🚩 ၃။ စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် မိုးကုတ်နှင့် ကျောက်မဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

🚩 ၄။ အောင်သာ ပျူရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သား နဲ့ ပျူ () ဦးသေဆုံးပြီး (၁၀) ဦး အရှင်ဖမ်းဆီးရမိ

🚩 ၅။ မော်လမြိုင်မှ ရန်ကုန်ကို ထွက်လာတဲ့ စစ်တပ်အရာရှိများ လိုက်ပါလာတဲ့ ရထား မိုင်းဆွဲခံရ

🚩 ၆။ PDF - Khayan စစ်သင်တန်း အပတ်စဉ်သစ်အတွက် သင်တန်းသားများ ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြောင်မြို့နယ် ရွာပေါင်းစုံက ရေဘေးသင့်ပြည်သူတွေအတွက် လူ့အခွင့်အရေးဝန်ကြီးမွေးနေ့အမှတ်တရ လှူဒါန်းကျွေးမွေး


မြောင်မြို့နယ် ရွာပေါင်းစုံက ရေဘေးသင့်ပြည်သူတွေအတွက် လူ့အခွင့်ရေးဝန်ကြီးမွေးနေ့အမှတ်တရ လှူဒါန်းကျွေးမွေးမှုများလုပ်ဆောင်ခဲ့တယ်လို့ ဇူလိုင်လ (၁၇) ရက်မှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

"မြောင်မြို့နယ်ရွာပေါင်းစုံက ရေဘေးသင့်ပြည်သူတွေအတွက် စေတနာအပြည့်နဲ့ ဒန်ပေါက်ထုပ်လေးတွေကို MOHR က ကျွန်တော့်ရဲဘော်ရဲဘက်တွေက ကျွန်တော့်မွေးနေ့အတွက် ထပ်မံပြီးစုပေါင်း အလှူပြုပေးကြတာပါ။ ကျေးဇူးအထူးတင်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် ရက်ရှည်စစ်ရှောင်ကျေးရွာတွေဖြစ်တဲ့ ကျွန်းချောင်း၊ သာစည်၊ သရက်တောရွာတွေအတွက် အသားအချိန် ၃၀၊ ဆန် တင်း ပြည့်ပြည့်ဝဝကို MOHR က စုပေါင်း အလှူပြုပေးခဲ့ကြတယ်လို့ သိရပါတယ်။

"ကျွန်တော့်ရဲဘော်ရဲဘက်တွေက ကျွန်တော့်မွေးနေ့အတွက် နောက်တနေရာပါ လှူဒါန်းတာ အလွန်အင်မတန် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီလို တော်လှန်ရေး စိတ်အပြည့်နဲ့ ရဲဘော်ရဲဘက်ကောင်းတွေနဲ့ တနှစ်ပြီး တနှစ် ဖြတ်သန်းရင်း တော်လှန်ရေးကို အရှိန်အဟုန်နဲ့ ဖြတ်သန်းနိုင်နေတာလည်း သမိုင်းတခု၊ မှတ်တိုင်တခုပါပဲ။ ကျေးဇူးလည်းတင်ပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု အရေအတွက်များ ပိုတိုးနေသည်ကို တွေ့ရပြီး အထောက်အထားအရေအတွက်လည်း တိုးနေတယ်လို့ IIMM အသိပေး


မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုအရေအတွက်များ ပိုတိုးနေသည်ကို တွေ့ရပြီးအထောက်အထားအရေအတွက်လည်း တိုးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဇူလိုင်လ (၁၇) ရက်မှာ အသိပေးဖော်ပြလိုက်ပါတယ်။

ယခုနှစ် နိုင်ငံတကာရာဇဝတ်မှု တရားမျှတရေးနေ့တွင် မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု အရေအတွက်များ ပိုတိုးနေသည်ကို တွေ့ရသကဲ့သို့ ကျူးလွန်သူများနှင့်သက်ဆိုင်သည့် အထောက်အထားအရေအတွက်လည်း တိုးနေပါတယ်လို့ ဖော်ပြထားတာပါ။

မြန်မာယန္တရားအနေဖြင့် ယင်းအထောက်အထားများကို စုဆောင်း၊ စိစစ်သုံးသပ်ပြီး ထိန်းသိမ်းထားရန် တစိုက်မက်မက် ဆောင်ရွက်နေပြီး ထိုမှသာ ဤအထောက်အထားများကို တနေ့တွင် တရားရုံး၌ တင်သွင်းပြီး ကျူးလွန်သူများကို အရေးယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၃။ ထိခိုက်နစ်နာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် THE PROMISE (ကတိကဝတ်) Campaign Target ပမာဏရောက်ဖို့ လိုအပ်နေသေး


ထိခိုက်နစ်နာ ကျန်းမာရေးCDM ဝန်ထမ်းများအတွက် လစဉ် အာမခံများဝယ်ယူပေးနိုင်မယ့် THE PROMISE (ကတိကဝတ်) Campaign Target ပမာဏရောက်ဖို့ လိုအပ်နေသေးတယ်လို့ CDM medical network က ဇူလိုင်လ (၁၇) ရက်မှာ အသိပေးဆိုလိုက်ပါတယ်။

"ထိခိုက်နစ်နာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် လစဉ် အာမခံများ ဝယ်ယူပေးနိုင်မယ့် THE PROMISE (ကတိကဝတ်) campaign မှာ ပါဝင် ဝယ်ယူထောက်ပံ့ကြသူ ကတိကဝတ်ရှင် အယောက် (၁၀၀) ကျော်နဲ့ ယူနစ် (၃၀၀) ကျော် ရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။ Target ပမာဏရောက်ဖို့တော့ သုံးလေးဆ လိုအပ်နေသေးတဲ့အတွက် ကတိကဝတ်ရှင်အသစ်များကိုလည်း ဖိတ်ခေါ်အပ်ပါတယ်" လို့ ဆိုထားပါတယ်။

လက်ရှိကတိကဝတ်ရှင်များအနေနဲ့လည်း July လအတွက် လစဉ်အာမခံယူနစ်များ မမေ့မလျော့ ဝယ်ယူထောက်ပံ့နိုင်ကြဖို့လည်း အသိပေးနှိုးဆော်အပ်တယ်လို့ ဆိုပါတယ်။

အာမခံကြေးများကိုလည်း ထိခိုက်နစ်နာ ကျန်းမာရေး CDM ဝန်ထမ်းများထံ စတင်ထောက်ပံ့ကူညီဖို့ စီစဉ်နေပြီဖြစ်ကြောင်းသိရပါတယ်။


========================


📌📌 ၄။ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်နေရတဲ့ အသက် (၂၀) အရွယ် လူငယ် ထွက်ပြေးလို့ ပစ်သတ်ခံရ


ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းသစ်ကျေးရွာက အသက်၂၀ အရွယ်ရှိ ကိုဝေယံထက် ကို စစ်မှုထမ်းသင်တန်းကနေ ထွက်ပြေးလို့ဆိုပြီး စစ်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း မောင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကမှ နာရေးလုပ်ပြီးတော့ သူ့ရဲ့မိသားစုတွေကို အကြောင်းကြားကာ သင်တန်းမှာ ထွက်ပြေးလို့ သေနတ်နဲ့ ပစ်လိုက်တာ လက်လွန်သွားကြောင်း အကြောင်းကြားပေးခဲ့တယ် လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်နေရတဲ့ လူငယ်အများစုဟာ ကိုယ့်စိတ်ဆန္ဒမပါဘဲ စစ်တပ်နဲ့ သူ့ရဲ့လက်ဝေခံ အုပ်ချုပ်ရေးမှူးတွေရဲ့ ဖိအားပေးမှုတွေကြောင့်သာ စစ်တပ်ထဲကို ရောက်နေကြရတာ ဖြစ်ပါတယ်။


========================


📌📌 ၅။ ဇူလိုင်လ () ရက်နေ့မှ (၁၇) ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း၌ လူ (၂၀) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရကြောင်း AAPP ထုတ်ပြန်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ ဇူလိုင်လ () ရက်နေ့မှ (၁၇) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး () ဦး၊ အမျိုးသား (၁၂) ဦး စုစုပေါင်း (၂၀) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ (၂၀) ဦးအနက် ရန်ကုန်တိုင်းမှာ () ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင်လ (၁၁) ရက်နေ့တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ မတင်တင်အောင်အား လူမှုကွန်ရက်ပေါ်၌ နိုင်ငံရေးဖြစ်စဉ်များနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများ ရေးတင်သည်ဟု စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုတပ်မှ ဖမ်းဆီးခဲ့ပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၀၈၄) ဦးရှိပြီး ထိုအထဲမှ (၂၀၇၇၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၅၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ NUG က အသိပေးထုတ်ပြန်


မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့ အရပ်သား ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇူလိုင် (၁၇) ရက်မှာ  အသိပေးဖော်ပြပါတယ်။

"နိုင်ငံအနှံ့ စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲများပါ ဖော်ဆောင်နေတာကြောင့် မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြစဉ်အတွင်း ထိခိုက်မှုလျော့ပါး သက်သာစေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရပါမယ်။ ကျေးလက်ဒေသတွေမှာလို ဗုံးခိုကျင်းနှင့်ကတုတ်ကျင်းတွေ တူးဖော်ဖို့ခက်ခဲတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မိမိတို့နေအိမ်ဝန်းခြံများအတွင်း အရေးပေါ်ခိုလှုံရာနေရာတွေ စီမံဆောင်ရွက်ထားမယ်ဆိုရင် အန္တရာယ်ကျရောက်ချိန်မှာ အသက်အန္တရာယ်ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာရတာတွေ သက်သာစေမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

မြို့ပြပတ်ဝန်းကျင်မှာ ရရှိနိုင်တဲ့ပစ္စည်းတွေကို သုံးပြီး နေအိမ်ဝန်းခြံတွေထဲမှာ နည်းစနစ်တကျ အရေးပေါ်ခိုလှုံရာနေရာတွေ ဖန်တီးထားနိုင်ကြဖို့ ဆောင်ရွက်ပုံအဆင့်ဆင့်ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ အေလာလေတပ် တိုက်ခိုက်မှု နောက်ဆက်တွဲ ထိခိုက်မှုများနဲ့ BWM ရဲဘော်များ ဖမ်းဆီးခံရမှု မရှိကြောင်း ထုတ်ပြန်အသိပေး


အေလာ လေတပ်ကို တိုက်ခိုက်ခဲ့တဲ့ Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များမှ ရဲဘော်များအားလုံး ဌာနစခန်း အသီးသီးကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနေကြပြီး စစ်ကောင်စီဘက်က ဖမ်းဆီးရမိ ခဲ့တယ်ဆိုတဲ့ သတင်းများမှာ ဝါဒဖြန့် သတင်းအမှားများဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။

ဇူလိုင်လ (၁၆) ရက် မနက် () နာရီက ဖော်ဆောင်ခဲ့တဲ့ နေပြည်တော်၊ အေလာ လေတပ်စခန်း တိုက်ခိုက်မှု အတွင်း ထပ်မံသိရှိရတဲ့ နောက်ဆက်တွဲ ထိခိုက်မှုများကို ထုတ်ပြန်ရာမှာ Brave Warriors for Myanmar အဖွဲ့ က အခုလို အသိပေးထားတာပါ။

၎င်းတိုက်ခိုက်မှုအပြီးမှာ တော်လှန်ရေးတပ်တွေကို ချေမှုန်းရန်နှင့် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ရန် ထပ်မံဝယ်ယူထားတဲ့ ဒရုန်းတွေကို ပြောင်းရွှေ့နေရင်း  ဂိုဒေါင် ပြိုကျခဲ့တဲ့အတွက် အရာရှိ () ဦးနဲ့ ရဲဘော် (၁၅) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် မနေ့က ကြေညာချက်မှာ () ဦး ပျောက်ဆုံးနေဟု ဖော်ပြခဲ့ရာမှာ ထပ်မံသိရှိရသော သတင်းအရ (၁၅) ဦးထိ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဂိုထောင် ပြိုကျမှုကြောင့် ၎င်း (၁၅) ဦးနှင့် အရာရှိ () ဦးကို သေဆုံးနေလျက် ပြန်တွေ့ရ တာကြောင့် စစ်ကောင်စီဘက်မှ စုစုပေါင်း သေဆုံးသူ (၃၄) ဦးအထိ ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနှစ်ပိုင်းကစတင်ပြီး စစ်ကောင်စီက ရှမ်းတောင်၊ ကရင်နီ၊ ရခိုင်နဲ့ တောင်ပိုင်းတိုင်း စစ်မြေပြင်များမှာ ကျယ်ကျယ်ပြန့်ပြန် အသုံးပြုလာတဲ့ အဆိပ်ငွေ့ ဓါတုဗုံးများ ပြင်ဆင်တဲ့ ဂိုထောင်ရုံလည်း ထပ်မံထိခိုက် ပျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဓါတုဗုံးဂိုထောင်ဟာ ပြီးခဲ့တဲ့ ဧပြီလ (၁၁) ရက်နေ့မှာ ပစ်ခတ်ခံရစဉ်ကလည်း ထိမှန်ပျက်စီးခဲ့ဖူးတာကြောင့် ယခုတစ်ကြိမ်က ဒုတိယအကြိမ် ထိခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီတပ်မှ စစ်ကူဖြည့်တင်း ထိုးစစ်ဆင်လာသောကြောင့် မိုးကုတ်နှင့် ကျောက်မဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


ဇူလိုင်လ (၁၇) ရက်နေ့မှာ တအာင်းပြည် တပ်မဟာ () နယ်မြေ၊ မိုးကုတ်မြို့နယ် (အရှေ့ပိုင်း) စစ်ကောင်စီတပ် လကခ/ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ပန်းမထိပ်ရွာ အနီးတဝိုက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် (၁၁:၅၇) အချိန်တွင်လည်း ကမ္ဘာလုံးစေတီ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA + မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

အလားတူ တပ်မဟာ () နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်းမှာလည်း နံနက်(၀၈:၂၀) အချိန်တွင် ကြက်ခြံနှင့် အမှိုက်ပုံးနေရာ အနီးတဝိုက်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် တပ်မဟာ () နယ်မြေ ကျောက်မဲမြို့နယ်၊ နောင်ပိန်လေးရွာနှင့် နတ်ရေကန်အနီးတဝိုက်မှာ နံနက် (၀၅း၄၀) အချိန်တွင် စစ်ကူအင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီမှ Jet Fighter ဖြင့် () ကြိမ်နှင့် Y12 ဖြင့် ဗုံး (၃၇) လုံး လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့တွင်းနှင့် သဲခေါ်ရွာသို့ စစ်ကောင်စီတပ်မှ ဒရုန်း () စီး ဖြင့် ဗုံး (၁၈) လုံးနှင့် လက်နက်ကြီး () လုံးဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ အောင်သာ ပျူရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သား နဲ့ ပျူ () ဦးသေဆုံးပြီး (၁၀) ဦး အရှင်ဖမ်းဆီးရမိ


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာ ပျူစောထီးရွာကို မဟာမိတ် ကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူ () ဦး သေဆုံးပြီး စစ်သုံ့ပန်း (၁၀) ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင် .က. နဲ့ ABSDF column 3 တို့က သတင်းထုတ်ပြန် ထားပါတယ်။

ဇူလိုင်လ (၁၇) ရက် မနက် (၀၅း၁၀) အချိန်မှာ အောင်သာ ပျူရွာကို မဟာမိတ် ကာကွယ်ရေးအဖွဲ့ များက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားနှင့် ပျူ () ဦး သေဆုံးခဲ့ကာ ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ထံမှ ကာဘိုင် သေနတ် () လက်၊ ဘီအေ (၆၃) သေနတ် လက်၊ ရှော့ဂန်း လက်၊ ဝင်ချက်စတာ သေနတ် လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ လက်၊ လက်ပစ်ဗုံး လုံး၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင် သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူအခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People's Defence Force Pakokku People's Defense Force ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Young Force UG Thurain TR Shwe Nyar Myae Pakokku Ranger)  Hunter Pakokku Justice Revolution Force ABSDF Column - 3 ပြည်သူ့ ဒီမိုကရက်တစ် တပ်တော် (PDA) ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) (အမှတ် - ၈၁၅ စစ်ဒေသ) ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ပေါက်မြို့နယ် (BLY) ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ မော်လမြိုင်မှ ရန်ကုန်ကို ထွက်လာတဲ့ စစ်တပ်အရာရှိများ လိုက်ပါလာတဲ့ ရထား မိုင်းဆွဲခံရ


ဇူလိုင်လ (၁၇) ရက်နေ့ မွန်းလွဲ (၁၂း၀၀) ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မှ ရန်ကုန်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် အရာရှိများ လိုက်ပါလာတဲ့ အမှတ် (၈၂) အစုန်ရထား သိမ်ဆိပ် နှင့် ဒုံဝန်း ဘူတာ အကြား မိုင်တိုင်အမှတ် 124 (12/13) အကြားတွင် မိုင်းဆွဲခံရပြီး လမ်းပိုင်း ပျက်စီးသွားကြောင်း သိရပါတယ်။

တိုင်း () က အနယ နဲ့  စက်မှုဌာနက မော်လမြိုင်တွဲပြင်အဖွဲ့တွေနဲ့ သထုံဘူတာ အနယ လမ်းပြုပြင်ရေးအဖွဲ့တွေ ပေါင်းပြီး ရထားလမ်းပြုပြင်မယ်လို့ သိရပြီး စစ်တပ်က လုံခြုံရေး အပြည့်ချထားကာ ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှုကိုလည်း ခေတ္တရပ်နားထားတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ PDF - Khayan စစ်သင်တန်း အပတ်စဉ်သစ်အတွက် သင်တန်းသားများ ခေါ်ယူနေ


စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်လိုတဲ့ ရန်ကုန်တိုင်းမှ လူငယ်များအနေနဲ့ PDF - Khayan (ခရမ်း) တပ်ဖွဲ့ဝင်သစ်အဖြစ် စစ်သင်တန်း အပတ်စဉ် (၂၀/၂၀၂၄) မှာ လာရောက်လျှာက်ထားကြဖို့  PDF - Khayan က ဖိတ်ခေါ်ထားပါတယ်။

ဇူလိုင် (၁၇) ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်သင်တန်း အပတ်စဉ် (၁၉/၂၀၂၄) စတင် လေ့ကျင့်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ အခုလို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

လျောက်ထားလိုသူများဟာ ၁၂/ မှတ်ပုံတင် ကိုင်ဆောင်သူ ဖြစ်ရပြီး မည်သည့် မြို့နယ်တွင် နေထိုင်သူမဆို PDF-Khayan Page Messenger မှာ သတ်မှတ် စည်းကမ်းချက်များ နဲ့အညီ လာရောက်လျောက်ထားနိုင်ပြီလို့ အသိပေးထားပါတယ်။

PDF - Khayan အနေဖြင့် မြို့ပြပြောက်ကျား UG အဖွဲ့တစ်ခုကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်အဖြစ် စနစ်တကျ စုစည်း တည်ဆောက်နေပြီး  စစ်ပညာနဲ့ လေ့ကျင့်သား ပြည့်ဝရေး၊ အဆင့်ဆင့် အမိန့်နာခံပြီး စည်းစနစ်ကျတဲ့ တပ်ဖွဲ့ဖြစ်ရေး၊ ခိုလှုံရာဒေသရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ တတ်စွမ်းသမျှ ပါဝင်ကူညီရေး နဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် တိမ်းရှောင်လာတဲ့ ပြည်သူများကို ကူညီစောင့်ရှောက်ရေးအား အမြဲမပြတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ထို့အပြင် မဟာမိတ် ERO များ၊ ညီနောင် တော်လှန်ရေး အင်အားစုများနှင့် စစ်ဆင်ရေးများကိုလည်း ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment